top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun at UN Security Council Open Debate (2 June 2022)



Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations at the UN Security Council Open Debate on “Strengthening Accountability and Justice for Serious Violations of International Law”, held on 2 June 2022


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ပြတ်သားထိရောက်သည့် အရေးယူမှုသည် မြန်မာနိုင်ငံ၌ ဖြစ်ပွားနေဆဲဖြစ်သည့် ဆိုးဝါးသောပြစ်မှုများအတွက် အသက်ကယ်အတားအဆီးဖြစ်စေမည်ဖြစ်၊ လုံခြုံရေးကောင်စီအနေနှင့် မြန်မာနိုင်ငံ၌ ဖြစ်ပွားလျက်ရှိသော ဥပဒေချိုးဖောက်မှုပြစ်မှုများအား တားဆီးပေးရန် မြန်မာနိုင်ငံပြည်သူများကိုယ်စား သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ တိုက်တွန်းတောင်းဆိုခဲ့


(၂၀၂၂ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့၊ နယူးယောက်မြို့)


၁။ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ နိုင်ငံတကာဥပဒေ ဆိုးဝါးစွာ ချိုးဖောက်မှုအတွက် တာဝန်ခံမှုရှိစေရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ တံခါးဖွင့်အစည်းအဝေးကို ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဥက္ကဌ အယ်လ်ဘေးနီးယားနိုင်ငံမှ ဝန်ကြီးချုပ် Mr. Edi Rama က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေးတွင် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှလည်း မိန့်ခွန်းပြောကြားခဲ့ပါသည်။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားသည့်မိန့်ခွန်းတွင် အောက်ပါအဓိကအချက်များ ပါဝင်ပါသည် -


(က) နိုင်ငံတကာဥပဒေသည် လူသားတိုင်း ပိုမိုလုံခြုံမှုရှိရန်ရည်ရွယ်ခြင်းဖြစ်ရာ အထူးသဖြင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေ၊ နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာဥပဒေနှင့် နိုင်ငံတကာပြစ်မှု ဆိုင်ရာဥပဒေတို့သည် ဆိုးဝါးရက်စက်သည့်ပြစ်မှုများ နောင်အနာဂတ်တွင် ထပ်မံမကြုံတွေ့စေရေးနှင့် လူ့ဂုဏ်သိက္ခာထိန်းသိမ်းကာကွယ်ရေးတို့အတွက် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း၊


(ခ) နိုင်ငံအစိုးရတိုင်းသည် မိမိပြည်သူကို ဆိုးဝါသည့်ပြစ်မှုများမှ ​ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိကြောင်း၊ သို့ရာတွင် ယင်းအစိုးရ (သို့) အစိုးရအဖွဲ့အစည်းတစ်ရပ်သည် မိမိပြည်သူအပေါ် ဆိုးဝါးသည့် နိုင်ငံတကာပြစ်မှုများကျူးလွန်နေ၍ ယင်းပြစ်မှုအတွက် ပြည်တွင်း၌ တာဝန်ခံမှုရှိစေရေးကို ဖန်တီးပေးနိုင်ခြင်း မရှိပါက အဆိုပါဖြစ်ရပ်သည် နိုင်ငံတကာဥပဒေ၏ ပြည့်ဝလုံလောက်မှုနှင့် မသက်ဆိုင် တော့ဘဲ ဥပဒေချိုးဖောက်မှုအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်မရှိစေရေးနှင့် တာဝန်ခံမှုရှိရေးတို့အတွက် နိုင်ငံတကာအသိုက်အဝန်း၏ ထိရောက်စွာ အရေးယူဆောင်ရွက်မှုနှင့်သာ သက်ဆိုင်ကြောင်း၊


(ဂ) နိုင်ငံတကာဥပဒေချိုးဖောက်မှုနှင့် တာဝန်ခံမှုမရှိခြင်းတို့သည် ပြည်တွင်းငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိခိုက်စေရုံသာမက ဒေသတွင်းနှင့် နိုင်ငံတကာ၌ပါ အကျိုးသက်ရောက်မှုရှိကြောင်း၊


(ဃ) မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသည့် ကိစ္စရပ်များသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့၊ တရားမဝင် စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းတရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးစနစ် ပြိုလဲပျက်စီးခြင်း ဖြစ်ကြောင်း၊ တရားမဝင်စစ်တပ်အာဏာသိမ်းခြင်းသည် တရားဥပဒေကို ကြီးမားစွာချိုးဖောက်ခြင်းဖြစ်ပြီး၊ ရွေးကောက်ခံဒီမိုကရေစီအစိုးရအပေါ် ပြည်သူမှ ရွေးချယ်ထားခြင်းမရှိသည့် စစ်တပ်အာဏာရှင်များမှ ကျူးလွန်သည့် ကြီးမားသည့် နိုင်ငံတော်သစ္စာဖောက်မှုဖြစ်ကြောင်း၊


(င) နိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုအခြေအနေသည်လည်း ဆက်လက်ဆိုးဝါးနေဆဲဖြစ်ပြီး၊ စစ်တပ်သည်ပြည်သူ (၁,၈၈၀) ဦးကျော်ကို သတ်ဖြတ်ခဲ့သည့်အပြင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ပြစ်မှုကို အကြိမ်ကြိမ်အခါခါ ကျူးလွန်နေကြောင်း၊ စစ်တပ်၏ တရားမျှတမှုမရှိသည့် တိုက်ခိုက်မှုများ ကြောင့် ပြည်သူ (၆၀၀,၀၀၀) ကျော်သည် နေရပ်စွန့်ခွာခဲ့ရပြီး၊ ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေသည် ယခုအခါ စုစုပေါင်း တစ်သန်းကျော် ရှိနေပြီဖြစ်ကြောင်း၊ စစ်တပ်သည် အယူခံခွင့်မရှိသည့် တရားမျှတမှုကင်းမဲ့သည့် ဖမ်းဆီးခြင်းနှင့် သေဒဏ်ပေးခြင်းတို့ဖြင့် ဥပဒေကို လက်နက်သဖွယ် အသုံးပြုနေကြောင်း၊


(စ) မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား၏ ကနဦးစိစစ်တွေ့ရှိမှုအရ စစ်တပ်သည် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ပြစ်မှုများ ကျုးလွန်သည်ဟု ကောက်ချက်ချထားကြောင်း၊


(ဆ) မြန်မာနိုင်ငံ၌ ပြစ်မှုကျူးလွန်၍ ပြစ်ဒဏ်မခံရသည့်ကိစ္စကို ရပ်တန့်ရန် အပြည်ပြည်ဆိုင်ရာ တရားရုံးနှင့် အပြည်ပြည်ဆိုင်ရာပြစ်မှုဆိုင်ရာ တရားရုံးတို့၏ ပါဝင်ဆောင်ရွက်မှုကို မျှော်လင့်အားကိုး ကြောင်း၊ ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရသည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလက အပြည်ပြည်ဆိုင်ရာ တရားရုံး၏ တရားစီရင်ဆုံးဖြတ်မှုနှင့်စပ်လျဉ်း၍ ကနဦးကန့်ကွက်ချက်များကို ရုပ်သိမ်းကြောင်း ကြေညာ ခဲ့ကြောင်း၊ ထို့ပြင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လက အပြည်ပြည်ဆိုင်ရာပြစ်မှုဆိုင်ရာတရားရုံးသို့ စာရေးသားပေးပို့၍ မြန်မာနိုင်ငံအတွင်း ကျူးလွန်ခဲ့သည့် ဆိုးဝါးသည့်ပြစ်မှုများအတွက် တရားရုံး၏ ဆုံးဖြတ်မှုကို ခံယူမည်ဟု အသိပေးခဲ့ကြောင်း၊


(ဇ) စစ်တပ်၏ တရားဥပဒေအပေါ် လေးစားလိုက်နာမှုမရှိခြင်းနှင့် ၎င်းတို့ကျူးလွန်သည့်ပြစ်မှုများ အတွက် ပြစ်ဒဏ်ကျခံခြင်းမရှိခြင်းတို့သည် မြန်မာနိုင်ငံ၏ဖြစ်ပွားလျက်ရှိသော ပဋိပက္ခ၏ အဓိက အကြောင်းရင်းဖြစ်ကြောင်း၊ လူ့အခွင့်အရေးကောင်စီနှင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားတို့၏ မြန်မာနိုင်ငံ၌ တာဝန်ခံမှုရှိစေရေးနှင့် ပတ်သက်သည့် ကြိုးပမ်းဆောင်ရွက်ချက်များကို အပြည့်အဝထောက်ခံကြောင်း၊


(ဈ) နိုင်ငံတကာအသိုက်အဝန်း၊ အထူးသဖြင့် ကုလသမဂ္ဂအနေနှင့် စုဆောင်းရရှိသည့် သက်သေ အထောက်အထားများကို အခြေခံ၍ ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် အချိန်တန်ပြီ ဖြစ်ကြောင်း၊ သို့မှသာ မြန်မာပြည်သူများအား လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သောပြစ်မှုများမှ ကာကွယ် ပေးနိုင်မည်ဖြစ်ကြောင်း၊


(ည) မြန်မာနိုင်ငံအခြေအနေနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ဆုံးဖြတ်ချက်ပေးနိုင် သည့် ထိရောက်သည့်အခန်းကဏ္ဍ၌ ပါဝင်လျက်ရှိပြီး၊ ထိရောက်သည့်ယန္တရားများကို အသုံးပြု၍ အပြစ်မဲ့မြန်မာပြည်သူများအား ကာကွယ်ပေးရန်နှင့် ရေရှည်ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးရှိသည့် ပတ်ဝန်းကျင်ဖန်တီးပေးရန် တိုက်တွန်းကြောင်း၊


(ဋ) ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနှင့် မြန်မာနိုင်ငံ၌ ဖြစ်ပွားလျက်ရှိသော ဥပဒေချိုးဖောက်မှုနှင့် ပြစ်မှုများအား တားဆီးပေးရန် မြန်မာနိုင်ငံပြည်သူများကိုယ်စား တောင်းဆိုကြောင်း၊ လုံခြုံရေးကောင်စီ၏ ပြတ်သားထိရောက်သည့် အရေးယူမှုသည် မြန်မာနိုင်ငံ၌ ဖြစ်ပွားနေဆဲဖြစ်သည့် ဆိုးဝါးသောပြစ်မှုများ အတွက် အသက်ကယ်အတားအဆီးဖြစ်စေမည်ဖြစ်ကြောင်း၊


၂။ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာဖြင့်) အား ပူးတွဲဖော်ပြအပ်ပါသည်။


၂၀၂၂ ခုနှစ်၊ ဇွန်လ ၂ ရက်၊

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့။



Please check against delivery


Statement by Ambassador Kyaw Moe Tun,

Permanent Representative of Myanmar to the United Nations

At the UN Security Council Open Debate on

“Strengthening Accountability and Justice for Serious Violations of International Law”


(New York, 2 June 2022)


Mr. President,

First of all, I wish to thank the Presidency of Albania for organizing this open debate of critical importance for humanity. I also appreciate President Donoghue of ICJ, High Commissioner Bachelet and Professor Akande for their insightful briefings today.


Mr. President,

We are of the view that international law makes our world a safer place for everyone. In particular, international humanitarian law, international human rights law and international criminal law, which were born out of humanity’s experiences of horrific atrocities, came to exist to prevent their recurrences in the future and preserve human dignity everywhere.

Every State has primary responsibility to protect its populations from atrocities. However, when a State or a state institution which has primary responsibility to protect the populations becomes a perpetrator of serious international crimes against its own people and there is no domestic environment for any accountability for their crimes, the key challenge is not about inadequacy of international law. It is about how the international community can effectively ensure accountability and address pervasive impunity of egregious violations of international law. The international community, especially the UN Security Council, which has both responsibility and enforcement power, must take appropriate actions for such situations in accordance with the letter and spirit of the UN Charter. Serious violations of international law and failures to uphold accountability embolden impunity and as a result undermine peace and security not only at the domestic level but also at the regional and international level.


Mr. President,

What is happening in my own country Myanmar essentially reflects the collapse of the domestic rule of law and justice after the failing illegal military coup in February 2021. The illegal military coup itself was the gross violation of the rule of law, amounting to high treason committed by the unelected military generals against the democratically elected government. Since then, the regime has held elected leaders incommunicado in hostage.


A human rights catastrophe is ongoing in Myanmar. Humanitarian emergency has unfolded. The illegal military regime has brutally murdered over 1,880 civilians and committed massacre after massacre, the most visible example of which was last Christmas eve massacre. The military’s indiscriminate attacks and collective punishment against civilians including large-scale deliberate arson of residential towns and villages have displaced more than 600,000 civilians, making the total number of IDPs over a million now. Widespread arbitrary arrests, violent raids into private homes, illegal confiscation of properties, torture in custody and alarming numbers of death sentences by bogus military tribunals continue unabated. It is clear that the military has weaponized the law as a tool to instill fear by issuing unappealable, unjustifiable arbitrary arrests and death penalties.


The Independent Investigative Mechanism for Myanmar (IIMM) in its preliminary analysis concluded that crimes against humanity have likely been committed.


At the same time, we count on the ICJ and the ICC for their involvement on the issue of ending impunity in Myanmar. Therefore, the National Unity Government of Myanmar (NUG) in January 2022 informed the ICJ of withdrawal of Myanmar’s preliminary objections to the admissibility of the jurisdiction of the Court over the case between the Gambia V. Myanmar concerning application of the Convention on the Prevention and Punishment of the Crime of Genocide. Moreover, NUG in July 2021 wrote to ICC Registrar lodging an Article 12 (3) declaration of Myanmar’s acceptance of the ICC’s jurisdiction over crimes committed in territory of Myanmar since 1 July 2002.


Mr. President,


The key root cause of the current instability in Myanmar is the military junta’s total disregard for the rule of law and their sense of absolute impunity for their past and present criminal actions.


In fact, it is well known to the United Nations that lasting peace in Myanmar needs to start with ending military impunity. Without accountability, the rule of law and security sector reform, any political solution risks endless cycles of violence and instability. Therefore, we fully support ongoing accountability efforts focusing on Myanmar, including the efforts of the Human Rights Council and the IIMM. I trust that the Mechanism continues to collect evidence of serious international crimes committed in Myanmar and build case files for individual criminal accountability for appalling crimes in accordance with its mandate. It is time for the international community in particular the United Nations to transform the evidence collected to effective action for sake of protecting the people and preventing more victims of crimes against humanity in Myanmar.


Mr. President,


Ensuring accountability is one of the essential tools for the Security Council to address the root causes of conflicts, ensure justice and promote sustainable peace in many situations. We have seen the Council used this tool in conflict situations in the past and contributed to their long-term improvement. However, the Security Council should do more consistently to develop and strengthen existing and possible new accountability mechanisms in order to promote the rule of law at the national and international level.


Regarding my own country Myanmar, the Security Council has a decisive and impactful role to play for our future, especially by using proven tools at its disposal to end impunity, address accountability for such serious international crimes as crimes against humanity and help create conducive environment for sustainable peace and justice as well as protecting innocent civilians in the country. We gather here today to ensure accountability for perpetrators of serious crimes and other gross violation of human rights law and humanitarian law and providing remedy for victims and affected communities under international law. To conclude, on behalf of the people of Myanmar, I appeal for greater political resolve and unity in the Security Council to help end the current deteriorating coup-inflicted disaster in synergy with other UN bodies. A unified decisive action of the UN Security Council can provide life-saving deterrence against such ongoing crimes in Myanmar.


I thank you.



*****









bottom of page