top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun at UNSC open debate on Small Arms and Light Weapons




Statement by Ambassador Kyaw Moe Tun, Permanent Representative of the  Republic of the Union of Myanmar to the United Nations, at the Open Debate on “Addressing the threat posed by diversion, illicit trafficking and misuse of small arms and light weapons and their ammunition to peace and security” at the United Nations Security Council, held on 15 December 2023


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ “Addressing the threat posed by diversion, illicit trafficking and misuse of small arms and light weapons and their ammunition to peace and security”ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် တံခါးဖွင့်အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က တရားမဝင် အာဏာသိမ်းစစ်တပ်အနေဖြင့် နေ့စဉ်နေ့တိုင်း ဂျက်လေယာဉ်များနှင့် လက်နက်ကြီးများ အသုံးပြုကာ နိုင်ငံတစ်ဝန်းရှိ အရပ်သားပြည်သူလူထုအပေါ် တိုက်ခိုက်နေ၊ စစ်တပ်ထံသို့ လေယာဉ်ဆီ အပါအဝင် လက်နက် တင်ပို့ရောင်းချခြင်းအတွက် ပိတ်ဆို့မှုများချမှတ်ပေးထားသည့် တစ်နိုင်ငံချင်းစီကို ကျေးဇူးတင်ရှိ၊ အခြားနိုင်ငံများမှလည်း အလားတူ ဆောင်ရွက်ပေးကြရန် တိုက်တွန်းလို၊ မြန်မာနိုင်ငံတွင် ကျွမ်းကျင်မှု ပြည့်ဝ၍ ပြည်သူများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိ၍ ဒီမိုကရေစီ အရပ်သားအစိုးရအုပ်ချုပ်မှုအောက်တွင်ရှိမည့် စစ်တပ်တစ်ရပ် ပေါ်ထွန်းလာသည့်အချိန်အထိ ဖော်ပြပါ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများကို ဆက်လက်ချမှတ်ထားသင့်ကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်)


၁။       နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်ရှိ လုံခြုံရေးကောင်စီ၌ ““Addressing the threat posed by diversion, illicit trafficking and misuse of small arms and light weapons and their ammunition to peace and security”” ခေါင်းစဉ်ဖြင့် တံခါးဖွင့်အစည်းအဝေးအား ၁၅-၁၂-၂၀၂၃ ရက် (သောကြာနေ့)၊ နံနက် (၁၀၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။


၂။       အဆိုပါအစည်းအဝေးကို လုံခြုံရေးကောင်စီတွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွက် အလှည့်ကျ ဥက္ကဋ္ဌဖြစ်သော အီကွေဒေါနိုင်ငံမှ ကြီးမှူးကျင်းပခဲ့ပြီး Under-Secretary-General and High Representative for Disarmament Affairs ဖြစ်သူ Ms. Izumi Nakamitsu၊ Deputy Director of the United Nations Institute for Disarmament Research ဖြစ်သူ Ms. Cécile Aptel နှင့် Executive Director, Women’s Institute for Alternative Development ဖြစ်သူ Ms. Folade Mutota တို့က ဆွေးနွေးသူများအဖြစ် ပါဝင်တင်ပြခဲ့ကြပါသည်။ ထို့ပြင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ (၇၀) ခန့် ပါဝင် ဆွေးနွေးခဲ့ကြရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း လည်း ပါဝင်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။


၃။       မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းတွင်အောက်ဖော်ပြပါ အဓိက အချက်များ ပါဝင်ပါသည်-


(က)    ကုလသမဂ္ဂပဋိညာဉ်စာတမ်းအပိုဒ် (၅၁) ပါ ပြဋ္ဌာန်းချက်နှင့်အညီ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအတွက် အမျိုးသားလုံခြုံရေးလိုအပ်ချက်များအလို့ငှာ တရားဝင် လက်နက်ရောင်းချမှုနှင့် လွှဲပြောင်းမှုများသည် အရေးကြီးသည်ဟု ရှုမြင်ပါကြောင်း၊


(ခ)     သို့ရာတွင် နိုင်ငံဖြတ်ကျော်ဖွဲ့ ရာဇ၀တ်ဂိုဏ်းများနှင့် အကြမ်းဖက်အဖွဲ့အစည်းများထံသို့ လက်နက်ငယ်များ လွှဲပြောင်းမှုနှင့် တရားမဝင် မှောင်ခိုရောင်းဝယ်ခြင်းများကြောင့် ကမ္ဘာတစ်ဝန်းတွင် ခြိမ်းခြောက်မှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိကြောင်း၊ ၎င်းတို့မှ မတည်မငြိမ်ဖြစ်စေသည့် လက်နက်များ စုဆောင်းမှုနှင့် အလွဲသုံးစားပြုမှုများသည် စီးပွားရေး၊ လူမှုရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာနယ်ပယ်များတွင် ဆိုးရွား သော အကျိုးဆက်များကို ဖြစ်ပေါ်စေကြောင်း၊


(ဂ)     နိုင်ငံတကာ အကြမ်းဖက်မှုများနှင့် နိုင်ငံဖြတ်ကျော် မှုခင်းများအား တိုက်ဖျက်ရေးအတွက် လုံခြုံရေးကောင်စီမှ ပြဋ္ဌာန်းထားသော လက်နက်တင်ပို့ရောင်းချမှု ပိတ်ဆို့ခြင်းများနှင့် ချိုးဖောက်မှုများ အတွက် တာဝန်ခံမှုအပါအဝင် ဖော်ပြပါအဖွဲ့အစည်းများထံသို့ လက်နက်စီးဆင်းမှုအား တားဆီးကာကွယ်ခြင်းက အလွန်အရေးပါသည့် ကဏ္ဍတစ်ခုပင် ဖြစ်ကြောင်း၊


(ဃ)    သို့ဖြစ်ပါ၍ အဖွဲ့ဝင်နိုင်ငံအားလုံးအနေဖြင့် အစွန်းရောက်အကြမ်းဖက်အဖွဲ့များနှင့် နိုင်ငံ ဖြတ်ကျော် ရာဇ၀တ်ဂိုဏ်းများ လက်ဝယ်သို့ လက်နက်ခဲယမ်းများစီးဆင်းမှုကို တားဆီး ကာကွယ်ရန်နှင့် လုံခြုံရေးကောင်စီမှ ပြဋ္ဌာန်းထားသည့် လက်နက်တင်ပို့ရောင်းချမှု ပိတ်ဆို့ခြင်းနှင့် အရေးယူ ပိတ်ဆို့ခြင်းများအား အပြည့်အဝလိုက်နာဖော်ဆောင်ရန် တိုက်တွန်းပါကြောင်း၊


(င)     တစ်ဖက်တွင်လည်း မိမိတို့အနေဖြင့် အကြမ်းဖက်အဖွဲ့များနှင့် ပြစ်မှုကျူးလွန်သူများထံသို့ လက်နက်စီးဆင်းမှုအား ကာကွယ်တားဆီးရေး၏ အရေးပါမှုကို ဦးစားပေးပြောကြားသည့် နည်းတူ အဆိုပါအဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များကသာ အသက်သေစေနိုင်သော လက်နက်များကို အလွဲသုံးစားပြုနေသည်ဟု မဆိုလိုကြောင်း၊


(စ)     မိမိတို့ မြန်မာနိုင်ငံတွင် နိုင်ငံနှင့် ပြည်သူများအား ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသော စစ်တပ်သည်ပင် ဤလုပ်ရမည့်လုပ်ရပ်များ၏ ဆန့်ကျင်ဘက်လုပ်ရပ်များကို ပြုမူလျက်ရှိကြောင်း၊ တရားမဝင်အာဏာသိမ်းစစ်တပ်သည် ပြည်သူလူထုအား ကာကွယ်ရမည့်အစား လက်နက်အားကိုးဖြင့် အရပ်သား ပြည်သူများကို သတ်ဖြတ်နေ ကြောင်း၊


(ဆ)    ပထမဦးစွာ အာဏာသိမ်းစစ်တပ်သည် ၂၀၂၁ ခုနှစ်တွင် ဒီမိုကရေစီနည်းကျရွေးကောက် တင်မြှောက်ခဲ့သည့် အရပ်သားအစိုးရကို မတရားဖယ်ရှားခြင်းဖြင့် ပြည်သူများ၏ ဆန္ဒကိုပစ်ပယ်ခဲ့ကြောင်း၊ ထို့နောက် ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား ရက်စက်စွာသတ်ဖြတ်ခြင်း၊ ဖမ်းဆီးထားသူများအား ညှဉ်းပန်းနှိပ်စက်ခြင်း၊ ထောင်နှင့်ချီသော ဒီမိုကရေစီလိုလားသူ များကို မတရားဖမ်းဆီးခြင်းနှင့် နိုင်ငံရေးနှင့် ဒီမိုကရေစီရေးလှုပ်ရှားသူများအား  ဥပဒေမဲ့ ကွပ်မျက်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း၊


(ဇ)     ဆက်လက်ပြီး အာဏာသိမ်းစစ်တပ်သည် နိုင်ငံတဝန်းတွင် အရပ်သားပြည်သူများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ကြိမ်ဖန်များစွာ ကျူးလွန်ခဲ့ကြောင်း၊ ၎င်းတို့သည် မြန်မာပြည်သူများ၏ အသက်ရှင်နေထိုင်ခွင့်အပါအဝင် အခြေခံအခွင့်အရေးများကို ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ ချိုးဖောက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်၏ တရားမဝင်မှု၊ ပြည်သူများထိခိုက်နစ်နာစေလျက် ကိုယ်ကျိုးစီးပွားရှာဖွေခြင်း၊ ပြင်းထန်စွာ ဖိနှိပ်ခြင်းနှင့် လူမဆန်သော ရက်စက်ကြမ်းကြုတ်မှုများကြောင့် မြန်မာပြည်သူပြည်သား များသည် မိမိကိုယ်ကို ခုခံကာကွယ်ရန်နှင့် စစ်အာဏာရှင်စနစ်အား တွန်းလှန်ရန် ရွေးချယ်ခဲ့ရကြောင်း၊


(ဈ)     ၎င်းတို့၏ တရားမဝင် စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုအား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန့်ကျင်ခုခံတော်လှန်မှု မြင့်တက်လာပြီး တပ်တွင်း၌လည်း ရာထူးအဆင့်ဆင့်၌ စိတ်ဓာတ်ကျဆင်းမှုများ ဖြစ်ပေါ်လာခဲ့ရာ စစ်တပ်သည် အရပ်သားပြည်သူများ နေထိုင်ရာကျေးလက်နှင့် မြို့ပြဒေသများကို လေကြောင်းမှတဆင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် မဆင်မခြင်တိုက်ခိုက်ခြင်းများကို ကျူးလွန်ခဲ့ကြောင်း၊ အလားတူ ၎င်းတို့သည် လူနေအိမ်နှင့် အဆောက်အဦများကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခြင်းများ ကိုလည်း ကျူးလွန်လျက်ရှိကြောင်း၊ ၎င်းတို့၏ လုပ်ရပ်များကြောင့် လူပေါင်း ၂.၆ သန်း ကျော်မှာ နေရပ်စွန့်ခွာသူများ ဖြစ်လာခဲ့ရကြောင်း၊


(ည)    အကြမ်းဖက်အဖွဲ့အစည်းများနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများ၏ လက်ဝယ်သို့ လက်နက်နှင့် နှစ်မျိုးသုံးနည်းပညာအပါအဝင် အန္တရာယ်ရှိသော နည်းပညာများ လွှဲပြောင်းမှုသည် ပြည်သူများအပေါ် ကြီးလေးသော ခြိမ်းခြောက်မှု အန္တရာယ်ရှိသော ကြောင့် ၎င်းအား တားဆီးကာကွယ်ရန် နိုင်ငံတကာနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု ကို လိုအပ်ကြောင်း၊


(ဋ)     မြန်မာနိုင်ငံ၌ နိုင်ငံတကာရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိသော်လည်း ပြစ်ဒဏ်ကင်းလွတ်မှု ခံစားခွင့်ရရှိနေသည့် စစ်တပ်အပေါ်တွင်လည်း တူညီစွာပင် စဉ်းစားသင့်ကြောင်း၊ အထူးသဖြင့် စစ်တပ်မှ ကျူးလွန်ထားသည့် ရာဇဝတ်မှုများအတွက် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်စွာစုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေအထောက်အထားများရရှိ၊ ထိန်းသိမ်းထားပြီးဖြစ်ကြောင်း၊


(ဌ)     မြန်မာပြည်သူများအနေဖြင့် ၎င်းတို့၏ အသက်အိုးအိမ်စည်းစိမ်များအတွက် နိုင်ငံတကာ အသိုက်အဝန်းထံမှ ကာကွယ်မှုမရရှိကြောင်း၊ သို့ရာတွင် စစ်တပ်မှ​ ပြည်သူများအပေါ် ကျူးလွန်လျက်ရှိ သော ရက်စက်ကြမ်းကြုတ်မှုများအား ဆက်လက်ကျူးလွန်ခွင့် မရရှိစေရန် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအနေဖြင့် ဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု မြန်မာပြည်သူ များက အနည်းဆုံး မျှော်မှန်းပါကြောင်း၊


(ဍ)     အထူးအားဖြင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၎င်းတို့မှ တင်ပို့သည့် လက်နက်များအား တရားဝင်ကာကွယ်ရေးကိစ္စရပ်များအတွက် အသုံးပြုခြင်း သို့တည်းမဟုတ် လက်နက်မဲ့ ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်စွာ ရာဇဝတ်မှုများ ကျူးလွန်ရန်အတွက် အသုံးပြုခြင်းနှစ်ခုအနက် မည်သည့် ရည်ရွယ်ချက်ဖြင့် အသုံးပြုလျက်ရှိသည်ကို စိစစ်ရန် တာဝန်ရှိကြောင်း၊


(ဎ)     မြန်မာနိုင်ငံဖြစ်စဉ်တွင်မူ တရားမဝင် အာဏာသိမ်းစစ်တပ်အနေဖြင့် နေ့စဉ်နေ့တိုင်း ဂျက် လေယာဉ်များနှင့် လက်နက်ကြီးများ အသုံးပြုကာ နိုင်ငံတစ်ဝန်းရှိ အရပ်သား ပြည်သူလူထုအပေါ် တိုက်ခိုက်နေခြင်းအတွက် လုံလောက်သည့် သက်သေအထောက်အထားများကို အခိုင်အမာ ရရှိထားကြောင်း၊


(ဏ)   ဤနေရာတွင် စစ်တပ်ထံသို့ လေယာဉ်ဆီ အပါအဝင် လက်နက်တင်ပို့ရောင်းချခြင်း အတွက် ပိတ်ဆို့မှုများ ချမှတ်ပေးထားသည့် တစ်နိုင်ငံချင်းစီကို မိမိတို့က ကျေးဇူးအထူး တင်ရှိပါကြောင်း၊ အခြားနိုင်ငံများမှလည်း အလားတူဆောင်ရွက်ပေးကြရန် တိုက်တွန်း လိုပါကြောင်း၊


(တ)    မြန်မာနိုင်ငံတွင် ကျွမ်းကျင်မှု ပြည့်ဝ၍ ပြည်သူများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိ၍ ဒီမိုကရေစီ အရပ်သားအစိုးရအုပ်ချုပ်မှုအောက်တွင်ရှိမည့် စစ်တပ်တစ်ရပ် ပေါ်ထွန်းလာသည့် အချိန်အထိ ဖော်ပြပါအရေးယူဒဏ်ခတ်ပိတ်ဆို့မှုများကို ဆက်လက် ချမှတ်ထားသင့် ကြောင်း၊ ထို့အတူ အရပ်သားပြည်သူများအား အကာအကွယ်ပေးအပ်နိုင်ရန်နှင့် ရေရှည်တည်တံ့မည့် နည်းလမ်းတစ်ခု ချမှတ်နိုင်မည့် အခြေအနေကောင်းတစ်ရပ်အား ဖန်တီးပေးရန် စစ်တပ်မှ အရပ်သားပြည်သူအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ဆက်လက် ကျူးလွန်ခွင့်မရရှိစေရန် ၎င်းတို့၏ စွမ်းဆောင်ရေးကို ဆက်လက်ကန့်သတ်ထားရေးသည် အလွန်အရေးကြီးကြောင်း၊


(ထ)    ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆို ၂၆၆၉ (၂၀၂၂) အား အတည်ပြုချမှတ်ခဲ့မှု (၁) နှစ်ခန့် ရှိပြီဖြစ်ကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံတွင် ကြေကွဲဖွယ်ကောင်းသော အခြေအနေများ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း၊ မြန်မာ ပြည်သူများ၏ အသက်အိုးအိမ်များအား ကယ်တင်ပေးနိုင်ရန် လုံခြုံရေးကောင်စီအနေဖြင့် ဆုံးဖြတ်ချက်အဆို ၂၆၆၉ အပေါ်အခြေခံ၍ အရေးယူမှုပါသည့် နောက် ဆုံးဖြတ်ချက်အဆို အသစ်တစ်ခုချမှတ်ရန် လေးလေးနက်နက်နှင့် အရေးတကြီး လိုအပ်ပါကြောင်း၊ လုံခြုံရေးကောင်စီအနေဖြင့် ချက်ချင်းအရေးယူဆောင်ရွက်ပေးရန် တိုက်တွန်းလို ပါကြောင်း၊


(ဒ)     တစ်ဖက်တွင်လည်း နိုင်ငံများအနေဖြင့် စစ်တပ်ထံ တင်ပို့ရောင်းချသည့် လက်နက်များကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများ ဆိုးရွားစွာ ယိုယွင်းလာသည့်အပေါ် အလေးထား ထည့်သွင်းစဉ်းစားကြရန် တောင်းဆိုလိုကြောင်း၊


(ဓ)     ၂၀၂၁ ခုနှစ် ဇွန်လ တွင် ချမှတ်ခဲ့သည့် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်အဆို 75/287 အား ရည်ညွှန်းလျက် စစ်တပ်မှ မြန်မာပြည်သူများအား ဆက်လက်အကြမ်းဖက်သတ်ဖြတ်ခြင်းကို အားပေးခြင်း မရှိရန် အလို့ငှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ အနေဖြင့် တရားမဝင်အာဏာသိမ်းစစ်တပ်ထံသို့ လက်နက်ခဲယမ်းများနှင့် လေယာဉ်ဆီတို့အပြင် အခြားသော စောင့်ကြည့်ရေးဆိုင်ရာ နည်းပညာများ မရောက်ရှိရေးအတွက် ဆောင်ရွက်ကြရန် တောင်းဆိုလိုပါကြောင်း၊


(န)     လူသားဆန်မှုသည် အဓိကအကျဆုံးပင်ဖြစ်ကြောင်း၊ မိမိတို့ ပြည်သူများ၏ အသက်များကို ကယ်တင်ပေးစေလိုပါကြောင်း။


၄။       မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲဖော်ပြအပ်ပါသည်။


 

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့။



Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations

at the Open Debate on “Addressing the threat posed by diversion, illicit trafficking and misuse of small arms and light weapons and their ammunition to peace and security” at the United Nations Security Council


(New York, 15 December 2023)


Mr. President,


Myanmar thanks the Presidency of Ecuador for organizing this open debate. I also wish to thank High Representative Ms. Izumi Nakamitsu and other briefers for their insightful briefings this morning.


Mr. President,


We share the view that legal sales and transfers of arms are important to all UN member states for the purposes of their legitimate national security needs as stipulated in the Article-51 of the UN Charter. However, there are persistent threats across the world posed by diversion and illicit trafficking of small arms and light weapons into wrong hands, particularly those of transnational organized criminal syndicates and terrorist organizations. Their destabilizing accumulation and misuse have serious economic, social and humanitarian consequences.


Preventing the flow of arms into these organizations, including through effective enforcement of Security Council-mandated arms embargoes and accountability for the violations, plays a key role in combating international terrorism and transnational organized crime.


Myanmar urges all member states to fully comply with Security Council-mandated arms embargoes and sanctions and to prevent the flow of arms and ammunitions into the hands of extremist terrorists and transnational criminal groups.

 

Mr. President,


While we emphasize the importance of preventing arms flow into the hands of terrorists and criminal syndicates, they are not the only ones that perpetrate the misuse of deadly weapons.


In my country Myanmar, the military, which is supposed to defend the country and protect its people, has been doing the exactly opposite of protecting the lives of Myanmar people. The weaponry in the possession of the illegal military junta is being used to kill civilians, not to protect them.


The military first threw away the democratically expressed will of the people of Myanmar by perpetrating the illegal coup against the democratically elected government in 2021. They then brutally killed peaceful protesters, tortured detainees, arbitrarily arrested thousands of democracy proponents and summarily executed political and democracy activists.


The illegal military junta committed multiple civilian massacres across the country. They have grossly violated in a widespread and systematic manner Myanmar people’s fundamental rights including the right to life. The junta’s illegality, self-interests at the expense of the people, severe oppression and inhumane brutality led the people of Myanmar to resort to the legitimate exercise of self-defence and overturning the military dictatorship.


Facing the growing nationwide resistance to their illegal attempted coup, and with sinking morale among the rank and file, the illegitimate junta has been deploying indiscriminate heavy-weapon attacks and aerial bombings against the civilian towns and villages. The junta has also conducted deliberate whole-sale burning of residential buildings. It resulted in displacement of over 2.6 million people in Myanmar.


Mr. President,


International and regional cooperation is necessary to prevent diversion of arms and dangerous technology including dual-use technology to terrorists and organized criminal organizations simply because of the serious threats they pose to people.


The same consideration should apply when it comes to Myanmar military junta which has been committing serious international crimes with blanket impunity. The evidence of these crimes have been collected and preserved by the UN Independent Investigative Mechanism for Myanmar.


While the people of Myanmar do not receive protection from the international community for their lives and communities, the minimum they expect from UN member states is not to enable the military junta to continue to commit atrocities against them.


Member states have responsibility to assess whether their exported weapons are being used for legitimate defence purposes or to perpetrate atrocity crimes against non-combatant civilians. Regarding Myanmar, there is abundance of evidence of gross misuse of weapons including heavy weapons and jet fighters by the military junta against the civilian population across the country on a daily basis.


We appreciate individual member states which have already imposed arms embargo or restrictions against the junta as well as jet fuel. I urge other countries to do so. These restrictions need to continue until Myanmar has a professional military accountable to the people through democratic civilian oversight. And limiting the junta’s ability to continue to commit atrocities against the civilians is crucial not only for the protection of civilians but also for creating conducive conditions towards a sustainable solution.


To conclude, Mr. President, it has been almost one year after the adoption of UN Security Council Resolution 2669 on Myanmar. Sadly, the unspeakable tragedy is still unfolding. We seriously and urgently need a follow-up enforcement Security Council resolution to save lives in Myanmar. I urge the UN Security Council to take action now.


At the same time, I call on all individual member states to take into serious consideration of the deteriorating humanitarian crisis caused by their weapons exported to the military junta.


Echoing the UN General Assembly resolution 75/287 related to Myanmar adopted in June 2021, I appeal to all member states not to enable the military junta to terrorize and kill the people of Myanmar by preventing the flow of arms and munitions including jet fuel and other surveillance technologies into the illegitimate and inhumane junta’s hands.


Humanity matters most. Please save lives.


I thank you.


 

*****










 

 

bottom of page