Statement by Ambassador Kyaw Moe Tun, at the High-Level Open Debate of the United Nations Security Council on “Food Under Fire: The Security Council’s Role in Mitigating Global and Local Food Crises”
- Myanmar Mission To UN

- 5 minutes ago
- 6 min read


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations at the High-Level Open Debate of the United Nations Security Council on “Food Under Fire: The Security Council’s Role in Mitigating Global and Local Food Crises”, held on 26 August 2026
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
စားနပ်ရိက္ခာအကျပ်အတည်းနှင့် စပ်လျဉ်း၍ “Food Under Fire: The Security Council’s Role in Mitigating Global and Local Food Crises” ခေါင်းစဉ်ဖြင့် ကျင်းပသည့် လုံခြုံရေးကောင်စီ တံခါးဖွင့် အစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အခြေခံကုန်စည်များ၊ ဓာတ်မြေသြဇာနှင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာခြင်းသည် မြန်မာနိုင်ငံ၌ တရားမဝင် စစ်အာဏာသိမ်းခဲ့ချိန်မှစတင်၍ ဆိုးရွားနေပြီးဖြစ်သော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့် စားနပ်ရိက္ခာမဖူလုံမှု အခြေအနေတို့ကို ပိုမို ခက်ခဲစေလျက်ရှိ၊
စစ်အုပ်စုအနေဖြင့် လယ်ယာများ၊ ကောက်ပဲသီးနှံများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအရင်းအနှီးများကို မီးရှို့ဖျက်ဆီးခြင်းနှင့် ဈေးတန်းများကို ဗုံးကျဲတိုက်ခိုက်ခြင်းတို့မှာ ၎င်းတို့၏ အရက်စက် အကြမ်းကြုတ်ဆုံးသော၊ လူသားမဆန်သော ဖြတ်လေးဖြတ်မဟာဗျူဟာဖြစ်၊
အရပ်သားပြည်သူများအား ခွဲခြားခြင်းမရှိ အကြမ်းဖက်နေခြင်းက အတင်းအကျပ် နေရပ်စွန့်ခွာစေခြင်း၏ လက်သည်ပင်ဖြစ်၍ နိုင်ငံတစ်ဝန်းရှိ စိုက်ပျိုးရေး ထုတ်လုပ်မှုနှင့် သာယာဝပြောရေးတို့အပေါ် ကြီးလေးစွာ ယှဉ်တွဲ သက်ရောက်လျက်ရှိ၊
စစ်အုပ်စုအား အလျှော့ပေးလိုက်လျောခြင်းနှင့် ၎င်းတို့နှင့် မလျော်ကန်သော ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ခြင်းက ရာဇဝတ်သား စစ်အုပ်စုအား ပိုမိုရဲတင်းစေပြီး ပြည်သူများအပေါ်
အကြမ်းဖက်မှုများ တိုးမြှင့်ကျူးလွန်စေရန် တွန်းအားပေးရာရောက်၊
စစ်အုပ်စုအနေဖြင့်လူသားချင်းစာနာ ထောက်ထားမှုအကူအညီများကို အမြဲတစေ လက်နက်သဖွယ် အသုံးချပြီး ဒုက္ခရောက်သည့် အသိုက်အဝန်းများထံသို့ အဆိုပါအကူအညီများ မရရှိစေရန်နှင့်
မပို့ဆောင်နိုင်ရန် နှောင့်ယှက်တားဆီးလျက်ရှိ၊
လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ နောက်ဆက်တွဲ ဆုံးဖြတ်ချက်
ထပ်မံချမှတ်ပေးရန်နှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအား စစ်အုပ်စုထံသို့ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီနှင့် အခြားသော စစ်ဘက်၊ အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းများနှင့် ဆက်စပ်နည်းပညာများ ဖြတ်တောက်ရန် အလေးအနက် တောင်းဆို၊
မြန်မာနိုင်ငံတွင် ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသည့် စားနပ်ရိက္ခာ မဖူလုံမှုသည်
တရားမဝင် စစ်အာဏာသိမ်းမှုနှင့် စစ်အုပ်စုမှ ကျယ်ပြန့်စွာ ကျူးလွန်လျက်ရှိသော အကြမ်းဖက်မှုများက တိုက်ရိုက်ဖန်တီးသည့် နောက်ဆက်တွဲ ဆိုးကျိုးများပင်ဖြစ်၊
ရေတို လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ခြင်းက ရေရှည် နိုင်ငံရေးနည်းလမ်းများကို အစားထိုးနိုင်မည် မဟုတ်သကဲ့သို့ ပဋိပက္ခ၏ အပေါ်ယံလက္ခဏာများကို ကုစားခြင်းကလည်း ပဋိပက္ခ ဖြစ်ပေါ်စေသည့် အဓိကဇစ်မြစ်အား ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းကို
အစားထိုးနိုင်မည် မဟုတ်သည့်အချက်ကို မိမိတို့ကောင်းစွာ သတိချပ်ရမည်ဖြစ်၊
မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာ မဖူလုံသည့် ပြဿနာနှင့် အရပ်သား ပြည်သူလူထုအား သဘာဝနှင့် လူဖန်တီးသော ဘေးအန္တရာယ်များ၏ ရန်စွယ်မှ ကယ်တင်နိုင်ရန် စိန်ခေါ်မှုများအကြားကပင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် မိတ်ဖက် ဒီမိုကရေစီအင်အားစုများအနေဖြင့်
ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီအောက်မှ
ညှိနှိုင်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၆ခုနှစ်၊ သြဂုတ်လ ၂၆ ရက်)
၁။ ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီတွင် ၂၀၂၆ ခုနှစ်၊ သြဂုတ်လအတွက် ဒိန်းမတ်နိုင်ငံက
အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူလျက်ရှိပြီး နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးအစီအစဉ်အောက်မှ “Food Under Fire: The Security Council’s Role in Mitigating Global and Local Food Crises” ခေါင်းစဉ်ဖြင့် ကမ္ဘာတစ်ဝန်း၌ ဖြစ်ပေါ်နေသော စားနပ်ရိက္ခာအကျပ်အတည်းအား ဖြေရှင်းရေးနှင့်စပ်လျဉ်း၍ တံခါးဖွင့်အစည်းအဝေးတစ်ရပ်ကို ၂၅-၈-၂၀၂၆ ရက်နှင့် ၂၆-၈-၂၀၂၅ ရက်နေ့တို့တွင် ကျင်းပခဲ့ပါသည်။
၂။ အဆိုပါ အစည်းအဝေးတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ World Food Program ၏ Acting Executive Director နှင့်အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားပြုအဖြစ် Action Against Hunger မှ Co-CEO တို့က ဆွေးနွေးသူများအဖြစ် ပါဝင်ခဲ့ကြပြီး စားနပ်ရိက္ခာ မဖူလုံမှု အကျပ်အတည်း၏ အန္တရာယ်ရှိမှုကို မီးမောင်းထိုး ပြောကြားကာ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် (၂၄၁၇) အား ပြည့်ဝစွာနှင့် အချိန်မဆိုင်းဘဲ အကောင်အထည်ဖော်ဆောင်ရွက်ရန် တိုက်တွန်းကြောင်းနှင့် ဆာဟဲလ်ဒေသ၊ ဆူဒန်၊ ဟေတီ၊ မြန်မာ၊ အာဖဂန်နစ္စတန်၊ ဆိုမာလီယာ၊ ဂါဇာဒေသ၊ ယူကရိန်း၊ အရှေ့အလယ်ပိုင်းဒေသ စသည့်နေရာများတွင် ဆိုးရွားစွာ ဖြစ်ပေါ်နေသည့် အခြေအနေများ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးအပ်သည့် ဝန်ထမ်းများပင် ဝန်ဆောင်မှုပေးအပ်ခြင်းမှ တားမြစ်ခံနေရခြင်းနှင့် UN Hunger Hotspot နောက်ဆုံးထုတ် အစီရင်ခံစာ၌ ပဋိပက္ခနှင့် အကြမ်းဖက်မှုတို့အား ငတ်မွတ်ခေါင်းပါးမှုများ အဓိကဖြစ်ပေါ်စေသည့် အကြောင်းအရင်းခံများ အဖြစ် ဖော်ပြထားသောကြောင့် ရှက်စဖွယ် သမိုင်းအဖြစ် မှတ်တမ်းတွင်လာခဲ့ကြောင်း၊ စားနပ်ရိက္ခာ မဖူလုံမှု အကျပ်အတည်းအတွက် အကောင်းဆုံးအကာအကွယ်မှာ ငြိမ်းချမ်းရေးဖြစ်သကဲ့သို့ ငြိမ်းချမ်းရေး ဖြစ်ပေါ်စေရန် ဆာလောင်ငတ်မွတ်မှု ကင်းမဲ့နေရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများနှင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ (၈၀) ကျော်ကလည်း တက်ရောက်၍ မိန့်ခွန်းအသီးသီး ပြောကြား ခဲ့ကြပါသည်။
၃။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း အနေဖြင့် ၂၆-၈-၂၀၂၅ ရက် (ဗုဒ္ဓဟူးနေ့) တွင် ပြုလုပ်သည့် အစည်းအဝေးသို့ တက်ရောက်မိန့်ခွန်း ပြောကြားခဲ့ပါသည်။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အောက်ဖော်ပြပါအချက်များ အဓိက ပါဝင်ပါသည်-
(က) ၂၀၂၅ ခုနှစ်တွင် လူသန်းပေါင်း (၁၄၇) သန်း စားနပ်ရိက္ခာဖူလုံမှုမရှိခဲ့ခြင်းမှာ ပဋိပက္ခနှင့်
မလုံခြုံမှု တို့ကြောင့် ဖြစ်ကြောင်း၊
(ခ) ဒေသတွင်း ပဋိပက္ခများနှင့် ပဋိပက္ခများ က လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရာ ပင်မနေရာများမှ ကျော်လွန်ကာ သက်ရောက်မှုရှိလာပြီး ကမ္ဘာ့စားနပ်ရိက္ခာ၊ စွမ်းအင်၊ စိုက်ပျိုးရေးသုံးပစ္စည်းများ ထုတ်လုပ်တင်သွင်းမှုတို့ကို ဟန်ချက်ပျက်စေပြီး စားနပ်ရိက္ခာ မဖူလုံမှုကို အလွန်အမင်း ဆိုးရွားစေ သည်မှာ ဧကန်မလွဲဖြစ်ကြောင်း၊ ထိုသို့သောအခြေအနေများ ဆက်လက် ဖြစ်ပွားမည်ဆိုလျှင် ထပ်တိုး လူဦးရေ (၄၅) သန်းအနေဖြင့် စားနပ်ရိက္ခာ မဖူလုံမှုနှင့် ရင်ဆိုင်ရမည့် အန္တရာယ် ရှိကြောင်း၊
(ဂ) သို့ဖြစ်ရာ ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီနှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စားနပ်ရိက္ခာစနစ်များအား ပိုမိုကြံ့ခိုင်မှုရှိစေပြီး နောင်အနာဂတ် ပထဝီနိုင်ငံရေးဆိုင်ရာ ရိုက်ခတ်မှုများကြောင့် ဖြစ်ပေါ် လာနိုင်ချေရှိသော ကမ္ဘာ့အငတ်ဘေး၏ဆိုးကျိုးသက်ရောက်မှုကိုပါ လျော့နည်းစေမည့် ရေရှည် ကာလအား ရှေးရှုသောချဉ်းကပ်မှုကို မဖြစ်မနေကျင့်သုံးသွားရန် အလွန်အရေးကြီးကြောင်း၊
(ဃ) ထို့ပြင်ဟော်မုဇ်ရေလက်ကြားအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရည်ရွယ်ချက်ဖြင့် ကုန်စည်များချောမွေ့စွာ စီးဆင်းနိုင်ရန် ကုလသမဂ္ဂလုပ်ငန်းအဖွဲ့ယန္တရား၏ ပံ့ပိုးပေးမှုနှင့် စပ်လျဉ်း၍ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများအတွက်လည်း မိမိတို့အနေဖြင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အား ကျေးဇူးတင်ရှိပါကြောင်း၊
(င) အလွန်အချက်အချာကျသည့် ပင်လယ်ရေကြောင်းစင်္ကြံတွင် ကာလရှည်ကြာစွာ အတားအဆီးများ ဖြစ်ပေါ်နေခြင်းက ထိရှအလွယ်ဆုံးဖြစ်သည့်နေရာများ၊ အထူးသဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများနှင့် ပဋိပက္ခဒဏ်သင့်နေရာများအပေါ်တွင် အချိုးမညီမျှသော ထိခိုက်သက်ရောက်မှု ရှိကြောင်း၊
(စ) အခြေခံကုန်စည်များ၊ ဓာတ်မြေသြဇာနှင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာခြင်းသည် မြန်မာ နိုင်ငံ၌ တရားမဝင် စစ်အာဏာသိမ်းခဲ့ချိန်မှစတင်၍ ဆိုးရွားနေပြီးဖြစ်သော လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာအကျပ်အတည်းနှင့် စားနပ်ရိက္ခာမဖူလုံမှုအခြေအနေတို့ကို ပိုမို ခက်ခဲစေလျက်ရှိကြောင်း၊
(ဆ) သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင် ရင်ဆိုင်ကြုံတွေ့လျက်ရှိသော စားနပ်ရိက္ခာ အကျပ်အတည်းအား လျော့ပါးစေရန် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ၂၄၁၇ (၂၀၁၈ ခုနှစ်) နှင့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် ၂၆၆၉ (၂၀၂၂ ခုနှစ်) တို့နှင့်အညီ ခိုင်မာသော အရေးယူ လုပ်ဆောင်ချက်များအား ဖော်ဆောင်ပေးရန် အောက်ပါအတိုင်း အကြံပြုလိုပါကြောင်း -
(၁) ပထမဦးစွာ စစ်အုပ်စုအား အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ တွင် ပြဋ္ဌာန်းထားသည့်တာဝန်များအား လိုက်နာမှုရှိစေရေးတောင်းဆိုရန် - စစ်အုပ်စု သည် စားသောက်ကုန်စည်ထုတ်လုပ်မှုနှင့် အရပ်သားပြည်သူလူထု၏ ရှင်သန်ရပ်တည်ရေးအတွက် မရှိမဖြစ် လိုအပ်သော အများပြည်သူသုံးကုန်များကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားလျက် ရှိကြောင်း၊
၎င်းတို့အနေဖြင့် လယ်ယာများ၊ ကောက်ပဲသီးနှံများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အရင်းအနှီးများကို မီးရှို့ဖျက်ဆီးခြင်းနှင့် ဈေးတန်းများကို ဗုံးကျဲတိုက်ခိုက်ခြင်းတို့မှာ ၎င်းတို့၏ အရက်စက် အကြမ်းကြုတ်ဆုံးသော၊ လူသားမဆန်သော ဖြတ်လေးဖြတ်မဟာဗျူဟာ ဖြစ်ကြောင်း၊
ထို့ပြင် စစ်အုပ်စုမှ အရပ်သားပြည်သူများအားခွဲခြားခြင်းမရှိ အကြမ်းဖက်နေခြင်းက အတင်းအကျပ် နေရပ်စွန့်ခွာစေခြင်း၏ လက်သည်ပင်ဖြစ်၍ နိုင်ငံတစ်ဝန်းရှိ စိုက်ပျိုးရေး ထုတ်လုပ်မှုနှင့် သာယာ ဝပြောရေးတို့အပေါ် ကြီးလေးစွာ ယှဉ်တွဲ သက်ရောက်လျက်ရှိကြောင်း၊
ထို့ကြောင့် စစ်အုပ်စုအား အလျှော့ပေးလိုက်လျောခြင်းနှင့် ၎င်းတို့နှင့် မလျော်ကန်သော ထိတွေ့ဆက်ဆံမှုများပြုလုပ်ခြင်းက ရာဇဝတ်သားစစ်အုပ်စုအား ပိုမိုရဲတင်းစေပြီး ပြည်သူများအပေါ် အကြမ်းဖက်မှုများတိုးမြှင့်ကျူးလွန်စေရန် တွန်းအားပေးရာရောက်ခြင်းထက် မပိုကြောင်း၊
(၂) ဒုတိယအချက်အနေဖြင့် စစ်အုပ်စုအပေါ်၌ ထိုက်သင့်သော အရေးယူ ဆောင်ရွက်ချက်များ ချမှတ်ရန် - စစ်အုပ်စုအနေဖြင့်လူသားချင်းစာနာ ထောက်ထားမှု အကူအညီများကို အမြဲတစေ လက်နက်သဖွယ်အသုံးချပြီး ဒုက္ခရောက်သည့် အသိုက်အဝန်းများထံသို့ အဆိုပါအကူအညီများ မရရှိစေရန်နှင့် မပို့ဆောင်နိုင်ရန် နှောင့်ယှက်တားဆီးလျက် ရှိကြောင်း၊
မကြာသေးမီကပင် စစ်အုပ်စုအနေဖြင့် စစ်ဆေးရေးဂိတ်များတွင် အခြေခံကျသော လူသားစာနာ ထောက်ပံ့ပစ္စည်းများကို သိမ်းဆည်းခဲ့ပြီး မြန်မာနိုင်ငံအလယ်ပိုင်းတွင် ရေဘေးသင့်နေသည့် ပြည်သူ များအတွက် စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေသည့် သာမာန် ပြည်သူများအား ဖမ်းဆီးချုပ်နှောင်ခဲ့သည့် သာဓကဖြစ်စဉ်များ ရှိကြောင်း၊
ယခင်ကလုံခြုံရေးကောင်စီအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ များရရှိရေးနှင့် ပို့ဆောင်ရေးတို့အား အဟန့်အတားဖြစ်စေသည့် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအပေါ် ဒဏ်ခတ်ပိတ်ဆို့အရေးယူခဲ့ကြောင်း၊
သို့ဖြစ်ရာ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာနောက်ဆက်တွဲ ဆုံးဖြတ်ချက် ထပ်မံ ချမှတ်ပေးရန်နှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအား စစ်အုပ်စုထံသို့ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီနှင့် အခြားသော စစ်ဘက်၊ အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းများနှင့် ဆက်စပ် နည်းပညာများ ဖြတ်တောက်ရန် အလေးအနက် တောင်းဆိုကြောင်း၊
(၃) တတိယအချက်အနေဖြင့် ကြိုတင်သတိပေးသည့် ယန္တရားများကို လက်တွေ့ အကောင်အထည်ဖော်ရန် - ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (Food and Agriculture Organization– FAO) နှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Programme – WFP) တို့အနေဖြင့် ယခုနှစ် သြဂုတ်လလျှင် မြန်မာနိုင်ငံ တွင် လူဦးရေ (၁၂.၄) သန်းစားနပ်ရိက္ခာ မလုံလောက်၍ အငတ်ဘေးသင့်နိုင်ပြီး IPC Phase 3 သို့ ယင်းအဆင့်နှင့် အထက်သို့ ကျရောက်နိုင်ကြောင်း၊ အဆိုပါ လူဦးရေအနက် (၁) သန်းခန့်မှာ အရေးပေါ် IPC Phase 4 အဆင့်အတွင်း ကျရောက်နိုင်ကြောင်း ခန့်မှန်းကာ သတိပေးထားကြောင်း၊
ယခုနှစ် စက်တင်ဘာလတွင် ကလေးသူငယ် (၃၆၀,၀၀၀) ခန့် အာဟာရချို့တဲ့သည့် အခြေအနေသို့ စိုက်ရောက်နိုင်သည်ဟု ခန့်မှန်းထားကြောင်း၊
ထို့ကြောင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်မှ လုံခြုံရေးကောင်စီထံသို့ မဆိုင်းမတွ အစီရင်ခံခြင်း အပါအဝင် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၄၁၇ ၏ ကြိုတင် သတိပေးရေးယန္တရားကို ကမ္ဘာ့အာရုံစူးစိုက်မှု တိုးမြှင့်ရေးနှင့် မြန်မာနိုင်ငံအခြေအနေ အပေါ် အရေးယူဆောင်ရွက်ရေးတို့အတွက် ထပ်လောင်းအားပြုရမည် ဖြစ်ကြောင်း၊
(ဇ) လက်နက်ကိုင်ပဋိပက္ခက စားနပ်ရိက္ခာမဖူလုံမှုအား ခြိမ်းခြောက်လာလျှင် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ၂၄၁၇ ပါ ကတိကဝတ်များအား ထိရောက်သော အရေးယူလုပ်ဆောင်ချက်များအဖြစ် ပြောင်းလဲခြင်းက အရေးအကြီးဆုံးဖြစ်သည်ဟု မြန်မာနိုင်ငံအနေဖြင့် အလေးထား သုံးသပ်ကြောင်း၊
(ဈ) မြန်မာနိုင်ငံတွင် ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသည့် စားနပ်ရိက္ခာမဖူလုံမှုသည် တရားမဝင် စစ်အာဏာသိမ်းမှုနှင့် စစ်အုပ်စုမှ ကျယ်ပြန့်စွာ ကျူးလွန်လျက်ရှိသော အကြမ်းဖက်မှုများက တိုက်ရိုက်ဖန်တီးသည့် နောက်ဆက်တွဲ ဆိုးကျိုးများပင် ဖြစ်ကြောင်း၊
(ည) ရေတို လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ခြင်းက ရေရှည် နိုင်ငံရေး နည်းလမ်းများကို အစားထိုးနိုင်မည် မဟုတ်သကဲ့သို့ ပဋိပက္ခ၏ အပေါ်ယံလက္ခဏာများကို ကုစားခြင်းကလည်း ပဋိပက္ခဖြစ်ပေါ်စေသည့် အဓိကဇစ်မြစ်အား ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းကို အစားထိုးနိုင်မည် မဟုတ်သည့်အချက်ကို မိမိတို့ ကောင်းစွာ သတိချပ်ရမည် ဖြစ်ကြောင်း၊
(ဋ) မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာ မဖူလုံသည့် ပြဿနာနှင့် အရပ်သား ပြည်သူလူထုအား သဘာဝနှင့် လူဖန်တီးသော ဘေးအန္တရာယ်များ၏ ရန်စွယ်မှ ကယ်တင်နိုင်ရန် စိန်ခေါ်မှုများအကြားကပင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် မိတ်ဖက်ဒီမိုကရေစီအင်အားစုများအနေဖြင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီအောက်မှ ညှိနှိုင်းပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊
(ဌ) သို့ဖြစ်ပါ၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီနှင့် မြန်မာ ပြည်သူများမှ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်နိုင်ရေး စုပေါင်းလုပ်ဆောင်ချက်များအပေါ် နိုင်ငံတကာအသိုက်အဝန်းမှ ဝိုင်းဝန်း ပံ့ပိုးကူညီပေးကြပါရန် မိမိအနေဖြင့် တိုက်တွန်း တောင်းဆိုပါကြောင်း။
၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ်ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative
of the Republic of the Union of Myanmar to the United Nations
at the High-Level Open Debate of the United Nations Security Council
on “Food Under Fire: The Security Council’s Role in
Mitigating Global and Local Food Crises”
(New York, 26 August 2026)
Mr. President,
At the outset, I wish to congratulate Denmark on assuming the Presidency and thank you for convening this high-level open debate.
I also thank the UN Secretary-General for his remarks and the Acting Executive Director for WFP and the civil society representative for their insightful briefings.
Mr. President,
Conflict and insecurity remain the primary drivers of acute food insecurity for 147 million people in 2025.
No doubt, the impact of regional conflicts and conflicts in general has extended beyond the immediate area of hostilities, disrupting global food, energy, agricultural supply chains, and exacerbating food insecurity.
An additional 45 million people are at risk of facing acute food insecurity if the situation remains protracted.
It is imperative that the UN, the Security Council, and Member States take a forward-looking approach to secure more resilient food systems and mitigate the impact of future geopolitical shocks on global hunger.
At the same time, we thank the Secretary-General for his recent updates on the UN task force mechanism to facilitate the movement of goods for humanitarian purposes through the Strait of Hormuz.
Mr. President,
The prolonged disruption in a critical maritime corridor has a disproportionate impact on the most vulnerable, particularly those in the least developed countries and conflict-affected situations.
The rising price of commodities, fertilizers and fuel is compounding the already-dire humanitarian situation and food insecurity in Myanmar since the illegal military coup.
Against this backdrop, I wish to recommend the following concrete measures to the Council to mitigate the food crisis in Myanmar in line with Resolution 2417 (2018) as well as with Resolution 2669 (2022).
First, demand the military junta to comply with their IHL obligations – the military has been deliberately targeting civilian objects necessary for food production and indispensable to the survival of the civilian population. Burning down farms, crops, livestock, agricultural assets and airstrikes over markets constitute their brutal and inhumane “four cuts” strategy.
Indiscriminate violence against civilians by the military has been the biggest driver of forced displacement, with devastating impacts on agricultural production and livelihoods across the country.
Appeasement and unwarranted engagements with the military junta have only emboldened the latter to perpetrate more violations against civilians, which brings me to my next point.
Second, enforce appropriate measures against the military junta –the military junta has consistently weaponized humanitarian assistance by obstructing its access and delivery to affected communities.
As a recent example, the junta was confiscating essential supplies at checkpoints and arresting civilians for food relief efforts to flood victims in central Myanmar.
Previously, the Council adopted sanction measures on individuals and entities obstructing the delivery of or access to humanitarian assistance.
As such, I urge the Council to produce a follow-up resolution on Myanmar and call upon Member States to cease the flow of arms, weapons, jet fuel, other dual-use items and related technologies to the military junta.
Third, operationalize the early warning mechanisms – FAO and WFP warned that a total of 12.4 million peoplein Myanmar are projected to face high levels of acute food insecurity (IPC Phase 3 or above) by August, including almost 1 million people in Emergency (IPC Phase 4).
Around 360,000 children are expected to be acutely malnourished by September this year.
Accordingly, the early warning mechanisms of Resolution 2417 must be leveraged for renewed global attention and action on the situation in Myanmar, including the swift reporting by the Secretary-General to the Council.
In conclusion, Mr. President, Myanmar underscores the utmost importance of translating the commitments of Resolution 2417 into effective actions when armed conflict threatens food insecurity.
Conflict-induced food insecurity in Myanmar is the direct consequence of the military coup and their widespread campaign of violence.
We all have to be mindful that Short-term humanitarian support cannot replace long-term political resolutions, and repairing the symptoms of the conflict cannot substitute for addressing the root cause of the conflict.
Mr. President,
Despite facing challenges, the National Unity Government (NUG) and allied democratic forces are coordinating through the Steering Council for the Emergence of a Federal Democratic Union (SCEF), to address food insecurity and help alleviate the civilian population from natural and man-made disasters.
I urge the international community to support the SCEF and the people of Myanmar in their collective efforts to eradicate the military dictatorship and build a federal democratic union.
I thank you.
*****














