top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun at Thematic Discussion at 1C of 77th UNGA




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at Thematic Discussion on Other Disarmament Measures and International Security at the First Committee of the 77th Session of the UN General Assembly, held on 24 October 2022


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ (လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ) ၏ ဘာသာရပ်ဆိုင်ရာဆွေးနွေးမှုအစီအစဉ်၌ “အခြားလက်နက်ဖျက်သိမ်းရေးလုပ်ငန်းစဉ်များနှင့် နိုင်ငံတကာလုံခြုံရေး” ခေါင်းစဉ်ဖြင့် မြန်မာစစ်တပ်၏ သတင်းအချက်အလက်နှင့်နည်းပညာအား ၎င်းတို့အာဏာတည်မြဲရေးအတွက် အသုံးပြုနေမှုကို နိုင်ငံတကာအသိုက်အဝန်းနှင့် နည်းပညာအသိုက်အဝန်းမှ တားဆီးပေးပါရန် ပြောကြားခဲ့ပြီး၊ ဖားကန့်ဒေသ အနန်ပ၌ အပြစ်မဲ့ပြည်သူများအား စစ်တပ်မှ စစ်လေယာဉ်ဖြင့် ဆိုးရွားယုတ်မာစွာ ဗုံးကြဲ၍ ပြည်သူများ အသက်ဆုံးရှုံးခဲ့ရမှုကို အသိပေးကာ မြန်မာပြည်သူများ၏ အသက်များကို ကယ်တင်ရန်အတွက် မြန်မာစစ်တပ်သို့ လက်နက်တင်ပို့ရောင်းချနေသည့် နိုင်ငံများအနေဖြင့် တင်ပို့ရောင်းချမှုများကို ချက်ချင်းရပ်တန့်ပေးရန် ထပ်မံတိုက်တွန်းခဲ့


(နယူးယောက်မြို့၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်)


၁။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့တွင် (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ၏ ဘာသာရပ်ဆိုင်ရာဆွေးနွေးမှုအစီအစဉ်၌ “အခြားလက်နက်ဖျက်သိမ်းရေး လုပ်ငန်းစဉ်များနှင့် နိုင်ငံတကာ လုံခြုံရေး” ခေါင်းစဉ်ဖြင့် မိန့်ခွန်းတစ်ရပ် ပါဝင်ပြောကြားခဲ့ပါသည်။


၂။ သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ မိန့်ခွန်းတွင် အောက်ဖော်ပြပါအချက်များ ပါဝင်ပါသည်−


(က) ပိုမိုကောင်းမွန်လုံခြုံသော နိုင်ငံတကာလုံခြုံရေး အသိုက်အဝန်းတစ်ခု တည်ထောင်နိုင်ရေးအတွက် နိုင်ငံတကာလက်နက်ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေးဆိုင်ရာယန္တရားကို ခိုင်မာစေရန် ဆောင်ရွက်နေသကဲ့သို့ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် နိုင်ငံတကာဆိုက်ဘာ လုံခြုံရေးကဏ္ဍရှိ ဆိုက်ဘာလုံခြုံရေး ခြိမ်းခြောက်မှုများနှင့် စိန်ခေါ်မှုများအပေါ်တွင်လည်း အလေးထားဂရုပြုဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊


(ခ) သတင်းအချက်အလက်နှင့်နည်းပညာများ အရှိန်အဟုန်ဖြင့် တိုးတက်လာမှုသည် ကမ္ဘာ့နိုင်ငံ အသီးသီးရှိ ပြည်သူများအတွက် မကြုံစဖူးအခွင့်အလမ်းများနှင့်အတူ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အတွက် များစွာအထောက်အကူပြုနေခြင်းကို ငြင်းဖွယ်မရှိပါကြောင်း၊


(ဂ) တစ်ချိန်တည်းမှာပင် ဆိုက်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ရာဇဝတ်မှုများကျူးလွန်ရန် စိတ်အားထက်သန်သည့်နိုင်ငံများ သို့မဟုတ် အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏ ဆောင်ရွက်နိုင်မှုလမ်းကြောင်းများမှာလည်း တိုးမြင့်လာပြီး၊ ကမ္ဘာ့နိုင်ငံအသီးသီးရှိ ပြည်သူများ၏ နေ့စဉ်ဘဝ များမှအစပြု၍ နိုင်ငံတကာငြိမ်းချမ်းရေးနှင့်လုံခြုံရေးသို့ ဦးတည်နေသည့် ဆိုက်ဘာခြိမ်းခြောက်မှုများမှာ ပျံ့နှံ့လာပါကြောင်း၊ ဆိုက်ဘာကဏ္ဍအား ပဋိပက္ခ၊ စစ်ပွဲဆိုင်ရာ လမ်းကြောင်းများအဖြစ် အသုံးပြုလာ ပါကြောင်း၊


(ဃ) သို့ပါ၍ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဆိုက်ဘာခြိမ်းခြောက်မှုများအား လျှော့ချရေးနှင့် သတင်း အချက်အလက်၊ နည်းပညာ၏ အကျိုးပြုမှုများကို မြှင့်တင်ရေးဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊


(င) ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းရေးနှင့် တည်ငြိမ်လုံခြုံသော ဆိုက်ဘာအသိုက်အဝန်းတစ်ခု တည်ဆောက်ရေးတွင် ကုလသမဂ္ဂအဖွဲ့အစည်းနှင့် နိုင်ငံစုံအဆင့်ပူးပေါင်း ဆောင်ရွက်မှုများ၏ အရေးပါမှုကို မြန်မာနိုင်ငံအနေဖြင့် ထောက်ပြလိုပါကြောင်း၊ သတင်းအချက် အလက်နှင့် နည်းပညာအား လုံခြုံစွာအသုံးပြုမှု (၂ဝ၂၁−၂၀၂၅) ဆိုင်ရာ လုပ်ငန်းအဖွဲ့၏ ဆောင်ရွက်ချက် များအပေါ် ထောက်ခံ၍ ၂ဝ၂၂ ခုနှစ် ဇူလိုင်လအတွင်း တူညီဆန္ဒဖြင့် First Annual Progress Report အား အတည်ပြုခဲ့ခြင်းကို ကြိုဆိုပါကြောင်း၊ OEWG အား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် သွားနိုင်ရေးအတွက် အဖွဲ့ဝင်နိုင်ငံများမှ အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားလိုပါကြောင်း၊ ထို့အပြင် Group of Governmental Experts (GGE) အဖွဲ့၏ အရေးပါမှုကိုပါ အသိအမှတ်ပြု ဖော်ပြလိုပါကြောင်း၊


(စ) လွတ်လပ်စွာ ထုတ်ဖော်ခွင့်နှင့် အခြေခံအခွင့်အရေးများကို ဖိနှိပ်ရန် သတင်းအချက်အလက်နှင့် နည်းပညာကို လက်နက်သဖွယ်အသုံးပြုနေမှုကို ကန့်ကွက်ရှုတ်ချပါကြောင်း၊ တရားမဝင်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် နိုင်ငံတစ်နိုင်ငံ၏ ဆိုင်ဘာကဏ္ဍဆိုင်ရာ စံနှုန်းများနှင့် အဆင့်အတန်း များသည် မြန်မာစစ်တပ်၏ထိန်းချုပ်မှုအောက်တွင် ပြိုလဲပျက်ဆီးခဲ့ပါကြောင်း၊ ပြည်သူများအနေဖြင့် အင်တာနက်ကို လွတ်လပ်လုံခြုံစွာအသုံးပြုနိုင်ခွင့် ဆုံးရှုံးခဲ့ရသည့်အပြင် တရားမဝင်အာဏာသိမ်းစစ်တပ် သည် နိုင်ငံအတွင်းရှိပြည်သူများနှင့် နိုင်ငံပြင်ပရောက် ပြည်သူများအပေါ်တွင် ဖုန်း/ ဆက်သွယ်ရေးလိုင်းများ ကြားဖြတ်ခိုးယူနားထောင်ခြင်း နှင့် ဆိုင်ဘာတိုက်ခိုက်မှုများကို ကျူးလွန်ခဲ့ပါကြောင်း၊

(ဆ) ထို့အပြင် အစိုးရဝန်ကြီးဌာနများတွင် စစ်တပ်ထောက်ခံသော သတင်းပေးများကို ဝန်ထမ်းများ၏ ဆိုရှယ်မီဒီယာအသုံးပြုမှုအား စောင့်ကြည့်ထိန်းချုပ်ရန် တာဝန်ပေး၍ ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ မွေးနေ့တွင် ဆိုရှယ်မီဒီယာအပေါ်၌ ရိုးရှင်းစွာ မွေးနေ့ဆုတောင်းခဲ့သူ ဝန်ထမ်းအချို့ ကိုပင် ဖမ်းဆီးထောင်ချခဲ့မှုများ ရှိခဲ့ပါကြောင်း၊ စစ်တပ်အား ဆန့်ကျင်သည့် ထုတ်ဖော်ပြောကြားမှုအလုံးစုံကို ထိန်းချုပ်ဖယ်ရှားရန်အတွက် လက်ရှိတွင် မြန်မာစစ်တပ်သည် ပြင်းထန်သော ဆိုက်ဘာလုံခြုံရေးဥပဒေကို ပြဌာန်းရန် ကြိုးပမ်းနေပါကြောင်း၊


(ဇ) သို့ပါ၍ မြန်မာစစ်တပ်၏ သတင်းအချက်အလက်နှင့် နည်းပညာအား ၎င်းတို့အာဏာတည်မြဲရေး အတွက် အသုံးပြုနေမှုကို နိုင်ငံတကာအသိုက်အဝန်းနှင့် နည်းပညာအသိုက်အဝန်းမှ တားဆီးပေးပါရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊


(ဈ) အောက်တိုဘာလ ၂၃ ရက်နေ့၊ ညနေပိုင်းတွင် အကြမ်းဖက် ဖက်ဆစ်စစ်တပ်သည် လွတ်လပ်သော ကချင်အဖွဲ့အစည်း (Kachin Independent Organization – KIO) ၏ ၆၂ နှစ်မြောက် နှစ်ပတ်လည်နေ့ ကျင်းပရာနေရာအား စစ်လေယာဉ်များကိုအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသဖြင့် အနုပညာ ရှင်များ၊ အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် ပြည်သူအများအပြား သေဆုံးခဲ့ရသည်ဟု သိရှိရပါကြောင်း၊ အဆိုပါတိုက်ခိုက်မှုသည် ဖက်ဆစ်စစ်တပ်၏ တိုင်းရင်းသား ကချင်လူမျိုးစုအပေါ် ရက်စက် ယုတ်မာသော ကျူးလွန်မှုဖြစ်ပြီး လူသားမျိုးနွယ်စုအပေါ် ကျူးလွန်မှုနှင့် စစ်ရာဇဝတ်မှု မြောက်ပါကြောင်း၊


(ည) အဆိုပါတိုက်ခိုက်မှုသည် စစ်တပ်၏ တစ်ခုတည်းသော လူမဆန်သည့် ရက်စက်ယုတ်မာမှု မဟုတ်ပါကြောင်း၊ စစ်တပ်သည် လွန်ခဲ့သည့် လပေါင်း (၂ဝ) ခန့်အတွင်း နိုင်ငံအတွင်းရှိ ပြည်သူများအပေါ် အကြိမ် (၂၄ဝ) ထက်ပိုသော လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါကြောင်း၊ စစ်တပ်သည် လက်နက်နှင့် ဆက်စပ်နည်းပညာများ ဆက်လက်ရရှိနေမည်ဆိုပါက မြန်မာပြည်သူများနှင့် ကလေးများအပေါ် ရက်စက် သော လူမဆန်သော တိုက်ခိုက်သတ်ဖြတ်မှုများကို ကျူးလွန်နေမည်မှာ မလွဲဧကန်ဖြစ်ပါကြောင်း၊ သို့ပါ၍ မြန်မာပြည်သူများ၏ အသက်များကို ကယ်တင်ပေးနိုင်ရေးအတွက် မြန်မာစစ်တပ်သို့ လက်နက်များ တင်ပို့ရောင်းချနေသည့် နိုင်ငံများအနေဖြင့် တင်ပို့ရောင်းချမှုများကို ချက်ချင်းရပ်တန့်ပေးပါရန် တိုက်တွန်း ပါကြောင်း၊


(ဋ) နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို မထိခိုက်သော၊ နိုင်ငံတကာဥပဒေ၊ အခြေခံလွတ်လပ်ခွင့် များနှင့် လူ့အခွင့်အရေးများကို မြှင်တင်ပေးသော လုံခြုံ၍ ငြိမ်းချမ်းစွာ အသုံးပြုနိုင်သည့် ဆိုက်ဘာ အသိုက်အဝန်းတစ်ခု တည်ထောင်ရေးအပေါ် ပူးပေါင်းဆောင်ရွက်သွားမည့် ကတိကဝတ်ကို အတည်ပြု ပြောကြားလိုပါကြောင်း။


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ တင်ပြအပ်ပါသည်။


၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


*****

Please check against delivery

Statement by Ambassador Kyaw Moe Tun, Permanent Representative of Myanmar to the United Nations

Thematic Discussion on Other Disarmament Measures and International Security at the First Committee of the 77th Session of the UN General Assembly


(New York, 24 October 2022)


Mr. Chair,


Myanmar associates itself with the statements delivered on behalf of NAM and ASEAN.


Mr. Chair,


We are working to strengthen the mechanism of global disarmament and non-proliferation, and to build a better and safer international security architecture. Likewise, we also need to pay high attention to the existential threats from cyber security issues and their potential challenges to the international cybersecurity climate.


There is no doubt that different aspects of our lives would grind to a halt in the absence of communication and information technologies (ICTs). Exponential growth of ICTs has enabled us to embrace unprecedented opportunities and socio-economic developments, benefiting everyone all over the world including even those who have no access to or have very limited understanding of ICTs.


At the same time, cyberspace is becoming more and more susceptible to malicious actors and non-state actors whose complex capabilities are growing at the same pace as ICTs itself. Pervasive cyber threats, which are transboundary, elusive and evolving, have serious consequences for international peace and security, and our day-to-day lives. Cyberspace has already become a method of warfare, as we have witnessed over the last two decades.


Thus, it is imperative for all of us to guide ourselves with international norms and standards to minimize cyber threats and maximize positive benefits of ICTs. In this regard, Myanmar wishes to underscore the principal role of the United Nations and the multilateral efforts of the member states in addressing the cybersecurity challenges and in constructing a secure and stable cybersecurity environment. Accordingly, Myanmar reiterates its supports for the work of the open-ended working group on security of and in the use of ICTs (2021-2025) and welcomes the adoption of the first Annual Progress Report by consensus in July 2022. We call for all parties to work together in good faith with maximum flexibility for the continued progress of the OEWG. We also highly appreciate the important work of the Group of Governmental Experts (GGE) that has provided valuable inputs to this topic.


Mr. Chair,


We condemn the use of ICTs as a weapon to suppress fundamental rights and freedom of expression. Back in my home country Myanmar, norms and standards that can define responsible behaviours of a state in the realm of cyberspace have eroded under the military dictatorship. Free, secure and open internet is no longer feasible as the junta is exercising a digital dictatorship. Wiretapping and cyberattacks against its own people, including Myanmar nationals living abroad, is the new norm. The junta has recruited some pro-junta informants in government ministries to actively monitor the social media activities of civil servants. Even posting a simple birthday wish on the social media for the State Counsellor Aung San Suu Kyi has landed some government staff in jail. The junta is also attempting to enact a draconian cybersecurity law that is specifically designed only to eliminate any dissent and expressions against the military junta. We urge the international community and the tech industry to help repeal the junta’s misuse of ICTs in their cling to power.


Mr. Chair,


Taking this opportunity, I wish to draw your kind attention to the recent heinous crimes committed by the fascist military against ethnic Kachin minorities. In the evening of 23 October 2022, the terrorist military fighter jets bombed and attacked on civilians at the music concert held in A Nang Pa, Brigade 9 of Kachin Independent Army (KIA) in Kachin State, Myanmar, to celebrate the anniversary 62nd Kachin Independent Organization (KIO) Day which falls on 25 October 2022. It reportedly resulted in death of many people including artists, women and children and so many injured. It clearly constitutes a crime against humanity and a war crime. It is not an isolated incident. Last over 20 months, the terrorist military have carried out more than 240 airstrikes against civilian population across the country including the ethnic areas and committed a number of massacres. As long as the military retains its access to weapons and technologies, they will continue to commit their brutal and inhumane atrocities against the people, including children. I wish to urge those member states who are exporting deadly weapons and technologies to the military to stop it immediately. We believe that it will save lives of Myanmar people.


To conclude, Mr. Chair, we affirm our commitments to building a secure and peaceful cyberspace that prevents nefarious activities undermining international peace and security, and promotes the application of international law, fundamental freedoms and human rights.


I thank you.


******







bottom of page