• Myanmar Mission To UN

Statement by Ambassador Kyaw Moe Tun during the Debate on Agenda Item 134 at the UN General Assembly




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations during the Debate on Agenda Item 134: “The Responsibility to Protect and the Prevention of Genocide, War Crimes, Ethnic Cleansing and Crimes against Humanity” at the UN General Assembly, held on 24 June 2022


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


အရေးပေါ်လူသားချင်းစာနာထောက်ထားမှုအကူအညီလိုအပ်နေသည့် မြန်မာပြည်သူများအား ကူညီထောက်ပံ့ရန်နှင့် စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များမှ ပြည်သူများအား ကာကွယ်စောင့်ရှောက်ရန် တိုက်တွန်းကြောင်းနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ၏ ပြတ်သားညီညွတ်သည့် အရေးယူဆောင်ရွက်မှုကိုရရှိရန် နောက်ထပ်အသက်မည်မျှဆုံးရှုံးအနစ်နာခံရမည်လဲဟူသော မေးခွန်းကို မြန်မာပြည်သူများက တစိုက်မတ်မတ် မေးမြန်းနေကြောင်း၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ ပြောကြားခဲ့


(၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၄ ရက်၊ နယူးယောက်မြို့)


၁။ ကာကွယ်မှုပေးရန် တာဝန်ရှိမှု (Responsibility to Protect) နှင့်လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ် ရာဇဝတ်မှု၊ လူမျိုးစုလိုက်သုတ်သင်ရှင်းလင်းမှုနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ပြစ်မှုများ ကာကွယ်တားဆီးရေးဆိုင်ရာ ဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၃ နှင့် ၂၄ ရက်နေ့တို့တွင် ကုလသမဂ္ဂအထွေထွေညီလာခံ၌ ကျင်းပခဲ့ပါသည်။ ၂၄-၆-၂၀၂၂ ရက်နေ့တွင် ပြုလုပ်သည့် အဆိုပါ ဆွေးနွေးပွဲ၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စာလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ မိန့်ခွန်းပြောကြားခဲ့ရာ၊ အောက်ပါအဓိကအချက်များ ပါဝင်ပါသည် -


(က) ၂၀၀၅ ခုနှစ်၊ ကမ္ဘာ့ထိပ်သီးညီလာခံမှစတင်၍ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် ဆိုးဝါးပြင်းထန် သည့် ပြစ်မှုများဖြစ်သည့် လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းမှုနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ပြစ်မှုတို့မှ ပြည်သူများကို ကာကွယ်ရန် တာဝန်ရှိမှုကို ထပ်တလဲလဲ အတည်ပြုခဲ့ကြောင်း၊ အဆိုပါရက်စက်ယုတ်မာသည့် ပြစ်မှုများမှ ကာကွယ်ရန် နိုင်ငံအစိုးရအသီးသီး၌ အဓိကတာဝန်ရှိမှုအပေါ် မေးခွန်းထုတ်ရန် မရှိကြောင်း၊ သို့ရာတွင် ယင်းကတိကဝတ် ပြည့်မီအောင် ကြိုးပမ်းရာ၌ နိုင်ငံတကာအသိုက်အဝန်းအနေနှင့် ကူညီဆောင်ရွက်ရမည့် တာဝန်ရှိကြောင်း၊


(ခ) ငြိမ်းချမ်းစွာ အဖြေရှာခြင်းနည်းလမ်းများ မလုံလောက်တော့သည့်အချိန်နှင့် ပြည်တွင်းအာဏာပိုင် များက ပြည်သူကို ကာကွယ်မှုပေးရန် သိသာထင်ရှားစွာ ပျက်ကွက်နေသည့်အချိန်၌ နိုင်ငံတကာ အသိုက်အဝန်းအနေနှင့် အန္တရာယ်ကျရောက်နေသည့် ပြည်သူများအတွက် အချိန်မီ၊ ပြတ်သားညီညွတ်စွာ အရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်း၊


(ဂ) ကာကွယ်မှုပေးရန် တာဝန်ရှိမှု (Responsibility to Protect) သည် လိုသလို အဓိပ္ပါယ် ကောက်ယူနိုင်သည့် မူဝါဒမဟုတ်ဘဲ ကာကွယ်တားဆီးခြင်းနှင့် အရေးယူတုံ့ပြန်ခြင်းတို့ ပါဝင်ကြောင်း၊ အဓိကကဏ္ဍများဖြစ်သည့် ကာကွယ်တားဆီးမှု၊ နိုင်ငံတကာကူညီ ထောက်ပံ့မှုနှင့် စုပေါင်းပါဝင်သည့် အရေးယူတုံ့ပြန်မှုတို့သည် အပြန်အလှန်ပံ့ပိုးပေးလျက်ရှိကြောင်း၊


(ဃ) မြန်မာနိုင်ငံ၌ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ ယခင်ကြုံတွေ့ခဲ့ခြင်းမရှိသည့် အကြမ်းဖက်မှု၊ ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များနှင့် နေရပ်စွန့်ခွာမှုတို့နှင့် ရင်ဆိုင်နေရကြောင်း၊ တရားမဝင် အာဏာသိမ်းစစ်တပ်သည် ပြည်သူများအပေါ် ဘက်ပေါင်းစုံမှ စနစ်ကျကျ ဆိုးဝါးပြင်းထန်သည့် လုပ်ရပ်များ ကျူးလွန်လျက်ရှိရာ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား၏ ကနဦးသုံးသပ်ချက်တွင် ယင်းပြစ်မှုများသည် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ပြစ်မှုများ မြောက်နိုင်သည်ဟု ဖော်ပြထားကြောင်း၊


(င) မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးကိုယ်စားလှယ်၏ အစီရင်ခံစာတွင် မြန်မာ ကလေးငယ်များအပေါ် စစ်တပ်၏ လူသားမဆန်သည့် လုပ်ရပ်များက ဆိုးဝါးစွာ အကျိုးသက်ရောက်မှု ရှိသည့်အတွက် မျိုးဆက်ဆုံးရှုံးနိုင်သည့် အန္တရာယ်မှ​ ကာကွယ်ရန် ချက်ချင်းညီညွတ်သည့် အရေးယူ ဆောင်ရွက်မှုပြုလုပ်ရန် တိုက်တွန်းထားကြောင်း၊ တရားမဝင်စစ်တပ်သည် ၎င်းတို့ကျူးလွန်သည့် ပြစ်မှုများနှင့်စပ်လျဉ်း၍ များစွာသော သက်သေအထောက်အထားများရှိသည့်ကြားမှ ပြစ်ဒဏ်ကျသင့် မခံရသည့် အခွင့်အရေးကို အပြည့်အဝခံစားနေကြောင်း၊ စစ်တပ်က ကျူးလွန်သည့် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ပြစ်မှုများနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂနှင့် အခြားအဖွဲ့အစည်းများ၌ လုံလောက်သော သက်သေမှတ်တမ်းရှိကြောင်း၊


(စ) ယခုအခါ စစ်တပ်၏ ရည်ရွယ်ချက်ရှိရှိ လေကြာင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် ပြည်သူ (၁.၂) သန်း သည် နေရပ်စွန်ခွာခဲ့ရကြောင်း၊ စစ်တပ်၏ ရက်စက်ယုတ်မာသည့် ဗီဇနှင့် လုပ်ရပ်ကို လွတ်လပ်သည့် ရေဒီယိုအာရှအသံ (Radio Free Asia) မှ ရရှိသည့် စစ်သားတစ်ဦး၏ လက်ကိုင်ဖုန်း ဗီဒီယိုမှတ်တမ်းက သက်သေပြလျက်ရှိကြောင်း၊ ယင်းဗီဒီယိုသည် စစ်တပ်က ပြည်သူကို ရက်စက်စွာ သတ်ဖြတ်မှုကို ထိတ်လန့်စက်ဆုပ် ဖွယ်ဖော်ပြကြောင်း၊


(ဆ) မြန်မာနိုင်ငံ၏ ဆိုးဝါးလျက်ရှိသော အခြေအနေသည် ပြည်တွင်းအာဏာပိုင်များမှ ပြည်သူကို ကာကွယ်စောင့်ရှောက်ရန် ပျက်ကွက်မှုမျိုးပင် မဟုတ်ဘဲ၊ ရည်ရွယ်ချက်ရှိရှိ စစ်တပ်က အာဏာရှိရန်နှင့် ကြောက်ရွံ့ထိတ်လန့်မှုတို့ သွတ်သွင်းရန် ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း၊


(ဇ) လက်ရှိမြန်မာနိုင်ငံအခြေအနေသည် ကာကွယ်မှုပေးရန် တာဝန်ရှိမှုအား ကိုးကားချမှတ်ရန် လိုသည့် သတ်မှတ်အဆင့်နှင့် ကိုက်ညီပြီး၊ ကာကွယ်မှုပေးရန် တာဝန်ရှိမှု၏ တတိယကဏ္ဍ၌ ဖော်ပြသည့်အတိုင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီမှတစ်ဆင့် ပြတ်သားညီညွတ်သည့် အရေးယူဆောင်ရွက်မှု ချမှတ်ရန် တိုက်တွန်းကြောင်း၊ ယင်းသည် မြန်မာပြည်သူများ၏ ထပ်တလဲလဲတောင်းဆိုချက် ဖြစ်ကြောင်း၊ ကနေဒါအမြဲတမ်းကိုယ်စားလှယ်က ၎င်း၏ မိန့်ခွန်းတွင် မှန်ကန်စွာ ထောက်ပြသွားကြောင်း၊ မြန်မာပြည်သူ များအနေဖြင့် ၎င်းတို့အား ကာကွယ်ပေးရန် R2P ဆိုင်းဘုတ်များကိုင်၍ ကျယ်လောင်စွာ တောင်းဆိုခဲ့ ကြောင်း၊ ဝမ်းနည်းစရာမှာ ယခုအချိန်အထိ ယင်းတောင်းဆိုချက်သည် အရေးယူအလေးထားခြင်း မခံရသည့်အတွက် မြန်မာပြည်သူများက ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ပြတ်သားညီညွတ်သည့် အရေးယူဆောင်ရွက်မှုကိုရရှိရန် နောက်ထပ်အသက် မည်မျှဆုံးရှုံးအနစ်နာခံရမည်လဲဟူသော မေးခွန်းကိုသာ တစိုက်မတ်မတ် မေးမြန်းနေကြောင်း၊


(ဈ) ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် မြန်မာ ပြည်သူများကို ကာကွယ်ရန် တာဝန်ရှိကြောင်း၊ နေ့စဉ်နှင့်အမျှ စစ်တပ်သည် ၎င်းတို့ ကျူးလွန်သည့် ပြစ်မှုအတွက် တာဝန်ခံမှုမရှိဘဲ ဆက်လက်ရက်စက်ယုတ်မာသည့် ပြစ်မှုများ ကျူးလွန်နေကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရသည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လက အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာ တရားရုံး၏ ဆုံးဖြတ်မှုကို ခံယူမည်ဟု ကြေညာခဲ့ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံသည် တာဝန်ခံမှု၊ ကျိုးကြောင်း ဆီလျော်မှုနှင့် ပွင့်လင်းမြင်သာမှု (ACT) အဖွဲ့မှ ရှင်းလင်းဖော်ပြသည့်အတိုင်း လူမျိုးစုလိုက် သုတ်သင် ရှင်းလင်းမှု၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သောပြစ်မှုများ (သို့) စစ်ရာဇဝတ်မှုတို့နှင့် စပ်လျဉ်း၍​ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အရေးယူဆောင်ရွက်မှုကို ထောက်ခံကြောင်း၊ လူအစုအပြုံအလိုက်အပေါ် ကျူးလွန်သည့် ဆိုးရွားသော ပြစ်မှုများတွင် လုံခြုံရေးကောင်စီ၌ ဗီတိုအသုံးမပြုရန် တိုက်တွန်းသည့် ပြင်သစ်-မက္ကဆီကိုတို့၏ ဆောင်ရွက်မှုကို ထောက်ခံကြောင်း၊ Veto initiative ဆိုင်ရာ ဆုံးဖြတ်ချက် အဆိုမူကြမ်းကို ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပြီးခဲ့သည့် ဧပြီလက ချမှတ်နိုင်ခဲ့သည့်အတွက် ဦးဆောင်ဆောင်ရွက်သည့် လစ်ချင်စတိန် ကိုယ်စားလှယ်အဖွဲ့အား ကျေးဇူးတင်ရှိကြောင်း၊


(ည) ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ နှစ်စဉ်အစီရင်ခံစာတွင် လုံခြုံရေးကောင်စီမှ အကောင်အထည် ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဖော်ပြထားရာ၊ နိုင်ငံတကာအသိုက်အဝန်း အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနှင့် စစ်တပ်၏ ပြစ်ဒဏ်ကျသင့်မခံရခြင်းကို အဆုံးသတ်၍ သက်သေအထောက်အထားများနှင့်အညီ ကျူးလွန်သည့် ပြစ်မှုများအတွက် တာဝန်ခံမှုရှိစေရေးအတွက် ပြတ်သားညီညွတ်သည့် အရေးယူဆောင်ရွက်မှုကိုချမှတ်ရန် တိုက်တွန်းကြောင်း၊


(ဋ) ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနှင့် လူသားမဆန်သည့် မြန်မာစစ်တပ်အား အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာ တရားရုံးသို့ လွှဲပြောင်းရန် အရေးကြီးလိုအပ်နေပြီး၊ သို့မှသာ လူသားဆန်မှုကို ပြသရာ ရောက်မည်ဖြစ်ကြောင်း၊ ထို့ပြင် ဖက်ဒရယ်ဒီမိုကရေစီအနာဂတ်သို့ လျှောက်လှမ်းသည့် ပြုပြင်ပြောင်းလဲ မှုကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊


(ဌ) လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ခြင်းအပေါ် စစ်တပ်မှ ပိတ်ဆို့ထားသည့် ပြဿနာကို ကူညီဖြေရှင်းစေလိုကြောင်း၊ အကြောင်းမှာ ကလေး (၅) သန်း အပါအဝင် မြန်မာပြည်သူ (၁၄.၄) သန်း သည် လူသားချင်းစာနာထောက်ထားမှုအကူအညီ အရေးပေါ်လိုအပ်နေကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်း အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် စစ်တပ်၏ ရက်စက်သည့်လုပ်ရပ် များမှ ပြည်သူများအား ကာကွယ်ပေးရန်ဟူသော တာဝန်ရှိမှု၊ ကတိကဝတ်အတိုင်း အရေးယူဆောင်ရွက်ရန် တိုက်တွန်းကြောင်း၊


၂။ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲဖော်ပြအပ်ပါသည်။



၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၄ ရက်၊

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့။




Please check against delivery


Statement by Ambassador Kyaw Moe Tun,

Permanent Representative of Myanmar to the United Nations

during the Debate on Agenda Item 134: “The Responsibility to Protect and the Prevention of Genocide, War Crimes, Ethnic Cleansing and Crimes against Humanity” at the UN General Assembly


(New York, 24 June 2022)


Mr. President,


First of all, I wish to thank you for convening this important debate. I also thank the Secretary-General for his report on the responsibility to protect with the particular emphasis on children and young people. We welcome his recommendations and priority actions provided in the report for protecting children and young people from atrocity crimes.


Mr. President,


Since the 2005 World Summit, UN member states have repeatedly affirm their commitment to the responsibility to protect their populations from atrocity crimes namely genocide, war crimes, ethnic cleansing and crimes against humanity. There is no question that primary responsibility for protecting people from these heinous crimes rests with states. The international community has responsibility to help states fulfill this obligation. However, when peaceful means are inadequate and national authorities manifestly fail to protect their populations, the international community needs to take timely, decisive and collective action to protect the populations in danger. The R2P principle adopted in the 2005 World Summit Outcome document was not in ambiguity. The principle of R2P entails both prevention and response. The principle does not warrant action in a reckless manner. Instead, the principle clearly stipulates the responsibility to take collective action through the UN Security Council in accordance with the UN Charter.


The three pillars of prevention, international assistance and collective response are mutually reinforcing. Consistent, timely and unified response from the international community to atrocity crimes immensely contributes to deterring future violations of such crimes and even reoccurrence of them. In contrast, failure to decisively respond to atrocity crimes has a severely negative impact on promotion of respect for international law.


While there is concern for the misuse of the principle and it is not the role of the United Nations to replace the State in protecting people, the international community and the United Nations cannot shy away from upholding the responsibility to protect vulnerable populations around the world from atrocity crimes.


Mr. President,

My country Myanmar, since the military coup in February 2021, has faced with unprecedented levels of violence, mass atrocities and displacement. The illegal junta has been committing widespread and systematic serious atrocities against the civilian population, which the UN Independent Investigative Mechanism for Myanmar (IIMM) in its preliminary analysis indicates that crimes against humanity have likely been committed. I echo the points made by the UN Special Rapporteur on the situation of human rights in Myanmar in his recent report that documented the inhumane military’s impact on Myanmar’s children and urged immediate coordinated action to prevent “a lost generation”.


The illegal junta has so far enjoyed total impunity despite the mounting evidence of their atrocities particularly war crimes and crimes against humanity extensively documented by the United Nations and other organizations. The junta forces have carried out multiple massacres including the 2021 Christmas massacre which the UN Security Council condemned and stressed the need for accountability. Now over 1.2 million people have been displaced by the military’s deliberate attacks against the residential towns and villages including by air strikes and whole-sale arson. The barbaric and cruel nature of the junta troops can be witnessed in the most recent video and photos recorded in the cell-phone of a military soldier, obtained by the Radio Free Asia, which evidently describes the gruesome killings of civilians by the security forces. The military junta’s intended execution of pro-democracy individuals following secret sham trials by their so-called military tribunals would be nothing more than a murder by process. The Head of IIMM in his recent statement also warned that death sentence in such circumstances could constitute crimes against humanity or war crimes.


Mr. President,

The deteriorating crisis in Myanmar is not a situation where the national authority is failing to protect its people. It is the situation where the military is deliberately attacking its people to gain control over them by instilling terror and fear. The people of Myanmar have been largely frustrated at the limited level of response from the international community to ongoing military atrocities. While there is no domestic environment that can ensure accountability for their atrocities, the current situation meets the threshold for the invoking of R2P doctrine and demands application of the third pillar of the R2P principle: decisive collective action through the UN Security Council. This is the appeal the people of Myanmar have made repeatedly. Ambassador Bob Rae of Canada rightly pointed out earlier this morning. The people of Myanmar were crying out loudly of applying R2P principle by holding R2P placards to save lives. Sadly it has not been heeded yet. The people of Myanmar consistently raise a question – how many more innocent lives have to be sacrificed to have such decisive collective action from the UN Security Council?


The UN Security Council has the responsibility to protect the Myanmar civilian population particularly women and children from further military atrocities. Every day the military junta is convinced they will face no accountability for ongoing atrocities, their forces become more emboldened to continue to commit war crimes and crimes against humanity. Accordingly, the National Unity Government of Myanmar lodged a declaration with the registrar of ICC on 17 July 2021, accepting the Court’s jurisdiction with respect to the international crimes committed in the territory of Myanmar since July 2002. Moreover, Myanmar supports the Code of Conduct regarding United Nations Security Council action against genocide, crimes against humanity or war crimes, as elaborated by the ACT (Accountability, Coherence and Transparency) Group. Myanmar also supports the French Mexican initiative on veto restraint in case of mass atrocities. We also thank Liechtenstein for its leadership in adoption of Veto Initiative resolution of UNGA in last April.


In conclusion, Mr. President, the Secretary-General in its annual reports has offered a number of implementation tools available for the Council. Here, I urge the international community specifically the Security Council to take decisive unified action to end military impunity and ensure accountability by utilizing admissible evidence and criminal case files collected and built by the IIMM. Therefore, the referral of the inhumane Myanmar military by the UN Security Council to the ICC is urgently needed and it will serve humanity. This will make a major contribution to the transformative change we are pursuing towards a Federal Democratic future. I urge the Security Council to urgently address the military’s blockage of humanitarian access because more than 14.4 million people including 5 million children are in desperate need of humanitarian assistance in Myanmar. They need help and protection. I urge the international community in particular the UN and the UN Security Council to live up to their responsibility, commitments and promises to protect the people from the military’s atrocities.


I thank you.



*****