top of page
  • Facebook Social Icon

Statement by Ambassador Kyaw Moe Tun, at the Third Committee of the Eighty-first Session of the UN General Assembly, on the General Discussion of the Human Rights Council Report

Writer: Myanmar Mission To UN
Myanmar Mission To UN
12 hours ago
5 min read

Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to United Nations, at the Third Committee of the Eighty-first Session of the UN General Assembly, on the General Discussion of the Human Rights Council Report, held on 12 October 2026


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီတွင် လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာအပေါ် အထွေထွေမိန့်ခွန်းပြောကြားသည့် အစီအစဉ်၌

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မြန်မာအရေးကိစ္စနှင့်စပ်လျဉ်း၍ လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်များသည် မြန်မာအရေးကိစ္စအပေါ် နိုင်ငံတကာမှအာရုံစိုက်မှု ကျဆင်း၍ အရေးယူလုပ်ဆောင်ချက်များ နှောင့်နှေးနေသည့် အလွန်အရေးကြီးသော အချိန်၌ ချမှတ်ခဲ့ခြင်းဖြစ်၊ ဆုံးဖြတ်ချက်များတွင် စစ်အုပ်စုအပေါ် ကန့်ကွက်ရှုတ်ချခြင်းနှင့် မြန်မာနိုင်ငံ၏ လူသားစာနာအကျပ်အတည်းအား ဖော်ပြထားသည့်အပေါ် မိမိတို့

အပြည့်အဝထောက်ခံ၊ အဆိုပါအချက်များသည် နိုင်ငံတကာအား အရေးယူဆောင်ရွက်ချက်များ

တုံ့ဆိုင်းခြင်းမရှိ ချမှတ်နိုင်ရေးအတွက် မရှိမဖြစ် အရေးပါသော ကိုးကားချက်များဖြစ်၊

စစ်အုပ်စုအနေဖြင့် မတရား စစ်အာဏာသိမ်းခဲ့သည့်အချိန်မှစ၍ မဆင်မခြင် လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခြင်း၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ခြင်းနှင့် စာသင်ကျောင်းများနှင့် ဆေးရုံများအား တရားနည်းလမ်းမကျဘဲ အသုံးချနေခြင်း စသည်ဖြင့်

ထိတ်လန့်ဖွယ်ကောင်းသော ချိုးဖောက်မှုများကို အကြွင်းမဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်အောက်မှ ဆက်လက် ကျူးလွန်လျက်ရှိ၊

စစ်အုပ်စုအနေဖြင့် အာဆီယံ၏ဘုံသဘောတူညီချက် (၅) ရပ်ကိုပင် ပြောင်ပြောင်တင်းတင်း မျက်ကွယ်ပြုလျက်ရှိ၊ ထို့ကြောင့် အာဆီယံအနေဖြင့် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအား ကျူးလွန်သော တရားခံများနှင့် ထိတွေ့ဆက်ဆံခြင်းအား ပြန်လည် အကဲဖြတ်သုံးသပ်ရန် တောင်းဆိုလို၊

ထိတွေ့ဆက်ဆံမှုများသည် အရပ်သားပြည်သူများအား အကာအကွယ်ပေးရန်နှင့် ပြည်သူများ၏ အသက်အား ကယ်တင်ရန်အတွက်သာ ဖြစ်သင့်ကြောင်း၊ စစ်အုပ်စုအား နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်ခြင်းအတွက် ဆုချီးမြှင့်ခြင်းမျိုး မဖြစ်သင့်၊ စစ်အုပ်စုအား လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများ ပိုမိုတိုးချဲ့ ကျူးလွန်ရန်

တိုက်တွန်းပေးခြင်းမျိုး မဖြစ်သင့်၊

ကုလသမဂ္ဂအနေဖြင့် ပိုမို ထိရောက်မှုရှိကာ စုစည်းညီညွတ်၍ မြန်မာ့အရေးအား

တက်တက်ကြွကြွ လုပ်ဆောင်သင့်၊

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရန်၊ အရေးယူခြင်းမှ ကင်းလွတ်နေမှုအား ချုပ်ငြိမ်းရန်

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန်တို့အတွက် ကြိုးပမ်းအားထုတ်နေသည့်

မြန်မာပြည်သူများအား နိုင်ငံတကာအသိုက်အဝန်း၊ ကုလသမဂ္ဂတို့အနေဖြင့် အားကောင်းသော

ကူညီပံ့ပိုးမှုများပေးရန်၊ ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန်

တောင်းဆိုလိုပါကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်)


၁။        ကုလသမဂ္ဂလူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ (တတိယကော်မတီ) တွင် လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာအပေါ် အထွေထွေဆွေးနွေးပြောကြားသည့်အစီအစဉ် ကို ၁၂-၁၀-၂၀၂၆ ရက်(တနင်္လာနေ့)၊ မွန်းလွဲပိုင်းတွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ (၂၃) နိုင်ငံ ပါဝင်၍ မိန့်ခွန်းများ ပြောကြားခဲ့ကြပါသည်။


၂။         ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အောက်ပါအချက်များ အဓိက ပါဝင်ပါသည်-

(က)     ဦးစွာ လူ့အခွင့်အရေးကောင်စီ၏အစီရင်ခံစာထုတ်ပြန်မှုအတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် အစီရင်ခံစာတွင် တူညီဆန္ဒဖြင့် အတည်ပြုချမှတ်ခဲ့သော မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်  61/30 နှင့် 62/3 တို့ကိုလည်း ကြိုဆိုသည်ဟု ပြောကြားလိုကြောင်း၊

(ခ)       အဆိုပါ အစီရင်ခံစာတွင် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး စိန်ခေါ်မှုများနှင့် ၎င်းတို့၏ နောက်ဆက်တွဲ အကျိုးဆက်များကို ပြည့်စုံကုံလုံစွာ ဖော်ပြထားကြောင်း၊

(ဂ)       အထူးသဖြင့် မြန်မာအရေးကိစ္စနှင့်စပ်လျဉ်း၍ လူ့အခွင့်အရေးကောင်စီ၏ဆုံးဖြတ်ချက်များသည် မြန်မာအရေးကိစ္စအပေါ် နိုင်ငံတကာမှ အာရုံစိုက်မှုကျဆင်း၍ အရေးယူလုပ်ဆောင်ချက်များ နှောင့်နှေးနေသည့် အလွန်အရေးကြီးသောအချိန်၌ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆုံးဖြတ်ချက်များ တွင် စစ်အုပ်စုအပေါ် ကန့်ကွက်ရှုတ်ချခြင်းနှင့် မြန်မာနိုင်ငံ၏ လူသားစာနာအကျပ်အတည်းအား ဖော်ပြထားသည့်အပေါ် မိမိတို့ အပြည့်အဝထောက်ခံပါကြောင်း၊ အဆိုပါအချက်များသည် နိုင်ငံ တကာအား အရေးယူဆောင်ရွက်ချက်များ တုံ့ဆိုင်းခြင်းမရှိ ချမှတ်နိုင်ရေးအတွက် မရှိမဖြစ် အရေးပါသော ကိုးကားချက်များ ဖြစ်ကြောင်း၊

(ဃ)     မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသည့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ် အတည်း၏ အဓိကဇစ်မြစ်မှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ တရားမဝင် စစ်အာဏာသိမ်းမှုဖြစ်သည်ဟု ဆုံးဖြတ်ချက် 61/30 တွင် ဖော်ပြထားကြောင်း၊

(င)       ယင်းအချက်မှာ အတိုင်းအထက်အလွန် ယုတ္တိတန် မှန်ကန်ပါကြောင်း၊

(စ)       စစ်အုပ်စုအနေဖြင့် မတရား စစ်အာဏာသိမ်းခဲ့သည့်အချိန်မှစ၍ မဆင်မခြင် လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခြင်း၊ ကျေးရွာများအားမီးရှို့ဖျက်ဆီးခြင်း၊ ဥပဒေမဲ့ဖမ်းဆီးချုပ်နှောင်ခြင်းနှင့် စာသင်ကျောင်းများနှင့် ဆေးရုံများအား တရားနည်းလမ်းမကျဘဲ အသုံးချနေခြင်း စသည်ဖြင့် ထိတ်လန့်ဖွယ်ကောင်းသော ချိုးဖောက်မှုများကို အကြွင်းမဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်အောက်မှ ဆက်လက် ကျူးလွန်လျက်ရှိကြောင်း၊

(ဆ)     အကျိုးဆက်အားဖြင့် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသော အကျပ်အတည်းသည် ပြင်းထန်သော အကြမ်းဖက်မှုများ၊ လူအလုံးအရင်းဖြင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်မှုများနှင့် အခြေခံ အဆောက်အအုံများ ပြိုလဲခြင်းတို့ဖြင့် ပိုမို ဆုတ်ယုတ်လာနေကြောင်း၊

(ဇ)       မတရား ဖမ်းဆီးချုပ်နှောင်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ လိင်ပိုင်းနှင့် ကျားမအခြေပြု အကြမ်းဖက်မှုများနှင့် ကလေးသူငယ်များအပေါ် ကျူးလွန်သည့် ကြီးလေးသော ချိုးဖောက်မှုများ အပါအဝင် အလွန်တရာ ဆိုးရွားသည့်ချိုးဖောက်မှုများကို အကြွင်းမဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ဖြင့် ကျူးလွန်နေခြင်းအား မျက်ဝါးထင်ထင် တွေ့မြင်နေရကြောင်း၊ အဆိုပါ ရက်စက်ကြမ်းကြုတ်မှုများ မြင့်တက်လာခြင်းသည် နေရပ်စွန့်ခွာနေထိုင်သူများ၊ အထူးသဖြင့် ရိုဟင်ဂျာဒုက္ခသည်များ နေရပ်သို့ ဘေးကင်းလုံခြုံစွာ၊ ဆန္ဒအလျောက်နှင့် သိက္ခာရှိစွာ ပြန်လည်သွားရောက်ရေးအတွက် စိန်ခေါ်မှုဖြစ်စေ လျက်ရှိကြောင်း၊

(ဈ)      ယင်းဆိုးရွားသည့် အခြေအနေများရှိသည့်တိုင် မိမိတို့ ဒီမိုကရေစီ အင်အားစုများအနေဖြင့် လူ့အခွင့်အရေးနှင့် အရပ်သားအုပ်ချုပ်မှုတို့အပေါ်အခြေတည်သော အနာဂတ်တစ်ခုပေါ်ထွန်းလာ စေရန် အဓိကကျသောလုပ်ဆောင်ချက်များကို စုစည်းညီညွတ်စွာ လုပ်ဆောင်လျက်ရှိကြောင်း၊

(ည)     အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် နိုင်ငံတကာရာဇဝတ်ခုံရုံး၏ တရားစီရင်ပိုင်ခွင့်အား လက်ခံမှုအပါအဝင် တရားမျှတမှုနှင့် တာဝန်ခံမှုတို့အပေါ် ထားရှိသည့် ကတိကဝတ်တို့အား ဆက်လက် ထိန်းသိမ်းထားကြောင်း၊ ယခုနှစ် ဇန်နဝါရီလအတွင်း ပြီးဆုံးခဲ့သည့် အပြည်ပြည်ဆိုင်ရာတရားရုံး၏ ကြားနာမှုကိုလည်း ကြိုဆိုသကဲ့သို့ အဆိုပါ တရားရုံး၏တရားစီရင်ချက်ကိုလည်း စောင့်မျှော်လင့်ရှိကြောင်း၊ အဆိုပါစီရင်ချက်သည် ရိုဟင်ဂျာများနှင့် မြန်မာပြည်သူတစ်ရပ်လုံးအပေါ် တရားမျှတမှုဖော်ဆောင်ရန်နှင့် စစ်အာဏာရှင်များ၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်အား အဆုံးသတ်နိုင်မည့် ခြေလှမ်းများအဖြစ် မှတ်ယူကြောင်း၊

(ဋ)       တစ်ဖက်တွင်လည်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီအား ဖွဲ့စည်းနိုင်ခဲ့ခြင်းအားဖြင့် ဒီမိုကရေစီ အင်အားစုများကို စုစည်းနိုင်ခဲ့ပြီး အားလုံးအတွက် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ပေးရေးကို ဖော်ဆောင်နိုင်ခဲ့ကြောင်း၊

(ဌ)       ဤအချိန်အခါတွင် ဒေသအတွင်း၌ အာဆီယံ၏ သံတမန်ရေးရာ အားထုတ်မှုများကို အသိအမှတ်ပြုပါကြောင်း၊ သို့သော် စစ်အုပ်စုအနေဖြင့် အာဆီယံ၏ ဘုံသဘောတူညီချက်(၅) ရပ်ကိုပင် ပြောင်ပြောင်တင်းတင်း မျက်ကွယ်ပြုလျက်ရှိကြောင်း၊ ထို့ကြောင့် အာဆီယံအနေဖြင့် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအား ကျူးလွန်သော တရားခံများနှင့် ထိတွေ့ဆက်ဆံခြင်းအား ပြန်လည် အကဲဖြတ်သုံးသပ်ရန် တောင်းဆိုလိုကြောင်း၊

(ဍ)       ထိတွေ့ဆက်ဆံမှုများသည် အရပ်သားပြည်သူများအား အကာအကွယ်ပေးရန်နှင့် ပြည်သူများ၏အသက်အား ကယ်တင်ရန်အတွက်သာ ဖြစ်သင့်ကြောင်း၊ စစ်အုပ်စုအား နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်ခြင်းအတွက် ဆုချီးမြှင့်ခြင်းမျိုး မဖြစ်သင့်ကြောင်း၊ စစ်အုပ်စုအား လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများ ပိုမိုတိုးချဲ့ကျူးလွန်ရန် တိုက်တွန်းပေးခြင်းမျိုး မဖြစ်သင့်ကြောင်း၊

(ဎ)       အခြားတစ်ဖက်တွင်လည်း ကုလသမဂ္ဂအနေဖြင့် ပိုမို ထိရောက်မှုရှိကာ စုစည်းညီညွတ်၍ မြန်မာ့အရေးအား တက်တက်ကြွကြွ လုပ်ဆောင်သင့်ကြောင်း၊

(ဏ)     ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် ဆုံးဖြတ်ချက် ၂၆၆၉ အပေါ်အခြေခံလျက် ပိုမို အဓိပ္ပါယ် ပြည့်ဝသော၊ အာဏာသက်ရောက်မှုရှိသော အစီအမံများ ပါဝင်သည့် အဆိုဆုံးဖြတ်ချက် အသစ် တစ်ခုအား ထပ်မံချမှတ်ကာ ကျူးလွန်သူတရားခံများအား တာဝန်ခံမှုရှိစေရမည်ဖြစ်ကြောင်း၊

(တ)     တစ်ပြိုင်တည်းမှာပင် ကုလသမဂ္ဂအထွေထွေညီလာခံအနေဖြင့် ကုလသမဂ္ဂစနစ်တစ်ခုလုံး အတွင်း၌ ပိုမိုခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုရှိစေရန်အတွက် လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို နောက်ထပ်အရေးယူဆောင်ရွက်မှုများအတွက် အခြေခံအဖြစ် အသုံးပြုရမည် ဖြစ်ကြောင်း၊

(ထ)     ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း စစ်အုပ်စုထံသို့ လက်နက်၊ လေယာဉ်ဆီ၊ စစ်ဘက်၊ အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းများနှင့် ငွေကြေးထောက်ပံ့နေမှုများအား ချက်ချင်းဖြတ်တောက်ရမည်ဖြစ်ကြောင်း၊

(ဒ)       စစ်အုပ်စုအတွက် အသက်ရှူထွက်ပေါက်ဖြစ်စေမည့် အချိန်မတန်သေးသော မည်သည့် နိုင်ငံတကာထိတွေ့မှု၊ ပုံမှန်ဆက်ဆံရေးထူထောင်မှု သို့မဟုတ် သံတမန်နည်းအရ သီးသန့် ထိတွေ့ မှုမဆို စစ်အုပ်စုအား ရက်စက်ကြမ်းကြုတ်မှုများ ထပ်မံကျူးလွန်ရန် ပိုမိုရဲတင်းစေမည်သာ ဖြစ်ကြောင်း၊

(ဓ)       သို့ဖြစ်ပါ၍ စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရန်၊ အရေးယူခြင်းမှ ကင်းလွတ်နေမှုအား ချုပ်ငြိမ်းရန် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရန်တို့အတွက် ကြိုးပမ်းအားထုတ်နေသည့် မြန်မာပြည်သူများအား နိုင်ငံတကာအသိုက်အဝန်း၊ ကုလသမဂ္ဂတို့အနေဖြင့် အားကောင်းသော ကူညီ ပံ့ပိုးမှုများပေးရန်၊ ထိရောက်သောအရေးယူဆောင်ရွက်မှုများပြုလုပ်ပေးရန် တောင်းဆိုလိုပါကြောင်း၊

(န)       မြန်မာပြည်သူများနှင့် အတူတကွ ရပ်တည်သည်ဟူသောအချက်ကို စကားလုံးများဖြင့် မဟုတ်ဘဲ လုပ်ရပ်များဖြင့် သက်သေထူပေးစေလိုပါကြောင်း။


၃။        မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။


၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative

of the Republic of the Union of Myanmar to United Nations, at the Third Committee of the Eighty-first Session of the UN General Assembly, on the

General Discussion of the Human Rights Council Report


(New York, 12 October 2026)

Mr. Chair,

At the outset, I thank the Human Rights Council for its report and welcome the consensus adoption of Resolutions 61/30 and 62/3 regarding Myanmar this year.

The report has profoundly addressed global human rights issues and their consequential challenges.

Moreover, the Council’s resolutions on Myanmar come at a pivotal moment when international attention has receded, and actions have been delayed. We support the Council’s comprehensive condemnation of the military junta and its outline of our humanitarian crisis, viewing them as an essential reference for immediate international accountability.

As detailed in Resolution 61/30, the illegal military coup of February 2021 remains the root cause of Myanmar's humanitarian catastrophe.

It is so true that the military continues to commit horrific abuses with absolute impunity, indiscriminate air strikes, village burnings, arbitrary detentions, and the unlawful use of schools and hospitals.

The conflict is only deepening with escalating violence, massive displacement, and collapsing infrastructure.

We continue to witness horrific abuses committed with absolute impunity, including arbitrary detentions, torture, sexual and gender-based violence, and grave violations against children. This sharp rise in atrocities poses severe challenges to the safe, voluntary, and dignified return of all displaced persons, particularly the Rohingya.

Despite these daily horrors, the democratic forces of Myanmar are taking concrete, unified steps to build a future grounded in human rights and civilian rule.

The NUG remains steadfast in its commitment to justice and accountability, including its acceptance of the ICC’s jurisdiction. We welcome the conclusion of the public hearings on the merits at the ICJ this past January and look forward to the Court's forthcoming judgment as a step toward securing justice for the Rohingya and the people at large, and dismantling the military's entrenched impunity.

Crucially, the formation of Steering Council for the Emergence of a Federal Democratic Union (SCEF) has united the democratic forces under collective leadership and shared sovereignty to ensure the protection of human rights for all.

At a time like this, we recognize ASEAN’s ongoing diplomatic efforts at the regional level. However, the military junta continues to flagrantly disregard the Five-Point Consensus. Therefore, we request ASEAN for further reassessment when engaging with the perpetrators of war crimes and crimes against humanity, be it for protection of civilians and saving their lives, not for rewarding the military junta of its international crimes, not for encouraging the military junta to further commit crimes against humanity and war crimes.

Moreover, the UN must be more active, coherent, and effective.

The Security Council must follow Resolution 2669 with a new resolution implementing meaningful, enforceable measures to hold perpetrators accountable. Simultaneously, the General Assembly must utilize Human Rights Council resolutions as a foundation for further action, ensuring stronger synergy across the UN system.

States must immediately cease the transfer of arms, jet fuel, dual-use items and financial support to the Myanmar military.

Any premature international engagement, normalization, or selective diplomatic outreach that grants unearned breathing room to the junta only emboldens its atrocities.

We urge the United Nations and the broader international community to strongly support the people of Myanmar in their efforts to end the military dictatorship and the impunity as well as to build a federal democratic union, and accordingly to take decisive action to this end.

Please weight your solidarity not by words, but by means.


I thank you.

*****



Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

This is the only official website of the Permanent Mission of  the Republic of the Union of Myanmar to the United Nations in New York.

The Mission is not affiliated with any other websites using similar names or domains.

bottom of page