• Myanmar Mission To UN

Statement by Ambassador Kyaw Moe Tun at UNSC Open Debate on Maintenance of Int'l Peace and Security



Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations at the UN Security Council Open Debate on Maintenance of International Peace and Security: Conflict and Food Security, held on 19 May 2022


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေး - ပဋိပက္ခနှင့် စားနပ်ရိက္ခာလုံခြုံရေးဆိုင်ရာ တံခါးဖွင့်အစည်းအဝေး၌ မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝန်း၌ ပဋိပက္ခကြောင့် ဖြစ်ပွားလျက်ရှိသည့် စားနပ်ရိက္ခာဖူလုံမှုပြဿနာအား နည်းလမ်းမျိုးစုံမှ ပူးပေါင်းဖြေရှင်းရန် သံအမတ်ကြီးဉီးကျော်မိုးထွန်းမှ တိုက်တွန်းခဲ့


(၂၀၂၂ ခုနှစ်၊ မေလ ၁၉ ရက်၊ နယူးယောက်မြို့)


၁။ ၂၀၂၂ ခုနှစ်၊ မေလ ၁၉ ရက်နေ့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေး - ပဋိပက္ခနှင့် စားနပ်ရိက္ခာလုံခြုံရေးဆိုင်ရာ တံခါးဖွင့်အစည်းအဝေးကို ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အန်တိုနီ ဘလင်ကန် က အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ ကမ္ဘာစားနပ်ရိက္ခာအဖွဲ့ WFP အကြီးအကဲ၊ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ FAO အကြီးအကဲ၊ Gro Intelligence အဖွဲ့ အကြီးအကဲတို့က ရှင်းလင်းပြောကြားခဲ့ပြီး၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီး/ဒုတိယဝန်ကြီးများ၊ အမြဲတမ်းကိုယ်စားလှယ်များမှ မိန့်ခွန်းပြောကြားခဲ့ပါသည်။ အဆိုပါအစည်းအဝေး၌ မြန်မာနိုင်ငံကိုယ်စား ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း မိန့်ခွန်း ပြောကြားခဲ့ပါသည်။ အဆိုပါမိန့်ခွန်းတွင် အောက်ပါအဓိကအချက်များပါဝင်ပါသည်-

(က) လူသားမျိုးနွယ်စု၏ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များတွင် ဆာလောင်မှုပြဿနာ ရပ်တန့်ရေးသည် အဓိကကျကြောင်း၊ ကမ္ဘာတစ်ဝန်း၌ ရာသီဥတုပြဿနာအပြင် ကပ်ရောဂါကြောင့် ပြင်းထန်သည့် လူမှု-စီးပွားရေးဆိုင်ရာ အကျိုးဆက်များနှင့် ရင်ဆိုင်နေရကြောင်း၊ သို့ရာတွင် ၂၀၂၂ ခုနှစ်၊ စားနပ်ရိက္ခာ အကျပ်အတည်းဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာအစီရင်ခံစာအရ ပဋိပက္ခဖြစ်ပွားမှုသည် စားနပ်ရိက္ခာ အကျပ်အတည်း၏ အဓိကအကြောင်းရင်းဖြစ်ကြောင်း၊


(ခ) ၂၀၂၁ ခုနှစ်တွင် ကမ္ဘာ့ပြည်သူ သန်း (၂၀၀) နီးပါးသည် စားနပ်ရိက္ခာ မလုံလောက်မှု ပြဿနာနှင့် ရင်ဆိုင်ခဲ့ရကြောင်း၊ ယခုအခါ ယူကရိန်းနိုင်ငံ၌ ဖြစ်ပွားလျက်ရှိသည့် ကျူးကျော်စစ်ပွဲကြောင့် အစားအစာ ထုတ်လုပ်ဖြန့်ဖြူးမှု အကျပ်အတည်းနှင့် အစားအစာဈေးနှုန်းမြင့်တက်မှု ပြဿနာတို့နှင့် ရင်ဆိုင်နေရ ကြောင်း၊


(ဂ) ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အဆိုမူကြမ်း ၂၄၁၇ (၂၀၁၈) သည် ပဋိပက္ခကြောင့် ဖြစ်ပွားသည့် ဆာလောင်မွတ်သိပ်မှုပြဿနာကို အရေးယူဆောင်ရွက်ရန် တိုက်တွန်းထားပြီး၊ နိုင်ငံတကာအသိုက် အဝန်းအတွက် ယင်းပြဿနာဖြေရှင်းရာ၌ စုပေါင်းဆောင်ရွက်ရန် အခွင့်အရေးတစ်ရပ်ဖြစ်ကြောင်း၊


(ဃ) မြန်မာနိုင်ငံသည် စားနပ်ရိက္ခာအကျပ်အတည်း၏ အဓိကအကြောင်းရင်းများဖြစ်သည့် - ပဋိပက္ခ၊ ရာသီဥတုပြောင်းလဲမှုနှင့် ဆင်းရဲနွမ်းပါးမှုပြဿနာတို့နှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရပ်သားအစိုးရသည် ရာသီဥတုပြောင်းလဲမှုလျော့ပါး သက်သာစေရေးအတွက်မူဝါဒများ ချမှတ် ဆောင်ရွက်ခဲ့ပြီး၊ စီးပွားရေးပြန်လည်နလန်ထူမှုအစီအစဉ်အား ဖော်ဆောင်နေသည့်အချိန်၌ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်မှ တရားမဝင်အာဏာသိမ်းခဲ့ကြောင်း၊

(င) တရားမဝင်အာဏာသိမ်းသည့်အချိန်မှ စတင်၍ မြန်မာပြည်သူများသည် ဆိုးဝါးပြင်းထန်သည့် စစ်တပ်၏ သတ်ဖြတ်မှု၊ နှိပ်စက်မှုတို့အပါအဝင် နေရပ်အိုးအိမ်စွန့်ခွာရမှု အစရှိသည့် ကြီးမားသည့် ဒုက္ခများနှင့် ရင်ဆိုင်ခံစားနေရကြောင်း၊ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်၏ အချက်အလက်များ အရ မြန်မာပြည်သူလူဉီးရေတစ်ဝက်ခန့် (၂၅ သန်းကျော်) သည် နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု သတ်မှတ်မှုအောက်တွင် နေထိုင်နေရကြောင်း၊ ၂၀၂၂ ခုနှစ် တွင် မြန်မာပြည်သူ (၆.၂) သန်းသည် အသက်ကယ်ကူညီစောင့်ရှောက်မှုကို လိုအပ်မည်ဟု လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်းများမှ ခန့်မှန်းထားကြောင်း၊ အခြေခံအစားအစာဈေးနှုန်းသည် ရာခိုင်နှုန်း (၃၀) မြင့်တက်နေသည့် အခြေအနေဖြစ်ကြောင်း၊ ပြည်တွင်းနေရပ်စွန့်ခွာသူများနှင့် ၎င်းတို့၏ ကလေးငယ်များသည် ပဋိပက္ခကြောင့် ဖြစ်ပွားသည့် စားနပ်ရိက္ခာရှားပါးမှုနှင့် တည်ငြိမ်မှုမရှိခြင်းပြဿနာကို ဆိုးဝါးစွာရင်ဆိုင်နေရကြောင်း၊


(စ) စစ်တပ်၏လူမဆန်သည့်သတ်ဖြတ်မှုကြောင့် ယနေ့အထိ ပြည်သူ (၁၈၅၀) ဦး အသက်ဆုံးရှုံးခဲ့ရပြီး၊ ပြည်သူ (၆၀၀,၀၀၀) နီးပါးသည် စစ်တပ်၏ မမျှတသည့် တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာနေရကြောင်း၊ စစ်တပ်အာဏာသိမ်းမှုကို များစွာခုခံတွန်းလှန်သည့် ကရင်၊ ကယား၊ ချင်းပြည်နယ်များနှင့် စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးများကို ​ရည်ရွယ်ချက်ရှိရှိ စစ်တပ်သည် တိုက်ခိုက်လျက်ရှိပြီး၊ ယင်းသည် ၎င်းတို့၏ ကာလရှည်ကြာထားရှိသည့် စစ်ရေးဗျူဟာလည်းဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး၌ အထူးသဖြင့် ဝေးလံသည့် ကျေးလက်ဒေသများ၌ စစ်တပ်သည် နာမည်ဆိုးဖြင့် ကျော်ကြားသည့် “ဖြတ်-လေး-ဖြတ် မဟာဗျူဟာ”ကို အသုံးပြု၍ တိုက်ခိုက်လျက်ရှိကြောင်း၊


(ဆ) စစ်တပ်သည် ယင်းမဟာဗျူဟာကို ယခင်ကလည်း ချမှတ်အသုံးပြုခဲ့ကြောင်း၊ စစ်အာဏာသိမ်းမှု ခုခံဆန့်ကျင်မှုအား ထောက်ခံခြင်းကို ဤစစ်ရေးဗျူဟာဖြင့် နှိမ်နင်းချေမှုန်းနေခြင်းဖြစ်ကြောင်း၊ ပြည်သူများ သည် အသက်အိုးအိမ်များ ဆုံးရှုံးနေရသည့်အပြင် စစ်တပ်၏ ခြိမ်းခြောက်မှုများကြောင့် ရာသီချိန် လယ်ယာလုပ်ငန်းဆောင်ရွက်ရန် နေရပ်ပြန်နိုင်ခြင်း မရှိသေးဘဲ ပြည်တွင်းရွေ့ပြောင်းအခြေချစခန်းများ၌ နေထိုင်နေရကြောင်း၊ လယ်ယာစိုက်ပျိုးထုတ်လုပ်မှုအတွက် ကြီးမားသည့် ဆုံးရှုံးမှုဖြစ်ကြောင်း၊ ထို့ပြင် စစ်တပ်သည် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကို ချိုးဖောက်လျက် အရေးပေါ်လိုအပ် နေသူများထံ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရေးကို ထိန်းချုပ်ရန် နည်းလမ်း ပေါင်းစုံဖြင့် ကြိုးပမ်းနေကြောင်း၊


(ဇ) စစ်တပ်၏ အောင်မြင်မှုမရှိဘဲ ကျရှုံးသည့် အာဏာသိမ်းမှုရှိနေသမျှ မြန်မာနိုင်ငံသည် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို လုံးဝရရှိမည်မဟုတ်ကြောင်း၊ ထို့ကြောင့် မြန်မာပြည်သူများသည် ရွေးကောက်ခံအရပ်သားအစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီတို့နှင့်အတူ စစ်တပ်မှ ပြုလုပ်သည့် ဒုက္ခအကျပ်တည်းကို ရပ်တန့်ရန်နှင့် အခြေခံလူ့အခွင့်အရေးများကို အာမခံပေးမှုများပါဝင်သည့် ဖက်ဒရယ်ဒီမိုကရေစီအနာဂတ်ကို ဖော်ဆောင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊


(ဈ) ပဋိပက္ခကြောင့်ဖြစ်ပွားသည့် စားနပ်ရိက္ခာပြဿနာသည် ပျက်စီးဆုံးရှုံးမှုကြောင့် မဖြစ်မနေ ဆက်စပ်ရရှိသည့် အကျိုးဆက်မဟုတ်ကြောင်းကို မြန်မာနိုင်ငံ၏အခြေအနေမှ ဖော်ပြနေကြောင်း၊ ဖြစ်စဉ်အများစု၌ တမင်ရည်ရွယ်၍​ ဆောင်ရွက်ခြင်းဖြစ်ပြီး၊ ဆာလောင်မွတ်သိပ်မှုနှင့် လူသားချင်း စာနာထောက်ထားမှုအကူအညီများအား ပိတ်ပင်ခြင်းသည် စစ်တပ်၏ရည်ရွည်ချက်ဖြစ်ကြောင်း၊


(ည) ရာသီဥတုပြောင်းလဲမှုနှင့် ပြင်းထန်သည့် ဆင်းရဲနွမ်းပါးမှုပြဿနာတို့ကို ဖြေရှင်းရာတွင် နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရမည်ဖြစ်ကြောင်း၊ စားနပ်ရိက္ခာ အကျပ်တည်း၏ အဓိကအကြောင်းရင်းဖြစ်သည့် ပဋိပက္ခဖြေရှင်းမှုတွင် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အများယုံကြည်လက်ခံမှုနှင့် ထိရောက်မှုတို့ကို မြှင့်တင်ရန်လိုအပ် သည့်အပြင် နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုဥပဒေကို လိုက်နာဆောင်ရွက်မှုရှိရေးကိုပါ မြှင့်တင်ရမည်ဖြစ်ကြောင်း၊


(ဍ) နိုင်ငံတကာငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက်၊ မြန်မာနိုင်ငံအတွင်းရှိ ထိလွယ်ရှလွယ်သည့် လူ့အသိုင်းအဝိုင်းများသာမက ကမ္ဘာပေါ်ရှိ ထိလွယ်ရှလွယ်သည့် လူများအားလုံးအတွက်ကိုပါ ထည့်သွင်းစဉ်းစားလျက် ငတ်မွတ်မှု အဆုံးသတ်ရေး၊ ပဋိပက္ခကြောင့်ဖြစ်သည့် စားနပ်ရိက္ခာမလုံလောက်မှု အဆုံးသတ်ရေးအတွက် မိမိတို့အားလုံးပူးပေါင်း ဆောင်ရွက်ရန် တိုက်တွန်းပါကြောင်း။


၂။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာဖြင့်) အား ပူးတွဲဖော်ပြအပ်ပါသည်။


၂၀၂၂ ခုနှစ်၊ မေလ ၁၉ ရက်၊

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့။


Please check against delivery


Statement by Ambassador Kyaw Moe Tun,

Permanent Representative of Myanmar to the United Nations

at the UN Security Council Open Debate

on Maintenance of International Peace and Security: Conflict and Food Security


(New York, 19 May 2022)


Mr. President,


First of all, I wish to thank the Presidency of the United States for organizing this timely debate of critical importance. I also appreciate the briefers (the UN Secretary-General, the Executive Director of WFP and the Director-General of FAO and the representative of Gro Intelligence) for their insightful presentation.


Mr. President,

Ending hunger is one of the most fundamental development goals of humanity. Hard-fought gains in economic development and poverty reduction have been recently shattered by the COVID-19 pandemic. The devastating socio-economic consequences of the pandemic combined with the ongoing climate crisis are worsening food insecurity particularly among the already vulnerable populations across the world. However, conflict is the dominating root cause of food crisis throughout the world according to the 2022 Global Report on Food Crises. In 2021 alone, nearly 200 million people suffered from acute food insecurity. Now the ongoing war in Ukraine has put food supply chains in jeopardy and made food prices record high. Its negative impact is being felt globally especially by the developing countries. The adoption of resolution 2417 (2018) was an encouraging moment in the Security Council’s efforts to counter conflict-driven hunger. The resolution is a call to action. While the resolution gives us the opportunity to tackle the issue of conflict and hunger, what we, the international community, need is the collective efforts to seize the opportunity and to act now together in solidarity to avert an even more unprecedented hunger crisis.


Mr. President,


My country, Myanmar, has been first-hand experiencing the nexus of key drivers of food insecurity: conflict, climate change and poverty. As a country most vulnerable to impacts of climate change, Myanmar had been undertaking climate change mitigation and adaptation policies under the democratically elected government. Economic recovery plans were underway when Myanmar military attempted an illegal coup on February 1, 2021, by keeping elected civilian leaders incommunicado in hostage.


Since then, the illegitimate military regime has been inflicting enormous sufferings on Myanmar people from repeated brutal massacres to torture to mass displacement. According to UNDP, half of the population of Myanmar (more than 25 million people) is now living under the national poverty line. The humanitarian organizations estimated that in 2022, there are 6.2 million people in need of life-saving support in the country. Basic food prices have risen by 30 percent. Millions of families have been driven into desperation and hunger. Internally displaced people especially their children are being hit hardest by the coup-inflicted instability.

So far, about 1850 people have been brutally murdered by the Junta forces. The military’s indiscriminate attacks against the civilian population have displaced nearly 600,000 civilians since the coup, bringing the total number of IDPs to over 930,000. The military deliberately attacks the civilian populations in States like Kayin, Karenni (Kayah), Chin and Regions like Sagaing and Magway both as part of their long-held military strategy and as retaliatory punishments in response to the anti-coup resistance. In addition to the application of the notorious tactics of “a four cuts strategy” by the military across the country especially in rural areas, cutting of essential food resources with the aim to crack down on all forms of resistance to the illegal coup, they have wiped out residential towns and villages by shelling, burning down houses and thus by displacing civilians including women, girls and children on massive scales. The military has consistently deployed these brutal tactics in the past, most recently in Rakhine State. In fact, it is their ongoing military strategy to quell any potential support for anti-coup resistance.


People lost homes and livelihoods. Instability, persistent threats from military violence and lack of resettlement and rehabilitation assistances confine them in IDP camps indefinitely and prevent their return to seasonal farming. This has led to significant disruption of their livelihoods and agricultural production. Moreover, the junta has been making every attempt to control access for humanitarian assistance to those in critical needs, in violation of international humanitarian law.


These ongoing inhumane policies of the military have direct impact on food security in the country. There will be no peace and stability in Myanmar as long as the illegal military junta’s failing coup drags on. Therefore, Myanmar people with their elected civilian National Unity Government and National Unity Consultative Council at the front have been doing everything they can with greater determination to end the current military-made catastrophe and build a Federal democratic future that ensures fundamental human rights for all.


What Myanmar’s situation tells us is that the impact of conflicts on food insecurity is not necessarily the inevitable result of collateral damages. In most cases, it is deliberate. Hunger and blockage of humanitarian aids are tactics intentionally employed to control a particular population and thus serve military objectives. It is exactly the case to those like Myanmar military which has enjoyed a sense of blanket impunity for past atrocities and has no regard for international human rights and humanitarian law. The UN Security Council must act whenever the tactic of deliberate starvation is used by any party to a conflict.


Mr. President,


In conclusion, responding to hunger everywhere is necessary. However, the answer lies in addressing the root causes of food insecurity. We must strengthen multilateral cooperation to tackle climate change and eradicate extreme poverty. To resolve conflicts, the key driver of food insecurity, or at least to alleviate their impacts, we need not only to enhance credibility and effectiveness of our multilateral institutions especially the UN Security Council, but also promote strict adherence to international law including international humanitarian law, without which we will be living in a very dangerous world. Hereby I urge all of us to work together as we explore all available options to end hunger and conflict-induced food insecurity for the sake of all vulnerable populations not only in Myanmar but also around the world as well as for the international peace and security.


I thank you, Mr. President.


*****