top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun at United Nations Security Council Open Debate Promoting Conflict Prevention - Empowering All Actors Including Women and Youth




Statement by Ambassador Kyaw Moe Tun, Permanent Representative of the  Republic of the Union of Myanmar to the United Nations, at United Nations Security Council Open Debate Promoting Conflict Prevention - Empowering All Actors Including Women and Youth, held on 13 March 2024


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ “ Promoting Conflict Prevention - Empowering All Actors Including Women and Youth” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် တံခါးဖွင့်အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြည်သူများအသက်ကယ်တင်ရန် “ကုလသမဂ္ဂ ဘယ်ရောက်နေလဲ” ဟူ၍ပင် ကုလသမဂ္ဂအပေါ် မြန်မာပြည်သူများအနေဖြင့် မေးခွန်းထုတ်နေကြပြီဖြစ်၊ တရားမ၀င်စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် မြန်မာနိုင်ငံ၌ အပြစ်မဲ့ပြည်သူ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရခြင်းအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တာဝန်ရှိနေသည့် အနေအထားအား မတွေ့မြင်လိုကြောင်း၊ ယင်းအစား မြန်မာပြည်သူများ၏ အသက်များအား ကယ်တင်နိုင်ရန် ထိရောက်သော အရေးယူမှုများ ချမှတ်ဆောင်ရွက်ပေးခြင်းဖြင့် ပြဿနာအားဖြေရှင်းပေးသည့် အစိတ်အပိုင်းတစ်ခုအဖြစ်သာ တွေ့မြင်လိုကြောင်းပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၄ ခုနှစ်၊ မတ်လ ၁၃ ရက်)  


၁။       နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် လုံခြုံရေးကောင်စီ၌ “ပဋိပက္ခ ကြိုတင်ကာကွယ်မှုမြှင့် တင်ရေး - အမျိုးသမီးနှင့် လူငယ်များအပါအဝင် လုပ်ဆောင်သူများအားလုံးကို လုပ်ပိုင်ခွင့်ပိုမိုပေးရေး” (“Promoting Conflict Prevention - Empowering All Actors Including Women and Youth”) ခေါင်းစဉ်ဖြင့် တံခါးဖွင့်အစည်းအဝေးအား ၁၃-၂-၂၀၂၄ ရက် (ဗုဒ္ဓဟူးနေ့) တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။  

 

၂။       အဆိုပါအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ မတ်လအတွက် လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌဖြစ် သော ဂျပန်နိုင်ငံမှ ကြီးမှူးကျင်းပခဲ့ပြီး၊ Under Secretary-General for Political and Peace building Affairs ဖြစ်သူ Ms. Rosemary Anne DiCarlo၊ United Nations Peace Building Commission ဥက္ကဋ္ဌနှင့် ကုလသမဂ္ဂဆိုင်ရာ ဘရာဇီးအမြဲတမ်းကိုယ်စားလှယ် Mr. Sérgio França Danese၊ The Fletcher School at Tufts University မှ Professor Mr. Abiodun Williams နှင့် Shifting the Power Coalition မှ Technical Adviser Ms. Sharon Bhagwan-Rolls တို့က ဆွေးနွေးသူများအဖြစ်ပါဝင် တက်ရောက်ခဲ့ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ (၇၀) ကျော်မှ ကိုယ်စားလှယ်များက ပါဝင်ဆွေးနွေး ပြောကြားခဲ့ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။


၃။       မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အောက်ဖော်ပြပါ အဓိကအချက်များ ပါဝင်ပါသည်-


(က)    ယခုအချိန်သည် ပဋိပက္ခများ ကြိုတင်ကာကွယ်ခြင်းနှင့်စပ်လျဉ်း၍ အတိတ်တွင် ရရှိခဲ့ သော အတွေ့အကြုံများကို သင်ခန်းစာယူ၍ ပြန်လည်ထင်ဟပ်သုံးသပ်ရန်နှင့် အလားတူ ဖြစ်စဉ်များ ထပ်မံဖြစ်ပွားခြင်းအား တားဆီးရန်နှင့် ကုလသမဂ္ဂစနစ်အတွင်းတွင်သာမက ဤစနစ်ပြင်ပတွင် ပူးပေါင်းဆောင်ရွက်သင့်သော ထိရောက်သည့် အရေးယူဆောင်ရွက် ချက်များကို သတ်မှတ်ရန် အသင့်လျော်ဆုံးအချိန်ပင် ဖြစ်ကြောင်း၊


(ခ)     ဤနေရာတွင် ‘ထိရောက်သော အရေးယူဆောင်ရွက်မှု’ ဟူသည့် စကားရပ်မှာ အက္ခရာကျသည်ဟု မိမိထင်မြင်ကြောင်း၊


(ဂ)     အထူးသဖြင့် အရပ်သားပြည်သူများအား အထိရောက်ဆုံး ကာကွယ်ပေးနိုင်မည့် နည်းလမ်းမှာ ပဋိပက္ခမဖြစ်ပွားရေး ထိရောက်သော အရေးယူဆောင်ရွက်ချက်များကို အချိန်နှင့်တပြေးညီ ချမှတ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊


(ဃ)    လူ့အသက်များဆုံးရှုံးခြင်းနှင့် လက်နက်ကိုင်ပဋိပက္ခများကြောင့် လူသားချင်းစာနာ ထောက်ထားမှု၊ စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေးကဏ္ဍများတွင် ဆိုးရွားသည့် နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်လာသည့်အပေါ် မိမိတို့မှ စိုးရိမ်ပူပန်ကြရသော်လည်း ပဋိပက္ခများမပေါ်ပေါက်စေရန် တားဆီးကာကွယ်ခြင်းကို ဦးစားပေးသင့်ကြောင်း၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သစ်တွင် ဖော်ပြထားသည့် အတိုင်း ငြိမ်းချမ်းရေးအား ရေရှည်တည်တံ့စေရန် ထိန်းသိမ်းနေစဉ် ပဋိပက္ခနှင့် အကြမ်းဖက်မှုများအား တားဆီးရန်မှာလည်း အမှန်တကယ်ပင် အရေးကြီးပါကြောင်း၊


(င)     ပဋိပက္ခများနှင့် အဆိုပါပဋိပက္ခများ၏ အကျိုးဆက်ဂယက်များကြောင့် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ရိုက်ခတ်မှုများ ဆက်လက်ဖြစ်ပေါ်နေပြီး လူ့အသက်ပေါင်းများစွာ ဆုံးရှုံးရလျက်ရှိပါကြောင်း၊  ထို့အပြင် အကြမ်းဖက်သော ပဋိပက္ခများအပေါ် ကမ္ဘာ့ အာရုံစူးစိုက်မှု အနည်းအကျဉ်းသာ ရရှိနေခြင်းက ကမ္ဘာတဝှမ်းရှိ အသိုက်အဝန်းများနှင့် ၎င်းတို့၏ အနာဂတ်များကို ကြိုးပဲ့ပျက်စီးစေပါကြောင်း၊


(စ)     အခြေခံအားဖြင့် ပြည်တွင်းနှင့် နိုင်ငံတကာအဆင့်နှစ်ရပ်လုံးတွင် တရားဥပဒေစိုးမိုးမှုအား အားနည်းစေလျက်ရှိကြောင်း၊  ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ အခြေခံမူသဘောတရား များမှာလည်း မျက်ကွယ်ပြုခံနေရကြောင်း၊ လူသားများအတွက် အခြေခံကာကွယ်မှုများ ဖြစ်ကြသည့် အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို လည်း အပြစ်ပေးအရေးယူခံရခြင်းမရှိဘဲ ဆက်လက် ချိုးဖောက်ကျုးလွန်လျက်ရှိကြောင်း၊


(ဆ)    ဖြစ်စဉ်အများစုတွင် လုံခြုံရေးကောင်စီအနေဖြင့် ယင်းသို့သော ဥပဒေချိုးဖောက်မှုများကို ဖြေရှင်းရန် တာဝန်ဝတ္တရားနှင့် အခွင့်အာဏာရှိသော်ငြားလည်း ဖြေရှင်းလိုသည့် ဆန္ဒမရှိသကဲ့သို့ ဖြေရှင်းနိုင်စွမ်းလည်း မရှိသည်ကို တွေ့ရှိရကြောင်း၊


(ဇ)     ပဋိပက္ခကြိုတင်ကာကွယ်ရေးအတွက် အခြေခံအုတ်မြစ်များ တည်ဆောက်ရာတွင် အမျိုးသမီးများနှင့် လူငယ်များ၏ ပြည့်ဝပြီး အဓိပ္ပာယ်ရှိသော တန်းတူညီမျှပါဝင်မှု အပါအဝင် သက်ဆိုင်သူအားလုံး၏  ပါဝင်မှုနှင့် လုပ်ပိုင်ခွင့်ရှိမှုတို့ လိုအပ်သည်ဟု နားလည် ပါကြောင်း၊ ထို့အတွက် ထိရောက်သော၊ တာဝန်ခံမှုရှိသော၊ ပွင့်လင်းမြင်သာသော အဖွဲ့အစည်းများ၏ ပံ့ပိုးမှု​ရှိသော ဒီမိုကရေစီနည်းကျ ဆုံးဖြတ်ပိုင်ခွင့်ရှိသော လုပ်ငန်းစဉ်များ ဖြစ်ပေါ်စေနိုင်မည့် တရားဥပဒေစိုးမိုးမှု အခြေခံအုတ်မြစ်ကို လိုအပ်ပါကြောင်း၊ ဤနေရာတွင် ပြည်တွင်းအဆင့်အဖွဲ့အစည်းများ ရှင်သန်ခိုင်မာစေရန်အတွက် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုသည် အရေးပါသော အခန်းကဏ္ဍက ပါဝင်ကြောင်း၊


(ဈ)     ယနေ့ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံ (၆၇) နိုင်ငံ၏ ပူးတွဲထုတ်ပြန် ချက်တွင် နောင်မျိုးဆက်အသီးသီးအား စစ်ဘေးဒဏ်မှ ကာကွယ်ပေးနိုင်ရေးအတွက် ထိရောက်သော အားလုံးပူးပေါင်းဆောင်ရွက်သည့် ကြိုတင်ကာကွယ်မှု ရှိရန်လိုအပ် ကြောင်းကို ဂရုပြုထောက်ပြခဲ့ကြောင်း၊


(ည)    မြန်မာနိုင်ငံ၌ ပြည်သူများအနေဖြင့် ပဋိပက္ခကြိုတင်ကာကွယ်ရေးအဆင့်အား ကျော်လွန်ခဲ့ ပြီး ဖြစ်ကြောင်း၊ ယခုအခါ မိမိတို့သည် တစ်ပြည်လုံးအတိုင်းအတာဖြင့် ထာဝရငြိမ်းချမ်း ရေးရရှိရန် ကြိုးပမ်းနေသည့် အခြေအနေတွင် ရောက်ရှိနေပြီဖြစ်ကြောင်း၊ စစ်အာဏာရှင် များနှင့် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုများသည် နိုင်ငံ၏ စဉ်ဆက်မပြတ်ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အကြီးမားဆုံးသော အနှောက်အယှက်၊ အဟန့်အတား ဖြစ်သည်သာမက မြန်မာပြည်သူ၊ ပြည်သားများနှင့် ၎င်းတို့၏ အနာဂါတ်အတွက် အဓိက ခြိမ်းခြောက်မှုဖြစ်သည်ကို အကြိမ်ကြိမ်သက်သေပြခဲ့ကြောင်း၊ ရက်စက်၍ ကြမ်းကြုတ် သည့် စစ်အာဏာရှင်စနစ်ကို အနိုင်ယူကျော်လွှားရမည်ဖြစ်ကြောင်း၊  


(ဋ)     တာဝန်ယူမှု တာဝန်ခံမှုမရှိသော စစ်တပ်သည် မြန်မာပြည်သူလူထု၏ ဒီမိုကရေစီ နည်းကျဆန္ဒထုတ်ဖော်မှုကို ဆန့်ကျင်၍ တရားမဝင်စစ်အာဏာသိမ်းမှုအား ၂၀၂၁ ခုနှစ်တွင် ကျူးလွန်ခဲ့ကြောင်း၊ ထို့နောက် တရားမဝင် အာဏာသိမ်းစစ်တပ်သည် နိုင်ငံတော်၏ တရားဥပဒေစိုးမိုးမှုကို ဖျက်စီးခဲ့ပြီး ရက်စက်ကြမ်းကြုတ်မှုများကို လုပ်ဆောင်ခဲ့ကြောင်း၊ ၎င်းတို့သည် မြန်မာပြည်သူများအပေါ် လူမဆန်စွာ ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျရက်စက်၍ ကြမ်းကြုတ်သော အကြမ်းဖက်မှုများ ပြုကျင့်နေပြီး လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ စစ်ရေးပစ်မှတ် မဟုတ်သော အရပ်သားပစ်မှတ်များကို လေကြောင်းမှ ပစ်မှတ်ထားတိုက်ခိုက်မှုများ၊ အရပ်သား ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများကို ကျူးလွန်လျက်ရှိကြောင်း၊ 


(ဌ)     နိုင်ငံတစ်ဝှမ်းတွင် ဖြစ်ပေါ်နေသည့် အကြမ်းဖက်စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများ အား တွန်းလှန်ရာတွင် မြန်မာအမျိုးသမီးများနှင့် လူငယ်များသည် ရှေ့တန်းမှ ပါဝင်လျက်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အပါအဝင် အခြားသော အကြမ်းဖက်မှုများကို ရင်ဆိုင်နေရသည့်အကြားမှ စစ်အာဏာရှင်စနစ်အား တွန်းလှန်လိုသည့် ရဲစွမ်းသတ္တိနှင့် တရားမျှတပြီး အားလုံးပါဝင်နိုင်သော ဒီမိုကရေစီ လူ့အဖွဲ့အစည်းကို လိုလားသည့် ၎င်းတို့၏ ကတိကဝတ်သန္ဓိဋ္ဌာန်များမှာ ယိုင်နဲ့သွားခြင်း အလျဉ်းမရှိကြောင်း၊


(ဍ)     လက်ရှိအချိန်တွင် အကြမ်းဖက်စစ်တပ်၏ ဥပဒေမဲ့စစ်သားစုဆောင်းရေးကြောင့် မြန်မာ လူငယ်များအနေဖြင့် အလွန်ကြီးမားသော အန္တရာယ်ကို ရင်ဆိုင်နေရကြောင်း၊ မြန်မာနိုင်ငံအား မည်သည့်ပြည်ပတိုင်းပြည်ကမျှ ကျူးကျော်နေခြင်း မရှိပါကြောင်း၊ မည်သည့် ပြည်ပအန္တာရာယ် တစ်ခုခုကမျှ မြန်မာပြည်သူလူထု၏ အသက်အန္တာရာယ်ကို ခြိမ်းခြောက်နေခြင်း မရှိပါကြောင်း၊ အကြမ်းဖက်စစ်အာဏာရှင်စနစ်နှင့် ၎င်းတို့၏ လူမဆန်သော ရက်စက်ကြမ်းကြုတ်မှုတို့ကသာ မြန်မာပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်တို့ကို မိနစ်တိုင်း၊ စက္ကန့်တိုင်းတွင် ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း၊

  

(ဎ)     ယခုအခါ စစ်အာဏာရှင်များက မြန်မာလူငယ်များအား အတင်းအကျပ် စစ်မှုထမ်းစေရန် ခိုင်းစေ လျက်ရှိပါကြောင်း၊ ယင်းမှာ နိုင်ငံအား ကာကွယ်ရန် မဟုတ်ဘဲ နိုင်ငံတလွှား ပေါ်ပေါက်လာသော တော်လှန်ရေး အင်အားစုများအား ရင်ဆိုင်ရာတွင် လူသားဒိုင်း အဖြစ်သော်လည်းကောင်း၊ ဝန်စည်စလွယ် သယ်ဆောင်ရန် ပေါ်တာအဖြစ် သော်လည်း ကောင်း အသုံးပြုနိုင်ရန်ဖြစ်ကြောင်း၊ ထိုသို့ အတင်းအကျပ် စစ်သားစုဆောင်းမှုအပြင် လက်ရှိဖြစ်ပေါ်နေသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတို့ ကြောင့် စိုးရိမ်ရသော ဒေသတွင်း ပြဿနာများကို ဖန်တီးပေါ်ပေါက်လာစေမည် ဖြစ်ကြောင်း၊ ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပြည်သူများအနေဖြင့် ယခုနှစ် ဖေဖော်ဝါရီလ အစောပိုင်းမှစတင်၍ အတင်းအကျပ် စစ်သားစုဆောင်းမှု အဆုံးသတ်ရေး အတွက် နိုင်ငံတကာမှ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန် အစဉ်တစိုက် တောင်းဆိုနေခြင်းဖြစ်ကြောင်း၊


(ဏ)   လက်ရှိမြန်မာနိုင်ငံ၏ လုံခြုံရေး၊ စီးပွားရေး၊ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဒုက္ခအကျပ်အတည်းများသည် တရားမဝင်စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း၊ အဆိုပါ အကျပ်အတည်းများကို ကိုင်တွယ်ဖြေရှင်း ရန်နှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ကြိုတင်တားဆီးကာကွယ်နိုင်ရန် စစ်အာဏာရှင်စနစ်အပြီးတိုင် ပပျောက်ရေးနှင့် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု တို့ကို အခြေပြုသော ဖက်ဒရယ်အုပ်ချုပ်ရေးအောက်ရှိ ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်နိုင်ရေးကသာ အဖြေဖြစ်ကြောင်း၊


(တ)    မြန်မာပြည်သူပြည်သားများအနေဖြင့်  အဆိုပါအချက်အား အကောင်အထည်ဖော် ဆောင်ရွက်ရန် ဆုံးဖြတ်ထားပါကြောင်း၊ မြန်မာပြည်သူများ၏ ဆင်းရဲဒုက္ခများ လျော့ပါးစေရေးအတွက် ထိရောက်သော အရေးယူဆောင်ရွက်ချက်များ ချမှတ်ပေးရန် လုံခြုံရေးကောင်စီအား ထပ်ခါတလဲလဲတိုက်တွန်းခဲ့ပါကြောင်း၊


(ထ)    မိမိအပါအဝင်  မြန်မာပြည်သူပြည်သားများအနေဖြင့် ကုလသမဂ္ဂ၊ အထူးသဖြင့် လုံခြုံရေး ကောင်စီမှ  ကူကယ်ရာမဲ့နေသော မြန်မာပြည်သူများအား ကူညီပေးရန် ကြိမ်ဖန်များစွာ မေတ္တာရပ်ခံတောင်းဆိုလျက်ရှိသော်လည်း မိမိတို့၏ တောင်းဆိုမှုများအတွက် ထိရောက် သော အရေးယူဆောင်ရွက်ချက်များ၊ အလေးဂရုပြုအာရုံစိုက်မှုများပင် မရရှိသည့်အတွက် ယခုကဲ့သို့ တောင်းဆိုနေရသည့်အပေါ်၌ စိတ်ပန်းလူပန်းဖြစ်လာပြီဖြစ်ကြောင်း၊ ပြည်သူများ အသက်ကယ်တင်ရန် “ကုလသမဂ္ဂ ဘယ်ရောက်နေလဲ” ဟူ၍ပင် ကုလသမဂ္ဂ အပေါ် မြန်မာပြည်သူများအနေဖြင့် မေးခွန်းထုတ်နေကြပြီဖြစ်ကြောင်း၊


(ဒ)     သို့ဖြစ်ပါ၍ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တရားမ၀င် စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့ပြီး နောက် မြန်မာနိုင်ငံ၌ အပြစ်မဲ့ပြည်သူအသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရခြင်းအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့်တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တာဝန်ရှိနေသည့် အနေအထားအား မတွေ့မြင်လိုကြောင်း၊ ယင်းအစား မြန်မာပြည်သူများ၏ အသက်များအား ကယ်တင်နိုင်ရန် ထိရောက်သော အရေးယူမှုများ ချမှတ်ဆောင်ရွက်ပေးခြင်းဖြင့် ပြဿနာအား ဖြေရှင်းပေးသည့် အစိတ်အပိုင်းတစ်ခုအဖြစ်သာ တွေ့မြင်လို ကြောင်း၊


(ဓ)     လုံခြုံရေးကောင်စီအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အတည်ပြုချမှတ်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆို ၂၆၆၉ (၂၀၂၂) ၏ နောက်ဆက်တွဲအဖြစ် ပိုမိုထိရောက်၍ စည်းနှောင်မှုရှိသော ဆုံးဖြတ်ချက်အဆိုတစ်ခုအား ထပ်မံချမှတ်နိုင်ရန် မိမိအနေဖြင့် မောပန်းနွမ်းလျနေသော မြန်မာပြည်သူများကိုယ်စား ထပ်လောင်း တိုက်တွန်းလိုကြောင်း၊


(န)     မြန်မာနိုင်ငံရှိ အပြစ်မဲ့သော အသက်များကို ကယ်တင်နိုင်ရေးအတွက် အကြမ်းဖက် စစ်အာဏာ ရှင်များထံသို့ လက်နက်နှင့် လေယာဉ်ဆီစီးဆင်းမှုအား တားဆီး ပိတ်ပင်ပေးရန်၊ ကြီးလေးသော အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှု ကျူးလွန်ခြင်းများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန်၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကူညီရေး လမ်းကြောင်းများအား ပိတ်ဆို့ထားသည့်အပေါ် ဖြေရှင်းပေးရန်နှင့် မြန်မာနိုင်ငံ၌ ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးမှုရှိသည့် ပတ်ဝန်းကျင်တစ်ရပ် ပေါ်ထွန်း လာရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးရန် လုံခြုံရေးကောင်စီအား မေတ္တာရပ်ခံ ကြောင်း။


၄။       မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။

 

၂၀၂၄ ခုနှစ်၊ မတ်လ ၁၃ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့

 


Please check against the delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations at United Nations Security Council Open Debate Promoting Conflict Prevention - Empowering All Actors Including Women and Youth


(New York, 13 March 2024)


Mr. President,


First of all, Myanmar thanks the Presidency of Japan for organizing this open debate. I wish to express our appreciation to USG DiCarlo, Ambassador Danese and other briefers for their insightful remarks this morning.


It is indeed high time to reflect on the lessons learned from our past experiences of preventing conflict and its recurrence and identify concrete actions that we should take in collaboration within and beyond the UN system.


The key word here is in my view “concrete actions.” I believe we all agree that the most effective way to protect civilians is to prevent conflicts by taking effective concrete actions in a timely manner. Despite our concern for the profound human costs and devastating consequences – humanitarian, economic, political, and social – of armed conflicts, the imperative is to prioritize prevention. As the UN Secretary-General prioritized in his new agenda for peace, it is indeed important for preventing conflict and violence while sustaining peace.


Mr. President,


Prevention of conflicts and their recurrence is one of the fundamental responsibilities of all member states as well as of the international community as a whole. We have a clear foundational roadmap in the 2030 agenda to achieve lasting peace and sustainable development. Even though we are just a few years away from 2030, our SDG goals are far from being on the right track.

 

However, we firmly hope that the Summit of the Future and the Pact of the Future will strengthen and deepen this foundational road.

 

Mr. President,


Conflicts with global and regional ramifications are ongoing, resulting in devastating human losses. And violent conflicts with little global attention are ripping apart communities and their future across the world.


Essentially, the rule of law is being undermined both at national and international levels. The principles of the UN Charter are being ignored. Basic humanity safeguards like international humanitarian law continue to be violated with impunity. In many situations, the Security Council has responsibility and power, but unfortunately it is neither willing nor able to address these challenges.


We understand building conflict prevention infrastructure requires involvement and empowerment of all actors, including the full, meaningful and equal participation of women and youth. For that to happen, there must be rule of law foundation for democratic decision-making supported by effective, accountable and transparent institutions. International cooperation plays a key role in strengthening such national institutions.


The Joint Statement of 67 Members States including Myanmar, issued today, stressed that effective and collective prevention is needed to save succeeding generations from the scourge of war. I thank Japan for its leadership in this regard.


Mr. President,


In my country Myanmar, the people have already passed the conflict prevention stage. We are now in the middle of the nationwide widespread struggle to achieve lasting peace once and for all. That is to overcome the brutal military dictatorship which has time and again proved to be the biggest obstacle to sustainable peace and development as well as the biggest threat to the people of Myanmar and their future.


The unaccountable military perpetrated the illegal coup in 2021, denying the democratically expressed will of the people of Myanmar. The illegal junta then destroyed the rule of law and imposed its brutality. They have been waging inhumane widespread and systematic atrocious violence against the people of Myanmar, by committing massacres, conducting airstrikes against the civilian targets and burning down the civilian homes.


Myanmar women and youth are at the forefront of resisting this military reign of terror across the country. Even in the face of violence including the sexual violence, Myanmar women’s courage to resist the military dictatorship and their commitment to achieving a just, inclusive and democratic society has not been weakened.

  

Now Myanmar youth are at extreme risk due to the lawless military conscription being forced by the illegal junta. No country is invading Myanmar. No external forces are threatening Myanmar people’s lives. It is the military dictatorship and their brutalities that are threatening their life every single moment.


Now they are forcing Myanmar youth into mandatory military service, not to defend the country, but to use them as human shields and porters against the growing anti-coup revolutionary forces. This military draft together with the worsening humanitarian crisis is creating a serious regional problem.


Since early February this year, we, the people of Myanmar and the National Unity Government have kept calling for the international community to take necessary action to stop forced conscription of the military junta.


The current security, economic, human rights and humanitarian disaster in Myanmar was caused by the illegal military coup. The solution to addressing the crisis and preventing future recurrences lies in the elimination of this military dictatorship and establishment of a democratic union under the federal governance underpinned by the rule of law and justice. That is what the people of Myanmar are determined to achieve.


We have repeatedly urged the Security Council to take concrete actions to help address the sufferings of Myanmar people.


To conclude, Mr. President, the people of Myanmar and I myself are already tired of appealing the UN in particular the UN Security Council to help the helpless Myanmar people as our appeals have so far met with lack of concrete action, even serious attention from them.


Even the people of Myanmar are asking a valid question, where are you, the Unite Nations, to save lives in Myanmar?


Therefore, I do not want to see that the UN Security Council is directly or indirectly responsible for loss of so many innocent lives in Myanmar after the illegal military coup in February 2021, instead, I want the UN Security Council to become a part of the solution by taking concrete action to save lives in Myanmar.


Though we, the people of Myanmar, are tired of it, on behalf of them, I have to urge the UN Security Council again to adopt an enforcement resolution as follow-up to its resolution 2669 adopted in December 2022. I appeal to the Council to help save innocent lives in Myanmar by preventing arms and jet fuel flow to the military junta, ensuring accountability for serious international crimes, addressing the blockade of humanitarian access and helping create an environment conducive for the establishment of the rule of law and democracy in Myanmar.


I thank you.


 

 *****


















bottom of page