Statement by Ambassador Kyaw Moe Tun at the UN Security Council Open Debate on Protection of civilians in armed conflict
- Myanmar Mission To UN
- May 23
- 9 min read



Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the UN Security Council Open Debate on Protection of civilians in armed conflict, held on 23 May 2025
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ကျင်းပသည့် ပဋိပက္ခအတွင်း အရပ်သားပြည်သူများအား အကာအကွယ် ပေးရေး နှင့် ပတ်သက်သည့် တံခါးဖွင့်အစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မတရား အာဏာသိမ်းပြီးချိန်မှစတင်၍ အရပ်သားပြည်သူ (၆,၇၀၀) ကျော် သတ်ဖြတ်ခံခဲ့ရ၊ အမျိုးသမီးများ၊ ကလေးသူငယ်များ၊ မသန်စွမ်းသူများနှင့် သက်ကြီးသူများအနေဖြင့် အလွန်အမင်း ထိရှလွယ်လာကာ စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှု များ၏ဒဏ်ကို အဆိုးဆုံး ခါးစည်းခံနေရ၊
စစ်အုပ်စုအနေဖြင့် ၎င်းတို့၏ စစ်မက်ပြုခြင်းကို ရပ်တန့်ရန် မည်သည့်အခါကမျှ ဆန္ဒ မရှိခဲ့၊ ယင်းအစား အရပ်သား ပြည်သူများအပေါ် ပြောင်ပြောင်တင်းတင်းပင် စစ်မက်ပြု လျက်ရှိ၊
စစ်အုပ်စုသည် လူသားချင်းစာနာထောက်ထားမှု အခြေအနေကို စစ်လက်နက်အဖြစ် အသုံးချ နေပြီး အမှန် တကယ် လိုအပ်နေသူများထံသို့ အသက်ကယ် အကူအညီများ မရောက်ရှိစေရန် တားဆီးပိတ်ပင်လျက်ရှိ၊
အထူးသဖြင့် စစ်အုပ်စုမှ အရပ်သားပြည်သူများအပေါ် ကျူးလွန်သည့် ရက်စက်မှုက ကျယ်ပြန့် ပြီး တနှံတလျား ပင် ဖြစ်၊ ၎င်းတို့အနေဖြင့် အရပ်သားပြည်သူများအား ပစ်မှတ်ထားခြင်းကို နည်းဗျူဟာတစ်ခု သဖွယ် အသုံးချနေ၊
အရပ်သားပြည်သူများအပေါ် စစ်မက်ပြုသူများအား တာဝန်ခံစေရမည်ဖြစ်၊ စစ်အုပ်စုနှင့် ၎င်းတို့၏ ခေါင်းဆောင်များအနေဖြင့် ကင်းလွတ်ခွင့် မရှိသင့်၊ လုံခြုံရေးကောင်စီနှင့် အဖွဲ့ဝင်နိုင်ငံအားလုံးမှ ပြတ်သားသော ဆုံးဖြတ်ချက်များ ချမှတ်ရန် တိုက်တွန်း၊
စစ်အုပ်စုအား လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီ သို့မဟုတ် တရားဝင်မှု ပံ့ပိုးပေးနေခြင်းသည် အပြစ်မဲ့သူများ ကို သတ်ဖြတ်ရန် အားပေးစေသည် ဖြစ်၊ ထိုသို့ ထောက်ပံ့မှုများပေးအပ်လျက်ရှိသော မည်သည့်နိုင်ငံ၊ မည်သည့် အဖွဲ့အစည်း၊ မည်သူကိုမဆို ယင်းထောက်ပံ့မှုများအား ရပ်တန့်ရန် တောင်းဆိုရမည်ဖြစ်၊
မြန်မာနိုင်ငံပြဿနာအား အလုံးစုံ ဖြေရှင်းနိုင်ရန်အတွက် ပြဿနာ၏ ဇစ်မြစ်အား ဖြေရှင်းရမည် ဖြစ်၊ ပြဿနာ၏ ဇတ်မြစ် သည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးနှင့် မတရား အာဏာ သိမ်းမှု ချုပ်ငြိမ်းရေးတို့ ဖြစ်ကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ မေလ ၂၃ ရက်)
၁။ နယူးယောက်မြို့၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ပဋိပက္ခအတွင်း အရပ်သားပြည်သူများအား အကာအကွယ်ပေးရေး (Protection of Civilians in Armed Conflicts) နှင့်ပတ်သက်၍ တံခါးဖွင့် အစည်းအဝေးကို ၂၂-၅-၂၀၂၅ ရက် (ကြာသပတေးနေ့) နှင့် ၂၃-၅-၂၀၂၅ ရက် (သောကြာနေ့) တို့တွင် ကျင်းပ ခဲ့ပါသည်။
၂။ အဆိုပါ အစည်းအဝေးတွင် Under-Secretary-General for Humanitarian Affairs and Emergency Relief Coordinator Mr. Tom Fletcher ၊ President of the International Committee of the Red Cross Ms. Mirjana Spoljaric ၊ UN Under-Secretary-General and UN Women Executive Director Ms. Sima Bahous နှင့် “Save the Children US” မှ President and Chief Executive Officer Ms. Janti Soeripto တို့က ဆွေးနွေးသူများအဖြစ် ပါဝင်ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ (၉၀) ကျော် ကလည်း မိန့်ခွန်းများ ပြောကြားခဲ့ကြပါသည်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ၂၃-၅-၂၀၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အစည်းအဝေး၌ တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ပါသည်။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အောက်ဖော်ပြပါအချက်များ အဓိက ပါဝင်ပါသည်-
(က) အရပ်သားပြည်သူများ အကာအကွယ်ပေးရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ နောက်ဆုံးထုတ်ပြန်ထားသည့် အစီရင်ခံစာအတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ယင်း အစီရင်ခံစာတွင် ဒေသတစ်လွှား၌ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေအား ကြီးလေးစွာ ချိုးဖောက်လျက်ရှိကြောင်းကို စုစည်း ဖော်ပြထားကြောင်း၊ ထို့အပြင် အပြစ်မဲ့ အရပ်သားပြည်သူများ၊ အရပ်သား အဆောက်အအုံများနှင့် အန္တရာယ် ကျရောက်နေသည့် အရပ်သားပြည်သူများအား ကာကွယ်ပေးရန် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအပေါ် သက်ရောက်သော နောက်ဆက်တွဲ ဆိုးကျိုးများကိုလည်း မီးမောင်းထိုး ဖော်ပြထားကြောင်း၊
(ခ) အစီရင်ခံစာတွင် ဖော်ပြထားသည့်အတိုင်း နေ့စဉ်နှင့်အမျှ ပြည်သူများ သတ်ဖြတ်ခံရသည့် အရေ အတွက် မြင့်တက်လာခြင်းက အလွန် ဝမ်းနည်းဖွယ်ကောင်းကြောင်း၊ ထို့ကြောင့် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် အရပ်သားပြည်သူများအား အကာအကွယ်ပေးရန် ဆထက်တပိုး အားစိုက်ထုတ်ရန် လိုအပ်နေခြင်းက ရှင်းလင်းမြင်သာကြောင်း၊
(ဂ) အစီအရင်ခံစာတွင် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသည့် ဆိုးရွားသော အခြေအနေများအားနှင့် အရပ်သားပြည်သူများ ကြီးလေးစွာ ရင်ဆိုင်နေရသည့် ဒုက္ခဆင်းရဲများကို အလေးထား ဖော်ပြ ထားရှိသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အား ကျေးဇူးတင် ပါကြောင်း၊
(ဃ) ယနေ့ မြန်မာနိုင်ငံတွင်ဖြစ်ပျက်နေသည့် အခြေအနေများသည် အရပ်သားပြည်သူများနှင့် ၎င်းတို့ အား ကူညီဆောင်ရွက်ပေးနေသူများအပေါ် ခြိမ်းခြောက်မှုအသစ်များ ပေါ်ပေါက်နေကြောင်းကို ထင်ရှားစွာ ပြသနေသည့် ကြေကွဲစရာ ဥပမာတစ်ခုပင်ဖြစ်ကြောင်း၊
(င) ၂၀၂၄ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အရပ်သားပြည်သူများအား အကာအကွယ်ပေးခြင်း အစီရင်ခံစာတွင် ဖော်ပြထားသည့်အတိုင်း ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကာလ အတွင်း၌ မြန်မာနိုင်ငံ၏ ပဋိပက္ခမှာ ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများ၊ လေကြောင်းမှ ဗုံးကျဲခြင်းများ၊ ကျေးရွာများနှင့် မြို့ပြဒေသများပါမကျန် မီးရှို့ဖျက်ဆီးခြင်းများ စသည်ဖြင့် သိသိသာသာ အရှိန်အဟုန် မြင့်တက်ခဲ့ကြောင်း၊
(စ) တစ်ဖန် ယခုနှစ် အစီရင်ခံစာတွင် ဖော်ပြထားသကဲ့သို့ပင် ၂၀၂၄ ခုနှစ် တစ်လျှောက်လုံးနှင့် ၂၀၂၅ ခုနှစ်ထဲ ဝင်လာ သည်အထိ အကြမ်းဖက်မှုများက ဆက်၍ပင် ဆိုးရွားစွာ မြင့်တက်နေဆဲဖြစ် ကြောင်း၊
(ဆ) မြန်မာနိုင်ငံတွင် နေထိုင်ကြသူများအနေဖြင့် စစ်အုပ်စု၏ သတ်ဖြတ်ခြင်း၊ တရားလက်လွတ် ဖမ်းဆီးခြင်း၊ အဓမ္မ စစ်သားစုဆောင်းခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ အတင်းအကျပ် ပျောက်ကွယ်စေခြင်း၊ ဥပဒေမဲ့ ကွပ်မျက်ခြင်းမှသည် လေကြောင်းတိုက်ခိုက်မှုများအထိ စသည် ဖြင့် ထိတ်လန့်ဖွယ်ကောင်းလောက်အောင် ဆိုးရွားသည့် ရက်စက်ကြမ်းကြုတ်မှုများကြောင့် နေ့စဉ်နေ့တိုင်း အကြောက်တရားအောက်တွင် နေထိုင်နေရကြောင်း၊
(ဇ) ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မတရား အာဏာသိမ်းပြီးချိန်မှစတင်၍ အရပ်သားပြည်သူ (၆,၇၀၀) ကျော် သတ်ဖြတ်ခံခဲ့ရပြီဖြစ်ကြောင်း၊ ယင်းကိန်းဂဏန်းများမှာ အတည်ပြုထားပြီးသော ကိန်းဂဏန်းများဖြစ်ပြီး လက်တွေ့တွင် သေဆုံးသူဦးရေ ပို၍ များပြားနိုင်ကြောင်း၊
(ဈ) ထိုသို့သော အခြေအနေများ၌ အမျိုးသမီးများ၊ ကလေးသူငယ်များ၊ မသန်စွမ်းသူများနှင့် သက်ကြီးသူများအနေဖြင့် အလွန်အမင်း ထိရှလွယ်လာကာ စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှု များ၏ဒဏ်ကို အဆိုးဆုံး ခါးစည်းခံနေရကြောင်း၊
(ည) သို့ရာတွင် စစ်အုပ်စုအနေဖြင့် ၎င်းတို့၏ စစ်မက်ပြုခြင်းကို ရပ်တန့်ရန် မည်သည့်အခါကမျှ ဆန္ဒ မရှိခဲ့ကြောင်း၊ ယင်းအစား အရပ်သားပြည်သူများအပေါ် ပြောင်ပြောင်တင်းတင်းပင် စစ်မက်ပြု လျက်ရှိကြောင်း၊
(ဋ) ယခုနှစ် မတ်လ (၂၈) ရက်နေ့တွင် မြန်မာနိုင်ငံ၌ ၇.၇ ပြင်းအားရှိသော ငလျင် ရိုက်ခတ်ခဲ့ရာ လူပေါင်း (၃,၈၀၀) ကျော်ခန့် အသက်ဆုံးရှုံးခဲ့ရကြောင်း၊ နေအိမ်များ၊ စာသင်ကျောင်းများနှင့် အရေးပါသော အခြေခံအဆောက်အအုံများလည်း ပျက်စီးခဲ့ပြီး လူပေါင်းများစွာ ဒဏ်ရာ ရရှိခြင်း သို့တည်းမဟုတ် နေရပ်စွန့်ခွာခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း၊
(ဌ) ထိုသို့ တစ်နိုင်ငံလုံး ဒုက္ခရောက်နေစဉ် စည်းလုံးညီညွတ်မှုရှိကာ အချင်းချင်း ကရုဏာထား၍ ကယ်ဆယ်ရေးလုပ်ငန်းများကို အရေးပေါ် လုပ်ဆောင်ရမည့် အခိုက်အတန့်တွင် စစ်အုပ်စုက လိုအပ်သည့် အကူအညီများ ပေးပို့ထောက်ပံ့ခြင်းအစား ခက်ခဲနေသည့်အခြေအနေကို ခုတုံးလုပ် ရန်သာ ရွေးချယ်ခဲ့ကြောင်း၊
(ဍ) စစ်အုပ်စုအနေဖြင့် ငလျင်ဘေးဒဏ်သင့် နေရာဒေသများသို့ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး သဘာဝဘေးအန္တရာယ်ဖြစ်ခြင်းကို အကာအကွယ်ယူ၍ မြန်မာပြည်သူများကို ပိုမို သတ်ဖြတ်ခဲ့ ကြောင်း၊ ကုလသမဂ္ဂအနေဖြင့် အဆိုပါ အခြေအနေကို “အလွန်အမင်း တရားလွန်၍ လက်ခံနိုင် ဖွယ် မရှိကြောင်း” ဟု မှန်ကန်စွာ ထောက်ပြခဲ့ကြောင်း၊
(ဎ) ပြီးခဲ့သော မေလ (၁၀) ရက်နေ့မှ (၁၅) ရက်နေ့အထိ (၅) ရက်တာကာလတိုအတွင်း၌လည်း စစ်အုပ်စုအနေဖြင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် တို့အပေါ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ကာ လူအယောက် (၈၀) ကို သတ်ဖြတ်ခဲ့ပြီး (၁၈၅) ဦးကို ထိခိုက်ဒဏ်ရာ ရရှိစေခဲ့ကြောင်း၊ အဆိုပါ ဖြစ်စဉ်များတွင် ထိခိုက်ခံစားရသူများတွင် စာသင်ကျောင်းတွင် ပညာသင်ကြားနေသည့် ကလေးငယ်များပါဝင်ကြောင်း၊ ၁၂-၅-၂၀၂၅ ရက်နေ့ တွင် ဒီပဲယင်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၌ ဖြစ်ပေါ်ခဲ့သည့် ကျေးရွာတစ်ခုရှိ စာသင်ကျောင်း တစ်ကျောင်းအပေါ် စစ်အုပ်စုမှ လေကြောင်းမှတဆင့် တိုက်ခိုက်ခဲ့မှုကြောင့် ကလေးသူငယ် အယောက် (၂၀) ခန့်နှင့် ကျောင်းဆရာမများ သေဆုံးခဲ့ရကြောင်း၊ စစ်အုပ်စုမှ ကျူးလွန်သည့် ထိုသို့သော ရက်စက်ကြမ်းကြုတ်မှုများကို ကြည့်ခြင်းအားဖြင့် ၎င်းတို့သည် လူ့အသက်အား စိုးစဉ်းမျှ တန်ဖိုးမထားကြောင်းက ပေါ်လွင်ကြောင်း၊
(ဏ) အထူးသဖြင့် စစ်အုပ်စုမှ အရပ်သားပြည်သူများအပေါ် ကျူးလွန်သည့် ရက်စက်မှုက ကျယ်ပြန့် ပြီး တနှံတလျားပင် ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် အရပ်သားပြည်သူများအား ပစ်မှတ်ထား ခြင်းကို နည်းဗျူဟာတစ်ခု သဖွယ် အသုံးချခြင်းဖြစ်ကြောင်း၊
(တ) မိမိတို့အနေဖြင့် စစ်အုပ်စုမှ လုပ်ဆောင်နေသည့် အလုံးစုံ ဖျက်ဆီးခြင်း မဟာဗျူဟာနှင့် အရပ်သား ပစ်မှတ်များအား ခွဲခြားမှုမရှိဘဲ အကြမ်းဖက်နေခြင်းအား ၎င်းတို့၏ မတရားသော ထိန်းချုပ်မှုကို တော်လှန်တွန်းလှန်နေသည့် လူထုအား အပြစ်ပေးသည့်အနေဖြင့် ရည်ရွယ်ချက်ရှိရှိ စနစ်တကျ ဦးတည်နေသည် စစ်ဆင်ရေးတစ်ရပ်အဖြစ် သုံးသပ်တွေ့မြင်ရကြောင်း၊
(ထ) အဆိုပါ ကျူးလွန်မှုများသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေအား ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းမည်ရုံသာမက မိမိတို့ ဘုံအလေးထားသည့် လူသားဆန်မှု အပေါ် စော်ကားခြင်းဖြစ်ပြီး အဆိုပါ လုပ်ရပ်များကို စစ်ရာဇဝတ်မှုအဖြစ် မှတ်ယူရမည်ဖြစ် ကြောင်း၊
(ဒ) စစ်အုပ်စုသည် လူသားချင်းစာနာထောက်ထားမှု အခြေအနေကို စစ်လက်နက်အဖြစ် အသုံးချ နေပြီး အမှန်တကယ် လိုအပ်နေသူများထံသို့ အသက်ကယ် အကူအညီများ မရောက်ရှိစေရန် တားဆီးပိတ်ပင်လျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းနှင့် ယခုနှစ်အတွင်းဖြစ်ပေါ်ခဲ့သည့် ငလျင်ဘေးတို့တွင်လည်း စစ်အုပ်စုက ၎င်းတို့၏ ရက်စက်သော လုပ်ပုံလုပ်နည်းကို ထပ်မံလုပ်ဆောင်နေပြီး အကူအညီများ ဖြန့်ဝေနိုင်ရေးကို တားမြစ်ခြင်း၊ ဗီဇာ ထုတ်ပေးခြင်းအား နှောင့်နှေးကြန့်ကြာစေခြင်းနှင့် ထောက်ပံ့ရေးပစ္စည်းများအား သိမ်းဆည်းထား ခြင်းအားဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများကို ဟန့်တားလျက်ရှိကြောင်း၊
(ဓ) ယင်းသို့ အထောက်အပံ့များအား တမင်တကာ တွက်ချက်၍ ငြင်းပယ်နေခြင်းက ကျပ်တည်း လျက်ရှိသော လူသားစာနာမှုပြဿနာကို သာ၍ ဆိုးရွားစေကြောင်း၊
(န) ယနေ့အခါတွင် မြန်မာနိုင်ငံ၌ အကူအညီများ လိုအပ်နေသူ သန်းပေါင်း (၂၀) ရှိပြီး ၃.၅ သန်းသော ပြည်သူများမှာလည်း နေရပ်စွန့်ခွာနေရကြောင်း၊ သို့သော်လည်း ကူညီကယ်ဆယ်ရေးအဖွဲ့များ အနေဖြင့် စစ်အုပ်စု၏ နှောင့်ယှက်ဖျက်ဆီးမှုများအား အံတုကာ ၎င်းတို့၏ အသက်ကို စွန့်စား လျက် အကူအညီများ ပေးပို့နိုင်ရန် ကြိုးစားနေရကြောင်း၊
(ပ) လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်သည့် ဝန်ထမ်းများ၊ သတင်းထောက်များ၊ မီဒီယာသမားများအနေဖြင့်လည်း စစ်အုပ်စု၏ တိုက်ခိုက်မှု ရန်စွယ်မှု မှ လွတ်ကင်းခွင့် မရှိကြ ကြောင်း၊ စစ်အုပ်စုအနေဖြင့် အမှန်တရားအား သတင်းပို့ အစီရင်ခံသူ သို့မဟုတ် ကူညီကယ်ဆယ် ထောက်ပံ့သူများအပေါ် ကြောက်ရွံ့ထိတ်လန့်စေမည့် အခြေအနေများ ဖန်တီးလျက်ရှိကြောင်း၊
(ဖ) ကယ်ဆယ်ရေးဝန်ထမ်းများနှင့် ဆေးပညာရှင်များအနေဖြင့် ၎င်းတို့၏ အလုပ်ကို လုပ်ဆောင်ခြင်း ကြောင့်ပင်လျှင် ဖမ်းဆီးထိန်းချုပ်၊ ညှဉ်းပန်းနှိပ်စက်၊ သို့မဟုတ် သတ်ဖြတ်ခြင်းခံနေရကြောင်း၊ မတရား စစ်အာဏာသိမ်းထားသည့်ကာလတစ်လျှောက်တွင် ကျန်းမာရေးဝန်ထမ်း (၁၃၀) ကျော် သတ်ဖြတ်ခံခဲ့ရပြီး ကျန်းမာရေး အဆောက်အဦ (၃၃၀) ကျော် ဖျက်ဆီးခံခဲ့ရကြောင်း၊
(ဗ) ထို့အပြင် သတင်းထောက်များအနေဖြင့် ခြိမ်းခြောက်ခံရခြင်း၊ အကျဉ်းချခံရခြင်းနှင့် သေစေနိုင် သည်အထိ အကြမ်းဖက်ခံရခြင်းတို့ကို ရင်ဆိုင်နေရကြောင်း၊ ၂၀၂၄ ခုနှစ်သည် မြန်မာနိုင်ငံ၏ သတင်းကဏ္ဍအတွက် ပျက်စီးဆုံးရှုံးမှု အကြီးမားဆုံး နှစ်တစ်နှစ်ဖြစ်ကြောင်း၊ ယင်းနှစ်အတွင်း သတင်းထောက် (၄) ဦး အနည်းဆုံး သတ်ဖြတ်ခံခဲ့ရကြောင်း၊
(ဘ) စစ်အုပ်စုအနေဖြင့် ၎င်းတို့ ကျူးလွန်သည့် ရာဇဝတ်မှုများအား သက်သေထွက်ဆိုသူများကို နှုတ်ပိတ်ရန် သတင်းထောက်များအား အကျဉ်းချခြင်း သို့မဟုတ် သတ်ဖြတ်ခြင်းတို့ကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ သို့ဖြစ်ရာ အဆိုပါ ခြိမ်းခြောက်မှုများအကြား ကြံ့ကြံ့ခံလျက်ရှိ သော ဒေသခံ လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးအပ်နေသည့် စေတနာ့ ဝန်ထမ်းများနှင့် လွတ်လပ်သည့် သတင်းထောက်များအား မိမိတို့ ဂုဏ်ပြုဦးညွတ်ပါကြောင်း၊
(မ) လုံခြုံရေးကောင်စီအနေဖြင့်လည်း မြန်မာ စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကို ကောင်စီ၏ ဆုံးဖြတ်ချက် ၂၆၆၉ (၂၀၂၂) ဖြင့် ပြင်းထန်စွာ ရှုတ်ချထားပြီးဖြစ်ကြောင်း၊ သို့သော်လည်း စစ်အုပ်စု အနေဖြင့် ၎င်းတို့၏ ရက်စက်မှုများကို ဆက်လက်ကျူးလွန်နေဆဲဖြစ်ကြောင်း၊ ထို့ကြောင့် ကုလသမဂ္ဂနှင့် လုံခြုံရေးကောင်စီတို့အနေဖြင့် အရပ်သားပြည်သူများအား အကာ အကွယ် ပေးရန် ပိုမို ခိုင်မာသော အရေးယူဆောင်ရွက်မှုများ ရှိရန် လိုအပ်ကြောင်း၊
(ယ) သို့ဖြစ်ပါ၍ မိမိတို့အနေဖြင့် အတွင်းရေးမှူးချုပ်၏ တောင်းဆိုမှုကို ထပ်လောင်းအတည်ပြု လိုကြောင်း၊ အရပ်သားပြည်သူများအပေါ် စစ်မက်ပြုသူများအား တာဝန်ခံစေရမည်ဖြစ်ကြောင်း၊ စစ်အုပ်စုနှင့် ၎င်းတို့၏ ခေါင်းဆောင်များအနေဖြင့် ကင်းလွတ်ခွင့် မရှိသင့်တော့ကြောင်း၊ လုံခြုံရေးကောင်စီနှင့် အဖွဲ့ဝင်နိုင်ငံအားလုံးမှ ပြတ်သားသော ဆုံးဖြတ်ချက်များ ချမှတ်ရန် တိုက်တွန်းပါကြောင်း၊
(ရ) ဤလုံခြုံရေးကောင်စီအနေဖြင့် လေကြောင်းဗုံးကျဲတိုက်ခိုက်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများ ချက်ချင်းရပ်တန့်စေရန် တောင်းဆိုရမည်ဖြစ်ကြောင်း၊ ထို့အတူ လိုအပ်နေသူများထံ လူသားချင်း စာနာထောက်ထားမှုအကူအညီများ မလွဲမသွေ အတားအဆီးမရှိ ရောက်ရှိရေးကိုလည်း တောင်းဆိုရမည်ဖြစ်ကြောင်း၊ စစ်အုပ်စုအား လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီ သို့မဟုတ် တရားဝင်မှု ပံ့ပိုးပေးနေခြင်းသည် အပြစ်မဲ့သူများ ကို သတ်ဖြတ်ရန် အားပေးစေသည် ဖြစ်ခြင်း ကြောင့် ထိုသို့ ထောက်ပံ့မှုများပေးအပ်လျက်ရှိသော မည်သည့်နိုင်ငံ၊ မည်သည့် အဖွဲ့အစည်း၊ မည်သူကို မဆို ယင်းထောက်ပံ့မှုများအား ရပ်တန့်ရန် တောင်းဆိုရမည်ဖြစ်ကြောင်း၊
(လ) မြန်မာနိုင်ငံပြဿနာအား အလုံးစုံ ဖြေရှင်းနိုင်ရန်အတွက် ပြဿနာ၏ ဇစ်မြစ်အား ဖြေရှင်းရမည် ဖြစ်ကြောင်း၊ ပြဿနာ၏ ဇတ်မြစ် သည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးနှင့် မတရား အာဏာ သိမ်းမှု ချုပ်ငြိမ်းရေးတို့ ဖြစ်ကြောင်း၊
(ဝ) တစ်ချိန်တည်းမှာပင် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ အား ဒေသခံ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ကွန်ယက်များမှတဆင့် တိုးချဲ့လုပ်ဆောင်ပေးရန် လည်း တိုက်တွန်းတောင်းဆိုလိုပါကြောင်း၊ ထို့ပြင် သတင်းထောက်များ၊ ကယ်ဆယ်ရေး ဝန်ထမ်းများ၊ စစ်အုပ်စု၏ ပစ်မှတ်ထားခံရသည့် တက်ကြွလှုပ်ရှားသူများ အပါအဝင် အကြမ်းဖက်မှုများထံမှ ထွက်ပြေးတိမ်းရှောင် နေသူများအား ခိုလှုံခွင့်နှင့် အကာအကွယ် ပေးအပ် ကြရန်လည်း တောင်းဆိုလိုပါကြောင်း၊
(သ) မည်သို့ပင်ဆိုစေ မြန်မာပြည်သူပြည်သားများအနေဖြင့် လွန်စွာဆိုးရွားသော ဒုက္ခဆင်းရဲများကို ရင်ဆိုင်ဖြတ်ကျော်နေရသည့်တိုင် မျှော်လင့်ချက်အား အရှုံးမပေးဘဲ ကြံ့ကြံ့ခံလျက်ရှိပါကြောင်း၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု ရရှိနိုင်ရန်အတွက် မိမိတို့၏ မျှော်မှန်းချက် က ခိုင်မာပါကြောင်း၊ မိမိတို့ ရွေးချယ်ထားသည့် အနာဂတ်၊ မြန်မာပြည်သူများ၏ အခွင့်အရေး များနှင့် လုံခြုံရေးကို ကာကွယ်ပေးမည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို ထိုက်ထိုက်တန်တန် ရရှိရန် ဆက်လက် တောင်းဆိုပါကြောင်း၊
(ဟ) အဆိုပါ မျှော်မှန်းချက်ပြည့်မှီရန် မိမိတို့၏ သန္နိဋ္ဌာန်မှာ ခိုင်မာပါကြောင်း၊ လူ့အခွင့်အရေး၊ တရား မျှတမှုနှင့် တရားဥပဒေစိုးမိုးမှုတို့အပေါ် အခြေခံသည့် နိုင်ငံအား တည်ထောင်ရန် ကတိကဝတ်ပြု ပါကြောင်း၊
(ဠ) သို့ဖြစ်ပါ၍ ဤကောင်စီအနေဖြင့် မြန်မာအရေးကိစ္စအား အမေ့လျော့ခံ အကျပ်အတည်းတစ်ခု မဖြစ်စေရေး လုပ်ဆောင်ပေးရန် မိမိအနေဖြင့် လေးလေးနက်နက် တောင်းဆိုပါကြောင်း၊
(အ) မြန်မာ အရပ်သားပြည်သူများ၊ လူသားစာနာမှု အကူအညီပေးသူများ နှင့် သတင်းထောက်များ၏ ရဲစွမ်း သတ္တိနှင့် စွန့်လွှတ်အနစ်နာခံမှုတို့အပေါ် မိမိတို့၏ နှစ်လိုအားကျမှုပေးရုံမျှသာမဟုတ်ဘဲ ထိရောက် ခိုင်မာသော လုပ်ဆောင်ချက်များ ပြုလုပ်ပေးရန် လိုပါကြောင်း၊ စစ်အုပ်စု၏ အကြမ်းဖက်မှု အား ချုပ်ငြိမ်းစေရန်၊ အရပ်သားပြည်သူများအား အကာအကွယ်ပေးနိုင်ရန် စည်းလုံးညီညွတ်၍ ခိုင်မာစွာ ဖြင့် အခုပင် အရေးယူဆောင်ရွက်ရန် မေတ္တာရပ်ခံပါကြောင်း၊ ဤသို့ ဆောင်ရွက်ရာတွင် ဆွေးနွေးစရာ အကြောင်းအရာ ခေါင်းစဉ်တစ်ခုမျှသာမဟုတ်ဘဲ မြန်မာ နိုင်ငံတွင် ပကတိဖြစ်ပေါ်မည့် အခြေအနေ နှင့် အညီ ထိရောက်စွာ အရေးယူ လုပ်ဆောင်ရန် ဖြစ်ကြောင်း။
၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၅ ခုနှစ်၊ မေလ ၂၃ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to United Nations, at the UN Security Council Open Debate on Protection of civilians in armed conflict
(New York, 23 May 2025)
Mr. President,
At the outset, I would like to thank Greece’s presidency for convening this important meeting and the briefers for presenting the alarming global situation on protection of civilians.
I also extend my profound gratitude to the Secretary-General for his latest report on Protection of Civilians.
The report vividly captures serious violation of international humanitarian law across regions and highlighted devastating consequences falling onto innocent civilians and civilian infrastructures, together with personnels discharging their duties to protect the civilians in harm.
Sadly the number of peopled killed and suffered is growing every day. Clearly, the international community must double their efforts to protect civilians.
As a country concerned, Myanmar thanks the Secretary-General in his report for highlighting the dire situation in Myanmar and the immense suffering faced by the civilians.
Mr. President,
Today, Myanmar stands as a bleak example of emerging threats to civilians and those who seek to help them. As the Secretary-General’s report on Protection of Civilians in 2024 noted, the last quarter of 2023 saw Myanmar’s conflict escalate sharply – with intensified air strikes, artillery shelling and even villages burned, including in urban areas previously spared. Tragically, as illustrated in this year’s report this violence has only grown worse through 2024 and into 2025.
On a daily basis, people in Myanmar live in fear due to the military junta’s egregious atrocities ranging from killing, arbitrary arrests, forced conscription, sexual violence, enforced disappearances, extrajudicial executions to aerial attacks.
Since the coup in February 2021, over 6700 civilians were killed. This is the verified number. Actual number must be higher.
Under these circumstances, women, children, persons with disability and older persons have become exceptionally vulnerable, bearing the heaviest brunt of the junta’s brutalities.
But the military junta had never agreed to the cessation of hostilities, instead continued their campaign of terror against the civilians in a blatant manner.
On 28 March of this year, Myanmar was struck by a devastating 7.7 magnitude earthquake that claimed nearly 3,800 lives, destroyed homes, schools, and critical infrastructure, and left thousands more injured or displaced. In the face of this national tragedy - when unity, compassion, and relief were most urgently needed - the military junta chose not to provide aid in many areas, but to exploit the chaos. They launched fresh airstrikes on quake-hit areas, cynically using the disaster as cover to murder more of Myanmar people - a horror the UN has rightly called “completely outrageous and unacceptable.”
In just one five-day period (10–15 May 2025), junta air raids across multiple regions – Sagaing, Mandalay, Rakhine, Chin, Shan – killed 80 people and injured 185. Among the victims were children at school: on 12 May, a village school in Debayin, Sagaing Region was hit, killing at least 20 children along with their teachers. Such atrocities underscore the military junta’s utter disregard for human life.
The junta’s cruelty toward civilians is comprehensive. It is deliberately targeting innocent people as a tactic of terror. We see a systematic campaign of fear: the military’s scorched-earth strategy and indiscriminate violence are designed to punish populations that dare oppose its illegal rule.
These acts are not only blatant violations of international humanitarian law; they are an assault on our shared humanity and must be recognized as war crimes.
The junta uses humanitarian suffering as a weapon of war. It imposes blockades and restrictions that prevent lifesaving aid from reaching those in need. Even after Cyclone Mocha in 2023 and this year’s earthquake, the military has repeated its cruel pattern of obstructing relief – blocking access, delaying visas, and seizing aid supplies.
This calculated denial of assistance is worsening an already dire humanitarian crisis. Today, 20 million people in Myanmar are in need of aid. Over 3.5 million people are being displaced. Yet aid workers risk their lives to deliver help in the face of junta impediments.
Humanitarian personnel, as well as journalists and media professionals, are not spared from attack. The military junta has created a climate of terror for those who dare to report the truth or render aid. Aid workers and medics have been arrested, tortured, even killed for doing their jobs – over 130 health workers have been murdered since the coup, and more than 330 medical facilities destroyed.
Journalists face intimidation, imprisonment, and lethal violence: 2024 has been the deadliest year yet for Myanmar’s press, with at least four journalists killed so far, adding to many more killed or jailed since 2021. The junta seeks to silence witnesses to its crimes by jailing reporters and even taking their lives. We salute the courage of Myanmar’s local humanitarian volunteers and independent journalists who persist in the face of these threats.
Mr. President,
The United Nations Security Council itself has explicitly condemned the military junta’s atrocities in its Resolution 2669 (2022). Yet the junta’s brutality continues unabated. The UN and the UN Security Council must be bold to protect civilians.
We therefore echo the Secretary-General’s call: there must be accountability for those who wage war on civilians. The junta and its leaders must not be permitted to act with impunity.
We urge the Security Council and all Member States to take decisive action. This Council should demand an immediate halt to the aerial bombings and atrocities, and insist on unimpeded humanitarian access to all people in need. Any actors providing the junta with weapons, jet fuel or legitimacy should be urged to end such support, for they are fuelling the slaughter of innocents.
I wish to stress that a comprehensive approach to resolving Myanmar’s issue lies clearly on addressing the root cause, ending the military dictatorship and the unlawful military coup.
At the same time, we ask Member States to increase humanitarian aid through local civil society networks. And we call on all countries to offer refuge and protection to those fleeing violence, including journalists, aid workers, and activists targeted by the junta.
Above all, the people of Myanmar, despite unimaginable suffering, have not given up hope. Our resolve to achieve peace, democracy and federal unity remains strong. We continue to demand the future we voted for and deserve: a federal democratic Myanmar that protects the rights and safety of all its people.
Myanmar’s people remain steadfast in this vision. We are committed to building a nation founded on human rights, justice and the rule of law, where the military’s assaults on civilians become a nightmare of the past.
I respectfully urge this esteemed Council: do not allow Myanmar to become a forgotten crisis. The courage and sacrifices of Myanmar’s civilians, humanitarian workers, and journalists merit not just our admiration, but our concrete action. Please act now – with unity and conviction – to end the junta’s reign of terror and to ensure that the protection of civilians is not merely an agenda item, but a reality on the ground in Myanmar.
I thank you.
*****










