top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun at UNSC Open Debate on Women and Peace and Security (WPS)




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the United Nations Security Council Open Debate on Women and Peace and Security (WPS): “Women’s participation in international peace and security: from theory to practice”, held on 26 October 2023


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌​ ကျင်းပသည့် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ တံခါးဖွင့်အစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဉီးကျော်မိုးထွန်းက မြန်မာနိုင်ငံပဋိပက္ခသည် ကြိုတင်ကာကွယ်ရမည့်အဆင့်ကို ကျော်လွန် သွားနေပြီဖြစ်ကြောင်း၊ စစ်တပ်သည် ပြည်သူအပေါ် ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များကျူးလွန်၍ နိုင်ငံကို ဘက်ပေါင်းစုံပဋိပက္ခတွင်းသို့ တွန်းပို့ခဲ့၊ လက်ရှိအဓိကထားဆောင်ရွက်ရမည့် အချက်သည် ရေရှည်ဖြေရှင်းနိုင်မည့် နည်းလမ်းကို ရှာခြင်းဖြစ်ကြောင်း အလေးထားပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်)


၁။ နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး - “နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးတွင် အမျိုးသမီးများ ပါဝင်မှု - သီအိုရီမှသည် လက်တွေ့သို့” (Women and Peace and Security (WPS): “Women’s participation in international peace and security: from theory to practice” ဆိုင်ရာ တံခါးဖွင့်အစည်းအဝေး ကို ၂၅-၁၀-၂၀၂၃ ရက် နှင့် ၂၆-၁၀-၂၀၂၃ ရက်နေ့တို့ ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


၂။ အစည်းအဝေးကို အောက်တိုဘာလအတွက် လုံခြုံရေးကောင်စီ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသော ဘရာဇီးနိုင်ငံက ကြီးမှူးစီစဉ်ခဲ့ပြီး ဘရာဇီးနိုင်ငံခြားရေးဝန်ကြီးက သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊ Executive Director of the United Nations Entity for Gender Equality and the Empowerment of Women (UN-Women) Ms. Sima Sami Bahous၊ President of the International Committee of the Red Cross (ICRC) Ms. Mirjana Spoljaric Egger၊ Director General, Rio Branco Institute Ms. GLIVÂNIA Maria De Oliveira နှင့် Regional Director of the Strategic Initiative for Women in the Horn of Africa Ms. Hala Al-Karib တို့က ဆွေးနွေးသူများအဖြစ် ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၉၀) ကျော်မှ ကိုယ်စားလှယ်များပါဝင်၍ မိန့်ခွန်းများ ပြောကြားခဲ့ကြပါသည်။


၃။ မြန်မာအမြဲတမ်းကိုယ်စးလှယ် သံအမတ်ကြီး ဉီးကျော်မိုးထွန်း၏ မိန့်ခွန်းတွင် အောက်ပါ အဓိက အချက်များ ပါဝင်ပါသည် -


(က) နိုင်ငံတကာနှင့် ဒေသတွင်းငြိမ်းချမ်းရေးနှင့် လုံခြုံရေးကာကွယ်ထိန်းသိမ်းရေး၌​ အမျိုးသမီးများ၏ အခန်းကဏ္ဍအရေးကြီးမှုနှင့် ပဋိပက္ခအဖြေရှာရေး၌ အမျိုးသမီးများ တန်းတူပါဝင်မှုရရှိရေးကို နိုင်ငံတကာမှ အသိအမှတ်ပြုထောက်ခံထားကြောင်း၊


(ခ) သို့ရာတွင် ဆုံးဖြတ်ချက်မူကြမ်း ၁၃၂၅ ချမှတ်ပြီး နှစ်ပေါင်း ၂၅ နီးပါးကြာပြီးသည့်တိုင် လက်တွေ့အကောင်အထည်ဖော်၍ လက်တွေ့ကျကျဆောင်ရွက်ရန် လိုအပ်နေသေးကြောင်း၊ အမျိုးသမီးအခွင့်အရေးသည် ကမ္ဘာတစ်ဝန်း၌ ချိုးဖောက်တိုက်ခိုက်ခံ နေရကြောင်း၊


(ဂ) ငြိမ်းချမ်းရေးနှင့် လုံခြုံရေးလုပ်ငန်းစဉ်တွင် ခွဲခြားဆက်ဆံမှုရှိနေဆဲဖြစ်ကြောင်း၊၊ အမျိူးသမီးနှင့် မိန်းကလေးများအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် အခြား အကြမ်းဖက်မှုများ ကျူးလွန်မှု၌ ပြစ်ဒဏ်ကျသင့်မခံရသည့် ကိစ္စသည် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ အစီအစဉ် အကောင်အထည်ရာ၌ အဓိကစိန်ခေါ်မှု ဖြစ်ကြောင်း၊

(ဃ) မြန်မာနိုင်ငံ၌ အမျိုးသမီးများသည် တရားမဝင် စစ်တပ်အာဏာသိမ်းမှုကို ရှေ့တန်းမှ ခုခံကာကွယ်မှုမှသည် ငြိမ်းချမ်းစွာဆန္ဒပြုမှုနှင့် ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒထုတ်ဖော် သည့်နည်းလမ်း civil disobedience movement (CDM) အပါအဝင် အမျိုးသားညီညွတ် ရေးအစိုးရ၌ အဓိကအစိုးရတာဝန်ယူသည်အထိ တက်ကြွစွာ ပါဝင်လျက်ရှိကြောင်း၊ မြန်မာ စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များမှ ကာကွယ်တားဆီးရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ လိုအပ်သည့်နေရာများသို့ ရောက်ရှိရေးတို့၌ အမျိုးသမီး လူ့အခွင့်အရေးကာကွယ်သူများနှင့် အမျိုးသမီးလူမှုအဖွဲ့အစည်းခေါင်းဆောင်များသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ကြောင်း၊


(င) မြန်မာနိုင်ငံ၌ အမျိုးသမီးများ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကာကွယ်မှုသည် ၎င်းတို့၏ ဘဝနှင့် လုံခြုံရေးအတွက် ကြီးမားသည့် အန္တရာယ်ကျရောက်နိုင်ကြောင်း၊ မြန်မာစစ်တပ် သည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် အဓမ္မပြုကျင့်မှုတို့ကို စစ်တပ်၏ တရားမဝင်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ပြည်သူအပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်သည့် တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း၊


(စ) အမုန်းတရားနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို လှုံ့ဆော်သည့် အကြောင်းအရာများကို အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အမျိုးသမီးခေါင်းဆောင်များအား ပစ်မှတ်ထား၍ သတင်းဖြန့်လျက်ရှိကြောင်း၊ စစ်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အမျိုးသမီးများ နှင့် မိန်းကလေးငယ်များကို စစ်ဆေးမေးမြန်းရာ၌ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုကို ခြိမ်းခြောက်ရန်နှင့် အရှက်ကွဲစေရန် နည်းလမ်းတစ်ခုအနေနှင့် အသုံးပြုနေကြောင်း၊


(ဆ) သို့ရာတွင် မြန်မာအမျိုးသမီးများသည် စစ်တပ်တရားမဝင် အာဏာသိမ်းမှုကို ခုခံရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပြန်လည်ရရှိရေးတို့၌ ပါဝင်ဆောင်ရွက်မှုသည် နောက်ဆုတ်လျော့နည်း သွားခြင်း မရှိကြောင်း၊ အမှန်အားဖြင့် ၎င်းတို့သည် အဓိကတွန်းအားတစ်ရပ်ဖြစ်ကြောင်း၊


(ဇ) မြန်မာနိုင်ငံပဋိပက္ခသည် ကြိုတင်ကာကွယ်ရမည့်အဆင့်ကို ကျော်လွန်သွားနေပြီ ဖြစ်ကြောင်း၊ စစ်တပ်သည် ပြည်သူအပေါ် ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များ ကျူးလွန်၍ နိုင်ငံကို ဘက်ပေါင်းစုံ ပဋိပက္ခတွင်းသို့ တွန်းပို့ခဲ့ကြောင်း၊ လက်ရှိအဓိကထား ဆောင်ရွက်ရမည့်အချက်သည် ရေရှည်ဖြေရှင်းနိုင်မည့် နည်းလမ်းကို ရှာခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ အစီအစဉ်ကို အကောင်အထည်ဖော်ရန် အခွင့်အရေးဖြစ်ကြောင်း၊


(ဈ) ဒေသတွင်းနှင့် နိုင်ငံတကာအသိုက်အဝန်းသည် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိ ရာ အောက်ပါအချက် (၃)ချက်ကို တိုက်တွန်းကြောင်း -


(၁) အရပ်သားကာကွယ်ပေးရေးကို ဆောင်ရွက်ရေး၊ ယင်းတွင် အမျိုးသမီးနှင့် မိန်းကလေးငယ်များအား ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကာကွယ်မှု ပေးရေး ပါဝင်ကြောင်း၊ နိုင်ငံတကာပြစ်မှုများ ကျူးလွန်နေသည့် မြန်မာစစ်တပ်သည် ပြစ်ဒဏ်ကျသင့်မခံရမှုကို ရပ်တန့်ရန် လုံခြုံရေးကောင်စီအနေနှင့် ထိရောက်သည့် အရေးယူဆောင်ရွက်မှုပြုလုပ်ရန်၊

(၂) အမျိုးသမီးအခွင့်အရေး၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီကို ထောက်ခံသည့် လူမှုအဖွဲ့အစည်းများကို နိုင်ငံရေးအရနှင့် ရုပ်ပိုင်းဆိုင်ရာအရ ကူညီအားပေးရန်၊ အိမ်နီးချင်းနိုင်ငံများနှင့် တတိယနိုင်ငံများအား မြန်မာအမျိုးသမီးများ၏ လုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက်မှုပေးရန်၊

(၃) အမျိုးသမီးခေါင်းဆောင်များသည် လက်ရှိပဋိပက္ခဖြေရှင်းရေး၌သာမက ပဋိပက္ခပြီး နောက် အုပ်ချုပ်မှုနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုတွင်လည်း ၎င်းတို့၏ အရေးကြီးသည့် အခန်းကဏ္ဍကို အသိအမှတ်ပြုရန်၊


(ည) ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနှင့် မြန်မာနိုင်ငံ လက်ရှိပဋိပက္ခအတွက် ရေရှည် ဖြေရှင်းနိုင်မည့် နည်းလမ်းရရှိရန် ခိုင်မာပြတ်သားသည့် ဆုံးဖြတ်ချက်ချမှတ်ရန် တိုက်တွန်းကြောင်း၊


၄။ သံအမတ်ကြီး ဉီးကျော်မိုးထွန်း ပြောကြားခဲ့သည့် အင်္ဂလိပ်ဘာသာမိန့်ခွန်း (အပြည့်အစုံ) ကို ပူးတွဲ ဖော်ပြအပ်ပါသည်။



၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations

at the United Nations Security Council Open Debate on

Women and Peace and Security (WPS): “Women’s participation in international peace and security: from theory to practice”


(New York, 26 October 2023)


Mr. President,


First of all, Myanmar thanks the Presidency of Brazil for organizing this important Open Debate under the women, peace and security agenda. I also thank the Secretary-General and other briefers for their insightful briefings.


Mr. President,


The role and contribution of women in promoting and maintaining peace and security at the national and international levels has long been recognized. There is widespread international support for women’s equal and meaningful participation at all decision-making levels in prevention, management and resolution of conflicts. However, nearly 25 years after the adoption of Resolution 1325, the international community still has much more to do to translate these theoretical and rhetorical supports into on-ground realities across the world.


Conflicts are intensifying in many parts of the world. Women’s rights are under growing attacks. Their marginalization in peace and security processes still persists. Impunity for violence against women and girls especially rape and other forms of sexual violence is still a major challenge to the implementation of the WPS agenda.


Mr. President,


In my country Myanmar, women have been at the forefront of resistance to the illegal military coup, from peaceful demonstrations to civil disobedience movement to assumption of key leadership responsibilities in the National Unity Government. Women human rights defenders and CSO leaders play an instrumental role in reporting the military junta’s atrocities and responding to humanitarian needs on the ground across the country.


In addition, they have participated as leading actors in preparing the federal democracy charter which contains detailed arrangements for establishing a federal democratic union with effective, inclusive and accountable rule of law institutions.


Women’s defence of democracy and human rights in Myanmar comes with high risks to their life and personal security. The military forces deploy rape and other forms of sexual violence as part of their widespread and systematic attack on the civilian population in order to weaken the opposition to their illegal coup. Women democracy activists are particularly targeted by the military junta with sexual violence. Hate speech and incitement to sexual violence are directed at prominent anti-coup women leaders both online and offline. The junta’s military and police forces use sexual abuses as intimidation and humiliation tactics against many women and girls during interrogations.


So far, a total of 613 women have been killed and nearly 5,000 women been arrested by the military since February 2021. The military junta’s atrocities are well documented by Independent Investigative Mechanism for Myanmar (IIMM) that sexual and gender-based violence is a hallmark of the military’s operations.


Despite all these personal security risks, Myanmar women’s participation in the resistance against the illegal coup and for peace, democracy and human rights have not weakened. In fact, they are a key driving force of the ongoing movement to end the illegal military’s attempted coup and establish a peaceful Myanmar with federal democratic governance based on the rule of law and justice.


Mr. President,


We are beyond conflict prevention stage in Myanmar. The illegal military coup and their campaign of brutal violence against the people have already thrown the country into the current multifaceted crisis.


The focus now is on finding a sustainable solution. At this juncture, there is an opportunity and necessity for the implementation of the WPS agenda in Myanmar. We must make sure that women’s full, equal, meaningful and safe participation is integral to our ongoing efforts toward that sustainable resolution. The regional and international community has a crucial role to play in this regard.


First, we must address the civilian protection crisis in Myanmar. This includes protecting women and girls from sexual violence and other serious crimes particularly in conflict areas. While there is no domestic environment for effective accountability for conflict-related sexual violence, the UN Security Council should take concrete actions to end military impunity for serious international crimes including rape and sexual violence in Myanmar.


Second, we must support women’s organizations and civil society groups advocating for women’s rights, peace and democracy. The support should be both politically and in material. Their voices should be heard. In particular, I appeal to our neighbours and third countries to support and provide safety to Myanmar women including civil servants and journalists who fled from the junta’s ceaseless persecutions.


Third, women’s organizations and leaders including human rights defenders, peace builders must be among the key stakeholders not only in the resolution of the current conflict but also in the post-conflict governance and peace-building in Myanmar.


In conclusion, I call on the Security Council to take decisive actions to create conditions for a sustainable solution to the current crisis in Myanmar. And I encourage the Council to include the WPS implementation as part of its response.


I thank you.



*****









bottom of page