top of page
Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun at UNGA Plenary Meeting on Agenda item 129: Responsibility to Protect (R2P) and Prevention of Genocide, War Crimes, Ethnic Cleansing, and Crimes against Humanity


Statement by Ambassador Kyaw Moe Tun, Permanent Representative of the  Republic of the Union of Myanmar to the United Nations, at the UN General Assembly Plenary Meeting on Agenda item 129: the Responsibility to Protect (R2P) and the Prevention of Genocide, War Crimes, Ethnic Cleansing, and Crimes against Humanity, held on 1 July 2024


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကာကွယ်မှုပေးရန်တာဝန်ရှိမှု (Responsibility to Protect) နှင့် လူမျိုးသုဉ်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးစုအလိုက် သုတ်သင်ရှင်းလင်းမှုနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ပြစ်မှုများ ကာကွယ်တားဆီးရေးဆိုင်ရာ ကုလသမဂ္ဂအထွေထွေညီလာခံ၊ မျက်နှာစုံညီအစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဉီးကျော်မိုးထွန်း က အာဏာသိမ်း စစ်တပ် သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ တရားမဝင်အာဏာသိမ်းရန် ကြိုစားခဲ့ချိန်မှစ၍ ပြည်သူများအပေါ် အပြည်ပြည်ဆိုင်ရာဥပဒေကို ချိုးဖောက်သော လုပ်ရပ်များကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခဲ့၊ ယခုကာလများတွင် လူတန်းစားအလွှာအသီးသီးမှ မြန်မာပြည်သူများအနေဖြင့် ပုံမှန် အခြေခံလိုအပ်ချက်များကိုပင် ဖြည့်ဆည်းနိုင်ရန် အလွန်အမင်း ရုန်းကန်နေရ၊ မြန်မာပြည်သူအများအပြားကို ဆင်းရဲမွဲတေမှုနှင့်အစာငတ်မွတ်ခေါင်းပါးမှုတွင်းနက်ထဲသို့ အာဏာသိမ်း စစ်အုပ်စုက တွန်းပို့နေ၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ပြည်သူများ၏ အသက်များကို ကယ်တင်ရန်၊ အကြမ်းဖက်စစ်တပ်မှ ကျူးလွန်လျက်ရှိသော ရက်စက်ကြမ်းကြုတ်မှု အန္တရာယ်များမှ ကာကွယ်ပေးရန် မည်သည်ကို စောင့်ဆိုင်းနေသနည်းဟု ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများကို မေးခွန်းထုတ်လို၊ လူသားဆန်မှုကို ပဓါန ထား ရှေးရှု၍ မြန်မာနိုင်ငံတွင် စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ရေးအတွက် အန္တိမမျှော်မှန်းချက်ကို ထားရှိဆောင်ရွက်နေသည့် မြန်မာပြည်သူများကို ထိရောက်စွာ အားဖြည့်ကူညီပေးစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်)


၁။       နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၊ အထွေထွေညီလာခံတွင် ကာကွယ်မှုပေးရန်တာဝန်ရှိမှု (Responsibility to Protect) နှင့် လူမျိုးသုဉ်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးစုအလိုက် သုတ်သင် ရှင်းလင်းမှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ပြစ်မှုများ ကာကွယ်တားဆီးရေးဆိုင်ရာမျက်နှာစုံညီ အစည်းအဝေးအား ၁-၇-၂၀၂၄ ရက် (တနင်္လာနေ့) တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။


၂။       အဆိုပါ အစည်းအဝေးတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ကာကွယ်မှုပေးရေးတာဝန်ရှိမှု ဆိုင်ရာ အထူးအကြံပေးက ကုလသမဂ္ဂ​အတွင်းရေးမှူးချုပ်၏ “Responsibility to protect: the commitment to prevent and protect populations from atrocity crimes” ခေါင်းစဉ်ဖြင့် နှစ်စဉ် အစီရင်ခံစာကို မိတ်ဆက်တင်ပြခဲ့ပါသည်။ ယင်းနောက် မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ (၆၀) ကျော်မှ ကိုယ်စားလှယ်များ က မိန့်ခွန်းများ ပါဝင်ပြောကြားခဲ့ကြပါသည်။


၃။       ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြားခဲ့ သည့် မိန့်ခွန်းတွင် အောက်ပါအချက်များ အဓိကပါဝင်ပါသည်-


(က)    ကာကွယ်မှုပေးရန်တာဝန်ရှိမှုသည် လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးစုအလိုက် သုတ်သင်ရှင်းလင်းမှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများ အပါအဝင် မဖြစ်မနေ လိုက်နာရမည့် အပြည်ပြည်ဆိုင်ရာဥပဒေစံနှုန်းများအား ချိုးဖောက်မှုများကို ဖြေရှင်းပေးရန် ရည်ရွယ်ကြောင်း၊


(ခ)     ကာကွယ်မှုပေးရန်တာဝန်ရှိမှု မူ (Principles of R2P) နှင့်စပ်လျဉ်း၍ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက ၂၀၀၅ခုနှစ်၊ ကမ္ဘာ့ထိပ်သီးညီလာခံတွင် အတည်ပြုခဲ့သည့် ကတိကဝတ်အရ R2P သည် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို တားဆီးရေး နှင့် ထိခိုက်လွယ်သော ပြည်သူလူထုကို ကာကွယ်ပေးရေးအတွက် နိုင်ငံတကာမှ ခိုင်မာသော အရေးယူဆုံးဖြတ်ချက် ချမှတ်နိုင်ရေးအတွက် အရန်သင့်အနေအထားတွင် ရှိနေစေရေးတို့၏ အရေးပါမှုကို အလေးထားပြသကြောင်း၊


(ဂ)     သို့ရာတွင် လွန်ခဲ့သောနှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း၌ ကမ္ဘာတစ်ဝှမ်းတွင် လက်နက်ကိုင် ပဋိပက္ခများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေချိုးဖောက်မှုများ သိသိသာသာ မြင့်တက်လာခဲ့ခြင်းနှင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နေရာဒေသများတွင် ဖြစ်ပွားခဲ့သော ရက်စက်ကြမ်းကြုတ်မှုများကို ကုလသမဂ္ဂအနေဖြင့် တားဆီးပေးနိုင်ခဲ့ခြင်း မရှိသည်မှာ ဝမ်းနည်းဖွယ်ကောင်းကြောင်း၊


(ဃ)    အာဏာသိမ်းစစ်အုပ်စုက ရိုဟင်ဂျာအပါအဝင် မြန်မာပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်နေခြင်းသည် နိုင်ငံတကာ အသိုက်အဝန်းက ပြည်သူများကို ကာကွယ်စောင့်ရှောက်ရန် ပျက်ကွက်နေ သည့် ထင်ရှားသော သာဓကတစ်ခု ဖြစ်ပါကြောင်း၊ 


(င)     လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေများသည် နိုင်ငံတကာအသိုက်အဝန်း အနေဖြင့် R2P နှင့် စပ်လျဉ်းသည့် ကတိကဝတ်များအပေါ် အဘယ်ကြောင့် လိုက်နာရန်အရေးကြီးသည် ကို သတိပေးနေသော စိတ်မချမ်းမြေ့ဖွယ် သတိပေးချက်တစ်ခုဖြစ်ပါကြောင်း၊


(စ)     မြန်မာပြည်သူများသည် စစ်တပ်က ကျူးလွန်သည့် ဆိုးရွားသော ရာဇဝတ်မှုများကြောင့် နိုင်ငံတစ်ဝန်းတွင် ကြေကွဲဖွယ်ရာ ဒုက္ခဆင်းရဲများနှင့် ဆိုးဝါးသော လူသားချင်းစာနာ ထောက်ထားမှု အကျပ်အတည်းတို့ကို ရင်ဆိုင်ကြုံတွေ့ခံစားနေရလျှက်ရှိသဖြင့် နိုင်ငံတကာ အသိုက်အဝန်း၏ ကြားဝင်ကူညီခြင်းနှင့် အကာအကွယ်ပေးခြင်းတို့အား လိုအပ်လျက်ရှိသည်ကို ထပ်မံအလေးထားပြောကြားလိုပါကြောင်း၊


(ဆ)    ပြီးခဲ့သော(၃) နှစ်တာကာလအတွင်း ကြုံတွေ့ခဲ့ရသောအခြေအနေများအရ အာဏာသိမ်း စစ်တပ်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ တရားမဝင်အာဏာသိမ်းရန် ကြိုစားခဲ့ချိန်မှစ၍ ပြည်သူများအပေါ် အပြည်ပြည်ဆိုင်ရာဥပဒေကို ချိုးဖောက်သော လုပ်ရပ်များကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခဲ့ကြောင်း၊


(ဇ)     အကျိုးဆက်အားဖြင့် ယနေ့အချိန်ထိ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးတို့တွင် မကြုံစဖူး ဆိုးရွားစွာပျက်စီး ယိုယွင်းစေကြောင်း၊ မြန်မာပြည်သူများ၏ နေ့စဉ်ဘဝသည် အတိုင်းအဆမရှိခက်ခဲလာပြီး၊ လူအများစုကို သည်းခံနိုင်မှု အတိုင်းအတာ၏ ချောက်ကမ်းပါးအစွန်းသို့ တွန်းပို့နေကြောင်း၊ နေရပ်စွန့်ခွာမှုနှင့် ပြောင်းရွှေ့နေထိုင်ခြင်း ပြဿနာများနှင့်အတူ စားနပ်ရိက္ခာမဖူလုံမှု၊ ဆင်းရဲနွမ်းပါးမှုနှင့် အစာရေစာငတ်မွတ် ခေါင်းပါးမှုတို့သည် မြန်မာနိုင်ငံတွင် သိသာမြင်သာသည့် ခြိမ်းခြောက်မှုများ ဖြစ်ပါကြောင်း၊


(ဈ)     အကြမ်းဖက် အာဏာသိမ်းစစ်တပ်၏ အတင်းအကျပ် စစ်မှုထမ်းရန် စေခိုင်းမှုသည် ယခင်ကပင် ဆိုးရွားနေသော အခြေအနေကို ပိုမိုဆိုးရွားလာစေခဲ့ပြီး မိသားစုတိုင်းတွင် တိတ်လန့်ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေခဲ့ပါကြောင်း၊ လူငယ်များအနေဖြင့် လူသားဒိုင်းအဖြစ် အသုံးချခံရခြင်းမှ ကာကွယ်ရန်နှင့် အတင်းအကျပ် စစ်သားစုဆောင်းခံရခြင်းမှ မရှိရလေအောင် ထွက်ပြေးလွတ်မြောက်ရန် နည်းလမ်းများကိုရှာဖွေနေရကြောင်း၊


(ည)    တစ်ချိန်တည်းမှာပင် အာဏာသိမ်းစစ်တပ်သည် ၎င်းတို့ ထိန်းချုပ်ထားသောမီဒီယာများ၊ နိုင်ငံခြားရှိ မြန်မာသံရုံးများနှင့် လူမှုကွန်ယက်များမှ တစ်ဆင့် မမှန်ကန်သော သတင်း အချက်အလက်များ/ သတင်းမှားများကို မကြာခဏဆိုသလို ဖြန့်ဝေလျက်ရှိပြီး ပြည်သူ့ တော်လှန်ရေးလှုပ်ရှားမှုကို နှိမ်နင်းရန်နှင့် နိုင်ငံတကာအသိုက်အဝန်းကို အလိမ်အညာ သတင်းများဖြင့် လွှမ်းမိုးရန်ကြိုးပမ်းလျက်ရှိကြောင်း၊


(ဋ)     ၁၉-၆-၂၀၂၄ ရက်နေ့တွင် စစ်အာဏာသိမ်းအုပ်စု၏တပ်ဖွဲ့များက ပြည်သူများအကြား ဂုဏ်သတင်းကျော်ဇောသော ဆရာတော်ကြီးတစ်ပါးကို သတ်ဖြတ်ခဲ့သည့်ဖြစ်ရပ်နှင့် ထိုနောက်ပိုင်း ဖြစ်ပေါ်တိုးတက်မှုများသည် စစ်အာဏာသိမ်းအုပ်စု၏ ဆိုးရွားသော သဘောထားကို ထပ်မံသက်သေပြနေပါကြောင်း၊ ထို့ကြောင့်လက်ရှိဖြစ်စဉ်မှ တဆင့် နိုင်ငံတကာအသိုက်အဝန်းအား အာဏာသိမ်းစစ်အုပ်စု၏ မကောင်းသော ရည်ရွယ်ချက် များနှင့် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များအပေါ် ၎င်းတို့၏ မမှန်ကန်သော သတင်းအချက်အလက်များ/သတင်းမှားများ ဖြန့်ဖြူးနေသည့် လှုပ်ရှားမှုများကို သတိချပ်ရန် တိုက်တွန်းလိုပါကြောင်း၊


(ဌ)     ယခုကာလများတွင် လူတန်းစားအလွှာအသီးသီးမှ မြန်မာပြည်သူများအနေဖြင့် ပုံမှန် အခြေခံလိုအပ်ချက်များကိုပင် ဖြည့်ဆည်းနိုင်ရန်အလွန်အမင်း ရုန်းကန်နေရပါကြောင်း၊ တရားမဝင် အာဏာသိမ်းမှုနှင့် အကြမ်းဖက်စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများ၊ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုများကြောင့် ဖြစ်ပေါ်လာသောစီးပွားရေးကပ်ဆိုးမှာ ယနေ့တိုင် ထိန်းချုပ်၍ မရနိုင်အောင် ဆိုးရွားလာနေပြီး မြန်မာပြည်သူအများအပြားကို ဆင်းရဲမွဲတေမှုနှင့်အစာငတ်မွတ်ခေါင်းပါးမှု တွင်းနက်ထဲသို့ တွန်းပို့နေပါကြောင်း၊


(ဍ)     အကြမ်းဖက်စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် အပြစ်မဲ့ပြည်သူပေါင်း (၅,၃၀၀) ကျော်သည် ရက်စက်စွာဖမ်းဆီးသတ်ဖြတ်ခြင်းခံခဲ့ရကြောင်း၊ လူဦးရေ၏ (၃.၁) သန်းမှာ ပြည်တွင်း၌ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ထို့အတူ လူဦးရေ (၁၈.၆) သန်း သည်လည်း လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်နေပြီး၊ လူဦးရေ (၁၃.၃) သန်း သည် ပြင်းထန်သောစားနပ်ရိက္ခာ မဖူလုံမှုအဆင့် (IPC အဆင့်၃) နှင့် ရင်ဆိုင်ရဖွယ်ရှိသည်ဟု ခန့်မှန်းထားကြပါကြောင်း၊ ဤကဲ့သို့ စိုးရိမ်ဖွယ်ရာ အခြေအနေများရှိနေသော်လည်း အကြမ်းဖက်စစ်တပ်သည် အရပ်သားပြည်သူများအပေါ် "ဖြတ်လေးဖြတ်" ဗျူဟာကိုသာလွန် ပြင်းထန်စွာ ဆက်လက်ကျင့်သုံးလျက်ရှိပြီး၊ ပဋိပက္ခဖြစ်ပွားရာဒေသများတွင် အရပ်သားနေအိမ် ထောင်ပေါင်းများစွာကို မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားအဆောက်အဦနှင့် စစ်ရေးပစ်မှတ် ခွဲခြားမှုမရှိဘဲ နေအိမ်များ၊ ကျောင်းများနှင့် ဆေးရုံများကို ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း၊


(ဎ)     အကြမ်းဖက်စစ်တပ်သည် ပဋိပက္ခတွင် တိုက်ရိုက်ပါဝင်ပတ်သက်ခြင်းမရှိသော အပြစ်မဲ့ အရပ်သားပြည်သူများအပေါ် သိမ်းကြုံးအပြစ်ပေးသည့် နည်းဗျူဟာကို ကျင့်သုံး ဆောင်ရွက်နေပါကြောင်း၊ ဤရာဇဝတ်မှုများကို စနစ်တကျနှင့် ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်မှုများသည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ရာဇဝတ်မှုမြောက်သည်ဟု နိုင်ငံတကာပညာရှင်များနှင့် ကျွမ်းကျင်သူများက တညီတညွတ်တည်း သဘောထားရှိကြပြီး ဖြစ်ပါကြောင်း၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူနှင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား (IIMM) တို့ကလည်း မြန်မာအာဏာသိမ်းစစ်အုပ်စုသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို စနစ်တကျ ကျူးလွန်နေကြောင်း သက်သေအထောက်အထား အပြည့်အစုံရှိနေပြီး၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ကျူးလွန်သူများကို တရားမျှတမှုဖြင့် တာဝန်ခံစေရန် ထိုသက်သေအထောက်အထားများကို အသုံးပြုရန် လိုအပ်ကြောင်း အကြိမ်ကြိမ် ရှင်းလင်းပြတ်သားစွာ ပြောကြားခဲ့ပါကြောင်း၊


(ဏ)   ဤတွင်အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အပိုင်း (၂)၊ အခန်း (၇) တွင် ကြားကာလ တရားမျှတမှုဆိုင်ရာ စည်းမျဉ်းများကို ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊


(တ)    ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရက မြန်မာနိုင်ငံတွင် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် စပ်လျဉ်း၍ ဖြေရှင်းရန် ရောမစာချုပ်၏ စာပိုဒ် ၁၂ (၃) နှင့် အညီ နိုင်ငံတကာ ရာဇဝတ်ခုံရုံး၏ တရားစီရင်မှုအား လက်ခံမည်ဟုလည်း ကြေညာထားပြီးဖြစ်ကြောင်း၊


(ထ)    ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ပြည်သူများ၏ အသက်များကို ကယ်တင်ရန်၊ အကြမ်းဖက်စစ်တပ်မှ ကျူးလွန်လျက်ရှိသော ရက်စက်ကြမ်းကြုတ်မှု အန္တရာယ်များမှ ကာကွယ်ပေးရန် မည်သည်ကို စောင့်ဆိုင်းနေသနည်းဟု ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ ကို မေးခွန်းထုတ်လိုကြောင်း၊


(ဒ)     မိမိတို့အနေဖြင့် မြန်မာနိုင်ငံတွင် ကူညီရာမဲ့နေသောပြည်သူများအား ကယ်တင်နိုင်ရန် R2P မူအား အသုံးချပေးရန် ကြိမ်ဖန်များစွာတောင်းဆိုခဲ့ပြီး ဖြစ်သကဲ့သို့ ယင်းသို့ လုပ်ဆောင်ရမည့်အချိန်မှာလည်း ကာလကြာမြင့်စွာကျော်လွန်နေပြီဖြစ်ကြောင်း၊


(ဓ)     ရက်စက်ကြမ်းကြုတ်မှုများသည် အလျဉ်းသင့်သကဲ့သို့ ဖြစ်ပေါ်လာသည့်ဖြစ်စဉ်များ မဟုတ်ကြောင်း၊ ယင်းဖြစ်စဉ်များအား ကြိုတင်ကာကွယ်မှုယူနိုင်ရန် နှိုးဆော်သည့် ကြိုတင်သတိပေး အချက်ပြမှုများရှိခဲ့ကြောင်း၊


(န)     သို့ဖြစ်ရာ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အောက်ဖော်ပြပါ အချက်များကို လုပ်ဆောင်သင့်သည်ဟု မီးမောင်းထိုးပြောကြားလိုကြောင်း -


          (၁)     မြန်မာနိုင်ငံတွင် တရားမျှတမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် ပြစ်ဒဏ် ကင်းလွတ်ခွင့်ကို အပြီးတိုင်ချုပ်ငြိမ်းစေရမည်ဖြစ်ကြောင်း၊


          (၂)      မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာဥပဒေအား ကြီးလေးစွာ ချိုးဖောက်မှု တစ်ကျော့ပြန် ပေါ်ပေါက်လာခြင်းအားကာကွယ်ရန် ကြားကာလတရားမျှတမှု ရှိရန် ဆောင်ရွက်မှုသည် အလွန်အရေးပါကြောင်း၊


          (၃)     နိုင်ငံတစ်နိုင်ငံချင်း၊ ဒေသတွင်းအဖွဲ့အစည်းများနှင့် ကုလသမဂ္ဂစနစ်တစ်ခုလုံး အနေဖြင့် အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်များကို ထိထိရောက်ရောက် အကာအကွယ်ပေးနိုင်ရန် အခွင့်အရေးများကို အကျိုးရှိစွာအသုံးချရမည် ဖြစ်ကြောင်း၊


          (၄)     လုံခြုံရေးကောင်စီအနေဖြင့် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးအား ထိန်းသိမ်းရမည့် ကတိကဝတ်နှင့် တာဝန်ဝတ္တရားများကို လေးလေးနက်နက် ပြသကာ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ရက်စက်ကြမ်းကြုတ်မှုများ အပါအဝင် နေရာအနှံ့အပြားတွင် ဖြစ်ပွားနေသည့် ရက်စက်ကြမ်းကြုတ်မှုများ အားရပ်တန့် စေရန် ကောင်စီတွင်ရှိသည့် အရင်းအမြစ်များများ အားလုံးကိုအသုံးချ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊


          (၅)     လုံခြုံရေးကောင်စီအတွင်း၌ သဘောထားကွဲလွဲမှုများ မြင့်တက်လာသည်နှင့်အမျှ အထွေထွေညီလာခံနှင့် လူ့အခွင့်အရေးကောင်စီ တို့အနေဖြင့်လည်း ၎င်းတို့၏ ကဏ္ဍအသီးသီးကို ဆက်လက်ချဲ့ထွင်၍ ရက်စက်ကြမ်းကြုတ်မှုများအား ကာကွယ်ရန်၊ ဤနည်းအားဖြင့် လုံခြုံရေးကောင်စီမှ ၎င်း၏ တာဝန်ဝတ္တရားအား ပြည့်မီစွာ ထမ်းဆောင်နိုင်ရေးကို ဖြည့်စွက်အားဖြည့် ပေးရမည်ဖြစ်ကြောင်း၊


          (၆)     နိုင်ငံတကာအသိုက်အဝန်းမှ အကြမ်းဖက်စစ်တပ်အား ပြည်သူများအပေါ် လူမဆန်သော လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများ ကျူးလွန်ခွင့်ရ စေမည့် အခွင့်အရေးများ ပေးအပ်နေခြင်းကို ရပ်တန့်ရမည်ဖြစ်ကြောင်း၊ ကြားကာလတရားမျှတမှု မပါဝင်ဘဲ စစ်တပ်အား နိုင်ငံရေးထွက်ပေါက် ဖန်တီးပေး ခြင်းသည် ပြည်သူများအပေါ် အမဲဖြတ်ရန်အတွက် ကျားသေကောင်အား အသက်သွင်းနေခြင်းနှင့် အလားသဏ္ဍာန်တူညီနေကြောင်း၊


          (၇)     အကြမ်းဖက်စစ်တပ်ထံသို့ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီနှင့် ငွေကြေး စီးဆင်းမှုကို နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ဖြတ်တောက်ရေးက အလွန်အမင်းအရေးပါကြောင်း၊


(ပ)     သို့ဖြစ်ပါ၍ မိမိအနေဖြင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအား ၂၀၀၅ခုနှစ်တွင် ပေးအပ်ခဲ့သည့် R2P ကတိကဝတ် အပါအဝင် အခြားသော ကတိကဝတ်များကို စွဲမြဲစွာ ထိန်းသိမ်းရန်နှင့် ယင်းနှင့် အညီ ပြုမူ ကျင့်ကြံရန် တိုက်တွန်းလိုပါကြောင်း၊ သို့မဟုတ်ပါက ကုလသမဂ္ဂ၊ အထူးသဖြင့် လုံခြုံရေးကောင်စီ၏ ပျက်ကွက်မှု၏ နောက်ဆက်တွဲ ဆိုးကျိုးများကို ပြည်သူများက ခါးစည်းခံနေရကြောင်း၊

 

(ဖ)     ဤနေရာတွင် လူသားဆန်မှုကို ပဓါနထား ရှေးရှု၍ မြန်မာနိုင်ငံတွင် စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ရေးအတွက် အန္တိမ မျှော်မှန်းချက်ကို ထားရှိဆောင်ရွက်နေသည့် မြန်မာပြည်သူများကို ထိရောက်စွာအားဖြည့် ကူညီပေးစေလိုပါကြောင်း၊ သို့မှသာ မိမိတို့ပြည်သူများကို အကောင်းမွန်ဆုံး အကာအကွယ်ပေးရာ ရောက်နိုင်မည်ဖြစ်ကြောင်း။


၄။       မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။

 

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့

 


Please check against the delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations

at the UN General Assembly Plenary Meeting on Agenda item 129: the Responsibility to Protect (R2P) and the Prevention of Genocide, War Crimes, Ethnic Cleansing, and Crimes against Humanity


(New York, 1 July 2024)


Mr. President,


At the outset, I would like to thank you for convening this meeting on the important issue of responsibility to protect.


Myanmar thanks the Secretary-General and his Special Advisor on the Responsibility to Protect for the annual report on the responsibility to protect: the commitment to prevent and protect populations from atrocities crimes.


Mr. President, 


R2P aims to address violations of peremptory norms of international law, including genocide, war crimes, ethnic cleansing, and crimes against humanity.


The commitment by the UN member states made to R2P adopted at the 2005 World Summit underscores its significance as a global commitment to preventing grave human rights violations and ensuring the international community's readiness to take decisive action to protect vulnerable populations.

However, sadly, the world experienced over last two decades significant rise of armed conflicts and violations of international law, and the UN failed to prevent such atrocities including the one in Myanmar.


Mr. President,


The military junta’s continued committing of atrocity crimes against the populations including Rohingya in Myanmar is a vivid example of failing to protect the people by the international community.


While understanding the primary responsibility of the State to protect its own people, I wish to stress that the situation in Myanmar is a harrowing reminder of why the international community must uphold its commitment to R2P.


Although it is now long overdue, I must reiterate that the need for the global community to intervene and protect the vulnerable populations in Myanmar remains imperative as they are affected by the military's egregious acts which have led towards a widespread tragic suffering and a severe humanitarian crisis in Myanmar.


Based on the scenarios over the past three years, the military junta has obviously committed grave breaches of international law against the people since 1 February 2021 through the attempted unlawful military coup.


Consequences thus far have led to an unprecedented deterioration of peace, stability, and the rule of law in Myanmar. The daily lives of Myanmar people have been stretched to their limits, pushing many to the brink of endurance. Alongside the displacement and migration issues, food insecurity, poverty and hunger are the most visible threats in Myanmar.


The recent forced conscription of the military junta has also exacerbated the already dire situation and instilling fear among every household. The young people have been forced to find ways to prevent them from being used as human shields and to run and escape from being forcefully recruited.


At the same time, the military junta has been frequently using the spread of misinformation/disinformation through its controlled media outlets, Myanmar embassies abroad and social media to suppress the people’s resistance movement and to falsify the members of the international community. The recent incident of killing a renowned monk by the junta forces on 19 June 2024 and following its developments again proved the junta’s ill-will. I therefore, take this opportunity to urge the international community to be mindful of the junta’s malicious intentions and its disinformation/misinformation campaign against the people and resistance forces.


Nowadays, Myanmar people from all walks of life are now trapped in a dreadful struggle to afford even the most basic necessities. This economic catastrophe, caused by the illegal coup and the junta’s atrocities and mismanagement, continues to spiral out of control, pushing more and more people to the depths of poverty and hunger.


Due to the junta’s atrocities, more than 5,300 people have been brutally killed by junta forces, and 3.1 million people have been internally displaced. 18.6 million people are in need of humanitarian assistance, and 13.3 million people are projected to face high levels of acute food insecurity (IPC Phase 3).


Despite these grim pictures, the military junta continues to escalate its brutal “four cuts” strategy against the civilian population, burning down thousands of civilian homes in conflict areas, and indiscriminately bombing houses, schools and hospitals.


The junta is enacting collective punishment on innocent civilians who are not directly involved in the conflict. The systematic and widespread commission of these crimes amounts to crimes against humanity and war crimes, a consensus shared by international scholars and experts. The UN Special Rapporteur on the situation of human rights in Myanmar and the Independent Investigative Mechanism for Myanmar (IIMM) have also repeatedly said loud and clear that that there is ample evidence of crimes against humanity being systematically committed by the military junta and that the international community needs to apply them for bringing the perpetrators accountable through justice.


In this light, the National Unity Government and Ethnic Revolutionary Organizations have already enacted transitional justice-related principles in Part (2), Chapter (7) of the Federal Democracy Charter to hold perpetrators accountable.


Moreover, the NUG has declared its acceptance of the jurisdiction of the International Criminal Court in accordance with Article 12(3) of the Rome Statute to address accountability issue in Myanmar.


Mr. President,


My question here to the member states of the UN and the international community is that what are you waiting for to act and save lives, to protect the people from such atrocity crimes? We have repeatedly urged, and it is long overdue to apply the principles of R2P to protect the helpless people of Myanmar


In conclusion, Mr. President, Atrocity crimes are not random incidents; there are numerous early warning signs that should serve as alarms to catalyze preventive action.


Therefore, I wish to underscore the following points to be undertaken by the international community: -


1.    In Myanmar, the culture of impunity must end to promote justice and accountability.


2.    Transitional justice is essential to prevent the recurrence of grave violations of international law in Myanmar.


3.    Individual states, regional organizations, and the UN system must capitalize on these opportunities more effectively to protect innocent lives.


4.    The Security Council should show its seriousness of its responsibility and commitment for maintaining international peace and security by taking all possible tools at its disposal to stop atrocity crimes including those in Myanmar.


5.    Given the increasingly polarized Security Council, the UN General Assembly and the Human Rights Council should continue to strengthen their roles in preventing and responding to atrocities, thereby complement and encourage the Security Council to fulfill its responsibility.


6.    The international community must stop providing space for the Myanmar military to perpetrate such heinous crimes against its people. Creating a political exit for the military junta without transitional justice would be like reviving a dead tiger to slaughter the people of Myanmar.


7.    It is vital for the international community to cut off arms and weapons, jet fuel and financial flows to the military junta.


Therefore, I wish to urge the member states of the UN to uphold their commitment including the one made to R2P in 2005 and act accordingly. Otherwise, the people bear the brunt of lack of effective action from the UN especially the UN Security Council.


Please put humanity first and extend effective support towards the people of Myanmar and their devoted aspiration to end the military dictatorship and build a federal democratic union in Myanmar.


This would indeed serve the best for the protection of our people.


I thank you.


 

*****












bottom of page