Statement by Ambassador Kyaw Moe Tun, at the General Discussion of the Second Committee under Agenda Item 17: Sustainable Development at the Eighty-first Session of the UN General Assembly





Statement by Ambassador Kyaw Moe Tun, Permanent Representative ofthe Republic of the Union of Myanmar to the United Nations, at the General Discussion of the Second Committee under Agenda Item 17: Sustainable Development at the Eighty-first Session of the UN General Assembly, held on 12 October 2026
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
(၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ စီးပွားရေးနှင့်ဘဏ္ဍာရေးကော်မတီ
(ဒုတိယကော်မတီ) ၏ ဘာသာရပ်အစီအစဉ် (၁၇) အောက်ရှိ ရေရှည်ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် တရားမဝင် စစ်အာဏာသိမ်းမှုနောက်ပိုင်း ယခင်ကရရှိခဲ့သော ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အောင်မြင်မှုများမှာ ဆိုးရွားစွာနောက်ပြန်ဆုတ်သွားခဲ့ရ၊
မြန်မာစစ်အုပ်စုအနေဖြင့် ၎င်း၏အမည်နာမ မည်သို့ပင်ပြောင်းလဲပြစေကာမူ နိုင်ငံအတွင်းအကြမ်းဖက်မှုများ၊ မတည်ငြိမ်မှုများနှင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ပြန်ဆုတ်ခြင်းတို့ကို
ဖြစ်ပေါ်စေသည့် အဓိကအကြောင်းရင်းဖြစ်၊
မြန်မာနိုင်ငံရင်ဆိုင်နေရသည့် အကြီးမားဆုံးအန္တရာယ်မှာ ဆင်းရဲနွမ်းပါးမှု ပိုမိုနက်ရှိုင်းလာခြင်းသာ မဟုတ်ဘဲ အနာဂတ်တွင် ရရှိနိုင်မည့်အခွင့်အလမ်းများ ပိုမိုကျဉ်းမြောင်းလာခြင်းဖြစ်၊
နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အချိန်နှင့်တစ်ပြေးညီ ပြတ်သားထိရောက်သော
ဆောင်ရွက်မှုများ မပြုလုပ်နိုင်ပါက မြန်မာနိုင်ငံသည် မျိုးဆက်တစ်ခုလုံး၏
အနာဂတ်ပျောက်ဆုံးသွားနိုင်သည့် ဆိုးရွားသော အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်၊
ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့သည် မရှိမဖြစ် လိုအပ်၊
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော
ဖွံ့ဖြိုးတိုးတက်မှုတို့ရရှိစေရန် စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် မြန်မာ ပြည်သူများ၏ ခိုင်မာသောသန္နိဋ္ဌာန်နှင့် ကြိုးပမ်းဆောင်ရွက်မှုများကို နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ထောက်ခံကူညီပေးကြရန်
မိမိအနေဖြင့် အလေးအနက် မေတ္တာရပ်ခံတိုက်တွန်းပါကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊၂၀၂၆ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်)
၁။ (၈၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ စီးပွားရေးနှင့်ဘဏ္ဍာရေးကော်မတီ (ဒုတိယကော်မတီ) ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမှု အစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
၂။ အဆိုပါ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမှုအစီအစဉ်သို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ ပါဝင်တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါသည်။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ မိန့်ခွန်းတွင် အောက်ဖော်ပြပါအချက်များ အဓိကပါဝင် ပါသည်-
(က) လက်နက်ကိုင်ပဋိပက္ခများ၊ ပထဝီနိုင်ငံရေးဆိုင်ရာတင်းမာမှုများ၊ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလျော့နည်းလာခြင်းမှသည် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အကျပ်အတည်းအထိ စိန်ခေါ်မှုများ တစ်ပြိုင်နက်တည်းဖြစ်ပေါ်နေခြင်းကြောင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များ (SDGs) ပြည့်မီရန် အကောင်အထည်ဖော်ရေး အရှိန်မြှင့် တင်ရာတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း၊
(ခ) မကြာသေးမီကပြုလုပ်ခဲ့သည့် (SDGs) အကောင်အထည်ဖော်ရေး တိုးတက်မှုဆိုင်ရာ ဆန်းစစ်သုံးသပ်ချက်အရ ရည်မှန်းချက်ပန်းတိုင်များကို (၁၅)ရာခိုင်နှုန်းသာပြည့်မီသည့်လမ်းကြောင်း ပေါ်သို့ ရောက်ရှိနေကြကြောင်း၊ အချိန်လေးနှစ်သာ ကျန်ရှိတော့သည့်အခြေအနေတွင် (၂၀၃၀) အစီအစဉ်၏ ရည်မှန်းချက်များပြည့်မီရေးမှာ မိမိတို့အနေဖြင့် လက်လှမ်းမမီနိုင်သည့် အခြေအနေသို့ ရောက်ရှိနေသည်ကို လက်ခံနားလည်ထားကြောင်း၊
(ဂ) ဤသို့သောအခြေအနေများအောက်တွင် ရည်မှန်းချက်များ (SDGs) ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဆိုင်ရာ ထိရောက်သောဆောင်ရွက်မှုများ၊ စဉ်ဆက်မပြတ် ဘဏ္ဍာငွေထောက်ပံ့မှု အဖွဲ့အစည်းများ၏စွမ်းဆောင်ရည် ပိုမိုအားကောင်းစေရေးနှင့် ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ အရှိန်မြှင့်တင်ရေးတို့ဆောင်ရွက်ရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်မှ အစီရင်ခံစာတွင် တိုက်တွန်းထားကြောင်း၊ မိမိအနေဖြင့်လည်း ထပ်လောင်းတိုက်တွန်းလိုကြောင်း၊
(ဃ) မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် တရားမဝင် စစ်အာဏာသိမ်းမှုနောက်ပိုင်း ယခင်ကရရှိခဲ့သော ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အောင်မြင်မှုများမှာ ဆိုးရွားစွာ နောက်ပြန်ဆုတ်သွားခဲ့ရကြောင်း၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ အစီရင်ခံစာအရ နိုင်ငံလူဦးရေ၏ (၆၈.၁) ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးမှုဒဏ်ကို ခံစားနေရသည့်အခြေအနေ (သို့မဟုတ်) ဘက်ပေါင်းစုံမှ ဆင်းရဲနွမ်းပါးမှုကို ရင်ဆိုင်နေရသည့် အခြေအနေတွင် ရှိနေကြကြောင်း၊
(င) လူဦးရေ၏ သုံးပုံတစ်ပုံနီးပါးသည် ပြင်းထန်သော စားနပ်ရိက္ခာမလုံလောက်မှုကို ရင်ဆိုင်နေရပြီး ကလေးသူငယ်(၁) သန်းကျော်သည် မဖြစ်မနေ ထိုးရမည့်ကာကွယ်ဆေးထိုးနိုင်ခြင်း မရှိကြကြောင်း၊ ကျောင်းနေအရွယ် ကလေးသူငယ်နှင့် လူငယ် (၆.၃) သန်းကျော်မှာ ကျောင်းပညာသင်ကြားနိုင်ခြင်း မရှိကြကြောင်း၊
(စ) အိမ်ထောင်စုများ၏ (၄၀) ရာခိုင်နှုန်းကျော်သည် ဘေးကင်းလုံခြုံစွာ စီမံခန့်ခွဲထားသည့် သောက်သုံးရေဝန်ဆောင်မှုကို လက်လှမ်းမမီကြောင်း၊ တိုင်းပြည်၏မျိုးဆက်သစ်များဖြစ်သည့် လူငယ်အနည်းဆုံး (၁) သန်းခန့်သည် အဓမ္မစစ်မှုထမ်းစေခြင်းနှင့် လုံခြုံမှုမရှိသည့်အခြေအနေများမှ လွတ်မြောက်ရန် နိုင်ငံမှ ထွက်ခွာသွားခဲ့ကြကြောင်း၊ ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေမှာ (၄) သန်းကျော်အထိ ရှိလာခဲ့ပြီး လူဦးရေ (၁၆.၂)သန်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ချက်ချင်း လိုအပ်လျက် ရှိကြောင်း၊
(ဆ) ယင်းကဲ့သို့ ဝမ်းနည်းဖွယ်ရာကိန်းဂဏန်းများသည် မြန်မာစစ်အုပ်စုအနေဖြင့် ၎င်း၏အမည်နာမ မည်သို့ပင်ပြောင်းလဲပြစေကာမူ နိုင်ငံအတွင်းအကြမ်းဖက်မှုများ၊ မတည်ငြိမ်မှုများနှင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ပြန်ဆုတ်ခြင်းတို့ကို ဖြစ်ပေါ်စေသည့် အဓိကအကြောင်းရင်းဖြစ်နေသည်ကို ရှင်းလင်းစွာ ဖော်ပြလျက်ရှိကြောင်း၊
(ဇ) ထိုကဲ့သို့စိန်ခေါ်မှုများပြားသောအခြေအနေများအောက်တွင် မြန်မာပြည်သူများသည် ရင်းနှီးမြှုပ်နှံမှုထက် အသက်ရှင်ရပ်တည်ရေးကို အစွမ်းကုန်အားစိုက်နေရ၊ သာယာဝပြောရေးထက် အခြေခံစားဝတ်နေရေး ဖူလုံရေးကို အလေးပေးလုပ်ဆောင်နေရ၊ ထို့ပြင် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုထက် လက်ရှိအခက်အခဲများကို ရင်ဆိုင်ကျော်လွှားနိုင်ရေးနည်းလမ်းများကို ဦးစားပေးရွေးချယ်နေရကြောင်း၊
(ဈ) ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (UNDP) ၏ ဖော်ပြချက်အရ မြန်မာနိုင်ငံရင်ဆိုင်နေရသည့် အကြီးမားဆုံးအန္တရာယ်မှာ ဆင်းရဲနွမ်းပါးမှု ပိုမိုနက်ရှိုင်းလာခြင်းသာမဟုတ်ဘဲ အနာဂတ်တွင် ရရှိနိုင်မည့်အခွင့်အလမ်းများ ပိုမိုကျဉ်းမြောင်းလာခြင်းဖြစ်သည်ဟု ထည့်သွင်းဖော်ပြထားကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အချိန်နှင့်တစ်ပြေးညီ ပြတ်သားထိရောက်သော ဆောင်ရွက်မှုများ မပြုလုပ်နိုင်ပါက မြန်မာနိုင်ငံသည် မျိုးဆက်တစ်ခုလုံး၏ အနာဂတ်ပျောက်ဆုံးသွားနိုင်သည့် ဆိုးရွားသော အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ကြောင်း၊
(ည) မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့သည် မရှိမဖြစ်လိုအပ်သောအခြေအနေများဖြစ်ရာ လက်ရှိအခြေအနေကို ဖြေရှင်းရန် ဒေသတွင်းနှင့် နိုင်ငံတကာအဆင့် ကြိုးပမ်းဆောင်ရွက်မှုမှန်သမျှတွင် ပဋိပက္ခနှင့် ပြည်သူများ၏ ဒုက္ခခံစားနေရမှုများ ပိုမိုမကြာမြင့်စေရန် ပဋိပက္ခ၏အရင်းခံအကြောင်းရင်းကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင် မည့်ဆောင်ရွက်ချက်များ ပါဝင်ရန် လိုအပ်ပါကြောင်း၊
(ဋ) မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးတိုးတက်မှုတို့ရရှိစေရန် စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် မြန်မာပြည်သူများ၏ ခိုင်မာသောသန္နိဋ္ဌာန်နှင့် ကြိုးပမ်းဆောင်ရွက်မှုများကို နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ထောက်ခံကူညီပေးကြရန် မိမိအနေဖြင့် အလေးအနက် မေတ္တာရပ်ခံတိုက်တွန်းပါကြောင်း၊
၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ်ပြောကြားခဲ့သည့်မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၆ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative ofthe Republic of the Union of Myanmar to the United Nations,
at the General Discussion of the Second Committee under
Agenda Item 17: Sustainable Development
at the Eighty-first Session of the UN General Assembly
(New York, 12 October 2026)
Madam Chair,
Myanmar aligns itself with the statements of ASEAN, the LDC Group and the G77 and China respectively.
I thank the Secretary-General for his extensive reports.
Madam Chair,
Accelerating progress on achieving the SDGs is facing a convergence of challenges from armed conflict, geopolitical tension, declining international development and humanitarian assistance to the climate crisis.
The recent SDG progress assessment showed that only 15 percent of the SDG targets are on track. With four years remaining, we are under no illusion that the 2030 Agenda is out of reach.
Against this backdroop, I wish to echo the Secretary-General in his report in calling for decisive action on peace and stability, sustained financing, strengthened institutions and accelerated structural transformation for the effective implementation of the SDGs.
Madam Chair,
My country, Myanmar, is witnessing a serious reversal of our previous development achievements since the illegal military coup in 2021.
UNDP recently reported that 68.1 percent of the population are either vulnerable or multidimensionally poor.
Almost a third of the population is facing acute food insecurity.
Over 1 million children lack critical vaccinations.
More than 6.3 million school-age children and young people have been out of school.
Over 40 per cent of households have no safely managed drinking water service.
At least one million young people have left the country to escape forced conscription and insecurity.
In addition, over 4 million people are internally displaced. 16.2 million people are in need of humanitarian assistance.
These tragic numbers clearly demonstrate that the military junta remains the primary driver of violence, instability, and regression in the country regardless of their nominal change in status.
Under these challenging circumstances, the people of Myanmar are compelled to choose survival over investment; subsistence over prosperity; and coping mechanisms over development cooperation.
According to the UNDP, “the greatest risk facing Myanmar is not only the deepening of poverty, but the narrowing of opportunities tomorrow”.
Without timely and decisive actions by the international community, Myanmar is at serious risk of losing an entire generation.
In conclusion, Madam Chair, peace and stability are prerequisites to achieving sustainable development in Myanmar.
Any regional and international effort to remedy the situation should include steps to effectively address the root cause to avoid prolonging the conflict and suffering of our people.
Therefore, I appeal to the international community to support the people of Myanmar and our determination to end the military dictatorship and build a federal democratic union for peace, stability and sustainable development.
I thank you.
*****










