top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun at the Virtual Commemoration of the International Day of Vesak




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations at the Virtual Commemoration of the International Day of Vesak, held on 13 May 2022


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


၂၀၂၂ ခုနှစ်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓနေ့အထိမ်းအမှတ် အခမ်းအနား

(International Day of Vesak 2022) သို့ မြန်မာအမြဲတမ်းကိုယ်စားလှယ်

သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ခြင်း


(နယူးယောက်မြို့၊ ၂၀၂၂ ခုနှစ်၊ မေလ ၁၃ ရက်)


၁။ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓနေ့အထိမ်းအမှတ် အခမ်းအနားကို နယူးယောက်မြို့ အခြေစိုက် ကုလသမဂ္ဂ ဆိုင်ရာ သီရိလင်္ကာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် ထိုင်းနိုင်ငံ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး တို့မှ ပူးတွဲကမကထပြုလုပ်၍ ၂၀၂၂ ခုနှစ်၊ မေလ (၁၃) ရက်နေ့တွင် online ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားကို သီရိလင်္ကာ အမြဲတမ်းကိုယ်စားလှယ်နှင့် ထိုင်းအမြဲတမ်း ကိုယ်စားလှယ်တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားတွင် အထွေထွေညီလာခံ၏ သဘာပတိ၊ ထိုင်းနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးနှင့် သီရိလင်္ကာနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ pre-recorded မိန့်ခွန်းများ ပြောကြားခဲ့ပါသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်မှ ပေးပို့သည့် မိန့်ခွန်းကိုလည်း ဖော်ပြခဲ့ပါသည်။ ထို့အပြင် သံဃာတော်၊ ဆရာတော်များက ထေရဝါရဗုဒ္ဓဘာသာ အစဉ်အလာဖြင့်လည်းကောင်း၊ မဟာယနအစဉ်အလာဖြင့် လည်းကောင်း ဗုဒ္ဓတရားတော်၏ အဆုံးအမကို ခံယူခဲ့ပါသည်။ ထို့နောက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း အပါအဝင် နီပေါ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ တရုတ်၊ ကမ္ဘောဒီးယား၊ စင်ကာပူ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ အီဂျစ်၊ ပါကစ္စတန်၊ ဂျပန်၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ လာအို၊ ရုရှားနှင့် မလေးရှားနိုင်ငံတို့မှ အမြဲတမ်းကိုယ်စားလှယ်များနှင့် ဒုတိယအမြဲတမ်းကိုယ်စားလှယ်များက မိန့်ခွန်းများ အသီးသီးပြောကြား ခဲ့ကြပါသည်။


၂။ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ မိန့်ခွန်းတွင် အောက်ဖော်ပြပါ အဓိကအချက်များ ပါဝင်ပါသည်-


(က) ယနေ့ ဗုဒ္ဓနေ့အထိမ်းအမှတ် အခမ်းအနားကို ပူးတွဲကြီးမှူးကျင်းပပေးကြပါသော သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့မှ အမြဲတမ်းကိုယ်စားလှယ်နှစ်ဦးတို့အား ကျေးဇူးတင်ရှိပါကြောင်း၊ ဗုဒ္ဓနေ့ကို နှစ်စဉ်ကျင်းပ ပြုလုပ်ပေးသည့်အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ထို့အပြင် ဗုဒ္ဓ၏ အဆုံးအမများနှင့် တရားတော် များကို ဟောကြားပေးပါသော သံဃာတော်၊ ဆရာတော်များကိုလည်း ကျေးဇူးဥပကာရတင်ရှိပါကြောင်း၊


(ခ) ယနေ့အချိန်အခါ၌ ကမ္ဘာ့နေရာအနှံ့အပြားတွင် ကိုဗစ်-၁၉ ကပ်ရောဂါမှအစပြု၍ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးရာ စိန်ခေါ်မှုပေါင်း မြောက်များစွာကို ရင်ဆိုင်နေရချိန်တွင် မြတ်စွာဘုရား၏ တရားတော်နှင့် အဆုံးအမများ သည် နာယူကြည်ညိုဖွယ်ကောင်း၍ မိမိတို့၏ စိတ်နှလုံးများကို အမှန်ပင်တည်ငြိမ်အေးမြစေပါကြောင်း၊

(ဂ) ဗုဒ္ဓနေ့ဟူသည် မြတ်စွာဘုရား ဖွားမြင်တော်မူခြင်း၊ သဗ္ဗညုတဉာဏ်တော်ရရှိခြင်းနှင့် ပရိနိဗ္ဗာန်စံတော်မူခြင်းတို့ကို ဂုဏ်ပြုသော နေ့ထူးနေ့မြတ်ဖြစ်ပါကြောင်း၊ ထို့နည်းတူ မြတ်ဗုဒ္ဓ၏ တရားတော်များတွင် ဒုက္ခဟူသော ဆင်းရဲခြင်းတရား အမှန်တကယ်ရှိသည်ကိုပြသော ဒုက္ခသစ္စာ၊ သမုဒယသည် 'ဒုက္ခ'ကို ဖြစ်စေသော အကြောင်းအရင်းဟု ပြသော သမုဒယသစ္စာ၊ ဒုက္ခ၏ ငြိမ်းအေးရာ နိဗ္ဗာန်အမှန်တကယ်ရှိကြောင်းပြသော နိရောဓသစ္စာနှင့် နိဗ္ဗာန်ကိုရရှိရန် နည်းလမ်းသည် မဂ္ဂင်ရှစ်ပါးပင် ဖြစ်ကြောင်းကိုပြသော မဂ္ဂသစ္စာဟူသည့် သစ္စာ (၄) ပါးတို့ကိုလည်း သင်ကြားပေးထားပါကြောင်း၊ အဆိုပါတရားတော်များသည် မိမိတို့ နိစ္စဓူဝဖြတ်သန်းနေရသည့် အကြောင်းအရာများကို အမှန်ပင်ထင်ဟပ် စေပါကြောင်း၊ ထို့ကြောင့် လောဘ၊ ဒေါသ၊ မောဟ တို့ကို ရှောင်ကြဉ်နိုင်စေရန်လည်း ဤအချင်းအရာ များကို အမြဲသတိချပ်နိုင်ရန် လိုပါကြောင်း၊


(ဃ) မြန်မာပြည်သူပြည်သူများအနေဖြင့် ဗုဒ္ဓနေ့တွင် မဟာဗောဓိညောင်ပင်အား ရေသွန်းလောင်းခြင်း အပါအဝင် အခြားသော ကောင်းမှုကုသိုလ်အစုစုတို့ကို ပြုလုပ်၍ နှစ်စဉ်ဆင်နွှဲလေ့ရှိပါကြောင်း၊ သို့သော် ယမန်နှစ်မှစတင်၍ ဗုဒ္ဓနေ့ကို ပုံမှန်အခြေအနေကဲ့သို့ အပြည့်အဝဆင်နွှဲနိုင်ခြင်း မရှိတော့ပါကြောင်း၊


(င) မိမိတို့ ဗုဒ္ဓဘာသာဝင်များအနေဖြင့် မြတ်စွာဘုရား၏ တရားတော်များကို သက်ဝင်ယုံကြည်ကြ ပါကြောင်း၊ မိမိတို့အားလုံးအနေဖြင့် ဗြဟ္မစိုရ်တရား (၄) ပါးဖြစ်သည့် မေတ္တာ၊ ဂရုဏာ၊ မုဒိတာနှင့် ဥပေက္ခာတို့ကို နေ့စဉ်ကျင့်သုံးကြပါရန် တိုက်တွန်းပါကြောင်း၊


(စ) ထို့ကြောင့် မြန်မာနိုင်ငံတွင်သာမက မိမိတို့ ကမ္ဘာလောက တည်ငြိမ်အေးချမ်းစေရေးအတွက် ကောင်းမွန်သော အဆုံးအမများကို ဆက်လက်ကျင့်ကြံအားထုတ်ကြပါရန် တိုက်တွန်းလိုပါကြောင်း။


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။


၂၀၂၂ ခုနှစ်၊ မေလ ၁၃ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့။




Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar at the Virtual Commemoration of the International Day of Vesak


(New York, 13 May 2022)


Venerable Maha Sangha, Excellencies, Distinguish ladies and gentlemen,


Good morning and Mingalarbar.


At the outset, I would like to exgtend my sincere appreciation to the Permanent Representative of Sri Lanka, H.E. Mr. Mohan Pieris and the Permanent Representative of Thailand, H.E. Mr. Suriya Chindawongse for convening and co-hosting today’s event, a virtual commemoration of the International Day of Vesak. I am thankful towards your mission’s relentless effort to hold this auspicious occasion every year, particularly for Buddhists, as well as non-Buddhists and the general public. I would also like to express my special thanks to the venerable monks for their prayers and remarkable dhamma sermons.

Indeed, at this very critical juncture where the world is facing many various challenges from COVID pandemic to peace and stability, political, economic and social challenges, listening to religious blessings of the lord Buddha is truly heartwarming and helps to calm our minds. The Vesak Day commemorates the birth, enlightenment and passing to nirvana of Buddha. Buddha’s teachings taught us the Four Noble Truths. The Four Noble Truths are (1) truth of suffering, (2) truth of the cause of suffering, (3) truth of the end of suffering, and (4) truth of the path that leads to the end of suffering. These are so relevant to our daily lives and it is important to be mindful of them in order to avoid from lobha – greed, dosa – anger, and moha – ignorance.


As for Myanmar people, we have always celebrated this auspicious day every year to the fullest by doing different kinds of good deeds, especially pouring water to the Bodhi Tree. But we were unable to do so as usual since last year. However, we, Buddhists, have strong belief in the enlightenment of the lord Buddha, and we all are strongly encouraged to observe metta – loving-kindness, karuna – compassion, mudita – gladness at other success, upekkha – onlooking equanimity in our daily lives.


As such, I wish to take this opportunity to encourage everyone present to continue our good practices so that sustainable peace could prevail all over the world, including Myanmar. Last but not least, I wish all members of the international community good health and happiness.


Sadhu Sadhu Sadhu.


Thank you.


*****








bottom of page