top of page
  • Facebook Social Icon

Statement by Ambassador Kyaw Moe Tun, at the General Debate of the First Committee of the Eighty-first Session of the UN General Assembly

Writer: Myanmar Mission To UN
Myanmar Mission To UN
11 hours ago
7 min read

Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the General Debate of the First Committee of the Eighty-first Session of the UN General Assembly, held on 12 October 2026


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


(၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ (ပထမကော်မတီ) ၏ အထွေထွေမူဝါဒေရေးရာ မိန့်ခွန်းပြောကြားမှုအစီအစဉ်၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားအဖွဲ့(IIMM) ၏ နောက်ဆုံးအစီရင်ခံစာတွင် စစ်တပ်မှ ကျေးရွာများ၊ စာသင်ကျောင်းများ၊ ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အဆောက်အအုံများ၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ၏ စခန်းများနှင့် ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများအပါအဝင် အရပ်သားပိုင် အဆောက်အအုံများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုပုံစံများကို ဖော်ထုတ်ထား၊

စစ်တပ်မှ “နှစ်ဆင့်ဆက်တိုက်လေကြောင်းတိုက်ခိုက်မှု” (Double-tap aerial attacks) များကို ပိုမိုအသုံးပြုလာခြင်းကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုမှာ ပိုမိုဆိုးရွားလာလျက်ရှိ၊ ယင်းတိုက်ခိုက်မှုပုံစံတွင် စစ်တပ်ကပထမအကြိမ် တိုက်ခိုက်မှုပြုလုပ်ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးနေသူများ၊ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရန်

ကြိုးပမ်းနေသူများကို ပစ်မှတ်ထား၍ ထပ်မံလေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်၊

စစ်အုပ်စု၏ အရပ်သားပြည်သူများအပေါ် ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များနှင့် ဆိုးရွားသောရာဇဝတ်မှုများသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့မှ စစ်အုပ်စုထံ လက်နက်များ၊ တိုက်လေယာဉ်များနှင့် ခဲယမ်းမီးကျောက်များ၊ အရပ်ဘက် စစ်ဘက် နှစ်နေရာလုံးတွင် အသုံးပြုရနိုင်သည့် ပစ္စည်းများ ရောင်းချခြင်းနှင့် လွှဲပြောင်းပေးအပ်ခြင်းတို့ကြောင့်

ပိုမိုအားကောင်းလာခဲ့သည်မှာ ထင်ရှားနေ၊

နျူကလီးယားစွမ်းအင်အစီအစဉ်အပါအဝင် နိုင်ငံတကာအသိုက်အဝန်း၏

မည်သည့်ပူးပေါင်းဆောင်ရွက်မှုကိုမဆို စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းပြီး ဒီမိုကရေစီပြန်လည်ထူထောင်ကာ စစ်တပ်သည် အရပ်သားအစိုးရ၏ ကြီးကြပ်ကွပ်ကဲမှုအောက်တွင်

ရှိလာသည့်အချိန်မှသာ မြန်မာနိုင်ငံသို့ ပံ့ပိုးဆောင်ရွက်သင့်၊

မြန်မာပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကယ်တင်ရန် မြန်မာစစ်တပ်ထံ

လက်နက်ခဲယမ်းများ၊ ဂျက်လေယာဉ်ဆီ၊ အရပ်ဘက်နှင့် စစ်ဘက် နှစ်မျိုးသုံးပစ္စည်းများနှင့် ဆက်စပ်နည်းပညာများရောင်းချခြင်းနှင့် လွှဲပြောင်းပေးအပ်ခြင်းတို့ကိုရပ်တန့်ပေးရန် အဖွဲ့ဝင်နိုင်ငံအားလုံးကို အထူးမေတ္တာရပ်ခံအပ်ပါကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်)


၁။        (၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ (ပထမကော်မတီ) ၏ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမှုအစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၆) ရက်နေ့မှ (၁၅) ရက်နေ့အထိ ကျင်းပပြုလုပ်လျက် ရှိပါသည်။

၂။         အဆိုပါ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမှုအစီအစဉ်သို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ ပါဝင်တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ပါသည်။

၃။        မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ မိန့်ခွန်း တွင် အောက်ပါအချက်များ အဓိက ပါဝင်ပါသည် -

(က)       နျူကလီးယားလက်နက်များသည် လူသားမျိုးနွယ်တစ်ရပ်လုံး၏တည်ရှိမှုကို ခြိမ်းခြောက်နေ သည့်အန္တရာယ်တစ်ရပ်ဖြစ်ရာ နျူကလီးယားလက်နက်ကို ရည်ရွယ်ချက်ရှိရှိဖြစ်စေ၊ မတော်တဆဖြစ်စေ တစ်ကြိမ်တစ်ခါမျှအသုံးပြုမိပါက လက်ရှိနှင့်အနာဂတ်မျိုးဆက်များအပေါ် ကပ်ဘေးဆိုးကြီးသဖွယ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးများဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊

(ခ)         နျူကလီးယားလက်နက်များ အသုံးပြုခြင်း (သို့မဟုတ်) အသုံးပြုမည်ဟု ခြိမ်းခြောက်ခြင်းတို့မှ ကာကွယ်နိုင်မည့် တစ်ခုတည်းသောအာမခံချက်မှာ နျူကလီးယားလက်နက်များကို အလုံးစုံ ဖျက်သိမ်းရေးပင်ဖြစ်ကြောင်း မြန်မာနိုင်ငံအနေဖြင့် ရပ်တည်ချက်ကို ထပ်လောင်းအတည်ပြုပါကြောင်း၊

(ဂ)         မြန်မာနိုင်ငံသည် ယခုအစည်းအဝေး၌ “နျူကလီးယားလက်နက်ဖျက်သိမ်းရေး” (Nuclear Disarmament) ခေါင်းစဉ်ဖြင့် ဆုံးဖြတ်ချက်အဆိုမူကြမ်းကို တင်သွင်းထားကြောင်း၊ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု ထိရောက်မှုမြှင့်တင်ရေးအတွက် မိမိတို့၏ကြိုးပမ်းဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ယင်းဆုံးဖြတ်ချက်အဆိုမူကြမ်းကို အထွေထွေညီလာခံသို့ နှစ်နှစ်တစ်ကြိမ် တင်သွင်းရန်ဆုံးဖြတ်ခဲ့ကြောင်း၊ ယင်းဆုံးဖြတ်ချက်အဆိုမူကြမ်းအပေါ် အဖွဲ့ဝင်နိုင်ငံများ အားလုံး၏ ဆက်လက်ထောက်ခံမှုနှင့် ပူးတွဲအဆိုရှင်အဖြစ်ပါဝင်ပေးမှုတို့ကို လေးစားစွာ မေတ္တာရပ်ခံအပ်ကြောင်း၊

(ဃ)       နှစ်ပေါင်း (၆၀) နီးပါးကြာမြင့်လာခဲ့ပြီးနောက်တွင်လည်း နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ်(NPT)သည် နျူကလီးယားလက်နက်ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေးတို့အတွက် အခြေခံအုတ်မြစ်အဖြစ် ဆက်လက်တည်ရှိနေကြောင်း၊ NPT ၏ နဝမအကြိမ်၊ ဒသမအကြိမ်နှင့် ဧကာဒသမအကြိမ် ပြန်လည်သုံးသပ်ရေးဆိုင်ရာညီလာခံများတွင် သဘောတူညီမှုကြေညာချက်ကို သုံးကြိမ်ဆက်တိုက် အတည်မပြုနိုင်ခဲ့ခြင်းသည် (NPT) ၏ ဂုဏ်သိက္ခာခိုင်မာမှုအပေါ် အကြီးအကျယ် ထိခိုက်စေလျက်ရှိကြောင်း၊

(င)         မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားလက်နက်စမ်းသပ်မှုပိတ်ပင်ရေးစာချုပ် (CTBT) အား နိုင်ငံအားလုံးမှ လက်ခံလိုက်နာရေးကိုအထူးအလေးထားကြောင်း၊ ယင်းစာချုပ်အသက်ဝင်ရေး အတွက် အတည်ပြုပါဝင်ခြင်း မပြုရသေးသည့် အထူးသဖြင့် နောက်ဆက်တွဲ (၂) ပါ နိုင်ငံများ အမြန်ဆုံး ပါဝင်လက်မှတ်ရေးထိုးကြရန် တိုက်တွန်းလိုပါကြောင်း၊

(စ)         နျူကလီးယားလက်နက် တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ် (TPNW)သည် (NPT) ကို ဖြည့်စွက်အားဖြည့်ပေးသည့်စာချုပ်ဖြစ်ပြီး နျူကလီးယားလက်နက်များ အလုံးစုံဖျက်သိမ်းရေးဟူသော ဘုံရည်မှန်းချက်ကို အကောင်အထည်ဖော်ရာတွင် အထောက်အကူပြုသည်ဟု မြန်မာနိုင်ငံ အနေဖြင့် ရှုမြင်ပါကြောင်း၊ သို့ရာတွင် ၂၀၂၁ ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သည့် တရားမဝင် စစ်အာဏာသိမ်းမှုကြောင့် အတည်ပြုလက်မှတ်ရေးထိုးရေးလုပ်ငန်း ရပ်တန့်ခဲ့ရခြင်းမှာ ဝမ်းနည်းဖွယ်ရာ ဖြစ်ကြောင်း၊

(ဆ)       ထို့အပြင် လက်နက်ဖျက်သိမ်းရေးညီလာခံ (Conference on Disarmament) ၏ မူဘောင်အောက်တွင် နျူကလီးယားလက်နက်ထုတ်လုပ်ရာ၌ အသုံးပြုနိုင်သည့် ပစ္စည်းများထုတ်လုပ်မှု တားမြစ်ရေးစာချုပ်(Fissile Material Cut-Off Treaty - FMCT) ဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှု များ စတင်နိုင်ရန်၊ သဘောထားကွဲလွဲမှုများအား ဖြေရှင်းရန်လိုအပ်ကြောင်းကို ထပ်လောင်း အလေးထား ပြောကြားလိုကြောင်း၊

(ဇ)         အရှေ့တောင်အာရှ နျူကလီးယားလက်နက်ကင်းမဲ့ဇုန်စာချုပ် (SEANWFZ) ၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် နျူကလီးယားလက်နက်ကင်းမဲ့ဇုန်များတည်ထောင်ခြင်းသည် နျူကလီးယား လက်နက်များကို ဆန့်ကျင်သည့် ကမ္ဘာလုံးဆိုင်ရာစံနှုန်းများ ပိုမိုအားကောင်းစေရေးအတွက် အထောက်အကူပြုနိုင်သည်ဟု အခိုင်အမာယုံကြည်ကြောင်း၊

(ဈ)        ကိုရီးယားကျွန်းဆွယ် နျူကလီးယားလက်နက်ကင်းစင်ရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် မြောက်ကိုရီးယားနိုင်ငံ (DPRK) အား လုံခြုံရေးကောင်စီဆုံးဖြတ်ချက်များအားလုံးကို လိုက်နာဆောင်ရွက်ရန် တိုက်တွန်းအပ်ပါကြောင်း၊

(ည)       ဓာတုလက်နက်တားမြစ်ရေးစာချုပ် (CWC) နှင့် ဇီဝလက်နက်တားမြစ်ရေးစာချုပ် (BWC) တို့၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံသည် ဓာတုလက်နက်နှင့် ဇီဝလက်နက်များ တည်ရှိမှု နှင့် အသုံးပြုမှုကို ဆန့်ကျင်သည့် နိုင်ငံတကာစံနှုန်းများကို လိုက်နာရန် ကတိကဝတ်ကို ထပ်လောင်း အတည်ပြုကြောင်း၊

(ဋ)         မည်သူမဆို မည်သည့်အခြေအနေတွင်မဆို ဓာတုလက်နက် အသုံးပြုခြင်းကို မြန်မာနိုင်ငံ အနေဖြင့် ပြင်းထန်စွာရှုတ်ချပြီး ကျူးလွန်သူအားလုံးကို တာဝန်ခံမှုရှိစေရန် တိုက်တွန်းကြောင်း၊

(ဌ)         အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုအများစုသည် သမားရိုးကျ လက်နက်များကြောင့်ဖြစ်ပေါ်လျက်ရှိရာ ပဋိပက္ခဖြစ်ပွားနေသည့်အခြေအနေများတွင် ယင်းလက်နက်များကို အကြမ်းဖက်သမားများ၊ စစ်အာဏာရှင်များအပါအဝင် ဆိုးရွားသည့် အကြံအစည်ရှိသူများထံ လွှဲပြောင်းပေးအပ်ခြင်းနှင့် ရောင်းချခြင်းတို့ကြောင့် အရပ်သားပြည်သူများ၏ဒုက္ခခံစားရမှုနှင့် အသက်ဆုံးရှုံးမှုများ ပိုမိုဆိုးရွားလာစေခဲ့ကြောင်း၊ မြန်မာပြည်သူများသည် ယင်းအခြေအနေဆိုးကြီးကို နေ့စဉ်နှင့်အမျှ ကိုယ်တိုင်ကြုံတွေ့ခံစားနေကြရကြောင်း၊

(ဍ)         တရားမဝင်စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် စစ်အုပ်စုသည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပေါ်ပေါက်လာသော တော်လှန်ရေးလှုပ်ရှားမှုများအတွက် အရပ်သားပြည်သူများကိုချေမှုန်းသည့် နည်းလမ်းတစ်ရပ်အဖြစ် ခွဲခြားမှုမရှိသော တိုက်ခိုက်မှုများကို ဆက်တိုက်ကျူးလွန်လျက်ရှိကြောင်း၊ တရားမဝင် အာဏာသိမ်းစစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်စွာသတ်ဖြတ်မှုကြောင့် လူပေါင်း (၈,၅၀၀) ကျော် အသက်ဆုံးရှုံးခဲ့ရပြီး ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေမှာလည်း(၄)သန်းကျော်အထိ ရှိလာခဲ့ကြောင်း၊

(ဎ)         မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားအဖွဲ့ (IIMM) ၏ နောက်ဆုံး အစီရင်ခံစာတွင် စစ်တပ်မှ ကျေးရွာများ၊ စာသင်ကျောင်းများ၊ ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အဆောက်အအုံများ၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ၏ စခန်းများနှင့် ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများအပါအဝင် အရပ်သားပိုင်အဆောက်အအုံများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုပုံစံများကို ဖော်ထုတ်ထားပါကြောင်း၊ ယင်းတိုက်ခိုက်မှုများအနက် အများအပြားသည် စစ်ရေးအရအရေးပါသည့် ပစ်မှတ်မဟုတ်သောဒေသများရှိ အရပ်သားပိုင် အဆောက်အအုံများကို ထိမှန်ခဲ့ကြောင်း၊

(ဏ)       စစ်တပ်မှ “နှစ်ဆင့်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု” (Double-tap aerial attacks) များကို ပိုမိုအသုံးပြုလာခြင်းကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုမှာ ပိုမိုဆိုးရွားလာလျက်ရှိကြောင်း၊ ယင်းတိုက်ခိုက်မှုပုံစံတွင် စစ်တပ်က ပထမအကြိမ် တိုက်ခိုက်မှုပြုလုပ်ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးနေသူများ၊ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရန် ကြိုးပမ်းနေသူများကို ပစ်မှတ်ထား၍ ထပ်မံလေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊

(တ)       လွန်ခဲ့သည့်ရက်သတ္တပတ် နှစ်ပတ်အတွင်းကပင် စစ်တပ်သည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ ဒေသခံဈေးတစ်ခုကို အသေအပျောက်များစေသည့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာအမျိုးသမီးများနှင့် ကလေးသူငယ်များအပါအဝင် အနည်းဆုံး(၄၉)ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ သမားရိုးကျလေယာဉ်များအသုံးပြုခြင်းအပြင် စစ်အုပ်စုသည် အပန်းဖြေရာတွင် အသုံးပြုသည့်စက်တပ်လေထီးများ (Paramotors)၊ ဂိုင်ရို ကော်ပတာများ (Gyrocopters) နှင့် မောင်းသူမဲ့လေယာဉ်များ (UAVs) အပါအဝင် သမားရိုးကျ မဟုတ်သော လေယာဉ်အမျိုးအစားများအပေါ် စစ်ဆင်ရေးအတွက် ပိုမိုတိုးမြှင့်လာလျက်ရှိကြောင်း၊ ယင်းသို့အသုံးပြုခြင်းကြောင့် အရပ်သားပြည်သူများအနေဖြင့် တိုက်ခိုက်မှုများကို ကြိုတင်သိရှိရန် ပိုမိုခက်ခဲလာပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရန်နှင့် အကာအကွယ် ရယူရန် ခက်ခဲကြကြောင်း၊

(ထ)       မြန်မာစစ်တပ်၏လက်နက်ပွဲစားတစ်ဦးသည် လျှပ်စစ်မော်တာများကိုဝယ်ယူခဲ့ပြီး၊ ယင်းပစ္စည်းများသည်  အရှေ့အလယ်ပိုင်းဒေသတွင် အသုံးပြုသည့် မောင်းသူမဲ့လေယာဉ်များ၌ အသုံးပြု နေသည်ကို လေ့လာတွေ့ရှိမှုများရှိကြောင်း၊ စစ်တပ်နှင့် ၎င်း၏ဆက်နွယ်သူများသည် အရပ်ဘက်နှင့် စစ်ဘက်နှစ်မျိုးသုံးပစ္စည်းများ (Dual-use items) ကို အရပ်သားပြည်သူများအပေါ် နှိပ်ကွပ်ချုပ်ချယ်ရေးအတွက် လွှဲပြောင်းအသုံးပြုခြင်း၊ အလွဲသုံးစားပြုခြင်းနှင့် လက်နက်သဖွယ်အသုံးချခြင်းတို့ကို ပြုလုပ်လျက်ရှိကြောင်း၊

(ဒ)         တရားမဝင် အာဏာသိမ်းစစ်အုပ်စု၏ နျူကလီးယားစွမ်းအင်စီမံကိန်းဟု ခေါ်ဆိုနေသည့် အစီအစဉ်နှင့် ယင်းအစီအစဉ်ကို ငြိမ်းချမ်းသော ရည်ရွယ်ချက်မဟုတ်သည့် ကိစ္စရပ်များတွင် အလွဲသုံးစားပြုမည့်အပေါ် အထူးစိုးရိမ်ကြောင်း၊ နျူကလီးယားစွမ်းအင်အစီအစဉ်အပါအဝင် နိုင်ငံတကာအသိုက်အဝန်း၏ မည်သည့်ပူးပေါင်းဆောင်ရွက်မှုကိုမဆို စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းပြီး ဒီမိုကရေစီပြန်လည်ထူထောင်ကာ စစ်တပ်သည် အရပ်သားအစိုးရ၏ ကြီးကြပ်ကွပ်ကဲမှုအောက်တွင်ရှိလာသည့်အချိန်မှသာ မြန်မာနိုင်ငံသို့ ပံ့ပိုးဆောင်ရွက်သင့်ကြောင်း၊

(ဓ)         စစ်အုပ်စု၏ အရပ်သားပြည်သူများအပေါ် ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များနှင့် ဆိုးရွားသောရာဇဝတ်မှုများသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့မှ စစ်အုပ်စုထံ လက်နက်များ၊ တိုက်လေယာဉ်များနှင့် ခဲယမ်းမီးကျောက်များ၊ အရပ်ဘက် စစ်ဘက် နှစ်နေရာလုံးတွင် အသုံးပြုရနိုင်သည့်ပစ္စည်းများ ရောင်းချခြင်းနှင့် လွှဲပြောင်းပေးအပ်ခြင်းတို့ကြောင့် ပိုမိုအားကောင်းလာခဲ့သည်မှာထင်ရှားနေပါကြောင်း၊

(န)         မြန်မာစစ်အုပ်စုနှင့် နှစ်နိုင်ငံအကြား (သို့မဟုတ်) ဒေသတွင်းအဆင့် ဆက်ဆံထိတွေ့ရန် ကြိုးပမ်းမှုများသည် စစ်အုပ်စုအား မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှုများနှင့် ရက်စက် ကြမ်းကြုတ်သောလုပ်ရပ်များကို ပိုမိုကျူးလွန်ရန် အားပေးအားမြှောက်ပြုသကဲ့သို့ဖြစ်စေရာ အရပ်သားပြည်သူများ၏ အသက်အန္တရာယ် ကာကွယ်ရေးကို ထိခိုက်စေသည့် မြန်မာစစ်အုပ်စုနှင့် ဆက်ဆံထိတွေ့မှုများကို အားပေးပံ့ပိုးခြင်း၊ ဆက်လက်ဆောင်ရွက်ခြင်း မပြုသင့်ကြောင်း၊

(ပ)         မြန်မာပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကိုကယ်တင်ရန် မြန်မာစစ်တပ်ထံ လက်နက်ခဲယမ်းများ၊ ဂျက်လေယာဉ်ဆီ၊ အရပ်ဘက်နှင့် စစ်ဘက် နှစ်မျိုးသုံးပစ္စည်းများနှင့် ဆက်စပ် နည်းပညာများရောင်းချခြင်းနှင့် လွှဲပြောင်းပေးအပ်ခြင်းတို့ကိုရပ်တန့်ပေးရန် အဖွဲ့ဝင်နိုင်ငံ အားလုံးကို အထူးမေတ္တာရပ်ခံအပ်ပါကြောင်း။   


၄။        မြန်မာအမြဲတမ်းကိုယ်စားလှယ်ပြောကြားခဲ့သည့်မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ)အား ပူးတွဲဖော်ပြ အပ်ပါသည်။


၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖွဲရုံး၊ နယူးယောက်မြို့။


Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations,

at the General Debate of the First Committee of

the Eighty-first Session of the UN General Assembly


(New York, 12 October 2026)

Mr. Chair,

At the outset, I wish to congratulate you and other members of the Bureau on your well-deserved election.

You can count on our delegation’s full support and cooperation throughout the session.

Myanmar aligns itself with the statements delivered by ASEAN and NAM.

Mr. Chair,

We are gathering once again in the midst of heightened geopolitical tensions, soaring military spending, escalating armed conflict, growing mistrust in multilateral institutions, rising nuclear risks and rhetoric.

At the same time, the integration of emerging technologies, including AI, drones and information and communications technology (ICT), in conflict settings are also compounding security risks and challenges.

Against this backdrop, our collective work at the First Committee is critical in preserving  the global disarmament architecture, strengthening international norms and preventing their further erosion.

 

Mr. Chair,

Nuclear weapons pose an existential threat to humanity. A single use of nuclear weapons, whether by design or accident, will have catastrophic humanitarian and environmental consequences for current and future generations.

Myanmar, therefore, reaffirms our firm position that the only guarantee against the use or threat of use of nuclear weapons is their total elimination.

In this context, Myanmar is tabling the resolution entitled “Nuclear Disarmament” at this session. Myanmar has also decided to biennialize the presentation of the resolution to the GA as part of our efforts to contribute to improving the efficiency of the First Committee. We kindly request all Member States for their continued support and co-sponsorship of the resolution.

Mr. Chair,

After nearly sixty years, NPT remains the cornerstone of nuclear disarmament and non-proliferation. The consecutive failure to adopt an outcome document at the Ninth, Tenth and the Eleventh Review Conference is seriously undermining the credibility and integrity of the NPT.

Myanmar attaches great importance to the universal adherence to the CTBT and calls uponall states that have not ratified the CTBT, especially the remaining Annex II states, to do so without delay for its entry into force.

We are of the view that TPNW complements NPT and contributes to advancing our shared goal of the total elimination of nuclear weapons. It is unfortunate that our subsequent plan to ratify the TPNW was disrupted by the 2021 illegal military coup.

We also reiterate the need to resolve differences to commence negotiations on the Fissile Material Cut-Off Treaty under the Conference on Disarmament.

As a state party to the Southeast Asia Nuclear-Weapons-Free-Zone Treaty, Myanmar believes the establishment of NWFZs can contribute to further strengthening global norms against nuclear weapons.

On the issue of denuclearization of the Korean peninsula, Myanmar calls on the DPRK to abide by all relevant Security Council resolutions.

As a state party to the CWC and the BWC, Myanmar underscores our commitment to upholding international norms against the existence and use of chemical and biological weapons. Myanmar strongly condemns the use of chemical weapons by anyone under any circumstance and calls for holding all perpetrators accountable.

Mr. Chair,

The vast majority of civilian casualties and destructions are attributed to conventional weapons. The suffering and death of civilians are exacerbated when such weapons are transferred and sold to malicious actors, including terrorists and dictators, in conflict settings. Unfortunately, the people of Myanmar are experiencing this phenomenon first hand on a daily basis.

Since the coup, the military junta has been perpetuating indiscriminate attacks against civilians as a form of collective punishment for the nationwide resistance movement against the military dictatorship.

Over 8,500 people have been brutally killed by the military junta. Over 4 million are internally displaced.

The most recent Independent Investigative Mechanism for Myanmar (IIMM) report revealed a pattern of aerial attacks by the military deliberately targeting civilian objects, including villages, schools, religious and cultural buildings, IDP camps, and medical facilities. Many of these attacks hit civilian structures in areas with no targets of military value.

Civilian casualties are further aggravated by themilitary’s increasing use of “double tap” aerial attacks, by which the military conducts an initial attack, followed up by additional aerial attacks, to target first responders or those attempting to flee to safety.

Just a couple of weeks ago, the military carried out a deadly airstrike on a local market in Kyauktaw, Rakhine State, killing at least 49 people, including women and children, and injuring many.

Mr. Chair,

In addition to the use of conventional aircraft, the military junta is increasing its operational reliance on non-conventional aircraft, including recreational paramotors, gyrocopters, and unmanned aerial vehicles (UAVs). Such operation has made attacks harder for civilians to detect, limiting their ability to flee or seek shelter.

It is reported that the military junta’s arms broker in Myanmar had procured electric motors to divert them into UAVs in the Middle East.

At any given opportunity, the military junta and its affiliates will divert, misuse and weaponize dual-use items for their widespread terror campaigns and systematic subjugation of civilians.

Against this backdrop, we are gravely concerned with the military junta’s so-called nuclear power plan and their potential misuse for non-peaceful purposes, including its military application. Any cooperation from the international community, including a nuclear energy programme, should be extended to Myanmar only when the military dictatorship is eradicated, democracy is restored, and military is under civilian oversight.

Mr. Chair,

It is well-established that military’s atrocities and heinous crimes against civilians have been fueled by the sales and transfers of arms, weapons, fighter jets and munitions and dual use items from certain Member States to the military junta.

At the same time, hasty and unwarranted attempts to engage bilaterally or regionally with the military junta have emboldened the military to further perpetrate and intensify violence and atrocities against the people of Myanmar.

We are of the view that any engagement with the military junta should not be facilitated or extended at the expense of protection of civilians and their lives.

Taking this opportunity, I appeal to all Member States to cease the sales and transfers of arms, weapons, jet fuel, other dual-use items and related technologies to the military junta to save the lives of the people of Myanmar.

I thank you.

*****



Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

This is the only official website of the Permanent Mission of  the Republic of the Union of Myanmar to the United Nations in New York.

The Mission is not affiliated with any other websites using similar names or domains.

bottom of page