top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun on Agenda Item 63:Human Rights Council Report at 3C (77th UNGA)




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, on Agenda Item 63: Report of the Human Rights Council, at General Discussion of the Third Committee of the 77th Session of the UN General Assembly, held on 2 November 2022


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ

(၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီတွင် လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးဘာသာရပ်အောက်၌ ကျင်းပပြုလုပ်သော လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာအပေါ် အထွေထွေဆွေးနွေးခြင်းအစီအစဉ်၌ IIMM မှ လက်ခံရရှိထားသော သက်သေအထောက်အထားများကို ထိရောက်ဆောလျင်စွာ အသုံးပြုရန် အချိန်ကျနေပြီး လုံခြုံရေးကောင်စီသို့ ပေးပို့နိုင်ရေးအတွက် လူ့အခွင့်အရေးကောင်စီအနေဖြင့် နည်းလမ်းရှာသင့်ဟု ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်)


၁။ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ တတိယကော်မတီတွင် လူ့အခွင့်အရေး မြှင့်တင်ကာကွယ်ရေး ဘာသာရပ်အောက်၌ လူ့အခွင့်အရေးကောင်စီ (Human Rights Council) မှ ထုတ်ပြန်သည့် အစီရင်ခံစာအပေါ် အထွေထွေဆွေးနွေးသည့်အစီအစဉ်ကို ၂-၁၁-၂၀၂၂ ရက်နေ့၊ မွန်းလွဲ ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။


၂။ သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ မိန့်ခွန်းတွင် အောက်ဖော်ပြပါ အဓိကအချက်များ ပါဝင်ပါသည်-


(က) လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာတွင် မြန်မာနိုင်ငံနှင့်သက်ဆိုင်သည့် အဆိုမူကြမ်း (၂) ခု ပါဝင်ကြောင်း၊ ၁-၄-၂၀၂၂ ရက်နေ့တွင် အတည်ပြုခဲ့သော “Situation of human rights in Myanmar” အဆိုမူကြမ်းသည် ၁-၂-၂၀၂၁ ရက်နေ့၌ ဖြစ်ပေါ်ခဲ့သည့် တရားမဝင် စစ်အာဏာသိမ်းမှုကို အပြင်းထန်ဆုံး ကန့်ကွက်ရှုတ်ချခဲ့ကြောင်း၊ ၇-၇-၂၀၂၂ ရက်နေ့တွင် အတည်ပြုခဲ့သော “Situation of human rights of Rohingya Muslims and other minorities in Myanmar” ကမူ မြန်မာစစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့များမှ ရိုဟင်ဂျာနှင့် အခြားလူနည်းစုများအပေါ် ကြီးလေးသော လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခြင်းအပေါ် အပြင်းထန်ဆုံး ကန့်ကွက်ရှုတ်ချခဲ့ကြောင်း၊ အဆိုမူကြမ်း (၂) ရပ်လုံးကို မဲမခွဲဘဲ အတည်ပြုခဲ့ကြောင်း၊ လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်များအား ကျေးဇူးတင်ရှိပါကြောင်း၊


(ခ) ထို့ပြင် ယခုကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီတွင် ဥရောပသမဂ္ဂမှ အဆိုပြု တင်သွင်းသည့် မြန်မာနိုင်ငံနှင့်ဆက်နွယ်သော အဆိုမူကြမ်းတွင် တရားမဝင် စစ်အာဏာသိမ်းမှုကြောင့် မြေပြင်တွင် လက်ရှိပကတိဖြစ်ပေါ်နေသည့် အခြေအနေများနှင့် တရားမဝင် စစ်အာဏာသိမ်းပြီးနောက် စစ်တပ်မှ ပြည်သူများအပေါ်တွင် ကျူးလွန်လျက်ရှိသော ရွံရှာဖွယ်ကောင်းသည့်ရာဇဝတ်မှုများကို ထည့်သွင်းဖော်ပြထားသည့်အချက်များ ပါဝင်သင့်သည်ဟု အလေးထားပြောကြားလိုကြောင်း၊ ထို့ကြောင့် အဆိုမူကြမ်း၏ ခေါင်းစဉ်ကို ပြင်ဆင်သင့်ကြောင်း၊


(ဂ) ထို့ပြင် မိမိတို့အနေဖြင့် စစ်တပ်မှ ရိုဟင်ဂျာများအပေါ် ပြုလုပ်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများကို အမှတ်ရလျက်ရှိကြောင်း၊ နိုင်ငံတစ်ဝှမ်းတွင် ရိုဟင်ဂျာများနှင့် အခြားလူနည်းစုများ ဒုက္ခများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ရိုဟင်ဂျာအရေးကိစ္စအတွက် ရေရှည်တည်တံ့စွာ ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခုကို ရှာဖွေသွားရန် ကတိကဝတ်ပြုထားကြောင်း၊ ၂၀၂၁ ခုနှစ် ဇွန်လအတွင်း၌ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ရိုဟင်ဂျာအရေးကိစ္စနှင့်ပတ်သက်၍ ၎င်း၏ ရပ်တည်ချက်ကို ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ အထူးသဖြင့် ရိုဟင်ဂျာများ ၎င်းတို့၏ နေရပ်များသို့ ဆန္ဒအလျောက် လုံခြုံဘေးကင်းစွာနှင့် သိက္ခာရှိစွာ ပြန်လည်သွားရောက်နိုင်ရေးအတွက် အမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ရန် သံန္နိဋ္ဌာန်ချမှတ် ထားကြောင်း၊


(ဃ) စစ်အာဏာသိမ်းထားသည့် (၂၁) လအတွင်းမှာပင် စစ်တပ်အနေဖြင့် မြန်မာပြည်သူများအပေါ်၌ ရက်စက်ကြမ်းကြုတ်မှုအမျိုးမျိုးကို ကျူးလွန်ခဲ့ကြောင်း၊ အထူးသဖြင့် ဆယ်စုနှစ် (၃) ခုကျော်ကြာ အသုံးမပြုတော့သည့် သေဒဏ်ပေးမှုကို ပြန်လည်အသုံးပြုကာ နိုင်ငံရေးအကျဉ်းသားများကို သေဒဏ်စီရင်ခဲ့ကြောင်း၊ ထို့ပြင် ပြည်သူများကို မတရားဖမ်းဆီးချုပ်နှောင်ထိန်းသိမ်းခြင်း၊ မိသားစုဝင်များကို ဓားစာခံများအဖြစ် ဖမ်းဆီးချုပ်နှောင်ခြင်းတို့ကိုလည်း လုပ်ဆောင်ခဲ့ကြောင်း၊ စစ်တပ်မှ နိုင်ငံတစ်ဝှမ်း ကျူးလွန်နေသည့် တိုက်ခိုက်မှုများသည် ၎င်းအား ဆန့်ကျင်သူများကိုသာမက ၎င်းတို့အား ထောက်ခံ အားပေးနေသူများကိုပါ ပစ်မှတ်ထားနေခြင်းဖြစ်ကြောင်း၊


(င) ဖက်ဆစ်စစ်တပ်အနေဖြင့် မိမိတို့ပြည်သူများအား လေကြောင်းမှတဆင့် ပိုမိုတိုးမြှင့်တိုက်ခိုက် လျက်ရှိပြီး ပြည်သူများ၏ အသက်အိုးအိမ်ကို စိုးစဉ်းမျှ ထည့်သွင်းစဉ်းစားခြင်း မရှိကြောင်းကို ပြသနေကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းနှင့် ကချင်ပြည်နယ် အနန့်ပါ တွင် တေးဂီတပွဲပြုလုပ်ရန် အကြိုပြင်ဆင်နေမှုတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းမှာ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များဖြစ်ကြောင်း၊ အဆိုပါလုပ်ရပ်များသည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများဖြစ်သည်မှာ အငြင်းပွားဖွယ်ရာ မရှိကြောင်း၊


(စ) စစ်တပ်မှ ပြည်သူများကို သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ပြည်နှင်ဒဏ်ပေးခြင်းနှင့် အဓမ္မလွှဲပြောင်းခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်း၊ အကျဉ်းချခြင်းနှင့် ပြည်သူများအား ပစ်မှတ်ထားခြင်း အပါအဝင် ၎င်းတို့ကျူးလွန်လျက်ရှိသော လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများမှာလည်း မြင့်တက်လာလျက်ရှိသည်ဟု IIMM မှ ဖော်ပြထားကြောင်း၊


(ဆ) IIMM အနေဖြင့် စစ်တပ်မှ ကျူးလွန်ထားသည့် အဆိုပါရာဇဝတ်မှုများအတွက် သန်းနှင့်ချီသော သက်သေအထောက်အထား အမြောက်အများကို လက်ခံရရှိထားကြောင်း၊ ယခုအချိန်သည် ယင်းအထောက် အထားများကို ထိရောက်သည့် အရေးယူဆောင်ရွက်ချက်အဖြစ်သို့ ပြောင်းလဲဖော်ဆောင်ရမည့် အချိန်တန်ပြီဖြစ်ကြောင်း၊


(ဇ) မိမိအနေဖြင့် လုံခြုံရေးကောင်စီအား အဆိုပါသက်သေအထောက်အထားများကို အသုံးပြုကာ နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းပေးရန် ကြိမ်ဖန်များစွာ တောင်းဆိုခဲ့ကြောင်း၊


(ဈ) စစ်တပ်မှ သတ်ဖြတ်ခြင်းခံရသည့် ပြည်သူများ နေ့စဉ်နှင့်အမျှ မြင့်တက်လျက်ရှိကြောင်း၊ အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကယ်တင်ပေးရန်အတွက် အချိန်သည် အရေးကြီး ကြောင်း၊ ထို့ပြင် ပြစ်မှုကျူးလွန်သူများကို တရားစီရင်နိုင်ခြင်းဖြင့် ဒဏ်ခတ်ခြင်းမခံရသည့် အစဉ်အလာကို အပြီးတိုင် ရပ်တန့်နိုင်မည်ဖြစ်ကြောင်း၊


(ည) ထို့ကြောင့် ယခုအချိန်သည် လူ့အခွင့်အရေးကောင်စီအနေဖြင့် ၎င်း၏ လုပ်ပိုင်ခွင့်အတွင်းမှ IIMM မှ လက်ခံရရှိထားသော သက်သေအထောက်အထားများကို ထိရောက်ဆောလျင်စွာ အသုံးပြုရန် အချိန်ကျနေပြီဖြစ်ကြောင်း၊ အဆိုပါ သက်သေအထောက်အထားများကို အသုံးပြုရန် သက်ဆိုင်သည့် ကုလသမဂ္ဂယန္တယားများနှင့် အခြားယန္တယားများကို တိုက်တွန်းရန် လိုအပ်ကြောင်း၊ အဆိုပါ သက်သေအထောက်အထားများကို လုံခြုံရေးကောင်စီသို့ ပေးပို့နိုင်ရေးအတွက် လူ့အခွင့်အရေးကောင်စီ အနေဖြင့် နည်းလမ်းရှာသင့်ကြောင်း၊ သို့မှ လုံခြုံရေးကောင်စီက ယင်းအထောက်အထားများကို အသုံးပြုလျက် မြန်မာနိုင်ငံအရေးကိစ္စအား နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းပေးနိုင်မည်ဖြစ်ကြောင်း၊ သို့မှသာ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သောရန်စွယ်မှ ပြည်သူများ၏ အသက်အိုးအိမ်များကို ကယ်တင်ပေးနိုင်မည်ဖြစ်ကြောင်း။


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲဖော်ပြအပ်ပါသည်။



၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Please check against delivery


Statement by H.E. Mr. Kyaw Moe Tun, Permanent Representative of Myanmar to the United Nations

on Agenda Item 63: Report of the Human Rights Council,

at General Discussion of the Third Committee of the Seventy-seventh session of UN General Assembly


(New York, 2 November 2022)


Mr. Chair,


I wish to thank the President of the Human Rights Council Ambassador Federico Villegas for his comprehensive presentation.


The Human Rights Council report contains two resolutions related to Myanmar. The resolution on the “Situation of human rights in Myanmar,” adopted on 1 April 2022 condemned in the strongest terms the military coup by Myanmar military on 1 February 2021. The resolution on the “Situation of human rights of Rohingya Muslims and other minorities in Myanmar”, adopted on 7 July 2022, condemned strongly the gross human right violations and abuses perpetrated by the security an armed forces of Myanmar against Rohingya and other minorities. Both resolutions were adopted without a vote. I wish to thank the members of the HRC in this regard.


I wish to stress that the draft resolution on Myanmar tabled by EU at the Third Committee of this UN General Assembly should contain provisions rightly reflecting the current situation on the ground especially the illegal military coup and subsequent heinous crimes committed by the military against the people of Myanmar. Therefore, the title of the draft resolution should be adjusted.


Mr. Chair,


We all are still in our mind of the military’s atrocities against Rohingya. We have been seeing sufferings of Rohingya people and other minorities across the country. The National Unity Government (NUG) is sincerely committed to find a sustainable solution of the Rohingya issue. In June 2021 the NUG issued the policy position on Rohingya. The NUG is committed to working with all relevant stakeholders for voluntary, safe and dignified return of the Rohingya.


Mr. Chair,


Within 21 months since the illegal coup, the military has committed various kinds of atrocities against the people of Myanmar, for the first time over 3 decades, executed political prisoners, arbitrarily arrested targeted individuals as well as abducted family members as hostages. Military’s offensives across the country are aimed not only to target its opponents but also to punish any communities it deems to be supporting them.


The fascist military has increasingly attacked Myanmar people using its air power, showing ruthless disregard for civilian lives. Recent aerial bombings and air attacks on a school in Lat Yat Kone Village in Sagaing and on a music concert in A Nang Pa in Kachin are barbaric acts. It is indisputable that this is war crimes. This is crimes against humanity.


The Independent Investigate Mechanism for Myanmar (IIMM) stated that there is growing evidence of crimes against humanity and war crimes, including murder, torture, deportation and forcible transfer, persecution, imprisonment, and targeting of civilian populations.


Evidence of such crimes against humanity and war crimes of the fascist military is overwhelmed. IIMM received millions of evidences regarding such crimes. Now it is already high time to turn evidence into effective action. I appeal over time that the UN Security Council must use the admissible evidence of atrocity crimes being committed by the Myanmar military to refer the situation to the ICC.


Mr. Chair,


A number of people brutally killed by the military increase every day. Time is of the essence for us to save lives of innocent civilians. It is important for ending culture of impunity by bringing perpetrators to justice.


As such it is high time for the Human Right Council through its mandate to use effectively and urgently such evidences received by IIMM and to urge all relevant UN mechanisms and beyond to utilize those evidences. We urge the HRC to explore ways to transmit those millions of evidences to the UN Security Council in order to enable the UN Security Council to refer the situation of Myanmar to the ICC. We believe that it will save lives of the people of Myanmar from the inhumane military’s atrocities.


I thank you.



*****













bottom of page