top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun at Thematic Discussion on WMDs of 1C of 78th UNGA




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the thematic discussion on Other Weapons of Mass Destruction (WMDs) of the First Committee of the 78th Session of the General Assembly, held on 19 October 2023


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


(၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ (လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ) ၏ “အဖျက်စွမ်းအားပြင်းလက်နက်များ” ခေါင်းစဉ်ဖြင့် ဘာသာရပ်ဆိုင်ရာဆွေးနွေးမှုအစီအစဉ်၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မြန်မာစစ်တပ်၏ ခေတ်အဆက်ဆက် ကျူးလွန်ခဲ့မှုများနှင့် လက်ရှိတွင် ပြည်သူများအပေါ် ၎င်းတို့၏ ရက်စက်ယုတ်မာသတ်ဖြတ်မှုများအရ စစ်တပ်သည် ပြည်သူများအပေါ် မည်သည့်ခြိမ်းခြောက်မှုမျိုးကိုမဆို အပြည့်အဝ ပြုလုပ်ကျူးလွန်နိုင်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အဆိုပါအချက်ကို သိရှိလက်ခံနိုင်ရန် အလွန်အရေးကြီးကြောင်း၊ လက်နက်ပစ္စည်းနှင့် ဆက်စပ်နည်းပညာများရရှိရန် ကြိုးပမ်းနေသော စစ်တပ်၏ လှုပ်ရှားမှုခြေလှမ်းများကို သေချာစောင့်ကြည့်ရန်နှင့် အပြစ်မဲ့ပြည်သူများ အသက်မဆုံးရှုံးစေရန် အလို့ငှာ စစ်တပ်ကို လက်နက်များ ရောင်းချပံ့ပိုးခြင်းမပြုရန် နိုင်ငံတကာအသိုက်အဝန်းအား တိုက်တွန်းပြောကြားခဲ့


(နယူးယောက်မြို့၊ ၂ဝ၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်)


၁။ နယူးယောက်မြို့တွင် ကျင်းပလျက်ရှိသည့် (၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမ ကော်မတီ ၏ ဘာသာ ရပ်ဆိုင်ရာ ဆွေးနွေးမှုအစီအစဉ်၌ ၂ဝ၂၃ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့ပြုလုပ်သော “အဖျက်စွမ်းအားပြင်း လက်နက်များ” ခေါင်းစဉ်ဖြင့် ဆွေးနွေးသည့် အစည်းအဝေး တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပါဝင်မိန့်ခွန်း ပြောကြားခဲ့ပါသည်။


၂။ သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ မိန့်ခွန်းတွင် အောက်ဖော်ပြပါ အဓိကအချက်များ ပါဝင်ပါသည်−


(က) နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အဖျက်စွမ်းအားပြင်းလက်နက်များ၏ ကြီးမား ပြင်းထန်သော ခြိမ်းခြောက်မှုအန္တရာယ်ကို လျှော့မတွက်သင့်ကြောင်း၊ ဓာတုနှင့်ဇီဝ လက်နက်များ အပါအဝင် နျူကလီးယားမဟုတ်သည့် အခြားအန္တရာယ်ရှိ လက်နက်ခဲယမ်းများသည်လည်း နိုင်ငံတကာ လုံခြုံရေးအတွက် ခြိမ်းခြောက်မှုများ ဖြစ်ကြောင်း၊


(ခ) အကြမ်းဖက်သူများနှင့် ဆိုးရွားသောပြစ်မှုများကိုကျူးလွန်သည့် အဖွဲ့အစည်းများထံသို့ အဖျက် စွမ်းအားပြင်းလက်နက်များ ရောက်ရှိသွားရန် ဖြစ်နိုင်ခြေသည် အလွန် အင်မတန် ကြီးမားသည့် စိန်ခေါ်မှုအဖြစ် တည်ရှိနေကြောင်း၊ သို့ပါ၍ အဆိုပါ လက်နက်များမရှိခြင်းသည်သာ အသုံးပြုမှုနှင့် အသုံးပြုရန် ခြိမ်းခြောက်မှုအား ချေပခုခံနိုင်သည့် အခြေအနေတစ်ခု ဖြစ်ကြောင်း၊


(ဂ) မကြာသေးမီက ကြေညာပြီး ဓာတုလက်နက်များအားလုံးကို ဖျက်ဆီးနိုင်ခဲ့ခြင်းသည် ဓာတုလက်နက်တားမြစ်ပိတ်ပင်ရေးအဖွဲ့ (OPCW) ၏ ကြီးမားသောအောင်မြင်မှု တစ်ရပ်ဖြစ်ကြောင်း၊ သို့သော်လည်း ဓာတုလက်နက်များ၏ ခြိမ်းခြောက်မှုအန္တရာယ်မှာ ရှိနေဆဲဖြစ်ကြောင်းကို သတိပြုရမည်ဖြစ်ကြောင်း၊


(ဃ) ဓာတုလက်နက်ပိတ်ပင်ရေးစာချုပ် (CWC) ဆိုင်ရာ စတုတ္ထအကြိမ်နှင့် ပဥ္စမအကြိမ် သုံးသပ်မှု ညီလာခံများတွင် အဆိုမူကြမ်းအတည်ပြုရန် တူညီဆန္ဒမရရှိခဲ့ခြင်းအပေါ် စိတ်မကောင်းဖြစ်မိကြောင်း၊ CWC စာချုပ်မှ ကန့်သတ်မထားသည့် ဓါတုဗေဒနှင့် ဆိုင်သည့် သက်ဆိုင်ရာနယ်ပယ်များတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် တိုက်တွန်းလိုကြောင်း၊


(င) ဇီဝလက်နက်ပိတ်ပင်ရေးစာချုပ် (BWC) ဆိုင်ရာ နဝမအကြိမ်မြောက် သုံးသပ်မှု ညီလာခံတွင် ဆွေးနွေးမှုအရ စာချုပ်ဆိုင်ရာသုံးသပ်အကြံပြုများပြုလုပ်ရန် အလုပ် အမှုဆောင်အဖွဲ့အသစ် ဖွဲ့စည်းနိုင်ခဲ့ခြင်းအတွက် ဝမ်းမြောက်ပါကြောင်း၊ စာချုပ်နှင့်အညီ တရားဝင်အတည်ပြု စစ်ဆေးရန် ယန္တရားတစ်ခု ပေါ်ပေါက်လာရေး အတွေက် အရေးပါသော ခြေလှမ်းတစ်ခုအဖြစ် သုံးသပ်မိပါကြောင်း၊


(စ) အဖျက်စွမ်းအားပြင်းလက်နက်များအား ပိုမိုလွယ်ကူစွာ ထုတ်လုပ်လာနိုင်မည့် လမ်းကြောင်းများ၊ လက်နက်အသစ်ထုတ်လုပ်နိုင်မည့် အလားအလာများနှင့် ပတ်သက်၍ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ခေတ်မီတိုးတက်နေသည့် နည်းပညာများကို ဂရုပြု စောင့်ကြည့်လေ့လာစစ်ဆေးသင့်ကြောင်း၊


(ဆ) မြန်မာနိုင်ငံနှင့်ပတ်သက်၍ စစ်တပ်မှ ဆောင်ရွက်ခဲ့ဖူးသည့် CWC စာချုပ်နှင့် မကိုက်ညီသော ဓာတုလက်နက်အစီအစဉ်များကို ထပ်မံထောက်ပြလိုကြောင်း၊ ၁၉၈ဝ ခုနှစ်များအတွင်း၌ပဲခူးတိုင်းဒေသကြီး၊ ထုံးဘိုအနီးရှိ မြန်မာစစ်တပ်၏ ထိန်းချုပ်မှု အောက်တွင်ရှိသော ဓာတုလက်နက်ထုတ်လုပ်သည့်စက်ရုံမှ ဆာလဖာဓာတုအဆိပ်များ (sulfur mustard) ထုတ်လုပ်ခဲ့ကြောင်း၊ ရွေးကောက်ခံ အရပ်သားအစိုးရအနေဖြင့် အဆိုပါကိစ္စရပ်ကို လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်ကမှ သိရှိခဲ့ပြီး၊ ဖြေရှင်းရန် ကြိုးစားခဲ့သော်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းခဲ့သည့် စစ်တပ် ကြောင့် ကြိုးပမ်းမှုမှာ အရာမထင်ခဲ့ကြောင်း၊


(ဇ) စစ်တပ်၏ ခေတ်အဆက်ဆက် ကျူးလွန်ခဲ့မှုများနှင့် လက်ရှိတွင် ပြည်သူများအပေါ် ၎င်းတို့၏ ရက်စက်ယုတ်မာသတ်ဖြတ်မှုများအရ စစ်တပ်သည် ပြည်သူများအပေါ် မည်သည့် ခြိမ်းခြောက်မှုမျိုးကိုမဆို အပြည့်အဝပြုလုပ်ကျူးလွန်နိုင်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အဆိုပါအချက်ကို သိရှိလက်ခံဖို့ အလွန်အရေးကြီးကြောင်း၊


(ဈ) ထိုသို့ ရက်စက်ယုတ်မာသည့် စစ်တပ်သည် လက်နက်ပစ္စည်းနှင့် ဆက်စပ်နည်းပညာ များရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း၊ စစ်တပ်၏ လှုပ်ရှားမှုခြေလှမ်းများကို သေချာစောင့်ကြည့်ရန် နိုင်ငံတကာအသိုက်အဝန်းအား တိုက်တွန်းလိုကြောင်း၊ ထို့အပြင် အပြစ်မဲ့ပြည်သူများ အသက်မဆုံးရှုံးစေရန် အလို့ငှာ စစ်တပ်ကို လက်နက်များ ရောင်းချပံ့ပိုးခြင်း မပြုရန်ကိုလည်း တိုက်တွန်းပါကြောင်း။


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။



၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖွဲရုံး၊ နယူးယောက်မြို့။




Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations

at the thematic discussion on Other Weapons of Mass Destruction (WMDs) of the First Committee of the

78th Session of the General Assembly


(New York, 19 October 2023)


Mr. Chair,


Myanmar associates itself with the statements of ASEAN and NAM, respectively.


Mr. Chair,


In addition to the enduring challenges of military-base threats and the persistent risk of nuclear weapons, the international community must not underestimate the potential world-ending level threats posed by WMDs. Not only the chemical and biological weapons, but also the non-nuclear alternatives are emerging as existential threats to the contemporary international security architecture.


There is no such thing as a justifiable circumstance for the use of weapons of mass destruction, including for retaliatory measures. Norms against the use of WMDs are strong, but the probability of WMDs falling into the hands of terrorists and rogue actors, who are seeking them not for building deterrence but for unleashing pure terror, is a profound challenge that we all must address.


The nonexistence of all forms of WMDs is the best defense against the use or threat of use of them.


Mr. Chair,


We commend the works of the Organization for the Prohibition of Chemical Weapons, including its recent achievement in destroying all declared chemical weapons stockpiles, amid numerous challenges it has faced over the last few years. Although this is a very significant and hard-won achievement for the OPCW, we should be aware that chemical weapons threats still exist.


It is regrettable that the Fifth and Fourth Review Conferences of the Chemical Weapons Convention were not able to reach consensus to adopt an outcome document.


At the same time, we echo the call for promoting international cooperation and assistance in the fields of chemistry that are not prohibited under the CWC.


Mr. Chair,


We note with satisfaction the outcomes of the 9th BWC Review Conference, which has decided to establish a new Working Group mandated to making recommendations that can strengthen the BWC. We believe that this is an important step towards addressing existing gaps of the treaty, including the much-needed verification mechanism through a legally-binding additional protocol.


We also stress the need for exercising dual-use export controls to help safeguard a wide range of products and technologies against being used in the service of developing WMDs.


The international community also needs to actively scrutinize emerging technologies that may have potentials for making the development of current WMDs easier, or opening the door to new types of WMDs.


Mr. Chair,


Regarding my country Myanmar, I wish to reiterate that the past chemical weapons programme of the military has put Myanmar in non-compliance with the provisions of the CWC. A military facility near the Tongbo Town of Bago Region, located in the southern central part of Myanmar, manufactured sulfur mustard in the 1980s, and the military has strictly classified this programme. The elected civilian government of Myanmar learnt of this issue only a few years ago, but any efforts to resolve this non-compliance have been put to an end by the military that launched an illegal coup in February 2021.


Given both their historical record and ongoing brutalities, including barbaric murders against the people of Myanmar, it is crucial for the world to recognize that the military is fully capable of posing any significant threat to the people.


I also urge the international community to carefully monitor this rogue junta’s attempts to acquire dual-use items and not to provide any type of weapons to the inhumane military junta in order to save lives of innocent people.


Thank you.



*****






bottom of page