top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun on Agenda Item 57: Report of UNHCR at 3C of 77th UNGA




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, on Agenda item 57: Report of the UNHCR, questions relating to refugees, returnees and displaced persons and humanitarian questions at General Discussion of the Third Committee of the 77th Session of the UN General Assembly, held on 2 November 2022


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ

(၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီတွင် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးဘာသာရပ်အောက်၌ ကျင်းပပြုလုပ်သော ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အစီရင်ခံစာအပေါ် အထွေထွေဆွေးနွေးခြင်းအစီအစဉ်၌ စစ်တပ်မှ ပြည်သူများအပေါ် ဆက်လက်လုပ်ဆောင်နေသည့် ရက်စက်ကြမ်းကြုတ်မှုများကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူနှင့် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်သူများ ပိုမိုတိုးပွားလာမည်ကို စိုးရိမ်ကြောင်း ပြောကြားခဲ့ခြင်း


(နယူးယောက်မြို့၊ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်)


၁။ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ တတိယကော်မတီတွင် လူ့အခွင့်အရေး မြှင့်တင်ကာကွယ်ရေး ဘာသာရပ်အောက်၌ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ ထုတ်ပြန် သည့် အစီရင်ခံစာအပေါ် အထွေထွေဆွေးနွေးသည့် အစီအစဉ်ကို ၂-၁၁-၂၀၂၂ ရက်နေ့၊ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။


၂။ သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ မိန့်ခွန်းတွင် အောက်ဖော်ပြပါ အဓိကအချက်များ ပါဝင်ပါသည်-


(က) ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ ထုတ်ပြန်ထားသည့် အစီရင်ခံစာတွင် ပဋိပက္ခများ၊ ဖမ်းဆီးမှုများနှင့် အကြမ်းဖက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် ဒုက္ခသည်ဦးရေ မြင့်တက်လာလျက်ရှိသည်ဟု ဖော်ပြထားကြောင်း၊ မြန်မာနိုင်ငံတွင် စစ်တပ်၏ ဆင်ခြင်ဉာဏ်မဲ့၍ လူမဆန်သော အပြုအမူများ၊ အထူးသဖြင့် ၁-၂-၂၀၂၁ ရက်နေ့၌ တရားမဝင် စစ်အာဏာသိမ်းပြီးနောက် လုပ်ဆောင်နေသည့် အကြမ်းဖက်မှုများကို ကြုံတွေ့လျက်ရှိသဖြင့် ဖော်ပြပါပြဿနာများအတွက် ထပ်တူထပ်မျှစိုးရိမ်ကြောင်း၊


(ခ) ယမန်နေ့က အထွေထွေညီလာခံတွင် ကျင်းပသော လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာနှင့် ပတ်သက်သည့် မျက်နှာစုံညီအစည်းအဝေးတွင် အထွေထွေညီလာခံသဘာပတိက နေရာဒေသတစ်ခုတွင် ဖြစ်ပေါ်နေသောခြိမ်းခြောက်မှုသည် နေရာတိုင်းအတွက် ခြိမ်းခြောက်မှုပင်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း၊ မိမိအနေဖြင့်လည်း ယင်းအဆိုကို သဘောတူညီကြောင်း၊ ပဋိပက္ခကြောင့် ဖြစ်ပေါ်ရသည့် ဒုက္ခသည်များ၊ နေရပ်ပြန်လိုသူများ၊ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူများနှင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြဿနာသည် နိုင်ငံတကာတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးထိန်းသိမ်းမှုကို ခြိမ်းခြောက်မှုပြုလျက်ရှိသည့် အထင်ရှားဆုံး ဥပမာတစ်ခုဖြစ်ပြီး ယင်းပြဿနာအား ဖြေရှင်းနိုင်ခြင်းမရှိပါက နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်လာ နိုင်ကြောင်း၊


(ဂ) မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း၌ တရားမဝင် စစ်အာဏာသိမ်းပြီးနောက် စစ်တပ်မှ နိုင်ငံတစ်ဝှမ်း ပြုလုပ်နေသည့် ရက်စက်ကြမ်းကြုတ်မှုများကြောင့် လူပေါင်းများစွာ နေရပ်စွန့်ခွာ ခြင်းပြဿနာကို ဖြစ်ပေါ်စေခဲ့ကြောင်း၊ ကုလသမဂ္ဂ၏ မှတ်တမ်းများအရ လက်ရှိအခြေအနေတွင် လူဦးရေ ၁.၄ သန်းကျော်အနေဖြင့် နေရပ်စွန့်ခွာခဲ့ရကြောင်း၊ လူပေါင်း ၁၅.၂ သန်းကျော်သည် လူသားချင်းစာနာမှု အကူအညီ လိုအပ်လျက်ရှိကြောင်း၊ အဆိုပါနေရပ်စွန့်ခွာသူများတွင် အမျိုးသမီးများနှင့် ကလေးငယ် များလည်း ပါဝင်ကြောင်း၊ ၎င်းတို့အား ပြည်တွင်းနေရပ်စွန့်ခွာသူများ ဖြစ်စေရန်အတွက် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားနေပြီး အလွန်ထိခိုက်လွယ်သည့် အခြေအနေတွင်ရှိကြောင်း၊ အထူးသဖြင့် အဆိုပါ ပြည်တွင်း နေရပ်စွန့်ခွာနေရသူ အမျိုးသမီးနှင့် ကလေးငယ်များအနေဖြင့် စားနပ်ရိက္ခာနှင့် အာဟာရမပြည့်ဝမှု၊ မသန့်ရှင်းမှုနှင့် ခိုလှုံရန် နေရာအခက်အခဲများအပြင် လူကုန်ကူးမှု၏ အဓိကသားကောင်များ ဖြစ်လာမည့် ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ခြေရှိကြောင်း၊


(ဃ) ထို့ပြင် မိမိတို့အနေဖြင့် စစ်တပ်မှ ရိုဟင်ဂျာများအပေါ် ပြုလုပ်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများကို အမှတ်ရလျက်ရှိကြောင်း၊ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအား ရိုဟင်ဂျာများကို လက်ခံထားပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ နိုင်ငံတစ်ဝှမ်းတွင် ရိုဟင်ဂျာများနှင့် အခြားလူနည်းစုများ ဒုက္ခများနှင့် ရင်ဆိုင် ကြုံတွေ့နေရကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ရိုဟင်ဂျာအရေးကိစ္စအတွက် ရေရှည် တည်တံ့စွာ ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခုကို ရှာဖွေသွားရန် ကတိကဝတ်ပြုထားကြောင်း၊ ၂၀၂၁ ခုနှစ် ဇွန်လအတွင်း၌ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ရိုဟင်ဂျာအရေးကိစ္စနှင့် ပတ်သက်၍ ၎င်း၏ ရပ်တည်ချက်ကို ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရိုဟင်ဂျာများ နေထိုင်လျက်ရှိသော စခန်းများတွင် ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးတို့ ဖော်ဆောင်ပေးနိုင်မှုအပါအဝင် ရိုဟင်ဂျာများ၏ သာယာဝပြောမှုကို နိုင်ငံတကာအသိုက်အဝန်းမှ ပိုမိုစောင့်ရှောက်ပေးနိုင်မည်ဟု မျှော်လင့်ကြောင်း၊


(င) လူသားမဆန်သော မြန်မာစစ်တပ်သည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုမြောက်သည့် ကြီးလေးသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်လျက်ရှိကြောင်း၊ ဖက်ဆစ်စစ်တပ်အနေဖြင့် မြန်မာပြည်သူများအား လေကြောင်းမှတဆင့် တိုးမြှင့်တိုက်ခိုက်လျက်ရှိပြီး ပြည်သူများ၏အသက်အိုးအိမ်ကို စိုးစဉ်းမျှ ထည့်သွင်းစဉ်းစားခြင်းမရှိကြောင်းကို ပြသနေကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းနှင့် ကချင်ပြည်နယ်၊ အနန့်ပါရှိ ဖျော်ဖြေ ရေးပွဲစဉ် အကြိုပြင်ဆင်နေမှုတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းမှာ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များဖြစ်ကြောင်း၊


(စ) သို့ဖြစ်ရာ စစ်တပ်မှ ပြည်သူများအပေါ် ဆက်လက်လုပ်ဆောင်နေသည့် ရက်စက် ကြမ်းကြုတ်မှုများကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူနှင့် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်သူများ ပိုမိုတိုးပွားလာမည်ကို စိုးရိမ်ကြောင်း၊ လက်ရှိအခြေအနေတွင် ဒုက္ခသည်များနှင့် နိုင်ငံတကာအကာအကွယ် ရရှိရေးအတွက် ထွက်ပြေးလာသည့် လူအများစုမှာ အိန္ဒိယ၊ ထိုင်းနှင့် မလေးရှား စသည့် အိမ်နီးချင်းနိုင်ငံ များသို့ ရောက်ရှိနေကြောင်း၊ ယင်းဒုက္ခရောက်နေသူများအား လက်ခံပေးထားသည့်နိုင်ငံများကို ကျေးဇူး တင်ရှိပါကြောင်းနှင့် ၎င်းတို့အား လိုအပ်သော အကူအညီများပေးနိုင်ရန် အဆိုပါနိုင်ငံများကို မေတ္တာရပ်ခံ ပါကြောင်း၊


(ဆ) သို့ရာတွင် မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်ရသူများအနေဖြင့် မြန်မာနိုင်ငံတွင် အသက်အန္တရာယ်၊ ညဉ်းပန်းနှိပ်စက်မှုနှင့် ဖမ်းဆီးခံရခြင်း ဘေးအန္တရာယ်များရှိပြီး၊ အိမ်နီးချင်းနိုင်ငံများတွင်လည်း ဖမ်းဆီးခံရခြင်းနှင့် နေရပ်ပြန်လည်ပို့ဆောင်ခံရခြင်း ဘေးအန္တရာယ်များနှင့် ရင်ဆိုင်နေရကြောင်း၊ အများစုအနေဖြင့် စိတ်ဒဏ်ရာရရှိနေပြီး အချို့မှာ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်နေပြီဖြစ်ကြောင်း၊ အချို့မှာလည်း ၎င်းတို့၏ ကျန်းမာ‌ရေးနှင့် လုံခြုံရေးတို့အတွက် အမြဲတစေ စိုးရိမ်ပူပန်နေရကြောင်း၊ ထို့ကြောင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရန်နှင့် ၎င်းတို့၏ အခွင့်အရေးများအား ကာကွယ်ပေးရန် အလေးအနက်တောင်းဆိုလျက်ရှိကြောင်း၊


(ဇ) မြန်မာနိုင်ငံမှ အိမ်နီးချင်းနိုင်ငံသို့ စွန့်ခွာ၍ UNHCR ၏ အကာအကွယ်အား တောင်းခံနေသူ အများအနေဖြင့် အဆင်မပြေမှု၊ စိတ်ပင်ပန်းမှုများဖြင့်သာ အဆုံးသတ်ကြုံတွေ့နေရကြောင်း၊ ဤနေရာတွင် ပွင့်လင်းမြင်သာမှုသည် အရေးကြီးသည်ဟု မှတ်ယူကြောင်းနှင့် လိုအပ်သည့်သတင်းအချက်အလက်များ အား အများပြည်သူထံသို့ ချပြခြင်း၊ UNHCR ရုံးများသို့ လွယ်ကူစွာ ဆက်သွယ်နိုင်ခြင်းကလည်း ထပ်တူထပ်မျှ အရေးကြီးကြောင်း၊


(ဈ) UNHCR ၏ ခက်ခက်ခဲခဲဆောင်ရွက်မှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ပိုမိုလုပ်ဆောင်ပေး မှုများ လိုအပ်ပြီး၊ နိုင်ငံတကာအကူအညီများပေးရန် တောင်းဆိုနေသည့် မြန်မာပြည်သူများအတွက် နောက်ကျမသွားမီ ယခုလုပ်ဆောင်ပေးရန် လိုအပ်ကြောင်း၊ UNHCR အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများနှင့် အခြားနိုင်ငံများတွင် နိုင်ငံတကာ၏ အကာအကွယ်ပေးမှုအား တောင်းခံနေသူများကို လျင်မြန်ထိရောက်သည့် အကူအညီများပေးအပ်နိုင်ရန် တိုက်တွန်းလိုကြောင်း။


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲဖော်ပြအပ်ပါသည်။


၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of Myanmar to the United Nations,

on Agenda item 57: Report of the UNHCR, questions relating to refugees, returnees and displaced persons and humanitarian questions

at General Discussion of the Third Committee of the 77th session of UNGA


(New York, 2 November 2022)


Mr. Chair,


I would like to begin by thanking the High Commission for Refugees and his team for the report and hard work. The report covers wide range of refugees and displacement related issue during the reviewed period.


As the report pointed out, the number of people who are forced to flee due to conflict, persecution and violence are growing. The people of Myanmar typically share the concern over this issue as a country currently undergoing through these problems caused by the inconsiderate and inhumane acts of the Myanmar military, especially since the illegal military coup on 1 February 2021.


Mr. Chair,


The President of the General Assembly mentioned in his opening remarks yesterday at the Plenary Meeting of the General Assembly on the Report of the Human Rights Council that a threat anywhere is a threat everywhere. I fully share his view. The issue of refugees, returnees, asylum seekers and internally displaced persons due to conflicts is an inevitable living example which poses threats to the maintenance of international peace and security with significant severe consequences if remained unaddressed.


The report of the UNHCR reflected the new and larger scale internal displacements that occurred in several countries, including my own, Myanmar.


In Myanmar, the illegal military coup in February 2021 and subsequent atrocities of the military all over the country led to forced mass displacement. According to the UN, over 1.4 million are now displaced. More than 15.2 million people are in need of humanitarian assistance. This number includes so many women and children. They are intentionally targeted for displacement and are in very vulnerable situation. Internally displaced persons especially women and children are facing many challenges regarding food and nutrition, hygiene, shelter and high risk to become victims of human trafficking.


Mr. Chair,


We all are still in our mind of the military’s atrocities against Rohingya. I thank Bangladesh for her generosity of hosting the Rohingya people. We have been seeing sufferings of Rohingya people and other minorities across the country. The National Unity Government (NUG) is sincerely committed to find a sustainable solution of the Rohingya issue. In June 2021 the NUG issued the policy position on Rohingya. We wish that welfare including healthcare, education of Rohingya in the camps will be better taken care by the international community. The NUG is committed to working with all relevant stakeholders for voluntary, safe and dignified return of the Rohingya.


Mr. Chair,


The inhumane Myanmar military has been committing serious violation of human rights amounting to crimes against humanity and war crimes. The fascist military has increasingly attacked Myanmar people using its air power, showing ruthless disregard for civilian lives. Recent aerial bombings and air attacks on a school in LatYatKone Village in Sagaing and on a music concert in A Nang Pa in Kachin are barbaric acts. Due to the military’s continued atrocities against civilians, we are of concern that the number of displaced parsons and people fleeing to nieghbouring countries will increase. Now many refugees and people seeking international protection are already in India, Thailand and Malaysia. We thank those countries for hosting them, and we request those countries to provide necessary assistance to them.


However, these international protection seeking individuals are in seriously precarious situations whereby they are in danger in Myanmar of death, torture and arrest, and in danger in neighbouring countries of arrest and deportation. Many are in trauma, some of them are mentally and physically affected; some have continuing concerns for their health and safety. Therefore, assistance and protection to their rights are urgently demanded.


Many displaced persons who are trying to seek UNHCR protection in neighbouring countries are most of the time ending up in distress and frustration. We are of the view that transparency is vital. Making relevant information public and accessibility to UNHCR offices are also equally important.


Mr. Chair,


While thanking the UNHCR for its hard work, I wish to stress that more is needed, and needed now before it is too late for many Myanmar people who look to the international community for help.


I wish to end by urging the UNHCR to extend its utmost assistance in an urgent and effective manner to the IDPs in Myanmar and Myanmar people who are seeking international protection in other countries.


I thank you.


*****









bottom of page