top of page
  • Facebook Social Icon

Statement by Ambassador Kyaw Moe Tun, at the High-level Meeting on the Midterm Review of the New Urban Agenda

  • Writer: Myanmar Mission To UN
    Myanmar Mission To UN
  • Jul 29
  • 5 min read

Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the High-level Meeting on the Midterm Review of the New Urban Agenda, held on 28 July 2026


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂ အထွေထွေညီလာခံ၏ မြို့ပြသစ်တည်ဆောက်မှု အာဂျင်ဒါ (New Urban Agenda) အကောင်အထည်ဖော်မှုဆိုင်ရာနှစ်လယ် ပြန်လည်သုံးသပ်ရေး အဆင့်မြင့်အဆင့် အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဉီးကျော်မိုးထွန်း က

တရားမဝင် စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ စုစုပေါင်း အရေအတွက်သည် (၃.၇) သန်း ကျော်အထိ မြင့်တက်လာခဲ့၊


စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုများကြောင့် နေအိမ်ပေါင်း (၁၂၀,၀၀၀) ကျော် ပျက်စီးဆုံးရှုံးခဲ့ရ၊ နေရပ်စွန့်ခွာတိမ်းရှောင်နေရသူအရေအတွက် သိသိသာသာ မြင့်တက်လာမှုကြောင့် ပုံမှန်မဟုတ်သည့် မြို့ပြအခြေချနေထိုင်မှုများ ပိုမိုများပြားလာ၊ အခြေခံ ဝန်ဆောင်မှုများနှင့် အခြေခံအဆောက်အအုံများအပေါ် ကြီးလေးသော ဝန်ထုပ်ဝန်ပိုးများ ဖြစ်ပေါ် လာ၊


ရန်ကုန်မြို့တွင် မြို့ပြဆင်းရဲနွမ်းပါးမှု အတိုင်းအတာသည် ၂၀၁၇ ခုနှစ်တွင် (၁၀) ရာခိုင်နှုန်းရှိရာမှ ၂၀၂၃ ခုနှစ်တွင် (၄၃) ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့၊

မြို့ပြဆင်းရဲနွမ်းပါးမှု ပိုမိုကြီးမားလာခြင်းသည် ရွှေ့ပြောင်းနေထိုင်သူများ၊ အမျိုးသမီးများနှင့် လူငယ်များအပေါ် အချိုးအစား မမျှတစွာ ထိခိုက်စေ၊


ရန်ကုန်မြို့ မြို့ပြဆင်ခြေဖုံးဒေသများတွင် ရာဇဝတ်မှုများ၊ ငွေညှစ်ခြင်းများနှင့် အကြမ်းဖက်စစ်အုပ်စု၏ နှောင့်ယှက်မှုများ အပါအဝင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံမှုကင်းမဲ့ခြင်းတို့ကြောင့် လှုပ်ရှားသွားလာနိုင်မှု ကန့်သတ်ခံရပြီး အလုပ်အကိုင် ရှာဖွေရေးနှင့် မရှိမဖြစ် ဝန်ဆောင်မှုများ

ရရှိရေးတို့ကိုပါ ထိခိုက်လာစေ၊


မြန်မာနိုင်ငံတွင် ပဋိပက္ခ၊ အကြမ်းဖက်မှုနှင့် အတင်းအကျပ် နေရပ်စွန့်ခွာစေမှုတို့သည် မြို့ပြလူထု၏ ဆင်းရဲနွမ်းပါးမှု၊ လုံခြုံမှုကင်းမဲ့မှုတို့နှင့် ဆက်စပ်၍ ဖြစ်ပေါ်လျက်ရှိ၊

လက်ရှိအချိန်တွင် မြန်မာပြည်သူများသည် အကြမ်းဖက် စစ်အုပ်စု၏ အကြမ်းဖက်မှုများကြောင့် သာယာဝပြောရေးထက် အသက်ရှင် ရပ်တည်ရေးကို ဦးစားပေး ရွေးချယ်ရ၊


အကြမ်းဖက် စစ်အုပ်စုမှ စားနပ်ရိက္ခာကို လက်နက်သဖွယ် အသုံးချမှုကြောင့် အာဟာရရှိသည့် အစာထက် ရသည့် အစားအစာကိုသာလည်းကောင်း၊ စျေးကြီးကောင်းမွန်သည့်အစာထက်

အာဟာရဖြစ်သည့်အစာကိုသာလည်းကောင်း ဦးစားပေး ရွေးချယ်ရ၊

အကြမ်းဖက် စစ်အုပ်စု၏ ခွဲခြားမှုမရှိသည့် လေကြောင်းတိုက်ခိုက်မှုများကြောင့်

အဆောက်အအုံများထက် ဗုံးခိုကျင်းများကိုသာ ရွေးချယ်ရ၊

အကြမ်းဖက်စစ်အုပ်စု၏ လူနေရပ်ကွက် အိမ်ရာအဆောက်အဉီများကို ဖျက်ဆီးမှုကြောင့်

မြို့ပြဖွံ့ဖြိုးမှုထက် ပြန်လည်တည်ဆောက်ရေးကို ဦးစားပေးဆောင်ရွက်ရ၊


မြန်မာနိုင်ငံအနေဖြင့် မြို့ပြသစ်တည်ဆောက်မှု အာဂျင်ဒါနှင့်အညီ ရေရှည်တည်တံ့ပြီး အားလုံးပါဝင်ကာ ခံနိုင်ရည်ရှိသည့် မြို့ပြ ဖွံ့ဖြိုးတိုးတက်မှုကို အောင်မြင်စွာ ဖော်ဆောင်နိုင်ရေးအတွက် ပြဿနာ၏ အရင်းခံ အကြောင်းရင်းဖြစ်သော စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးကို

ဖြေရှင်းရမည်ဖြစ်၊ ယင်း စစ်အာဏာရှင်စနစ်အား အပြီးတိုင် အောင်မြင်စွာ အဆုံးသတ်ရန်

ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်)


၁။        မြို့ပြသစ်တည်ဆောက်မှု အာဂျင်ဒါ (New Urban Agenda) အကောင်အထည်ဖော်မှုဆိုင်ရာ နှစ်လယ် ပြန်လည်သုံးသပ်ရေး ကုလသမဂ္ဂအထွေထွေညီလာခံ၏ အဆင့်မြင့်အစည်းအဝေးကို ၂၀၂၆ ခုနှစ် ဇူလိုင်လ (၁၆)၊ (၁၇) နှင့် (၂၈) ရက်နေ့တို့တွင် ကျင်းပခဲ့ပါသည်။ အဆိုပါ အဆင့်မြင့်အစည်းအဝေးသည် ၂၀၂၆ ခုနှစ်အတွက် မြို့ပြသစ်တည်ဆောက်မှု အာဂျင်ဒါအကောင်အထည်ဖော်မှုအပေါ် ဆက်လက် လိုက်နာဆောင်ရွက်ရေးနှင့် UN-Habitat အား ခိုင်မာအားကောင်းစေရေးအတွက် ရည်ရွယ်ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေး၏ အထွေထွေဆွေးနွေးမှုတွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ (၁၁၀) ကျော်မှ ကိုယ်စားလှယ်များက မိန့်ခွန်းများ ပြောကြားခဲ့ကြပါသည်။


၂။         ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအနေဖြင့် အဆိုပါ အစည်းအဝေးသို့ ပါဝင်တက်ရောက်ကာ ၂၈-၇-၂၀၂၆ ရက်နေ့တွင် မိန့်ခွန်းပြောကြားခဲ့ပါသည်။ မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ မိန့်ခွန်းတွင် အောက်ပါအချက်များ အဓိကပါဝင်ပါသည်-


(က)     ယနေ့အချိန်တွင် ကမ္ဘာ့လူဦးရေ၏ (၅၈) ရာခိုင်နှုန်းသည် မြို့ပြဒေသများတွင် နေထိုင်လျက် ရှိပါကြောင်း၊ New Urban Agenda အား အတည်ပြုချမှတ်ခဲ့သည်မှာ ဆယ်နှစ်တာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ယင်း၏ အကောင်အထည်ဖော်ဆောင်ရွက်မှုသည် တိုးတက်ကြီးထွားလာသည့် အိမ်ရာနှင့် မြို့ပြဆိုင်ရာစိန်ခေါ်မှုများ၏ အတိုင်းအတာနှင့် ရှုပ်ထွေးမှုတို့နှင့် လိုက်လျောညီထွေစွာ တိုးတက်မှု မရှိသေးပါကြောင်း၊ ကမ္ဘာ့လူဦးရေ၏ (၁.၁) ဘီလီယံကျော်သည် ဆင်းရဲ နွမ်းပါး ရပ်ကွက်များနှင့် တရားဝင်မဟုတ်သည့် နေထိုင်မှုမျိုးများတွင် နေထိုင်ရလျက်ရှိပါကြောင်း၊

(ခ)       ကမ္ဘာ့လူဦးရေ၏ (၃) ဘီလီယံသည် ဘေးကင်းလုံခြုံ၍ လုံလောက်မှုရှိကာ တတ်နိုင်ဖွယ်ရာ အိမ်ရာများတွင် နေထိုင်နိုင်မှု မရရှိကြပါကြောင်း၊ ဝင်ငွေနည်းပါးသည့် နိုင်ငံများတွင် ဆင်းရဲ နွမ်းပါးမှုသည်လည်း မြို့ပြဒေသတွင် နေထိုင်သည့်လူဦးရေ ပိုမိုများပြားလာစေလျက်ရှိပါ ကြောင်း၊

(ဂ)       ဤသို့သောအခြေအနေများတွင် နှစ်ဝက် ပြန်လည်သုံးသပ်မှုသည် မြို့ပြသစ်တည်ဆောက်မှု အာဂျင်ဒါအား အရှိန်အဟုန်မြှင့်တင်၍ အကောင်အထည်ဖော်နိုင်ရေးအတွက် မြို့ပြစီမံ အုပ်ချုပ်မှု၊ နေရပ်ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၊ ဘဏ္ဍာရေးထောက်ပံ့မှုနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေးတို့တွင် ရရှိခဲ့သည့်တိုးတက်မှုများနှင့် နောက်ကြောင်းပြန်ဆုတ်ယုတ်မှုများကို သုံးသပ်နိုင်မည့် အခွင့်အလမ်းတစ်ရပ် ဖြစ်ပါကြောင်း၊ 

(ဃ)     မြန်မာနိုင်ငံသည်လည်း မြို့ပြဖွံ့ဖြိုးမှု လျင်မြန်စွာတိုးတက်ဖြစ်ပေါ်လျက်ရှိပြီး ၂၀၂၅ ခုနှစ်တွင် နိုင်ငံ့လူဦးရေ၏ (၃၂) ရာခိုင်နှုန်းသည် မြို့ပြဒေသများတွင် နေထိုင်လျက်ရှိသည်ဟု ခန့်မှန်းထားပါ ကြောင်း၊

(င)       နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် မြို့ပြဖွံ့ဖြိုးမှု၏ အဓိကကျသည့် အခန်းကဏ္ဍကို အသိအမှတ် ပြုသည့်အနေဖြင့် ရွေးကောက်ခံ အရပ်သားအစိုးရသည် နိုင်ငံ၏ မြို့ပြမူဝါဒရေးဆွဲရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၏အောက်တွင် ဌာနများ ဖွဲ့စည်းထားရှိကာ အလေးထား ဆောင်ရွက်ခဲ့ပါကြောင်း၊ ဝမ်းနည်းဖွယ်ကောင်းသည်မှာ ၂၀၂၁ ခုနှစ်တွင် တရားမဝင် စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံအနေဖြင့် မြို့ပြနေထိုင်မှု တိုးတက်ကြီးထွားလာမှုကို ထိရောက်စွာ စီမံခန့်ခွဲနိုင်စေမည့် အဆိုပါ မူဝါဒဆိုင်ရာ ဆောင်ရွက်ချက်များမှာ ရပ်တန့်သွားခဲ့ရပါကြောင်း၊

(စ)       တရားမဝင်စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ စုစုပေါင်း အရေအတွက်သည် (၃.၇) သန်းကျော်အထိ မြင့်တက်လာခဲ့ပြီး၊ စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုများ ကြောင့် နေအိမ်ပေါင်း(၁၂၀,၀၀၀) ကျော် ပျက်စီးဆုံးရှုံးခဲ့ရပါကြောင်း၊ UN-Habitat ၏ ဖော်ပြချက်အရ နေရပ်စွန့်ခွာတိမ်းရှောင်နေရသူအရေအတွက် သိသိသာသာ မြင့်တက်လာမှု ကြောင့် အထူးသဖြင့် ပုံမှန်မဟုတ်သည့် မြို့ပြ အခြေချနေထိုင်မှုများ ပိုမိုများပြားလာပြီး၊ အခြေခံဝန်ဆောင်မှုများနှင့် အခြေခံအဆောက်အအုံများအပေါ်ကြီးလေးသော ဝန်ထုပ်ဝန်ပိုးများ ဖြစ်ပေါ်လာစေပါကြောင်း၊ တစ်ချိန်တည်း၌ပင် မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် စီးပွားရေး အချက်အချာမြို့ဖြစ်သည့် ရန်ကုန်မြို့တွင် မြို့ပြဆင်းရဲနွမ်းပါးမှု အတိုင်းအတာသည် ၂၀၁၇ ခုနှစ်တွင် (၁၀) ရာခိုင်နှုန်းရှိရာမှ ၂၀၂၃ ခုနှစ်တွင် (၄၃) ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါကြောင်း၊ မြို့ပြဆင်းရဲနွမ်းပါးမှု ပိုမိုကြီးမားလာခြင်းသည် ရွှေ့ပြောင်းနေထိုင်သူများ၊ အမျိုးသမီးများနှင့် လူငယ်များအပေါ် အချိုးအစား မမျှတစွာ ထိခိုက်စေပါကြောင်း၊

(ဆ)     UNDP ၏ အစီရင်ခံစာများအရ ရန်ကုန်မြို့ မြို့ပြဆင်ခြေဖုံးဒေသများတွင် ရာဇဝတ်မှုများ၊ ငွေညှစ်ခြင်းများနှင့် အကြမ်းဖက်စစ်အုပ်စု၏ နှောင့်ယှက်မှုများ အပါအဝင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံမှုကင်းမဲ့ခြင်းတို့ကြောင့် လှုပ်ရှားသွားလာနိုင်မှု ကန့်သတ်ခံရပြီး အလုပ်အကိုင် ရှာဖွေရေးနှင့် မရှိမဖြစ် ဝန်ဆောင်မှုများ ရရှိရေးတို့ကိုပါ ထိခိုက်လာစေပါကြောင်း၊

(ဇ)       ပဋိပက္ခအခြေအနေတွင် ရှိနေသည့်နိုင်ငံများနှင့် သဘာဝဘေးအန္တရာယ်နှင့် လူသားတို့ဖန်တီး သည့်ဘေးအန္တရာယ်များ ကျရောက်ခံစားနေရသည့် နိုင်ငံများအား အထူးအလေးပေး ဆောင်ရွက် ရန် လိုအပ်ကြောင်းကို ဤမြို့ပြသစ်တည်ဆောက်မှု အာဂျင်ဒါက အသိအမှတ်ပြုထားပါကြောင်း၊ မြန်မာ နိုင်ငံတွင် ပဋိပက္ခ၊ အကြမ်းဖက်မှုနှင့် အတင်းအကျပ် နေရပ်စွန့်ခွာစေမှုတို့သည် မြို့ပြလူထု၏ ဆင်းရဲနွမ်းပါးမှု၊ လုံခြုံမှုကင်းမဲ့မှုတို့နှင့် ဆက်စပ်၍ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ လက်ရှိအချိန်တွင် မြန်မာပြည်သူများသည် အောက်ပါအတိုင်း မဖြစ်မနေရွေးချယ်ရန် တွန်းအားပေးခံနေကြရပါကြောင်း -

(၁)       အကြမ်းဖက်စစ်အုပ်စု၏အကြမ်းဖက်မှုများကြောင့် သာယာဝပြောရေးထက် အသက်ရှင် ရပ်တည်ရေးကို ဦးစားပေး ရွေးချယ်ရခြင်း၊

(၂)        အကြမ်းဖက် စစ်အုပ်စုမှ စားနပ်ရိက္ခာကို လက်နက်သဖွယ် အသုံးချမှုကြောင့် အာဟာရ ရှိသည့် အစာထက် ရသည့် အစားအစာ ကိုသာလည်းကောင်း၊ စျေးကြီး ကောင်းမွန်သည့် အစာထက် အာဟာရဖြစ်သည့်အစာကိုသာ လည်းကောင်း ဦးစားပေး ရွေးချယ်ရခြင်း၊

(၃) အကြမ်းဖက်စစ်အုပ်စု၏ ခွဲခြားမှုမရှိသည့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အဆောက်အအုံများထက် ဗုံးခိုကျင်းများကိုသာ ရွေးချယ်ရခြင်း၊

(၄)       အကြမ်းဖက်စစ်အုပ်စု၏ လူနေရပ်ကွက် အိမ်ရာအဆောက်အဉီများကို ဖျက်ဆီးမှု ကြောင့် မြို့ပြဖွံ့ဖြိုးမှုထက် ပြန်လည်တည်ဆောက်ရေးကို ဦးစားပေးဆောင်ရွက်ရခြင်း။


(စျ)      ဤသို့သော မကြုံစဖူးစိန်ခေါ်မှုများကြားမှပင် မြန်မာနိုင်ငံအနေဖြင့် မြို့ပြသစ်တည်ဆောက်မှု အာဂျင်ဒါနှင့်အညီ ရေရှည်တည်တံ့ပြီး အားလုံးပါဝင်ကာ ခံနိုင်ရည်ရှိသည့် မြို့ပြဖွံ့ဖြိုးတိုးတက်မှု ကို အောင်မြင်စွာ ဖော်ဆောင်နိုင်ရေးအတွက် ထပ်လောင်း အတည်ပြုပါကြောင်း၊

(ည)     အဆိုပါရည်မှန်းချက်ကို အောင်မြင်စွာဖော်ဆောင်နိုင်ရန်အတွက် ပြဿနာ၏အရင်းခံ အကြောင်း ရင်းဖြစ်သော စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးကို ဖြေရှင်းရမည်ဖြစ်ကြောင်း၊ ယင်း စစ်အာဏာ ရှင်စနစ်အား အပြီးတိုင် အောင်မြင်စွာ အဆုံးသတ်ရန် ဆောင်ရွက်ရမည်ဟု ရှုမြင်ပါကြောင်း၊

(ဋ)       မြန်မာပြည်သူများ၏ စဉ်ဆက်မပြတ် ပံ့ပိုးကူညီမှုဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မဟာမိတ် တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုများသည် စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ရန် နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးဦးဆောင်ကော်မတီ (SCEF) မှ တစ်ဆင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊

(ဌ)       သို့ဖြစ်ပါ၍ ရေရှည်တည်တံ့ပြီး အားလုံးပါဝင်ကာ မြို့ပြဖွံ့ဖြိုးတိုးတက်သည့် မြန်မာနိုင်ငံ ဖြစ်ပေါ် လာစေရေးအတွက် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်း၍ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်နေကြသည့် မြန်မာပြည်သူများအား ပံ့ပိုး ကူညီပေးကြရန် နိုင်ငံတကာအသိုက်အဝန်းအား တိုက်တွန်းပါကြောင်း၊


၃။        မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။

 

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative

of the Republic of the Union of Myanmar to the United Nations,

at the High-level Meeting on the Midterm Review

of the New Urban Agenda


(New York, 28 July 2026)

MadamPresident,

I wish to begin by thanking you for convening this high-level meeting.

I also thank the Secretary-General for his comprehensive report.

Myanmar aligns itself with the statement delivered by G77 and China.


Madam President,

Urban areas now host 58% of the global population.

Ten years since the adoption of the New Urban Agenda, its implementation has not kept pace with the growing scale and complexity of housing and urban challenges.

More than 1.1 billion people live in slums and informal settlements.

3 billion people lack access to safe, adequate, and affordable housing.

Poverty is also urbanizing in low-income countries.

Against this backdrop, the midterm review provides an opportunity to take stock of progress and setbacks in urban governance, spatial development, financing and capacity-building to accelerate implementation of the New Urban Agenda.


Madam President,

Myanmar is rapidly urbanizing, with 32 percent of the population estimated to live in urban areas in 2025.

In recognition of the central role of urbanization in national development, the elected civilian government was committed to the development of the National Urban Policy and creation of urban planning positions for the first time under the Ministry of Construction.

Unfortunately, the 2021 illegal military coup has stalled these policy initiatives that would have allowed Myanmar to effectively manage its human settlement growth.

Since the coup, the total number of IDPs has gone up to over 3.7 million. More than 120,000 homes were destroyed or burned down by the military.

According to UN-HABITAT, the surge in IDPs has resulted in increased urbanization, particularly in informal settlements, further straining basic services and infrastructures.

At the same time, the scale of urban poverty in Yangon, Myanmar’s largest city and economic hub,has grown from 10% in 2017 to 43% in 2023.

The deepening of urban poverty is disproportionately affecting migrants, women and youth.

UNDP reported that insecurity in peri-urban neighborhoods of Yangon, including crimes, extortion and harassment by the junta, has restricted mobility, limiting the search for work and access to essential services.

It is crystal clear that the military coup and its consequences have compounded preexisting vulnerabilities in urban communities, undermining the prospects of well-planned and well-managed urbanization in Myanmar.


Madam President,

The New Urban Agenda acknowledged the need to give special attention to countries in situations of conflict and countries affected by natural and human-made disasters.

In Myanmar, conflict, violence and forced displacement intersect with urban poverty and insecurity.

People of Myanmar are compelled to choose:

Survival over prosperity due to the military junta’s violence.

Any food over nutritious, nutrition over luxury due to the junta’s weaponization of food.

Bunkers over buildings due to the junta’s indiscriminate airstrikes.

Reconstruction over urbanization due to the junta’s destruction of residential areas.

Despite these unprecedented challenges, Myanmar reaffirms our commitment to achieving sustainable, inclusive and resilient urban development in line with the New Urban Agenda. In order to achieve this goal, we are of the view that we have to address the root cause that is the military dictatorship, and successfully end it once and for all.

With sustained support of the people of Myanmar, the National Unity Government (NUG) and major allied democratic forces are working together through the Steering Council for Emergence of a Federal Democratic Union (SCEF) to end the military dictatorship and build a federal democratic union.

As such, I urge the international community to support the people of Myanmar in their efforts to eradicate the military dictatorship and build a federal democratic union for a sustainable, inclusive and urbanized Myanmar.


I thank you.

*****


Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

This is the only official website of the Permanent Mission of  the Republic of the Union of Myanmar to the United Nations in New York.

The Mission is not affiliated with any other websites using similar names or domains.

bottom of page