Statement by Ambassador Kyaw Moe Tun at the UNGA Plenary Meeting on the Responsibility to Protect (R2P) and the Prevention of Genocide, War Crimes, Ethnic Cleansing, and Crimes against Humanity
- Myanmar Mission To UN
- 3 days ago
- 9 min read





Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the UN General Assembly Plenary Meeting on the Responsibility to Protect (R2P) and the Prevention of Genocide, War Crimes, Ethnic Cleansing, and Crimes against Humanity, held on 25 June 2025
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
ကုလသမဂ္ဂ အထွေထွေညီလာခံ ၌ ကာကွယ်မှုပေးရန် တာဝန်ရှိမှုနှင့် လူမျိုးသုဉ်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးစုအလိုက် သုတ်သင်ရှင်းလင်းမှုနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ပြစ်မှုများ ကာကွယ်တားဆီးရေး နှစ် (၂၀) ပြည့် အထိမ်းအမှတ် မျက်နှာစုံညီအစည်းအဝေး တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မိမိတို့အားလုံးအနေဖြင့် R2P စံနှုန်း၊ အပြည်ပြည်ဆိုင်ရာဥပဒေ စည်းမျဉ်းများနှင့် လူသားဆန်မှုတို့အပေါ် ထားရှိသည့် ကတိကဝတ်များကို ထိန်းသိမ်းကာကွယ် ရန် ပျက်ကွက်နေ၊ မြန်မာနိုင်ငံဖြစ်စဉ်က ဆိုးရွားသည့် သာဓကတစ်ခုပင်ဖြစ်၊
မြန်မာနိုင်ငံတွင် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန် သည့် ရာဇဝတ်မှုများမြောက်သည့် အပြည်ပြည်ဆိုင်ရာဥပဒေချိုးဖောက်မှုများ၏ ဒဏ်ကို အရပ်သားပြည်သူများက ခါးစည်းခံနေရသည်ဟု အတွင်းရေးမှူးချုပ်၏ အစီရင်ခံစာတွင်လည်း ဖော်ပြထား၊
စစ်အုပ်စုအနေဖြင့် ပြည်တွင်းတရားဥပဒေစိုးမိုးမှုကို ဖျက်ဆီးထားသည့်အပြင် အကြမ်းဖက်မှု များနှင့် ဖိနှိပ်ချုပ်ခြယ်မှုများကို စနစ်တကျ ဆက်လက် ကျူးလွန်နေခြင်းကိုကြည့်ခြင်းအားဖြင့် ၎င်းတို့သည် လူ့အသက်နှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အား အရေးမစိုက်ကြောင်းကို မျက်နှာ ပြောင်စွာ ပြသနေ၊
မြန်မာနိုင်ငံတွင် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၏ တရားခံ မင်းအောင်လှိုင်အား ဖမ်းဆီး၍ နိုင်ငံတကာရာဇဝတ်ခုံရုံး၏ Pre-Trial Chamber I ၌ စစ်ဆေးရန် နိုင်ငံတကာရာဇဝတ်ခုံရုံးရှေ့နေမှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဝရမ်းလျှောက်ထားခဲ့သည့် အပေါ် မြန်မာနိုင်ငံက ကြိုဆို၊ Chamberအနေဖြင့် နိုင်ငံတကာရာဇဝတ်ခုံရုံး၏ဖမ်းဝရမ်းမိန့်ကိုလည်း အချိန်မီထုတ်ပေးရန်တိုက်တွန်းလို၊
အရပ်သားပြည်သူများအတွက် အကာအကွယ်ပေးရန်၊ ပြစ်မှုကျူးလွန်သူများ အား ရက်စက်ကြမ်းကြုတ်မှုများ ထပ်တိုးလုပ်ဆောင်ခြင်းမှာ တားဆီးရန်နှင့် နောက်ဆက်တွဲ ဆိုးကျိုးများအား ဖြေရှင်းရန် ပြဿနာ၏ဇစ်မြစ်ကို ဖြေရှင်းရမည်ဖြစ်၊ စစ်တပ်ကို မဖြစ် မနေ တာဝန်ခံမှုရှိစေရမည်ဖြစ်၊ စစ်အာရှင်၊ ၎င်းတို့၏ မတရား စစ်အာဏာ သိမ်းမှုနှင့် ပြစ်ဒဏ်ကင်းလွတ်ခွင့် အစဉ်အလာတို့အား အပြီးတိုင် ချုပ်ငြိမ်းရမည်ဖြစ်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ကို တည်ထောင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်)
၁။ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၌ ကုလသမဂ္ဂအထွေထွေညီလာခံ၏ (၈၀) ကြိမ်မြောက် မျက်နှာ စုံညီအစည်းအဝေးတွင် “ကာကွယ်မှုပေးရန်တာဝန်ရှိမှုနှင့် လူမျိုးသုဉ်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးစုအလိုက် သုတ်သင်ရှင်းလင်းမှုနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ပြစ်မှုများ ကာကွယ်တားဆီးရေး နှစ် (၂၀) ပြည့် အအထိမ်းအမှတ် အစည်းအဝေး (Responsibility to Protect (R2P) and the Prevention of Genocide, War Crimes, Ethnic Cleansing, and Crimes against Humanity) ကို ၂၅-၆-၂၀၂၅ ရက် (ဗုဒ္ဓဟူးနေ့) တွင် ကျင်းပခဲ့ပါသည်။
၂။ အဆိုပါ အစည်းအဝေးတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ၎င်း၏ “Responsibility to protect: 20 years of commitment to principled and collective action” ခေါင်းစဉ်ဖြင့် အစီရင်ခံစာကို တင်သွင်း၊ ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ အပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ (၅၉) နိုင်ငံက ပါဝင်၍ မိန့်ခွန်းများ ပြောကြားခဲ့ပါ သည်။
၃။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ မိန့်ခွန်းပြောကြားရာ တွင် အောက်ဖော်ပြပါ အချက်များကို အဓိက ပါဝင်ပါသည်-
(က) ယခင်နှင့် မျက်မှောက်ခေတ် ကမ္ဘာ့အခင်းအကျင်းများကို သုံးသပ်ကြည့်လျှင် ယနေ့ ဆွေးနွေးမှုက အချိန်အခါအားဖြင့် အထူးကိုက်ညီသည်ဟု ဆိုနိုင်ကြောင်း၊
(ခ) စစ်ပွဲများ၊ ကျူးကျော်တိုက်ခိုက်မှုများ၊ ပဋိပက္ခများ၊ အာဏာရှင်ကြီးစိုးမှုများ၊ တရားမဝင် စစ်အာဏာသိမ်းမှုများနှင့် ကပ်ရောဂါ ကာလအလွန် အခြေအနေများသည် လူသားများ ခံစား နေရသည့် ဒုက္ခဆင်းရဲများ ကျယ်ပြောလာခြင်းနှင့် အရပ်သားထိခိုက်မှု မြင့်တက်လာခြင်းတို့ကို ဖြစ်ပေါ်စေသည့် ဒေသအများစုနှင့် ကမ္ဘာပေါ်၌ ဖြစ်ပျက်နေသော ဆိုးရွားသောပြဿနာများကို အဓိက ညွှန်ပြ နေကြောင်း၊
(ဂ) အပြည်ပြည်ဆိုင်ရာဥပဒေ၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေနှင့် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေတို့အား ကြီးလေးစွာ ချိုးဖောက်မှုက ဆက်လက် ချဲ့ထွင်လျက်ရှိသည်နှင့် အမျှ ကမ္ဘာတစ်လွှားရှိ သန်းနှင့်ချီသော အရပ်သားပြည်သူများမှာ အကာအကွယ် ကင်းမဲ့လျက် ရှိကြောင်း၊ အရပ်သားပြည်သူများ က ဤအတွက် အမြင့်ဆုံး ပေးဆပ်နေရကြောင်း၊
(ဃ) ပွင့်ပွင့်လင်းလင်း ပြောရပါလျှင် မိမိတို့အားလုံးအနေဖြင့် R2P စံနှုန်း၊ အပြည်ပြည်ဆိုင်ရာဥပဒေ စည်းမျဉ်းများနှင့် လူသားဆန်မှုတို့အပေါ် ထားရှိသည့် ကတိကဝတ်များကို ထိန်းသိမ်းကာကွယ် ရန် ပျက်ကွက်နေကြကြောင်း၊
(င) သို့ဖြစ်ရာ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ပြည်သူများအား အမျိုးမျိုးသော ရက်စက် ကြမ်းကြုတ်မှု၏ ရန်စွယ်မှ ကာကွယ်ပေးရန် ထိုသို့ ကြီးလေးသော ချိုးဖောက်မှုများကို စုပေါင်းအင်အားဖြင့် အရေးယူဆောင်ရွက်ချက်များ လုပ်ဆောင်ရန် ယနေ့ ဆွေးနွေးသည့် အစီရင်ခံစာက ကောင်းစွာ သတိပေးနေကြောင်း၊
(စ) ဤနေရာတွင် မြန်မာနိုင်ငံဖြစ်စဉ်က ဆိုးရွားသည့် သာဓကတစ်ခုပင်ဖြစ်ကြောင်း၊ ပြည်တွင်း၌ အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ ပြင်းထန်လာခြင်းကြောင့် ပဋိပက္ခ ဖြစ်ပွား မှု ဆက်လက်မြင့်မားနေပြီး ဗုံးကြဲတိုက်ခိုက်မှုများနှင့် မြို့ပြနှင့် ကျေးရွာများ မီးရှို့ဖျက်ဆီးခံရခြင်း များ ဖြစ်ပေါ်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန် သည့် ရာဇဝတ်မှုများမြောက်သည့် အပြည်ပြည်ဆိုင်ရာဥပဒေချိုးဖောက်မှုများ၏ ဒဏ်ကို အရပ်သားပြည်သူများက ခါးစည်းခံနေရသည်ဟု အတွင်းရေးမှူးချုပ်၏ အစီရင်ခံစာတွင်လည်း ဖော်ပြထားကြောင်း၊
(ဆ) သို့ဖြစ်ရာ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် R2P အပေါ်ထားရှိသည့် မွန်မြတ်သော ကတိ ကဝတ်ကို အပြည့်အဝ ကိုင်စွဲရန်နှင့် ယင်းကတိကဝတ်အား အဓိပ္ပါယ်ပြည့်ဝသော အရေးယူ ဆောင်ရွက်ချက်အဖြစ် ပြောင်းလဲလုပ်ဆောင်ရန် မိမိအနေဖြင့် မြန်မာနိုင်ငံ အခြေအနေအပေါ် အခြေခံ၍ ဤအစည်းအဝေးခန်းမရှေ့မှောက်၌ပင် ကြိမ်ဖန်များစွာ သတိပေးပြောကြားခဲ့ကြောင်း၊
(ဇ) ယခုအခါ မြန်မာနိုင်ငံတွင် မတရား စစ်အာဏာသိမ်းမှု တစ်နှစ် ထပ်တိုးလာခဲ့ပြီဖြစ်သော်လည်း အသိအမှတ်ပြုနိုင်လောက်သည့် တိုးတက်မှု တစ်စုံတစ်ရာ မရှိပါကြောင်း၊ မြန်မာပြည်သူများနှင့် နိုင်ငံအနေဖြင့် ယုတ်ယင်းခက်ထန်လွန်းလှသည့် စစ်အုပ်စုမှ ကျူးလွန်လျက်ရှိသော ရက်စက် ကြမ်းကြုတ်မှုများကို ကြံ့ကြံ့ခံ အံတုနေရကြောင်း၊
(ဈ) အဆိုပါ စစ်အုပ်စုအနေဖြင့် ပြည်သူများအပေါ်တွင် ရက်စက်ကြမ်းကြုတ်မှုများ ဆက်လက် ကျူးလွန်နေပြီး စစ်မက်ပြုခြင်းကိုလည်း နေ့စဉ်နှင့်အမျှ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း၊ စစ်အုပ်စုနှင့် ၎င်းတို့နှင့် ဆက်နွယ်နေသူများ၏ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းကို ခံရသည့် ပြည်သူဦးရေ (၆,၈၀၀) ကျော်ရှိသည်ဟု အတည်ပြုထားနိုင်ပြီး ကိန်းဂဏန်းအမှန်မှာ ထို့ထက် ပိုမို မြင့်မားနိုင်ကြောင်း၊
(ည) ထို့ပြင် မြန်မာနိုင်ငံတွင် လူသားစာနာမှုအခြေအနေမှာ ဆိုးရွားလျက်ရှိကြောင်း၊ ၃.၅ သန်းကျော် မှာ နေရပ်စွန့်ခွာနေရပြီး သန်း (၂၀) ကျော်မှာ လူသားချင်းစာနာထောက်ထားမှုအကူအညီများ အရေးပေါ်လိုအပ်လျက်ရှိကြောင်း၊ ယင်းအနက် ၁၀.၄ သန်းမှာ အမျိုးသမီးများနှင့် မိန်းကလေး ငယ်များဖြစ်ကြပြီး ၆.၃ သန်းများ ကလေးသူငယ်များဖြစ်ကြကြောင်း၊ ထို့နည်းတူ မသန်စွမ်းသူ များနှင့် အခြားသော ဖယ်ကျဉ်ခံထားရသည့် အုပ်စုများအနေဖြင့်လည်း အလားတူ အခြေအနေ များအောက်၌ ထိခိုက်လွယ်လျက်ရှိကြောင်း၊ ရိုဟင်ဂျာများအနေဖြင့်လည်း နေရပ်သို့ ဘေးကင်း လုံခြုံစွာ၊ သိက္ခာရှိစွာနှင့် ဆန္ဒအလျောက် ပြန်လည်သွားရောက်ရေးအတွက်လည်း မရေရာမှုများ နှင့် ရင်ဆိုင်နေရကြောင်း၊
(ဋ) တစ်ဖက်တွင်လည်း ဆင်းရဲနွမ်းပါးမှုက မြင့်တက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါး မှုနှုန်းက ၂၀၁၇ ခုနှစ်အတွင်း ၂၄.၈ ရာခိုင်နှုန်းမှာ ၂၀၂၃ ခုနှစ်တွင် ၄၉.၇ ရာခိုင်နှုန်းအထိ မြင့်တက် လာခဲ့သည်ဟု UNDP က ဖော်ပြခဲ့ကြောင်း၊ ထို့ပြင် မြို့ပြရန်ကုန်၌ပင်လျှင် ဆင်းရဲနွမ်းပါးမှု နှုန်းထားက သိသိသာသာ မြင့်တက်လာခဲ့ပြီး ၂၀၂၂ ခုနှစ် တစ်နှစ်တည်း၌ပင် ၅၃ ရာခိုင်နှုန်းသော ကလေးသူငယ်များအနေဖြင့် နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု အခြေခံမျဉ်းအောက်သို့ ကျရောက်နေ သဖြင့် အလွန် စိုးရိမ်ရသည့် အခြေအနေဖြစ်သည်ဟုလည်း သတိပေးထားကြောင်း၊ စီးပွားရေး ကျဆင်းမှု၊ နေရပ်စွန့်ခွာမှုနှင့် မမျှတသောဝန်ဆောင်မှုများကြောင့် အိမ်ထောင်စု မြောက်များစွာ သည် ဆင်းရဲတွင်းသို့ နေ့စဉ် ကျရောက်နေရလျက်ရှိကြောင်း၊
(ဌ) အခြားတစ်ဖက်တွင်လည်း နိုင်ငံ၏ လူမှုအသိုက်အဝန်းက ဆုတ်ယုတ်လာနေကြောင်း၊ ကလေး သူငယ်များမှာ ပညာသင်ကြားခွင့်နှင့် ကျန်းမာရေးစသည့် အခြေခံ အခွင့်အရေးများကို ဆုံးရှုံးနေ ကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ကျဉ်းမြောင်းလာခြင်း၊ စစ်တပ်၏ အဓမ္မ တပ်သား စုဆောင်းမှု၊ ငွေညှစ်ခြင်းနှင့် အမျိုးမျိုးသော အလွဲသုံးစားပြုမှုများကြောင့် ပြည်သူများမှာ ပြည်တွင်းမှ ထွက်ခွာနေကြကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံသည် လုပ်ငန်း အရွယ်အစား ကြီးမားသော အွန်လိုင်းလိမ်လည်မှုများနှင့် လူကုန်ကူးခြင်းနှင့် ဆက်နွယ်နေသည့် နယ်စပ် ဖြတ်ကျော်မှုခင်းများ စုဝေးဖြစ်ပေါ်ရာရပ်ဝန်းတစ်ခု ဖြစ်လျက်ရှိကြောင်း၊
(ဍ) သို့သော်လည်း စစ်အုပ်စုက မြန်မာနိုင်ငံတွင် နေထိုင်သည့် ပြည်သူများအပေါ်၌ တိုက်ခိုက်မှုများ ကို ရည်ရွယ်ချက်ရှိရှိ ဆက်လက်လုပ်ဆောင်နေကြောင်း၊ ထို့အတူ ၎င်းတို့အား ဆန့်ကျင်မှုများနှင့် ဒီမိုကရေစီစံနှုန်းများအား ဖိနှိပ်ရန် ကြီးလေးသော ရာဇဝတ်မှုများကိုလည်း စနစ်တကျ ကျူးလွန် လျက်ရှိကြောင်း၊
(ဎ) မကြာသေးမီက ဖျက်အားပြင်း ငလျင်လှုပ်ခတ်ပြီးသည့်နောက်တွင်လည်း စစ်အုပ်စုက ၎င်းတို့၏ အပစ်ခတ်ရပ်စဲရေးကြေညာချက်ကို ၎င်းတို့ကိုယ်တိုင် ချိုးဖောက်ကာ အရပ်သားပြည်သူလူထု အပေါ်၌ မဆင်မခြင် လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်ခဲ့ကြောင်း၊
(ဏ) စစ်အုပ်စုအနေဖြင့် ၂၈-၃-၂၀၂၅ ရက်နေ့မှ ၁၆-၆-၂၀၂၅ ရက်နေ့အတွင်း၌ လေကြောင်း တိုက်ခိုက်မှု (၉၈၂) ကြိမ် ကျူးလွန် ခဲ့ပြီး ယင်းဖြစ်စဉ်များအတွင်း အရပ်သားသေဆုံးမှု (၆၀၈) နှင့် ထိခိုက်မှု (၁,၃၀၈) ကို ဖြစ်ပေါ်စေခဲ့ကြောင်း၊
(တ) ထိုမျှမက စစ်အုပ်စုအနေဖြင့် လူသားစာနာ အကျပ်အတည်းကို စစ်လက်နက်သဖွယ် အသုံးချကာ ပိတ်ဆို့တားဆီးခြင်းများနှင့် ကန့်သတ်ချက်များ ချမှတ်ခြင်းဖြင့် အကူအညီ လိုအပ်နေသူများထံသို့ အသက်ကယ်အကူအညီများ မရောက်ရှိနိုင်ရန် ဟန့်တားလျက်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများအပေါ်တွင် ဝင်ရောက်ခွင့်/ အသုံးပြုခွင့် တားမြစ်ခြင်း၊ ဗီဇာထုတ်ပေး မှုအား ကြန့်ကြာစေခြင်းနှင့် အထောက်အပံ့ပစ္စည်းများ သိမ်းဆည်းခြင်း အစရှိသော လူမဆန် သည့် ပုံစံဖြင့် ထပ်ခါတလဲလဲ နှောင့်ယှက်လျက်ရှိကြောင်း၊
(ထ) စင်စစ်အားဖြင့် ၂၀၀၅ ခုနှစ် ကမ္ဘာ့ထိပ်သီးအစည်းအဝေးတွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည့် R2P စည်းမျဉ်းအရ ပြည်သူလူထုအား လူမျိုးသုဉ်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများ၊ လူမျိုးစုအလိုက် သုတ်သင်ရှင်းလင်းမှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ကျူးလွန်ခံရခြင်းမှ ကာကွယ်ပေးရန် နိုင်ငံများတွင် တာဝန်ရှိသည်ဟု အလေးထားဖော်ပြထားကြောင်း၊ နိုင်ငံတစ်နိုင်ငံ အနေဖြင့် ထိုသို့ ဆောင်ရွက်ရန် ပျက်ကွက်လျှင် သို့မဟုတ်ပါက ယင်းကိုယ်တိုင်က အဆိုပါ ပြစ်မှု များ ကျူးလွန်သူဖြစ်လျှင် နိုင်ငံတကာအသိုက်အဝန်းက စုပေါင်း အရေးယူဆောင်ရွက်ရန် တာဝန် ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ အကျပ်အတည်းသည် ကြေကွဲဖွယ်ကောင်းသည် ဥပမာတစ်ခုပင် ဖြစ်နေကြောင်း၊
(ဒ) စစ်အာဏာရှင်များအနေဖြင့် အာဏာရရှိရန် အတုအယောင် ရွေးကောက်ပွဲ အပါအဝင် မတရား သည့် နည်းလမ်းမျိုးစုံကို အသုံးပြုလျက်ရှိကြောင်း၊
(ဓ) စစ်အုပ်စုအနေဖြင့် ပြည်တွင်းတရားဥပဒေစိုးမိုးမှုကို ဖျက်ဆီးထားသည့်အပြင် အကြမ်းဖက်မှု များနှင့် ဖိနှိပ်ချုပ်ခြယ်မှုများကို စနစ်တကျ ဆက်လက် ကျူးလွန်နေခြင်းကိုကြည့်ခြင်းအားဖြင့် ၎င်းတို့သည် လူ့အသက်နှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အား အရေးမစိုက်ကြောင်းကို မျက်နှာ ပြောင်စွာ ပြသနေခြင်းပင်ဖြစ်ကြောင်း၊
(န) ထို့ထက်ပိုသည်က စစ်အုပ်စုအနေဖြင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အသုံးချကာ လူမဆန်သည့် လုပ်ရပ်များကို ဆတိုးကျူးလွန်နေပြီး ပြည်တွင်းဥပဒေများနှင့် R2P ၏ စည်းမျဉ်း အနှစ်သာရ အပါအဝင် အပြည်ပြည်ဆိုင်ရာဥပဒေတို့ကိုပါ ချိုးဖောက်လျက်ရှိကြောင်း၊
(ပ) သို့ဖြစ်ရာ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားတို့က ၎င်းတို့လက်ဝယ်တွင် စစ်အုပ်စု မှ စနစ်တကျ ကျူးလွန်ထားသည့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုဆိုင်ရာ အထောက်အထား အလုံအလောက်ရှိသည်ဟု အသိပေးထားကြောင်း၊ နိုင်ငံတကာအသိုက်အဝန်း အနေဖြင့် ယင်းသက်သေအထောက်အထားများကို အသုံးပြု၍ ရာဇဝတ်သားများကို တရား ဥပဒေအရ တာဝန်ခံမှုရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
(ဖ) အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် စပ်လျဉ်း၍ ဖြေရှင်းရန် ရောမစာချုပ်၏ စာပိုဒ် ၁၂ (၃) နှင့် အညီ နိုင်ငံတကာ ရာဇဝတ်ခုံရုံး၏ တရားစီရင်မှု အား လက်ခံမည်ဟု ၂၀၂၁ ခုနှစ်၊ ဇူလိုင်လကတည်းက ကြေညာထားပြီးဖြစ်ကြောင်း၊
(ဗ) ထို့နည်းတူ မြန်မာနိုင်ငံတွင် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၏ တရားခံ မင်းအောင်လှိုင်အား ဖမ်းဆီး၍ နိုင်ငံတကာရာဇဝတ်ခုံရုံး၏ Pre-Trial Chamber I ၌ စစ်ဆေးရန် နိုင်ငံတကာရာဇဝတ်ခုံရုံးရှေ့နေမှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဝရမ်းလျှောက်ထားခဲ့သည့် အပေါ် မြန်မာနိုင်ငံက ကြိုဆိုလက်ခံပါကြောင်း၊ Chamber အနေဖြင့် နိုင်ငံတကာရာဇဝတ်ခုံရုံး၏ ဖမ်းဝရမ်းမိန့်ကိုလည်း အချိန်မီထုတ်ပေးရန် တိုက်တွန်းလိုကြောင်း၊ သို့မှသာ ပြည်သူများ၏ အသက်အိုးအိမ်နှင့် စစ်တပ်၏ ရာဇဝတ်မှုရန်စွယ်မှ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း၊
(ဘ) နိုင်ငံတကာအသိုက်အဝန်း၊ အထူးသဖြင့် လုံခြုံရေးကောင်စီအနေဖြင့်လည်း တုံ့ဆိုင်းမနေဘဲ ညီညွတ်သော၊ ပူးပေါင်းဆောင်ရွက်မှုရှိသော ချဉ်းကပ်မှုဖြင့် စုပေါင်း အရေးယူဆောင်ရွက်ချက် များ ချမှတ်ရမည်ဖြစ်ကြောင်း၊ ကောင်စီအနေဖြင့် ကောင်စီ၏ ဆုံးဖြတ်ချက် (၂၆၆၉) ကို အခြေခံ ကာ အရေးယူဆောင်ရွက်ချက်ကို ဗဟိုပြု၍ စောင့်ကြည့်လေ့လာမှုနှင့် အစီရင်ခံမှု ယန္တရားတို့ ပါဝင်သော ဆုံးဖြတ်ချက်အား ထပ်မံချမှတ်ရန် အထူးလိုအပ်ကြောင်း၊
(မ) မြန်မာနိုင်ငံအကျပ်အတည်းကြောင့် ကမ္ဘာပေါ်တွင် အခြားသော ရိုက်ခတ်မှုများနှင့် အပျက်အစီး များသည့် နောက်ဆက်တွဲဆိုးကျိုးများ မဖြစ်ပေါ်စေရန် စစ်တပ်ထံသို့ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီနှင့် ငွေကြေးထောက်ပံ့မှုများ စီးဆင်းနေမှုအား ချက်ချင်း ရပ်တန့်ရမည်ဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်ရန် အထွေထွေညီလာခံနှင့် လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်များလည်း ရှိထားပြီးဖြစ်သောကြောင့် တိကျပြတ်သားစွာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊
(ယ) မြန်မာနိုင်ငံတွင် အရပ်သားပြည်သူများအတွက် အကာအကွယ်ပေးရန်၊ ပြစ်မှုကျူးလွန်သူများ အား ရက်စက်ကြမ်းကြုတ်မှုများ ထပ်တိုးလုပ်ဆောင်ခြင်းမှာ တားဆီးရန်နှင့် နောက်ဆက်တွဲ ဆိုးကျိုးများအား ဖြေရှင်းရန် ပြဿနာ၏ဇစ်မြစ်ကို ဖြေရှင်းရမည်ဖြစ်ကြောင်း၊ စစ်တပ်ကို မဖြစ် မနေ တာဝန်ခံမှုရှိစေရမည်ဖြစ်ကြောင်း၊ ထို့နည်းတူ စစ်အာရှင်၊ ၎င်းတို့၏ မတရား စစ်အာဏာ သိမ်းမှုနှင့် ပြစ်ဒဏ်ကင်းလွတ်ခွင့် အစဉ်အလာတို့အား အပြီးတိုင် ချုပ်ငြိမ်းရမည်ဖြစ်ကြောင်း၊ ထို့ပြင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ထောင်ရမည်ဖြစ်ကြောင်း၊
(ရ) သို့ဖြစ်ရာ မိမိတို့၏ လုပ်ဆောင်ချက်များအား ပံ့ပိုးပေးရန် နိုင်ငံတကာအသိုက်အဝန်း မေတ္တာရပ်ခံ လိုကြောင်း၊
(လ) မိမိတို့ ပြည်သူများ၏ အသံများနှင့် မျှော်မှန်းဆန္ဒများကို နားထောင်ပေးပါ၊
(ဝ) ပြတ်သားတဲ့ ဆုံးဖြတ်ချက်၊ အရေးယူဆောင်ရွက်ချက်များကို အချိန်မှီ ချမှတ်ပေးမှသာ မိမိတို့ ပြည်သူများ၏ ဒုက္ခများကို ရပ်တန့်နိုင်မည်ဖြစ်ပြီး အပြစ်မဲ့ ပြည်သူများ၏ အသက်များကို ကယ်တင်နိုင်မည်ဖြစ်ကြောင်း။
(သ) ကာကွယ်မှုပေးရန်တာဝန်ရှိမှု မူ ကို အကောင်အထည်ဖော်၍ ကူကယ်ရာမဲ့နေသော မြန်မာပြည်သူ များကို ကူညီပေးကြပါ။
၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against the delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations at the UN General Assembly Plenary Meeting on the Responsibility to Protect (R2P) and the Prevention of Genocide, War Crimes, Ethnic Cleansing, and Crimes against Humanity
(New York, 25 June 2025)
Mr. President,
To begin with, I would like to thank you for convening this important meeting marking the 20th anniversary of responsibility to protect (R2P).
Myanmar wishes to express its profound gratitude to the Secretary-General and his Special Advisers on the Prevention of Genocide and Responsibility to Protect for presenting the report with its specific focus on 20 years of commitment to principled and collective action.
As we reflect on the past and consider the current global context, today’s debate is exceptionally timely.
The eruption of war, aggression, conflicts, authoritarian rulings, unlawful military coups and the post-pandemic situation constitute predominant indicators of many regional and global turbulences which are widening human suffering and increasing civilian casualties.
Grave violation of international law, international humanitarian law and international human rights law continue to expand, resulting in hundreds of thousands of civilians across the globe being left unprotected. Civilians paid the highest price.
To put it bluntly, we are failing in our global commitment to the norm of R2P, the principles of international law and humanity.
In this regard, the report before us obviously serves as a stark reminder for the international community to take collective action on these serious violations to protect people from various atrocities.
Amongst others, the case of Myanmar stands as a bleak example where conflicts escalate severely with the junta’s intensified air strikes, artillery shelling and even villages burned, including in urban areas. The Secretary-General has also noted in his report that civilians in Myanmar are bearing the brunt of violations of international law that may amount to war crimes and crimes against humanity.
Mr. President,
Before this august assembly, referring to the situation in Myanmar I have reminded time and again the international community to uphold this noble commitment on R2P and transform it into meaningful action.
Now, another year marking the unlawful military coup, there has been a disheartening absence of any meaningful progress. People and the country have been enduring the egregious atrocities perpetrated by the ruthless military junta.
The military junta continues its reign of terror against the people and further extended hostilities every day. The verified number of people brutally killed by the military junta and its affiliates has surpassed 6,800. The actual figures are expected to be much higher.
Moreover, the humanitarian situation is dire. Over 3.5 million people are being displaced. Over 20 million people, among which 10.4 million are women and girls and 6.3 million are children, are in need of humanitarian assistance. Persons with disability and other marginalized groups continue to be vulnerable in a similar setting. Likewise, Rohingya people still face uncertainties for their safe, dignified, and voluntary return.
On another aspect, poverty is increasing. UNDP has reported the increasing poverty rate in Myanmar from 24.8 % in 2017 to 49.7 % in 2023. The agency has also alarmed that even the scale of urban poverty in Yangon is increasing sharply, with 53 % of children were living under the national poverty line in 2022 alone. The economic collapse, displacement and inadequate services are pushing more families into poverty every day.
Furthermore, the social fabric of the country is shrinking. Many people in Myanmar, especially children, have been losing their fundamental right to education and health. Narrowing employment opportunities, alongside the military junta’s forced conscription, extortion, and other forms of abuses have led people to flee the country. At the same time, Myanmar has unfortunately become a significant hub for large-scale online scam operations and transnational organized crimes that are closely linked to human trafficking.
However, the military junta continues to launch deliberate attacks against people living in Myanmar. They have also been committing numerous grave crimes in a systemic manner, aiming at repressing opposition and democratic norms.
Even after the recent deadly earthquake, the military junta infringed its own ceasefire announcement and increased indiscriminate airstrikes on the civilian population.
According to the Ministry of Human Rights of the National Unity Government, the military junta conducted 982 aerial and artillery attacks between 28 March to 16 June, causing 608 civilian deaths and 1,308 people injured.
In addition, the junta uses humanitarian suffering as a weapon of war. It imposes blockades and restrictions that prevent lifesaving aid from reaching those in need. They have been repeating their cruel pattern of obstructing relief – blocking access, delaying visas, and seizing aid supplies.
Mr. President,
The principle of R2P adopted at the 2005 World Summit, underscores the fundamental principle that states have a responsibility to protect their populations from genocide, war crimes, ethnic cleansing and crimes against humanity.
When a state manifestly fails to do so, or when itself is the perpetrator of such atrocities and crimes, the international community has a responsibility to undertake collective actions.
The crisis in Myanmar is the heartbreaking case in point.
The military dictators have been trying to hold on to power through every unlawful means, including its sham elections. The junta destroyed the rule of law. The ongoing violence and systemic oppression are a stark testament to the military junta’s utter disregard for human life and international law. With impunity fueling their brutality, they have continuously violated domestic laws and the international law as well as the very tenet of the principle of R2P.
In this light, the UN Special Rapporteur on the situation of human rights in Myanmar and the Independent Investigative Mechanism for Myanmar (IIMM) have repeatedly informed of ample evidence of crimes against humanity being systematically committed by the military junta. The international community needs to apply them for bringing the perpetrators accountable through justice.
The National Unity Government of Myanmar has declared in July 2021 its acceptance of the jurisdiction of the International Criminal Court in accordance with Article 12(3) of the Rome Statute to address accountability issue in Myanmar.
Myanmar welcomes the application by ICC Prosecutor in November 2024 for a warrant of arrest before the Pre-Trial Chamber I of the ICC against Commander-in-Chief Min Aung Hlaing of Myanmar who bears criminal responsibility for the crimes against humanity in Myanmar. Therefore, I urge the Chamber to make a timely decision for issuance of ICC’s arrest warrant against Commander-in-Chief Min Aung Hlaing to save lives and protect the people of Myanmar from the military junta’s further heinous crimes.
Therefore, the international community, especially the UN Security Council needs to move from being stagnant and rather step up with collective actions through a coherent and coordinated approach.
It is crucial that the Council must adopt a follow-up a resolution to UNSC Resolution 2669, that is action-oriented and contains a monitoring and reporting mechanism.
Stopping Myanmar’s crisis from generating global implications and devastating consequences requires an immediate end to the flow and supply of arms, weapons, and financial support to the military junta.
All tools, by which I refer to numerous GA resolutions and HRC resolutions, are already available on the table. Decisive actions must be followed.
To ensure protection of civilians in Myanmar, prevent perpetrators from committing further atrocities and address repercussion, we need to address the root cause of the issue. The junta must be held accountable. Meanwhile, the military dictatorship, its unlawful coup and the culture of impunity must end. A federal democratic union must be established.
Therefore, I appeal to the international community to support us in this endeavour. Listen to our people’s voices and aspirations.
Your timely and decisive action will truly end our people’s suffering and effectively save many innocent lives.
Please help the helpless people of Myanmar by fulfilling the principle of R2P.
I thank you.
*****









