top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun at the UN Security Council Arria-Formula Meeting on Myanmar




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the UN Security Council Arria-Formula Meeting on Myanmar, held on 19 May 2023


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


မြန်မာနိုင်ငံနှင့်ပတ်သက်၍ ပြုလုပ်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ Arria-Formula အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း မှ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အဆို “၂၆၆၉” ၏ နောက်ဆက်တွဲအရေးယူမှုကို ချက်ချင်းဆောင်ရွက်ရန် လိုအပ်နေ၊ လုံခြုံရေးကောင်စီအနေဖြင့် ကုလသမဂ္ဂပဋိဉာဏ်စာတမ်း၏ အခန်းခုနစ်အောက်မှ အဓိပ္ပါယ်ရှိသည့် အရေးယူဆောင်ရွက်မှုပြုလုပ်ရန်လိုကြောင်း ထောက်ပြ


(နယူးယောက်မြို့၊ ၂၀၂၃ ခုနှစ်၊ မေလ ၁၉ ရက်)


၁။ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ Arria-Formula အစည်းအဝေးတစ်ရပ်ကို ၂၀၂၃ ခုနှစ် မေလ ၁၉ ရက်နေ့တွင် ဗြိတိန်နိုင်ငံမှ ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် UN OCHA ၏ ကိုယ်စားလှယ်၊ မြန်မာနိုင်ငံမှ ဒေါ်မေစပယ်ဖြူနှင့် ဒေါ်ဝေဝေနုတို့က တက်ရောက်၍ ရိုဟင်ဂျာများ၏ အခြေအနေ၊ လူသားချင်းစာနာမှု အခြေအနေအပါအဝင် မြန်မာနိုင်ငံအခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြပါသည်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါသည်။

၂။ မြန်မာအမြဲတမ်းကိုယ်စားလှယ်မှ အောက်ဖော်ပြပါ အဓိကအချက်များကို ဆွေးနွေးပြောကြားခဲ့ပါ သည်-


(က) မြန်မာနိုင်ငံတွင် လတ်တလော လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရန် အရေးတကြီး လိုအပ်နေကြောင်း၊ နိုင်ငံတကာအသိုက်အဝန်း၏ အထူးအာရုံစိုက်မှုကို လိုအပ်နေကြောင်း၊ မေလ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံအနောက်ပိုင်းသို့ အလွန်အားကောင်းသော ဆိုင်ကလုန်းမိုခါသည် ပင်လယ်ကမ်းရိုးတမ်းမှ ကုန်းတွင်းပိုင်းအထိ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်၏ မတရားအာဏာသိမ်းမှု၊ အကြမ်းဖက်ကျူးလွန်မှုများကို ခံစားနေရသည့် ပြည်သူများသည် မုန်တိုင်း၏ နောက်ဆက်တွဲအကျိုးဆက်များကိုပါ ထပ်ဆင့်ခံစားနေရကြောင်း၊


(ခ) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရိုဟင်ဂျာများအပါအဝင် လူပေါင်း (၄၅၀) ကျော် အသက်ဆုံးရှုံးခဲ့ပြီး၊ နေအိမ်၊ စာသင်ကျောင်း၊ လမ်း၊ တံတားများအပါအဝင် စိုက်ပျိုးဧရိယာများစွာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ လူပေါင်း (၆) သန်းခန့်မှာ အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိကြောင်း၊ အစားအစာ၊ ဆေးဝါးနှင့် ယာယီခိုလှုံရန် တဲများမရှိခြင်းနှင့် ဆက်သွယ်ရေးနှင့် ကူးသန်းသွားလာမှု ပြတ်တောက်ခြင်းတို့ကြောင့် ဆိုးရွားသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း၊


(ဂ) အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မိုခါဆိုင်ကလုန်းမုန်တိုင်း အရေးပေါ်တုံ့ပြန်ရေးအတွက် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်း၍ အရေးပေါ်ကယ်ဆယ်ရေးအတွက် အမေရိကန်ဒေါ်လာ (၁) သန်း ပံ့ပိုးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကော်မတီမှ မုန်တိုင်းတိုက်ခိုက်ခံဒေသမှ ပြည်သူများ၏ လိုအပ်မှုများကို ဒေသခံကူညီ ဆောင်ရွက်ရေးအဖွဲ့များနှင့်ချိတ်ဆက်၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊


(ဃ) ကုလသမဂ္ဂအဖွဲ့အစည်းများအပါအဝင် အကူအညီပေးအပ်ရေး ဆောင်ရွက်နေသည့် အခြားသော ကူညီပေးရေးအဖွဲ့များသည် အမှန်တကယ်လိုအပ်နေသူများထံသို့ လူသားချင်းစာနာမှုအကူအညီများ ပေးပို့နိုင်ရေး အားသွန်ကြိုးစား ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းအခြေအနေမျိုးတွင် တရားမဝင် စစ်တပ်အနေဖြင့် “ဖြတ် (၄) ဖြတ်” မူဝါဒကို အသုံးပြု၍ လူသားချင်းစာနာမှု အကူအညီပေးရေးပစ္စည်းများ လိုအပ်သူများထံ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားနေသည့် နေရာများတွင် နေထိုင်သူများထံ မပေးအပ်နိုင်ရေး အတွက် ကြိုးစားနေလိမ့်မည်ဖြစ်ကြောင်း၊


(င) လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စနှင့် စပ်လျဉ်း၍ အဓိကနှစ်ချက်ကို ပြောလိုကြောင်း၊ ပထမအချက်အနေဖြင့် လုံလောက်သော လူသားချင်းစာနာမှုအကူအညီများ မရရှိခြင်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်၊ စစ်တပ်၏ မတရားအာဏာသိမ်းမှုဖြစ်ပွားပြီးကတည်းက လူမဆန်သော ရက်စက်မှုကျူးလွန်မှု များကြောင့် လူသားချင်းစာနာ ထောက်ထားမှု အခြေအနေမှာ ဆိုးရွားစေခဲ့ပြီး၊ ဒေသတွင်းငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိခိုက်စေကြောင်း၊ စစ်တပ်၏ ဗုံးကြဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခတ်ခြင်းတို့ကြောင့် မတရားအာဏာသိမ်းသည့်အချိန်မှ ယနေ့အချိန်ထိ လူပေါင်း (၁.၅) သန်းမှာ နေရပ်စွန့်ခွာထွက်ပြေးနေရပြီး၊ ပြည်သူများ၏ အိုးအိမ် (၆၀,၀၀၀) ကျော် ပျက်စီးခဲ့ရကြောင်း၊


(စ) ယင်းပျက်စီးဆုံးရှုံးမှုများမှာ အကြမ်းဖက်စစ်မက်ပဋိပက္ခတို့ကြောင့် ဖြစ်ကြောင်း၊ ပြည်သူ့ ခုခံကာကွယ်ရေးတပ်ဖွဲ့များအား ကူညီထောက်ပံ့သူများနှင့် အားပေးသူများဟု ၎င်းတို့ ယူဆသူများကို ပစ်မှတ်ထားချေမှုန်းခြင်းမှာလည်း စစ်တပ်၏ လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်ကြောင်း၊ ထို့ပြင် စစ်တပ်သည် ၎င်းတို့အားရွံရှာစက်ဆုပ်သည့် ပြည်သူများကို အပြီးတိုင် သုတ်သင်လိုသော လူမဆန်သည့် တပ်ဖွဲ့တစ်ခုဖြစ်ကြောင်း၊ စစ်တပ်သည် တရားဝင်မှုမရှိကြောင်း၊


(ဆ) လူသားချင်းစာနာမှုအကူအညီပေးရန် လိုအပ်သူ ယခုအခါ (၁၈) သန်းခန့် ရှိလာကြောင်း၊ ယခုဆိုင်ကလုန်းမိုခါကြောင့် ပိုမိုးဆိုးရွားလာစေကြောင်း၊ ယင်းသို့ အကူအညီလိုအပ်မှု တိုးမြှင့်လာသော်လည်း ကုလသမဂ္ဂ၏ ၂၀၂၃ ခုနှစ် အရေးပေါ်တုံ့ပြန်ရေးရံပုံငွေသည် လိုအပ်မှု၏ (၁၀) ရာခိုင်နှုန်းပင် ပြည့်မီအောင်ရရှိခြင်း မရှိပါကြောင်း၊ သို့ဖြစ်ရာ ကုလသမဂ္ဂနှင့် အခြားသော အလှူရှင်နိုင်ငံများအား အသက်ကယ်ဆယ်ရေး အကူအညီပေးမှုများကို ဖြစ်နိုင်သည့် နည်းလမ်းပေါင်းစုံ အသုံးပြု၍ ဆောင်ရွက်သင့်ပါကြောင်း၊


(ဇ) ဒုတိယအချက်မှာ လူသားချင်းစာနာမှုအကူအညီ ပေးအပ်နိုင်မှု ဖြစ်ကြောင်း၊ ဤအချက်တွင် အကူအညီပေးအပ်ရေးတွင် အမှန်တကယ်လိုအပ်သူများထံသို့ ချောမွေ့စွာ ရောက်ရှိရေးနှင့် လူသားချင်းစာနာမှု အကူအညီပေးရေး ဆောင်ရွက်သူများ၏ လုံခြုံရေးနှင့် ယင်းကို အပြည့်အဝ ကာကွယ်ပေးရေးဖြစ်ကြောင်း၊ ယင်းသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေနှင့် မူများကို အပြည့်အဝလေးစားလိုက်နာရေးကို ဖော်ညွှန်းပြသနေကြောင်း၊


(ဈ) အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် မိတ်ဖက်များအနေဖြင့် နိုင်ငံတကာမှ အသိအမှတ်ပြုလက်ခံထားသည့် လူသားချင်းစာနာထောက်ထားမှုမူဝါဒများ ဖြစ်သော စာနာရေး၊ ဘက်မလိုက်ရေး၊ သမာသမတ်ကျရေးနှင့် လွတ်လပ်မှုရှိရေးတို့ကို အပြည့်အဝလိုက်နာရန် ကတိကဝတ်ပြုထားကြောင်း၊ ရှမ်းပြည်နယ်ရှိ စစ်တပ်ထိန်းချုပ်ထားသည့် ဒေသတွင် လူသားချင်းစာနာမှု အကူအညီပေးမည့် သံတမန်ယာဉ်တန်း တိုက်ခိုက်ခံရခြင်းကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြင်းထန်စွာရှုံ့ချကြောင်း၊ ပြည်သူများ၊ စာသင်ကျောင်းများနှင့် ဆေးရုံ၊ ဆေးခန်းများကို ဦးတည်ချက်ရှိရှိ တိုက်ခိုက်မှုပြုလုပ်၍ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုပြုလုပ်နေပြီး၊ ယင်းအတွက် မတရားစစ်တပ်အပေါ် မည်သည့်အရေးယူမှုမျှ မရှိကြောင်း၊ ဒီလိုအခြေအနေမျိုးနှင့် မိမိတို့ ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း၊


(ည) စစ်တပ်၏ ချိုးဖောက်မှုများတွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ခရစ်စမတ်အကြို အစုလိုက် အပြုံလိုက်သတ်ဖြတ်ခံရမှုကို မှတ်မိနေကြဦးမည်ဖြစ်ကြောင်း၊ ယင်း အစုလိုက်အပြုံလိုက် အသတ်ခံရမှုတွင် ကလေးငယ် (၄) ဦးနှင့် Save the Children ဝန်ထမ်း (၂) ဦး အပါအဝင် အပစ်မဲ့ပြည်သူ (၃၅) ဦး သတ်ဖြတ်ခံခဲ့ရကြောင်း၊ လုံခြုံရေးကောင်စီမှ ယင်းဖြစ်ရပ်အပေါ် ရှုံ့ချကြောင်းနှင့် ပြန်လည်တာဝန်ယူမှု ရှိရေးကို တောင်းဆိုခဲ့ကြောင်း၊ ယမန်နှစ် ဒီဇင်ဘာလက လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် “၂၆၆၉” အတည်ပြုချမှတ်ခဲ့ပြီးနောက်တွင်ပင် စစ်တပ်သည် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို အဖန်တလဲလဲ ကျူးလွန်လျက်ရှိကြောင်း၊ ဧပြီလ (၁၁) ရက်နေ့ကပင် လူပေါင်း (၂၀၀) နီးပါးကို သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်ကို လတ်တလော ကျူးလွန်ထားကြောင်း၊ ယင်းသို့ အကြိမ်ကြိမ် ကျူးလွန်ခဲ့သော်လည်း ဒဏ်ခတ်အရေးယူခံရခြင်းမှ လွတ်မြောက်နေကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းမှ စစ်တပ်အပေါ် အရေးယူခြင်း မရှိသေးသရွေ့ စစ်တပ်သည် ပြည်သူများအား သတ်ဖြတ်မှုကို ရပ်တန့်မည် မဟုတ်ကြောင်း၊


(ဋ) လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အဆို “၂၆၆၉” ၏ နောက်ဆက်တွဲ အရေးယူမှုကို ချက်ချင်း ဆောင်ရွက်ရန် လိုအပ်နေကြောင်း၊ ထို့ကြောင့် လုံခြုံရေးကောင်စီအနေဖြင့် ကုလသမဂ္ဂပဋိဉာဏ်စာတမ်း၏ အခန်းခုနစ်အောက်မှ အဓိပ္ပါယ်ရှိသည့် အရေးယူ ဆောင်ရွက်မှုပြုလုပ်ရန် လိုကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် စစ်တပ်သို့ လက်နက်တင်ပို့မှု ရပ်တန့်ရေးနှင့် ပြစ်မှုကျူးလွန်ထားသည့် စစ်တပ်ခေါင်းဆောင်များအား အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံးသို့ လွဲပြောင်းရေးတို့ကို ဆောင်ရွက်ပေးရန် တို့ဖြစ်ကြောင်း၊


(ဌ) စစ်တပ်အနေဖြင့် လူသားချင်းစာနာမှုအကူအညီပေးရေးမူများကို လေးစားလိုက်နာမှုမရှိကြောင်း၊ မလိုအပ်သော အတားအဆီးများကို ပြုလုပ်ပြီး၊ လူသားချင်းစာနာမှု အကူအညီများကို တကယ်လိုအပ်သည့်သူများထံ ပေးပို့ခြင်းမျိုး မဟုတ်ဘဲ၊ ၎င်းတို့လက်သင့်ရာ ပေးပို့နေကြောင်း၊ လူသားချင်းစာနာမှုအကူအညီပေးရေးကို လက်နက်သဖွယ်အသုံးပြု၍ စစ်တပ်တရားဝင်မှုရှိရေး ဆောင်ရွက်မှုများကြောင့် လူသားချင်းစာနာမှုအကူအညီပေးရေးတွင် စိန်ခေါ်မှုများ အကြီးအကျယ် ဖြစ်စေကြောင်း၊


(ဍ) ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် အေဂျင်စီများမှ ဆုံးဖြတ်ချက်အဆိုများ၊ ကြေညာချက်များ ထုတ်ပြန်၍ လူသားချင်းစာနာမှုအကူအညီပေးခွင်ကို ကြိမ်ဖန်များစွာ တောင်းဆိုခဲ့သော်လည်း စိန်ခေါ်မှုများ ရှိနေဆဲဖြစ်ကြောင်း၊ ယခုဆိုလျှင် အချိန်ကာလအားဖြင့် (၂) နှစ်ကျော် ကြာလာပြီဖြစ်သော်လည်း၊ ပဋိပက္ခဒေသတွင်ရှိသည့် အကူအညီလိုအပ် နေသူများထံသို့ ယခုအထိ နိုင်ငံတကာမှ အကူအညီများ ရောက်ရှိခြင်း မရှိသေးကြောင်း၊ မိမိတို့အတွက် အထူးသဖြင့် မြေပြင်ရှိ ပြည်သူများအတွက် အချိန်သည် လွန်စွာတန်ဖိုးရှိပါကြောင်း၊ အကူအညီလိုအပ်နေသူများမှာ တစ်နေ့ထက် တစ်နေ့ ပိုမိုဆိုးရွားစွာ ခံစားနေ ကြရကြောင်း၊ ပြည်သူများ၏ အသက်သည် တန်ဖိုးမဖြတ်နိုင်ကြောင်း၊ ပြည်သူတို့၏ အနာဂတ်သည် မှန်းဆနိုင်ရမည်ဖြစ်ပြီး၊ အဓိပ္ပါယ်ရှိသော အနာဂတ်ရှိကြရမည်ဖြစ်ကြောင်း၊


(ဎ) သို့ဖြစ်ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ KNU, KNPP, CNF တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များမှ လူသားချင်းစာနာမှုအကူအညီများကို အရပ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ နယ်စပ် ဖြတ်ကျော်ပေးပို့နိုင်ရေးကို ရည်ရွယ်လျက် အားလုံးပါဝင်သော လူသားချင်းစာနာ ထောက်ထားမှုဖိုရမ် (IHF) တည်ထောင်ပေးနိုင်ရေးအတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အား မေတ္တာရပ်ခံထားကြောင်း၊ ဤမေတ္တာရပ်ချက်ကို အထူးကိုယ်စားလှယ်မှ ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် အထွေထွေညီလာခံသို့ တင်ပြခဲ့ကြောင်း၊


(ဏ) အောက်ပါအချက်များကို တောင်းဆိုလိုကြောင်း၊ (၁) အပစ်မဲ့ပြည်သူများနှင့် လူသားချင်း စာနာထောက်ထားမှုအကူအညီပေးနေသူများအား ပစ်မှတ်ထားသတ်ဖြတ်ခံရခြင်းအပေါ် ထိရောက်သည့် အရေးယူမှုပြုလုပ်ရေး၊ (၂) လိုအပ်နေသူများထံသို့ အကူအညီပေးအပ်မှုများ အတားအဆီးမရှိ ရောက်ရှိရေးနှင့် အကူအညီပေးအပ်ရေးတွင် အမှန်တကယ် လိုအပ်နေသူများထံ ရောက်ရှိရေး၊ (၃) သက်ဆိုင်ရာအဖွဲ့များအားလုံး ပါဝင်သော လူသားချင်းစာနာထောက်ထားမှုဖိုရမ် (IHF) ထူထောင်နိုင်ရေး ပံ့ပိုးပေးရေး၊ (၄) AHA စင်တာအပါအဝင် လူသားချင်းစာနာမှုအကူအညီပေးရေးကို စစ်တပ်အနေဖြင့် လက်နက်သဖွယ် အသုံးပြုနေမှုအား ရပ်တန့်ရေးအတွက် ဆောင်ရွက်ပေးရေး၊ (၅) လူသားချင်း စာနာမှုအကူအညီပေးရေး ဆောင်ရွက်မှုများသည် တစ်ခုနှင့် တစ်ခု ပံ့ပိုးအားဖြည့်သည်မျိုးဖြစ်စေရန် ဆောင်ရွက်ပေးရေး၊


(တ) အမျိုးသားညီညွတ်ရေးအစိုးရနှင့် မိတ်ဘက်များသည် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ မူဝါဒများနှင့်အညီ ပေးအပ်နေသူများအား ကာကွယ်စောင့်ရှောက်ရေးနှင့် အမှန်တကယ်လိုအပ်သူများထံသို့ ရောက်ရှိရေးကို နည်းမျိုးစုံဖြင့် ကြိုးပမ်းအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းသို့လည်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းကြောင်း၊


(ထ) စစ်အာဏာရှင်ရှိနေသ၍ လုံခြုံစိတ်ချပြီး ဂုဏ်သိက္ခာရှိစွာ မိမိဆန္ဒဖြင့် ရိုဟင်ဂျာများ နေရပ်ပြန် ရေးမှာ မည်သို့မျှဖြစ်လာမည်မဟုတ်ဘဲ၊ အကြမ်းဖက်မှုများထပ်မံကျူးလွန်ခြင်းများပင် ခံရမည်ဖြစ်ကြောင်း၊ ရိုဟင်ဂျာများအပေါ် စစ်တပ်၏ကျူးလွန်မှုများအတွက် ပြန်လည်တာဝန်ခံမှုရှိရန် အမျိုးသားညီညွတ်ရေး အစိုးရမှ ကြိုးပမ်းလျက်ရှိကြောင်း၊


(ဒ) လူသားများအား ကုလသမဂ္ဂပဋိညာဉ်စာတမ်းအရ ကာကွယ်ပေးမှုတွင် မြန်မာနိုင်ငံမှ ပြည်သူများအားလုံးသည်လည်း ပါဝင်နေစေသင့်ကြောင်း၊ မြန်မာပြည်သူများ မိမိကိုယ်ကို ကာကွယ်နိုင်ရေးအတွက် နိုင်ငံတကာ၏ ပံ့ပိုးမှု လိုအပ်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူတို့၏ ဆန္ဒနှင့် အသံကို အလေးပေးနားထောင်ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း။


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ်ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲဖော်ပြအပ်ပါသည်။



၂၀၂၃ ခုနှစ်၊ မေလ ၁၉ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Please check against delivery


Statement by Ambassador Kyaw Moe Tun,

Permanent Representative of Myanmar to the United Nations

at the UN Security Council Arria-Formula Meeting on Myanmar


(New York, 19 May 2023)


Madam President,


First of all, Myanmar thanks the United Kingdom for organizing this meeting.

The current humanitarian situation in Myanmar is one of the most pressing issues that need urgent attention and assistance from the international community.


Today’s meeting is particularly timely.


I thank the briefers, the Representative of OCHA and my fellow Myanmar Ma Wai Wai Nu and Ma May Sabe Phyu for their insights which clearly reflect the situation on the ground. Their voices are loud and clear.


Powerful Cyclone Mocha that made landfall on the west of Myanmar on 14 May left extensive and catastrophic destruction along its path towards inland of Myanmar. Its impact has further exacerbated the existing multiple crises the people are encountering due to the illegal military coup and its atrocities.


It has caused the deaths of over 450 people including many Rohingya and need of humanitarian assistance of about 6 million people. Destruction of homes, public infrastructures, roads, bridges, crops, paddy fields is compounding the extreme suffering of the people of Myanmar.


The people affected by Cyclone Mocha are facing various severe difficulties ranging from lack of shelter, food and medicine to interruption of communication networks and transportation.


In response to the pressing humanitarian needs in the affected areas, the National Unity Government (NUG) activated the Emergency Operation Coordination Committee (EOCC) and approved the Contingency Fund (USD 1 Million) for the emergency relief operations. The EOCC has responded any requests received for the rescue and essential needs of the affected community through different stakeholders including local humanitarian actors and community based organizations.


Many stakeholders including UN entities and our partners are trying to help deliver humanitarian assistance to all people in need. Despite efforts from all corners, the illegal military junta, with its “four cuts” strategy, will attempt to hinder delivery of humanitarian assistance to all people in need especially those in conflict affected areas.


With this, let me turn to the focus of today’s meeting. Here, I wish to emphasize two key challenges in responding to the humanitarian needs in Myanmar.


The first is the inadequacy of humanitarian assistance while the needs have been increasing.


Since the attempted illegal coup in 2021, the inhumane military junta’s systematic and widespread violence campaign against the people have created a dire humanitarian situation with serious implications to the regional peace and security. Out of more than 1.8 million people currently displaced in the country, 1.5 million were driven out of their homes by the military’s wholesale burning of residential towns and villages, indiscriminate aerial bombings, heavy weapon shelling, cruelty and lethal violence against the civilians including massacres. Over 60,000 private properties have been burnt or destroyed since the illegal coup.


We have to remember that these are not unfortunate collateral damages in an armed conflict. They are calculated results of the military’s modus operandi that targets and punishes any community they deem to be supportive or sympathetic to the resistance forces. And brute force is the only thing they have in order to exert control over the population that despises them to their core. The junta has neither legality nor legitimacy.


In 2023, there are already 18 million people in humanitarian needs. Now Cyclone Mocha has just made it worse.


Despite rising needs of humanitarian assistance, it is with sadness to note that even the UN Humanitarian Response Plan for 2023 is funded less than 10 percent. I thank the UK for the announcement of providing USD 2.5 million humanitarian assistance to respond the impact of Cyclone Mocha.


I urge the UN members states and donors to give more attention to the situation and scale up much-needed life-saving assistance through all available channels that can reach those in need.


Madam President,


The second key challenge I wish to raise is the issue of humanitarian access.


We have two challenges here: one is to have full, safe and unhindered access to those in real need; the other is full protection and safety of humanitarian actors.

Addressing these challenges largely depends on full respect by all parties for humanitarian principles and international humanitarian law.


From the part of National Unity Government, Ethnic Resistance Organizations (EROs) and partners, they are firmly committed to full respect for internationally recognized humanitarian principles of humanity, neutrality, impartiality and independence observed by humanitarian actors including UN agencies working in the country.


The National Unity Government condemned in the strongest terms the recent attack on the diplomatic envoy vehicles that took place in the junta-controlled area in Shan State.


On the other hand, we are dealing with a situation where the illegitimate military junta, with total impunity, has been blatantly violating international humanitarian law by deliberately attacking civilians, schools and hospitals and clinics.


The junta’s indiscriminate violence against its people and its contempt for international humanitarian law pose threats safety of humanitarian workers. You all may recall 2021 Christmas Eve massacre in which 35 civilians including 4 children and 2 staff of Save the Children were killed. The Council condemned that killing and stressed the need to ensure accountability. However, unfortunately, several massacres have been repeated by the junta’s forces even after adoption of UNSC Resolution 2669 in December 2022. The latest was the military’s April 11 aerial attacks on a civilian gathering in Pazigyi village that killed nearly 200 civilians.


Time and time again, the junta has demonstrated its contempt for international humanitarian law as well as the UNSC Resolution. So far with total impunity!


It is crystal clear that “military won’t stop killing unless there is action from the international community”. We are strongly of the view that a follow-up measure to the resolution 2669 is seriously and urgently needed. Accordingly, the Security Council should take meaningful actions under Chapter VII of the UN Charter, including instituting a global arms embargo against the military, and referring this inhumane military leadership to the International Criminal Court.


The junta has no respect for humanitarian principles. They have put undue restrictions on humanitarian access. Instead of human suffering or humanity, the junta tries to dictate where humanitarian aids go. These access restrictions, intimidation of aid organizations and weaponization of aid delivery for legitimacy purposes have made humanitarian aid operations significantly challenging and undermine the humanitarian principles.


Despite repeated calls for full humanitarian access by UN aid agencies as well as by the Security Council in its statements and resolution, these challenges remain unaddressed. Over two years have passed. No humanitarian assistance from the international community has reached to the people in need in conflict affected areas. For us, especially the people on the ground, time is really of the essence. If you let a day passed without managing delivery of aid to the people in need, they suffer worse day by day. People’s lives are valuable, and their future should be predictable and meaningful.


Therefore, to buttress the aid delivery, the NUG together with some EROs namely KNU, KNPP, CNF, have requested the support of UNSG’s Special Envoy on Myanmar to establish the Inclusive Humanitarian Forum (IHF) in an urgent manner in order to coordinate the cross-border delivery of aid to all people in need including through established ethnic and civil society networks. The Special Envoy presented this request to the UNSC and the UNGA.


Here I wish to urge the Security Council and international community the following bearing in mind that time is of the essence for the people on the ground:


1) Take effective action against the targeted killings of civilians and aid workers


2) Demand unhindered access to those in need and ensure aid delivery is dictated by human suffering, not by the junta’s preferences.


3) Support the establishment of Inclusive Humanitarian Forum with all relevant stakeholders and neighbouring countries to make cross-border assistance possible.


4) Put an end to the junta’s weaponization of aid delivery processes including the ASEAN AHA centre channel so that their neutrality and impartiality principles can be preserved.


5) Make sure all approaches of delivering humanitarian assistance to all people in need in Myanmar complementing each other.


The NUG and its partners will do everything they can to ensure protection of humanitarian actors operating on the humanitarian principles and cooperate with them in every possible way to deliver assistance to all those in real need. I urge the international community to work with the NUG and its partners in this regard.


Before concluding Madam President, please allow me to touch on the repatriation of Rohingya. Any possibility for safe, dignified and voluntary return has vanished completely with the illegal military coup. There will be no protection, and dignified return under inhumane military dictatorship is not possible. Above all, Rohingya people might face abuse, serious violations of human rights, lack of protection and possible death considering the military’s ongoing terror campaign against innocent civilians. Thus, the NUG is actively seeking accountability and justice for past and present atrocity crimes committed by the military against Rohingya people. Acknowledging the violence and sufferings inflicted on the Rohingya, the NUG is determined to bring the perpetrators of atrocities to justice.


People of Myanmar should not be excluded from the protection cherished in the UN Charter. Myanmar people need international community’s support to defend and protect ourselves. I urge all to listen attentively and pay serious attention to the voices and desire of the people of Myanmar.


I thank you.



*****













bottom of page