top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun at Thematic Debate on Nuclear Weapons of 1C of 77th UNGA




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Thematic Debate on Nuclear Weapons of the First Committee of the 77th Session of the UN General Assembly, held on 18 October 2022


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ (လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ) ၏ ဘာသာရပ်ဆိုင်ရာဆွေးနွေးမှုအစီအစဉ်၌ “နျူကလီးယားလက်နက်များ” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံသည် နျူကလီးယားလက်နက်ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေးအတွက် အပြည့်အဝဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ အသေးစားနျူကလီးယား ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် ကြိုးပမ်းနေသည့် မြန်မာစစ်တပ်အား နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မျက်ခြေမပြတ် စောင့်ကြည့်ပေးရန် ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၈ ရက်)


၁။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ၏ ဘာသာရပ်ဆိုင်ရာဆွေးနွေးမှုအစီအစဉ်တွင် “နျူကလီးယားလက်နက်များ” ခေါင်းစဉ်ဖြင့် မိန့်ခွန်းတစ်ရပ် ပါဝင်ပြောကြားခဲ့ပါသည်။


၂။ သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ မိန့်ခွန်းတွင် အောက်ဖော်ပြပါအချက်များ အဓိကပါဝင်ပါသည်−


(က) နျူကလီးယားစစ်ပွဲတွင် မည်သူမျှနိုင်သူမရှိသလို၊ နျူကလီးယားစစ်ပွဲကို မည်သည့်အချိန်တွင်မျှ ပြုလုပ်၍ မရကြောင်း၊ ထို့ကြောင့် နျူကလီးယားလက်နက်အန္တရာယ်ကို မည်သည့်အခြေအနေတွင်မျှ မြှင့်တင်၍ ရမည်မဟုတ်ကြောင်း၊ သို့ဖြစ်ရာ နျူကလီးယားလက်နက်များ အလုံးစုံဖျက်သိမ်းခြင်းသည် နျူကလီးယားလက်နက်များအသုံးပြုမှု သို့မဟုတ် ယင်းလက်နက်များ အသုံးပြု၍ ခြိမ်းခြောက်မှုများမှ ကာကွယ်ပေးနိုင်သည့် တစ်ခုတည်းသော အာမခံချက်ဖြစ်ပါကြောင်း၊


(ခ) နျူကလီးယား ခြိမ်းခြောက်မှုများသည် လူသားမျိုးနွယ်တည်ရှိမှုအတွက် အဆိုးရွားဆုံးလုံခြုံရေး ခြိမ်းခြောက်မှုဖြစ်ပါကြောင်း၊ ထို့အပြင် အခြားခြိမ်းခြောက်မှုများဖြစ်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပြဿနာများ၊ စီးပွားရေးအကျပ်အတည်း များနှင့် ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါကပ်ဆိုးများ စသည့် စိန်ခေါ်မှုများစွာ ထက်ပို၍ အန္တရာယ်ရှိသော လုံခြုံရေးခြိမ်းခြောက်မှုဖြစ်သည့်အပြင် နျူကလီးယားခြိမ်းခြောက်မှုမှတစ်ဆင့် အဆိုပါစိန်ခေါ်မှုများစွာကို ဆင့်ကဲဖြစ်ပွားစေနိုင်ကြောင်း၊


(ဂ) သို့ပါ၍ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ဦးတည်နေသည့် နျူကလီးယားလက်နက်ဖျက်သိမ်းရေးဆိုင်ရာ ဆောင်ရွက်မှုများကို အလွန်အရေးကြီးသော တာဝန်အဖြစ် မှတ်ယူလျက် နှစ်ဆတိုး၍ ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊


(ဃ) နျူကလီးယားလက်နက်မပြန့်ပွားရေးစာချုပ် (NPT) အဖွဲ့ဝင်နိုင်ငံများ၏ လုပ်ဆောင်မှုများ ပြန်လည်သုံးသပ်ရေးဆိုင်ရာ (၁၀) ကြိမ်မြောက်ညီလာခံတွင် အစည်းအဝေးရလဒ်အပေါ် တူညီဆန္ဒမရရှိခဲ့၍ အတည်မပြုနိုင်ခဲ့ခြင်းအတွက် များစွာစိတ်မကောင်းဖြစ်မိပါကြောင်း၊ စာချုပ်ပါအချက်များကို ရှေ့ဆက် အကောင်အထည်ဖော်နိုင်ရေးအတွက် အဖွဲ့ဝင်နိုင်ငံများသည် ပိုမိုကောင်းမွန်သော ဆွေးနွေးညှိနှိုင်းမှုများနှင့် သဘောထားပျော့ပြောင်းမှုများ ရှေ့ထား၍ ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ အဆိုပါစာချုပ်သည် နျူကလီးယားလက်နက်ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေးအတွက် အရေးကြီးသည့် ထောက်တိုင်တစ်ခုဖြစ်ရာ နျူကလီးယားလက်နက်ပိုင်ဆိုင်သောနိုင်ငံများမှ စာချုပ်ပါအချက်များကို အပြည့်အဝလိုက်နာဆောင်ရွက် ကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊


(င) နျူကလီးယားလက်နက် တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ် (TPNW) အဖွဲ့ဝင်နိုင်ငံများ၏ ပထမ အကြိမ်မြောက်အစည်းအဝေးကို အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းအပေါ် ကြိုဆိုပါကြောင်း၊ နျူကလီးယား လက်နက်စမ်းသပ်ပိတ်ပင်မှုဆိုင်ရာစာချုပ် (CTBT) သို့ အတည်ပြုပါဝင်သည့်နိုင်ငံများ တိုးပွားလာခြင်း အပေါ် ဝမ်းမြောက်မိပါကြောင်းနှင့် အဆိုပါစာချုပ်အသက်ဝင်ရေးအတွက် အတည်ပြုပါဝင်ခြင်း မပြုရသေး သည့် အထူးသဖြင့် နောက်ဆက်တွဲ (၂) တွင် ပါဝင်သည့် နိုင်ငံများမှ ပါဝင်သွားကြရန် တိုက်တွန်းလို ပါကြောင်း၊


(စ) လက်နက်ဖျက်သိမ်းရေးညီလာခံအောက်ရှိ Fissile Material Cut-Off Treaty (FMCT) ဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှု လုပ်ငန်းစဉ်များ ရှေ့ဆက်ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံ များမှ သဘောထားပျော့ပြောင်းသည့် ညှိနှိုင်းမှုများဖြင့် ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊


(ဆ) အရှေ့တောင်အာရှ နျူကလီးယားကင်းမဲဇုံအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံသည် နျူကလီးယားလက်နက်ဖျက်သိမ်းရေးအတွက် အရေးပါသည့် နျူကလီးယားလက်နက်ကင်းမဲ့ဇုံများ တည်ထောင်ရေးအပေါ် သဘောတူပါကြောင်း၊


(ဇ) မြောက်ကိုရီးယားနိုင်ငံက နျူကလီးယား ပဲ့ထိန်းဒုံးကျည်များ စမ်းသပ်နေခြင်းအပေါ် နိုင်ငံများ အထူးသဖြင့် ဒေသတွင်းနိုင်ငံများမှ စိုးရိမ်လျက်ရှိကြောင်း၊ မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ သက်ဆိုင်ရာအဆိုမူကြမ်းများအပေါ် လေးစားလိုက်နာသွားရန် တိုက်တွန်းလိုကြောင်း၊


(ဈ) မြန်မာနိုင်ငံ၏ ရွေးကောက်ခံပြည်သူ့အစိုးရသည် နျူကလီးယားလက်နက်ဖျက်သိမ်းရေးနှင့် အလုံးစုံဖျက်သိမ်းရေးကို အဓိကအရေးပါသည့် ဦးစားပေးလုပ်ငန်းစဉ်အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ သော်လည်း ၂၀၂၁ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် တရားမဝင်အာဏာသိမ်းမှုသည် ရွေးကောက်ခံပြည်သူ့ အစိုးရ၏ နျူးကလီးယားလက်နက်ဖျက်သိမ်းမှုဆိုင်ရာ ဆောင်ရွက်ချက်များအပေါ် များစွာထိခိုက်ခဲ့ ပါကြောင်း၊ သမိုင်းကြောင်းအရ မြန်မာစစ်တပ်သည် နျူကလီးယား လက်နက်ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေးကိစ္စများတွင် ကောင်းမွန်သည့် မိတ်ဖက်မဖြစ်ခဲ့ဖူးပါကြောင်း၊


(ည) International Atomic Energy Agency (IAEA) ၏ ညွှန်ကြားချက်များနှင့် NPT ဆိုင်ရာ တတိယမဏ္ဍိုင်တို့ကို အပြည့်အဝလိုက်နာ၍ နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းစွာ အသုံးပြုရေး ကို မြန်မာနိုင်ငံအနေဖြင့် လက်ခံပါကြောင်း၊ သို့သော်လည်း နိုင်ငံအတွင်း ဆိုးဝါးသော စီးပွားရေး အခြေအနေများနှင့် အသိပညာ၊ အတတ်ပညာရှင်များ နိုင်ငံပြင်ပသို့ အစုအပြုံလိုက်ထွက်ခွာနေမှုများကို လျစ်လျူရှုလျှက် မြန်မာစစ်တပ်သည် နောင်နှစ်အနည်းငယ်အတွင်း၌ အသေးစားနျူးကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ကုမ္ပဏီတစ်ခုနှင့် မကြာသေးမီက စာချုပ်ချုပ်ဆိုထားပါကြောင်း၊ သို့ပါ၍ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် မြန်မာစစ်တပ်အား မျက်ခြေမပြတ် စောင့်ကြည့်ပေးရန် တိုက်တွန်းပြောကြားလိုကြောင်း၊


(ဋ) မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားလက်နက်ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေး၊ နျူကလီးယား လက်နက်ကင်းစင်သော ကမ္ဘာကြီးဖြစ်ပေါ်လာစေရေးအတွက် အပြည့်အဝဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊


(ဌ) မြန်မာနိုင်ငံမှ နှစ်စဉ် ဦးဆောင်တင်သွင်းသည့် “Nuclear Disarmament” ခေါင်းစဉ်ပါ ဆုံးဖြတ်ချက်အဆိုမူကြမ်းတစ်ရပ်ကို ယခုနှစ်တွင်လည်း တင်သွင်းထားပြီးဖြစ်ရာ ယင်းအဆိုမူကြမ်းအပေါ် အဖွဲ့ဝင်နိုင်ငံများ၏ ထောက်ခံပံ့ပိုးမှုပေးရန်၊ ပူးတွဲအဆိုရှင်အဖြစ်ပါဝင်ရန် မေတ္တာရပ်ခံပါကြောင်း။


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲတင်ပြအပ်ပါသည်။


၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



*****

Please check against delivery


Statement by H.E. Mr. Kyaw Moe Tun, Permanent Representative of Myanmar to the United Nations

at the Thematic Debate on Nuclear Weapons

First Committee of the 77th Session of the UN General Assembly


(New York, 18 October 2022)


Mr. Chair,


Myanmar associates itself with the statements delivered on behalf of NAM and ASEAN.


Mr. Chair,


Driven by narrow national interests, international security environment that underpins the global nuclear disarmament and non-proliferation mechanism has gone haywire, lessening the likelihood of reducing nuclear stockpiles and strengthening the ill-advised incentives for further proliferations. We all agree that a nuclear war cannot be won and must never be fought, so there is no point in raising the nuclear ante. Many view that nuclear deterrence is a false sense of confidence that requires a commitment to mass murder, with ample rooms for miscalculations and accidents. Therefore the only way to safeguard us from the use or threat of use of nuclear weapons is their total elimination.


Mr. Chair,


Nuclear threats are the most serious security challenge, risking the existence of humankind and staying ahead of or bringing all other threats including environmental disaster, humanitarian disaster, economic crisis, and health problems. That is why this time is paramount important for us to reaffirm our faith of this committee and to redouble our efforts on nuclear disarmament, leading to international peace and security.


We share the disappointment for the failure of the Tenth Review Conference of the Nuclear Non-Proliferation Treaty to reach consensus on the final document. Needless to say that stronger multilateral efforts and more flexibility from the state parties are needed to fulfill our commitments and obligations under the NPT. For Myanmar, We affirm our commitment to the Nuclear Non-Proliferation Treaty as the cornerstone of nuclear disarmament and non-proliferation regime. We once again ask all nuclear-weapon states to fully implement their obligations under the NPT.


We welcome the successful convening of the first meeting of the State Parties of the Treaty on the Prohibition of Nuclear Weapons (TPNW) in June this year. We are pleased to witness the increased number of state parties of the Comprehensive Nuclear-Test-Ban Treaty (CTBT). But for non-proliferation, the entry-into-force of CTBT is still pressing concern for all of us. We therefore call upon all Annex II states outside this treaty to ratify it as soon as possible.


We also urge all relevant state parties to resolve their differences to work towards the commencement of negotiation on Fissile Material Cut-Off Treaty (FMCT) under the Conference on Disarmament that is long overdue.


As a state party to Southeast Asia Nuclear-Weapons-Free Zone, Myanmar fully agrees that the establishment of nuclear-weapon-free zones contributes towards disarming nuclear weapons, which is our collective goal in nuclear disarmament agenda.


Repeated nuclear-capable ballistic missiles launches by the DPRK is a great concern for many countries especially countries in the region for further destabilizing factor to the regional peace and security of the Korean Peninsula. We urge the DPRK to respect all relevant UNSC resolutions.


Mr. Chair,


Myanmar reaffirms its commitment on nuclear disarmament and total elimination of nuclear weapons. It has been set as a top priority of the disarmament agenda by the elected civilian government. However all our efforts were made in vain by the illegal military coup in February 2021. The history tells us that the military junta has never been a good partner in nuclear disarmament and non-proliferation.


Although we agree with the peaceful use of nuclear energy in line with the IAEA’s guidelines and third pillar of NPT, we wish to stress that it is important to keep a close eye on the inhumane junta which recently signed an agreement with a company from the Russian Federation to build a small-scale nuclear power plant in the next few years, despite worsening economic conditions and mass exodus of educated workforce.


Mr. Chair,


In conclusion, Myanmar reaffirms its full commitments to nuclear disarmament and non-proliferation. We will continue to work towards our shared goal of building a world free of nuclear weapons. In doing so, as stated during the general debate session, Myanmar has submitted its traditional resolution A/C.1/77/L.42, titled “Nuclear Disarmament”. We express our sincere appreciations to fellow member states for their support and co-sponsorship.


Thank you.


*****






bottom of page