Statement by Ambassador Kyaw Moe Tun, at the Third Committee of the Eighty-first Session of the UN General Assembly, on the Report of the United Nations High Commissioner for Refugees




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Third Committee of the Eighty-first Session of the UN General Assembly, on the Report of the United Nations High Commissioner for Refugees, held on 12 October 2026
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီတွင်
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး၏ အစီရင်ခံစာနှင့်ပတ်သက်၍ အထွေထွေ ဆွေးနွေးပြောကြားသည့်အစီအစဉ်၌
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က
မြန်မာ့ဒုက္ခသည်အကျပ်အတည်းမှာ ပိုမိုကြီးထွားလာလျက်ရှိပြီး လူပေါင်း (၄) သန်းကျော်မှာ
နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူများ ဖြစ်နေ၊
ပြည်သူများအနေဖြင့် အချိန်ကာလကြာမြင့်စွာ ဖြစ်ပေါ်နေသည့် မတရားစစ်အာဏာသိမ်းမှုကြောင့် ၎င်းတို့ နေအိမ်များတွင် ဘေးကင်းစွာ နေထိုင်ခွင့်၊ လူနေမှုဘဝ သာယာဝပြောမှုနှင့်
အခြေခံအခွင့်အရေးများ ဆုံးရှုံးနေရ၊
စစ်အုပ်စုနှင့် ၎င်းတို့၏ လက်ပါးစေများအနေဖြင့် မြန်မာပြည်သူများအပေါ်တွင် ဥပဒေမဲ့ ဖမ်းဆီးခြင်း၊ အဓမ္မ တပ်သားစုဆောင်းခြင်းနှင့် စည်းဘောင်လွတ်သည့် အမျိုးမျိုးသော ညှဉ်းပန်းနှိပ်စက်မှုများကို နေ့စဉ်ကျူးလွန်လျက်ရှိ၊ ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုများသည်
စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုမြောက်၊
သို့ဖြစ်ရာ လက်ရှိအခြေအနေတွင် ဒုက္ခသည်များ နေရပ်သို့ ဘေးကင်းလုံခြုံစွာ
ပြန်လည်သွားရောက်၍ မဖြစ်နိုင်၊
ဒုက္ခသည်များအတွက် အန္တရာယ်ဖြစ်စေနိုင်၍ နိုင်ငံရေးအရ ရှုပ်ထွေးသော အခြေအနေများအောက် ပြန်လည်ကျရောက်စေနိုင်သည့် ခြိမ်းခြောက်မှုများရှိသည့်ကြားကပင် ထောင်ပေါင်းများစွာသော ဒုက္ခသည်များအား မြန်မာ့အကျပ်အတည်းကို ဖန်တီးခဲ့သည့် တရားခံစစ်စစ်များ၏ လက်ထဲသို့ ပြန်လည်တွန်းပို့လျက်ရှိသည်ကို မိမိတို့ တွေ့မြင်နေရ၊
ထိုသို့သော လုပ်ဆောင်ချက်များသည် ဒုက္ခသည်များအား ဖမ်းဆီးထိန်းချုပ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု ဘေးအန္တရာယ်တို့အပြင် အဓမ္မတပ်သားစုဆောင်းမှုအန္တရာယ်များအတွင်းသို့ ပို့ဆောင်လျက်ရှိ၊
နေရပ်စွန့်ခွာမှု၏ ပြဿနာအရင်းခံကို မဖြေရှင်းဘဲ အတင်းအကျပ် နေရပ်ပြန်လည်စေခိုင်း၍ မရ၊ မြန်မာ့အရေးကိစ္စတွင် တရားမဝင် စစ်အာဏာသိမ်းမှုသည် ပြဿနာ၏ ဇစ်မြစ်ဖြစ်၊
မိမိတို့၏ပြည်သူများဘေးကင်း၍ မိမိဆန္ဒအလျောက် သိက္ခာရှိစွာ
နေရပ်ပြန်လည်သွားရောက်နိုင်ရေးနှင့်အတူ စစ်မှန်သော ကာကွယ်စောင့်ရှောက်မှုရရှိနိုင်ရန်
စစ်အာဏာရှင်စနစ်နှင့် ယင်း၏ပြစ်ဒဏ်မှ ကင်းလွတ်ခွင့် ရရှိနေသည့်အစဉ်အလာတို့ကို အပြီးတိုင်အဆုံးသတ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်)
၁။ ကုလသမဂ္ဂလူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ (တတိယကော်မတီ)တွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး၏ အစီရင်ခံစာနှင့်ပတ်သက် ၍ အထွေထွေဆွေးနွေးပြောကြားသည့်အစီအစဉ်အား ၁၂-၁၀-၂၀၂၆ ရက်(တနင်္လာနေ့)၊ မွန်းလွဲပိုင်းတွင် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ (၃၀) ခန့် ပါဝင်၍ မိန့်ခွန်းများ ပြောကြားခဲ့ကြပါသည်။
၂။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အောက်ပါအချက်များ အဓိက ပါဝင်ပါသည်-
(က) မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ်၊ တရားမဝင် စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့ချိန်မှစပြီး ပဋိပက္ခနှင့် အလွန်ဆိုးရွားသော လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း၏ ဒုက္ခဒဏ်ကို လက်ငင်းခံစားနေရသည့်နိုင်ငံတစ်ခုဖြစ်သည့်အားလျော်စွာ ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပေါ်လျက်ရှိသော ဒုက္ခသည်များအကျပ်အတည်း၏နက်ရှိုင်းမှုကို လေးလေးနက်နက်မျှဝေခံစားရပါကြောင်း၊
(ခ) ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး၏အစီရင်ခံစာတွင် ဒုက္ခသည်များနေရပ်များသို့ ပြန်လည်သွားရောက်မှုမြင့်တက်လာသဖြင့် ကမ္ဘာ့နေရပ်စွန့်ခွာမှုဦးရေ အနည်းငယ်လျော့နည်းကျဆင်းလာခဲ့သည်ဟု ဖော်ပြထားသော်လည်း ပဋိပက္ခများ၊ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများ၊ မလုံခြုံမှုနှင့် နိုင်ငံရေး မတည်ငြိမ်မှုတို့ကြောင့် နေရပ်စွန့်ခွာမှုများ ဆက်လက် ဖြစ်ပေါ်လျက်ရှိပြီး အခက်အခဲအား ပြေလည်စေနိုင်မည့် နည်းလမ်းများလည်း နှောင့်နှေးလျက်ရှိကြောင်း၊
(ဂ) ထို့ပြင် ဒုက္ခသည်များ အကျပ်အတည်းသည် နှစ်ပေါင်းရှည်ကြာစွာ နေရာဒေသအနှံ့အပြား၌ ချဲ့ထွင်ပြန့်ပွားလျက်ရှိပြီး ဒုက္ခသည်များကိုယ်တိုင်နှင့်မူလဌာနေများအတွက်စိန်ခေါ်မှုဖြစ်ရုံမျှသာမက ဒုက္ခသည်များအား လက်ခံပေးသည့် အိမ်ရှင်နိုင်ငံများနှင့် ဤအရေးကိစ္စတွင် သက်ဆိုင်နေကြသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအတွက်ပါ စမ်းသပ်မှုဖြစ်နေသည့်အပေါ် များစွာ စိတ်မကောင်းဖြစ်ရပါကြောင်း၊
(ဃ) မြန်မာနိုင်ငံကိုပင်ကြည့်လျှင် မြန်မာပြည်သူများအနေဖြင့် ၎င်းတို့၏ရွေးချယ်မှုအရ ဒုက္ခသည် ဖြစ်လာခဲ့ရခြင်း မဟုတ်ကြောင်း၊
(င) မြန်မာ့ ဒုက္ခသည် အကျပ်အတည်းမှာ ပိုမို ကြီးထွားလာလျက်ရှိပြီး လူပေါင်း (၄) သန်းကျော်မှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူများ ဖြစ်နေကြောင်း၊ ၁.၆၃ သန်းသော ဒုက္ခသည်များနှင့် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူများနှင့် နေရာဒေသအသီးသီး၌ ပြန့်နှံ့လျက်ရှိကြောင်း၊ ကုန်းလမ်းကြောင်းနှင့် ရေလမ်းကြောင်းများမှတဆင့် ရွှေ့ပြောင်းကြသည့် ဒုက္ခသည်များအနေဖြင့်လည်း အသက်ဘေးခြိမ်းခြောက်မှုနှင့် လူကုန်ကူးမှုတို့ အပါအဝင် ကြီးလေးသော ဘေးဆိုးအန္တရာယ်များနှင့် ရင်ဆိုင်နေရကြောင်း၊
(စ) အဆိုပါညွှန်းကိန်းများကို ကြည့်ခြင်းအားဖြင့် မိမိတို့၏ ပြည်သူများအနေဖြင့် အချိန်ကာလ ကြာမြင့်စွာ ဖြစ်ပေါ်နေသည့် မတရားစစ်အာဏာသိမ်းမှုကြောင့် ၎င်းတို့နေအိမ်များတွင် ဘေးကင်းစွာ နေထိုင်ခွင့်၊ လူနေမှုဘဝ သာယာဝပြောမှုနှင့် အခြေခံအခွင့်အရေးများ ဆုံးရှုံးနေရသည့်အချက်က ပေါ်လွင်ကြောင်း၊
(ဆ) စစ်အုပ်စုနှင့် ၎င်းတို့၏လက်ပါးစေများအနေဖြင့် မြန်မာပြည်သူများအပေါ်တွင် ဥပဒေမဲ့ ဖမ်းဆီးခြင်း၊ အဓမ္မတပ်သားစုဆောင်းခြင်းနှင့် စည်းဘောင်လွတ်သည့် အမျိုးမျိုးသော ညှဉ်းပန်း နှိပ်စက်မှုများကို နေ့စဉ် ကျူးလွန်လျက်ရှိကြောင်း၊ ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုများသည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုမြောက်ကြောင်း၊ သို့ဖြစ်ရာ လက်ရှိအခြေအနေတွင် ဒုက္ခသည်များ နေရပ်သို့ ဘေးကင်းလုံခြုံစွာ ပြန်လည်သွားရောက်၍ မဖြစ်နိုင်ကြောင်း၊
(ဇ) သို့သော်လည်း လတ်တလောကာလတွင် ဖြစ်ပေါ်နေသည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ မိမိတို့ ဒီမိုကရေစီ အင်အားစုများအနေဖြင့် အလွန် စိုးရိမ်ရပါကြောင်း၊
(ဈ) အထူးသဖြင့် ဒုက္ခသည်များအတွက် အန္တရာယ်ဖြစ်စေနိုင်၍ နိုင်ငံရေးအရ ရှုပ်ထွေးသော အခြေအနေများအောက် ပြန်လည်ကျရောက်စေနိုင်သည့် ခြိမ်းခြောက်မှုများ ရှိသည့်ကြားကပင် ထောင်ပေါင်းများစွာသော ဒုက္ခသည်များအား မြန်မာ့အကျပ်အတည်းကို ဖန်တီးခဲ့သည့် တရားခံ စစ်စစ်များ၏ လက်ထဲသို့ ပြန်လည် တွန်းပို့လျက်ရှိသည်ကို မိမိတို့ တွေ့မြင်နေရကြောင်း၊
(ည) ထိုသို့သော လုပ်ဆောင်ချက်များသည် ဒုက္ခသည်များအား ဖမ်းဆီးထိန်းချုပ်မှု၊ ညှဉ်းပန်းနှိပ်စက်မှုဘေးအန္တရာယ်တို့အပြင် အဓမ္မတပ်သားစုဆောင်းမှုအန္တရာယ်များအတွင်းသို့ ပို့ဆောင်လျက် ရှိကြောင်း၊
(ဋ) သို့ဖြစ်ပါ၍ မိမိတို့အနေဖြင့် ဒုက္ခသည်များအား လက်ခံပေးထားသည့် အိမ်ရှင်နိုင်ငံများအနေဖြင့် non-refoulement မူအားလေးစားလိုက်နာ၍ ဒုက္ခသည်များ၏နိုင်ငံရေးခိုလှုံခွင့်လျှောက်ထား ခွင့်နှင့် နိုင်ငံများ၏ အပြည်ပြည်ဆိုင်ရာ အကာအကွယ်ပေးရေးတာဝန်များအား လိုက်နာပေးပါရန် မေတ္တာရပ်ခံတောင်းဆိုလိုကြောင်း၊
(ဌ) တစ်ဖက်တွင်လည်း အိမ်ရှင်နိုင်ငံအစိုးရများ၊ မိတ်ဖက်များနှင့် အလှူရှင်နိုင်ငံများအနေဖြင့် အရင်းအမြစ်များ လျော့နည်းလာသည့်တိုင် ဒုက္ခသည်များ ရင်ဆိုင်ရသည့်အကျပ်အတည်းအား ဖြေလျှော့ပေးသည့် အကာအကွယ်များနှင့် မူဝါဒများ ဆက်လက်ဖော်ဆောင်လျက်ရှိသည့်အပေါ် ကျေးဇူးတင်ရှိပါကြောင်း၊
(ဍ) အထူးအားဖြင့် စစ်အုပ်စု၏ အကြမ်းဖက်မှုအန္တရာယ်မှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည့် ဒုက္ခသည်များအား ပံ့ပိုးကူညီပေး၍ တာဝန်မျှခံပေးကြသည့် မိမိတို့၏ အိမ်နီးချင်းနိုင်ငံများအား အသိအမှတ်ပြုကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အဆိုပါ အိမ်ရှင် နိုင်ငံများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအား ဆက်လက်အားဖြည့်ပေးကြပါရန်လည်း တိုက်တွန်းတောင်းဆိုပါကြောင်း၊ နိုင်ငံတကာအသိုက်အဝန်း၏ အစဉ်တစိုက် ထောက်ပံ့မှု မပါဝင်ဘဲ မိမိတို့၏ ဒုက္ခသည်များအနေဖြင့် ရှင်သန်ရပ်တည်ရန် အလွန်ခက်ခဲမည်သာဖြစ်ကြောင်း၊
(ဎ) ထို့ကြောင့် မိမိတို့ဒီမိုကရေစီအင်အားစုများအနေဖြင့်လည်း အစွမ်းကုန်ကြိုးပမ်းလျက်ရှိကြောင်း၊ ထို့ပြင် ဒုက္ခသည်များနေရပ်သို့ ပြန်လည်သွားရောက်နိုင်ရေး ဆွေးနွေးမှုများကိုလည်း လက်တွေ့ ကျသည့် အခြေအနေများအပေါ် အခြေခံရမည်ဟု ယူဆပါကြောင်း၊
(ဏ) တစ်နည်းအားဖြင့်ဆိုသော် နေရပ်စွန့်ခွာမှု၏ပြဿနာအရင်းခံကို မဖြေရှင်းဘဲ အတင်းအကျပ် နေရပ်ပြန်လည်စေခိုင်း၍ မရကြောင်း၊ မြန်မာ့အရေးကိစ္စတွင် တရားမဝင် စစ်အာဏာသိမ်းမှုသည် ပြဿနာ၏ ဇစ်မြစ်ဖြစ်ကြောင်း၊
(တ) မိမိတို့၏ပြည်သူများဘေးကင်း၍ မိမိဆန္ဒအလျောက်သိက္ခာရှိစွာ နေရပ်ပြန်လည်သွားရောက်နိုင်ရေးနှင့်အတူ စစ်မှန်သော ကာကွယ်စောင့်ရှောက်မှုရရှိနိုင်ရန် စစ်အာဏာရှင်စနစ်နှင့် ယင်း၏ ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရရှိနေသည့်အစဉ်အလာတို့ကို အပြီးတိုင်အဆုံးသတ်ရန်လိုအပ်ကြောင်း၊
(ထ) အဆိုပါရည်မှန်းချက်အား အကောင်အထည်ဖော်ရန် မိမိတို့၏ဒီမိုကရေစီအင်အားစုများ အနေ ဖြင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းစေရေးအတွက် ပြည်သူလူထုနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံတွင် လက်တွေ့ကျ၍ရေရှည်တည်တံ့ကာ ငြိမ်းချမ်းသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းစေရေးအတွက် ဦးတည်သည့် နိုင်ငံရေးအကူးအပြောင်းကို မယိမ်းမယိုင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊
(ဒ) သို့ဖြစ်ပါ၍ ဒုက္ခသည် အကျပ်အတည်းအား ဖြေရှင်းရန်အတွက် လိုအပ်သော စဉ်ဆက်မပြတ် ရပ်တည်မှု၊ ထိရောက်သော ကူညီပံ့ပိုးမှုနှင့် ပြတ်သားသောနိုင်ငံရေးဆန္ဒတို့ဖြင့် မိမိတို့နှင့်အတူ ရပ်တည်ပေးကြပါရန် နိုင်ငံတကာအသိုက်အဝန်းနှင့် မိတ်ဖက်အဖွဲ့အစည်းများအား တိုက်တွန်း တောင်းဆိုလိုပါကြောင်း၊
(ဓ) ထို့နည်းတူစွာ နိုင်ငံတကာအသိုက်အဝန်းနှင့် ကုလသမဂ္ဂတို့အနေဖြင့် ယုတ်ရင်းရက်စက်သော စစ်အုပ်စုအား နိုင်ငံတကာတရားရေး ယန္တရားများဖြင့် တာဝန်ခံမှုရှိစေရန် ခိုင်မာပြတ်သားသော အရေးယူ လုပ်ဆောင်ချက်များ ချမှတ်ရန်လည်း တောင်းဆိုပါကြောင်း၊
(န) ဖြေရှင်းရန် နည်းလမ်းများအား ရှာဖွေရာတွင်လည်း မိမိတို့၏ ပြည်သူများနှင့် ဒုက္ခသည်များ ခံစားနေရသည့် ဒုက္ခဆင်းရဲကို အလေးအနက်ထား ထည့်သွင်းစဉ်းစားပေးပါရန် မေတ္တာရပ်ခံပါ ကြောင်း၊ ဤအရေးသည် အသက်အိုးအိမ်များအား ကယ်တင်ပေးမည့် အရေးကြီးသောကိစ္စရပ် ဖြစ်ပါကြောင်း။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့်မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Third Committee of the Eighty-first Session of the UN General Assembly, on the Report of the United Nations High Commissioner for Refugees
(New York, 12 October 2026)
Mr. Chair,
To begin, I would like to thank the High Commissioner for his comprehensive report and commend the UNHCR for its dedication.
Suffering from active conflict and a dire human rights and humanitarian situation since the illegal military coup in 2021, Myanmar shares the deep concern regarding the alarming scale of the global refugee crisis.
The High Commissioner's report gravely notes that while global displacement decreased slightly due to increased returns, conflict, human rights violations, insecurity, and political instability continue to drive displacement and outpace the availability of durable solutions.
We regret that this issue has stretched across regions for many years and continues to serve not only as a challenge to the refugees themselves and their home countries, but also as a test to the many host countries and involved stakeholders.
Looking at Myanmar alone, the people of Myanmar did not become refugees by choice.
The crisis has reached a new low, with over 4 million people internally displaced and approximately 1.63 million refugees and asylum-seekers scattered across the region. Meanwhile, both land and maritime movements of refugees carry grave risks, including threats to life and human trafficking.
In essence, these staggering figures represent millions of our people deprived of their homes, livelihoods, and fundamental rights due to the protracted, unlawful military coup.
Every day, the military junta and its affiliates are abducting, forcibly recruiting, and committing multiple forms of lawless torture against the people of Myanmar. Their atrocities clearly amount to war crimes and crimes against humanity. Thus, the safe return of refugees is currently impossible.
However, the democratic forces of Myanmar are deeply concerned by recent developments presenting grave new perils. While there is renewed fear for refugees in a dangerous and politically complex setting, we are witnessing thousands being sent back to the very perpetrators responsible for the crisis in Myanmar. Such actions expose refugees to the risk of further persecution, torture, and harm, and even forced conscription.
We therefore request that host countries abide by the principle of non-refoulement, continue providing access to asylum, and uphold international protection obligations.
At the same time, the democratic forces of Myanmar remain grateful to the many host country governments, partners, and donors for providing protection and implementing policies that mitigate refugees’ suffering, despite shrinking resources.
We particularly recognize those of our neighbors who have been sharing the burden and supporting those fleeing violence. Here, we urge the international community to continue supporting host countries and all relevant actors involved in this endeavor. Without your persistent support, the survival of our refugees would be nearly impossible.
In this respect, the democratic forces in Myanmar are working to the fullest extent possible. We are of the view that any discussion of refugee returns must be grounded in reality.
Returns cannot be forced while the root causes of displacement remain unchecked. In the case of Myanmar, this root cause is the illegal military junta itself.
True protection, alongside the safe, voluntary, and dignified return of our people, requires the complete dismantling of the dictatorship and its culture of impunity. To realize this vision, our democratic forces have been working in close cooperation with the people to end the military dictatorship. The pursuit of a political transition toward a practical, sustainable, and peaceful federal democratic union in Myanmar is steadfastly underway.
We urge the international community and our partners to stand by us with sustained solidarity, effective support, and the resolute political will needed to resolve the refugee crisis.
Moreover, we call for bold action from the international community and the UN to hold the heinous military junta accountable through international justice mechanisms.
I appeal to you all to take into account the suffering of our people and the refugees from Myanmar when formulating solutions.
It is a matter of saving lives.
I thank you.
*****











