top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun on Agenda Item 50 at 4C of 77th UNGA




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, on Agenda Item 50: Questions relating to information at the Fourth Committee of the 77th Session of the UN General Assembly, held on 20 October 2022


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ စတုတ္ထကော်မတီမှ သတင်းအချက်အလက်နှင့် ပြန်ကြားရေးဆိုင်ရာဆွေးနွေးမှု၊ ဘာသာရပ်အစီအစဉ် (၅၀) တွင် မြန်မာစစ်တပ်မှ သတင်းသမားများအား မတရားဖမ်းဆီးနှိပ်စက်၍ ၎င်းတို့၏လုပ်ရပ်များအား သတင်းအမှောင်ချရန် ကြိုးပမ်းမှုနှင့် သတင်းမှားဖြန့်ဝေမှုများကို နိုင်ငံတကာမှဖော်ထုတ်ပေးရန်၊ သတင်းသမားများအား ပစ်မှတ်ထားတိုက်ခိုက်မှုများ ရပ်တန့်စေရန်နှင့် မြန်မာနိုင်ငံတွင် ပွင့်လင်းမြင်သာမှုရှိသော မီဒီယာကဏ္ဍပြန်လည်ရရှိစေရေးအတွက် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဒီမိုကရေစီပြန်လည်ရရှိနိုင်ရန် နိုင်ငံတကာအသိုက်အဝန်းမှ ကူညီဆောင်ရွက်ပေးရန်လို


(နယူးယောက်မြို့၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်)


၁။ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ စတုတ္တကော်မတီ၏ ဘာသာရပ်ခေါင်းစဉ် (၅၀)၊ သတင်းအချက်အလက်နှင့် ပြန်ကြားရေးဆိုင်ရာဘာသာရပ် (Questions Relating to Information) ဆွေးနွေးမှုအား၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။


၂။ အဆိုပါ အစည်းအဝေးသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။ သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ မိန့်ခွန်းတွင် အောက်ဖော်ပြပါ အဓိကအချက်များ ပါဝင်ပါသည်-


(က) သတင်းမှားဖြန့်ဝေမှုများ တိုက်ဖျက်ရေးတွင် ကုလသမဂ္ဂ Department of Global Communications (DGC) ၏လုပ်ဆောင်မှုများမှ ကိုဗစ်-၁၉ ကပ်ရောဂါ၊ ပဋိပက္ခဖြစ်ပွားရာဒေသ များနှင့် ရာသီဉတုပြောင်းလဲမှုစသောကဏ္ဍ (၃) ခုတွင် အလေးထားဆောင်ရွက်ရေးတို့ကို မြန်မာနိုင်ငံမှ ကြိုဆိုကြောင်း၊ ယနေ့ကမ္ဘာကြီးသည် များစွာသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရလျက်ရှိရာ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် တိကျမှန်ကန်သည့် သတင်းအချက်အလက်ရရှိရေးနှင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရှိရေးမှာ အရေးကြီးကြောင်း၊ သို့ဖြစ်ရာတိကျမှန်ကန်သည့် သတင်းအချက်အလက်များနှင့် ပကတိအခြေအနေများကို ဖော်ထုတ်ပေးနေသည့် သတင်းသမားများ‌၏ လုံခြုံရေးကို ကာကွယ်စောင့်ရှောက် ပေးရန်မှာလည်း လွန်စွာအရေးကြီးကြောင်း၊


(ခ) လွတ်လပ်သည့် မီဒီယာကဏ္ဍသည် သက်ဆိုင်ရာဒေသအာဏာပိုင်များ၏ လုပ်ရပ်များကြောင့် ပြည်သူများခံစားနေရမှုကို နိုင်ငံတကာမှ ကြားသိနိုင်ခွင့်ရစေသည့် အဓိကလမ်းကြောင်းဖြစ်ကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံတွင် တရားမဝင်စစ်အာဏာ သိမ်းမှုဖြစ်ပေါ်ခဲ့သည့် အချိန်မှစ၍ ပြည်သူများ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်နှင့် သတင်းထောက်များ၏ လုပ်ဆောင်နိုင်ခွင့်များမှာ ဆိုးရွားစွာ ကန့်သတ်ခံနေရကြာင်း၊ စစ်တပ်အား ဆန့်ကျင်သည်ဟု ယူဆသည့် သတင်းသမားများနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအား လူမဆန်သည့် စစ်တပ်မှ နည်းလမ်းမျိုးစုံသုံး၍ တရားမျှတမှုမဲ့စွာ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း၊


(ဂ) စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားပြီး လပေါင်း (၂၀) အတွင်း စစ်တပ်မှ လွတ်လပ်သည့် သတင်းဌာန (၅) ခုအား မှတ်ပုံတင်များရုပ်သိမ်းခဲ့ကြောင်း၊ သတင်းဌာန ရုံးခန်းများအထိ ဝင်ရောက်၍ အခန်းရှိပစ္စည်း ကိရိယာများကို ဖျက်ဆီးခဲ့ပြီးနောက် သတင်းဌာန စုစုပေါင်း (၁၂) ခုကို ပိတ်သိမ်းစေခဲ့ကြောင်း၊ ပြည်တွင်း၊ ပြည်ပသတင်းသမားများနှင့် မီဒီယာဝန်ထမ်း (၁၅၀) ဦးအား တရားမျှတမှုကင်းမဲ့စွာ ဖမ်းဆီးထိန်းသိမ်းခဲ့ရာ ပိုလန်၊ ဂျပန်နှင့် အမေရိကန်တို့မှ သတင်းသမားများ ပါဝင်ကြောင်း၊ သတင်းသမား (၄) ဦးအား စစ်တပ်မှ ရက်စက်စွာသတ်ဖြတ်ခဲ့ကြောင်း၊ လွန်ခဲ့သော သီတင်း (၂) ပတ်ခန့်က စစ်အာဏာသိမ်းမှုကို မလိုလားသည့် မြန်မာပြည်သူများ၏ ဆန္ဒဖော်ထုတ်ခြင်းကို သတင်းရယူခဲ့သည့် ဂျပန်သတင်းထောက် Toru Kubota အား စစ်တပ်မှ ၎င်းတို့၏ ယုတ္တိမရှိသော ဥပဒေပုဒ်မတို့ဖြင့် ဖမ်းဆီး၍ ထောင်ဒဏ် (၁၀) နှစ် ချမှတ် ခဲ့ကြောင်း၊


(ဃ) ယခုအချိန်တွင် မြန်မာနိုင်ငံ၏ မီဒီယာကဏ္ဍမှာ ဆိုးရွားလျက်ရှိရာ Reporters without Borders (RSF) ၏ ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံသည် သတင်းအချက်အလက်ရရှိမှုနှင့် ပတ်သက်၍ ကမ္ဘာ့အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိနေကြောင်း၊ အာဏာသိမ်းစစ်တပ်သည် ၎င်းတို့၏ လုပ်ရပ်များအား ဖုံးကွယ်ငြင်းဆိုရန် သတင်းမှားများ၊ ဝါဒဖြန့်မှုများကို စစ်တပ်ပိုင်မီဒီယာများမှ တစ်ဆင့် လုပ်ဆောင်လျက်ရှိပြီး မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာသံရုံးများသို့ ဖြန့်ဝေခြင်းနှင့် နိုင်ငံတကာရှိ မြန်မာသံရုံးများမှ အိမ်ရှင်နိုင်ငံများသို့ ဖြန့်ဝေခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း၊


(င) သတင်းထောက်များအား ပစ်မှတ်ထားတိုက်ခိုက်ခံရခြင်းမှာ လက်ခံနိုင်ဖွယ်ရာမရှိကြောင်း၊ မြန်မာ စစ်တပ်သည် သမိုင်းတလျောက်တွင် မည်သည့်အခါကမျှ ပြည်သူများ၏ဆန္ဒနှင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို အလေးမထားခဲ့ဘဲ ယခုအချိန်တွင် ၎င်းတို့အား မလိုလားသည့် ပြည်သူများ၏ အသံထုတ်မှုများအား ဖိနှိပ်ရေးကို ပြင်းပြင်းထန်ထန် ဆောင်ရွက်လျက်ရှိကြောင်း၊ သို့ဖြစ်ရာ ရက်စက် ယုတ်မာသည့် စစ်တပ်၏ မြန်မာနိုင်ငံအတွင်း မီဒီယာဖိနှိပ်မှုများကိုထုတ်ဖော်ပေးရန်နှင့် စစ်တပ်ပိုင် သတင်းဌာနများမှ သတင်းမှားများဖြန့်ဝေမှုများ အဆုံးသတ်ရန် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ၏ သတင်း အချက်အလက် စင်တာ(UNIC) မှ အနီးကပ်ကြီးကြပ်ပေးရန် ပြည်သူများအသံများနှင့် ဖြစ်ရပ်မှန်များကို နိုင်ငံတကာအသိုက်အဝန်းက သိရှိစေရေး နည်းလမ်းပေါင်းစုံသုံး၍ တက်နိုင်သမျှ ဆောင်ရွက်ပေးစေ လိုပါကြောင်း၊


(စ) စစ်တပ်သည် ၎င်းတို့စတင်ခဲ့သည့် ပြဿနာရပ်များအား အဆုံးသတ်ရန် ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း၊ အခြေခံလူ့အခွင့်အရေး တစ်ရပ်ဖြစ်သည့် သတင်းလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာထုတ်ဖော် ပြောကြားခွင့်များ မြန်မာပြည်သူများ ရရှိခံစားနိုင်ရေးနှင့် ကုလသမဂ္ဂပဍိညာဉ်စာတမ်းပါ မူဝါဒများနှင့်အညီ ဆောင်ရွက်၍ လွတ်လပ်စွာထုတ်ဖော်ခွင့်ဆိုင်ရာ မူဝါဒများအား တိကျမှန်ကန်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးမှာ ပြည်သူများမှ ရွေးကောက်တင်မြှောက်သည့် အရပ်သားအစိုးရသည်သာ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းပြီး ပြည်သူများလိုလားသည့် ဒီမိုကရေစီပြန်လည်ရရှိရေးကို နိုင်ငံတကာအသိုက်အဝန်းမှ ကူညီဆောင်ရွက်ပေး ရန် မေတ္တာရပ်ခံကြောင်း၊


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။


၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against delivery

Statement delivered by Ambassador Kyaw Moe Tun, Permanent Representative of Myanmar to the United Nations

Agenda Item 50: Questions relating to information

at the Fourth Committee of the 77th Session of the UN General Assembly


(New York, 20 October 2022)


Mr. Chairperson,


Since this is the first time taking the floor, I wish to congratulate you and all other members of the Bureau on your election. I assure you of my delegation's full support and cooperation for the fruitful outcome of this Committee.

Myanmar thanks Under-Secretary-General Ms. Melissa Fleming for her comprehensive statement yesterday.


Myanmar associates itself with the statements delivered on behalf of G-77 and China and ASEAN, respectively.


Mr. Chairperson,


We wish to express our appreciation for the continued efforts taken by the Department of Global Communications (DGC) under the able leadership of Under-Secretary-General Ms. Melissa Flemming. We support the strategy of the Department to combat misinformation and disinformation, underlying in three areas in particular: COVID-19, conflict, and climate change. The DGC's most significant achievements in the last year have been the work fighting against disinformation and misinformation. That is instrumental in the fight against hate speech. Furthermore, we welcome the report of the Committee on Information and congratulate Ambassador Cristian Espinosa of Ecuador and members of the bureau for the successful deliberation of the 44th session of the Committee on Information.


Mr. Chairperson,


At a time of growing global challenges and rising tension, ensuring access to credible, timely, and accurate information and assuring freedom of expression and press, particularly in conflict areas, are vital. Therefore, we wish to stress the importance of ensuring the safety and security of journalists for their professional work. Media freedom is a necessary foundation in a civil, democratic society. We are of the view that safeguarding the free and effective performance of the journalists is one of the main strategies to counter misinformation and disinformation. Furthermore, we recognize that developments in information and communications technologies set off new social development opportunities and play an essential role in development related matters including in eradicating poverty in developing countries.


Mr. Chairperson,


Media plays an important role in transmitting people's voices to the international community and making their voices heard by relevant authorities. We share the view that by doing so, it will help bring perpetrators of serious crimes to justice. Regrettably, in my country of Myanmar, freedom of expression, freedom of press and activities of journalists have been severely restricted by the fascist military since the illegal military coup in February 2021.


We all are witnessing the inhumane military’s deliberate attacks on media personnel and silence and prosecute those who engage anti-military activities and promote democracy and human rights.


Last over 20 months, the military junta forced at least (12) media outlets to shut down, including revoking the publication licenses of (5) independent media organizations through the invasion of offices and seizing equipment. It arbitrarily detained (150) journalists and news media staff, including foreign journalists from Poland, Japan, and the United States, and brutally killed 4 of them (RSF 2022). Just a week ago, on October 12, 2022, the military junta sentenced Toru Kubota, a Japanese documentary filmmaker, and journalist a total of 10 years imprisonment under arbitrary laws for recording a small protest in Yangon. Access to news became more limited following the suspension of privately-owned newspapers. According to the "Reporters Without Borders" (RSF), Myanmar has hit the lowest press freedom index in 2022 for the first time since 2015 and ranked last in ASEAN. Myanmar has also become the world's second-biggest jailer of journalists.


Moreover, the military junta regularly announces fabricated news through the military controlled media. They continue to post some of these fabrications on their website and share with diplomatic missions in Myanmar as well as host countries abroad through Myanmar Embassies abroad.


Mr. Chairperson,

It is unacceptable to targeting journalists for doing their jobs. Notwithstanding the military junta's ongoing campaign to suppress Myanmar people's voices and censor the press is yet another glaring sign that they have no respect for the people's will.


Throughout history, the military never respects, protects, and fulfills the people's right to freedom of opinion and expression. Under this circumstance, we wish that the United Nations Information Center in Yangon can play a positive and effective role to tackle media oppression by ruthless military dictators in the country and to stop fabricated and false news disseminated by the military. We encourage the UNIC in Yangon to utilize all possible ways and means as well as avenues to transmit real situation on the ground and voices of the people across the country to the international community.


In conclusion, Mr. Chairperson, the military junta is in no position to amend the problem they have created. Only the elected civilian government can implement concrete actions in line with the principles of the Charter of the United Nations and the principles of freedom of the press and freedom of information in order to ensure the people of Myanmar enjoy fundamental rights. Therefore, we appeal again to the international community to extend every possible support to the Myanmar people in our efforts to end the military dictatorship and restore democracy in Myanmar.


I thank you.


*****












bottom of page