top of page
  • Facebook Social Icon

Statement by Ambassador Kyaw Moe Tun, at the Third Committee of the Eighty-first Session of the UN General Assembly; General Discussion on Promotion and Protection of Human Rights

Writer: Myanmar Mission To UN
Myanmar Mission To UN
19 hours ago
5 min read

Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Third Committee of the Eighty-first Session of the UN General Assembly; General Discussion on Promotion and Protection of Human Rights, held on 7 October 2026


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီတွင်

လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေးခေါင်းစဉ်ဖြင့် အထွေထွေမိန့်ခွန်းပြောကြားမှုအစီအစဉ်၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မြန်မာနိုင်ငံတွင် ဒုက္ခဆင်းရဲများ ဖြစ်ပွားနေရသည့် အဓိကအကြောင်းအရင်းခံမှာ အရပ်သားပြည်သူများ၊ အထူးသဖြင့် မိမိတို့၏ တိုင်းရင်းသား ညီအစ်ကို၊ မောင်နှမများနှင့် လူနည်းစုများအား လူ့အခွင့်အရေးရှိသူများအဖြစ် မဆက်ဆံဘဲ ပစ်မှတ်များအဖြစ် သဘောထားရှုမြင်သည့် စစ်အာဏာရှင်များ၏ အကြွင်းမဲ့အာဏာကြီးစိုးလိုမှုကြောင့် ဖြစ်၊

စစ်အုပ်စုသည် လေကြောင်းဗုံးကျဲတိုက်ခိုက်မှုများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ

နှင့် နည်းပညာဆိုင်ရာ ခြိမ်းခြောက်မှုများကို ပြင်းပြင်းထန်ထန် အသုံးပြုကာ စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ဘုန်းကြီးကျောင်းများနှင့် စစ်ဘေးရှောင်စခန်းများ အပါအဝင် အရပ်ဘက် အဆောက်အဦများအပေါ်၌ ရက်စက် ကြမ်းကြုတ်သည့် ရာဇဝတ်မှုများကို

စနစ်တကျ ကျူးလွန်လျက်ရှိ၊

အန္တရာယ်ဆိုးများ မည်မျှပင်ကြီးထွားနေစေကာမူ မြန်မာပြည်သူများ၏ ကြံ့ခိုင်သော စိတ်ဓာတ်မှာ ရိုက်ချိုး၍မရဘဲ ခိုင်မာဆဲ ခိုင်မာမြဲဖြစ်၊

မြန်မာနိုင်ငံတွင် မတရားစစ်အာဏာသိမ်းမှု၏ ကောင်းကွက်တစ်ခုမျှပင် မရှိသော်လည်း မိမိတို့ မြန်မာပြည်သူ လူထုတစ်ရပ်လုံးအနေဖြင့် စည်းလုံးညီညွတ်မှု ပြန်လည်တည်ဆောက်နိုင်ခဲ့ပြီး

လူ့အခွင့်အရေး၏ အရေးပါမှုကိုလည်း ကောင်းစွာ သဘောပေါက် နားလည်လာခဲ့၊

လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုနှင့် မြှင့်တင်ရေးတို့ကို တာဝန်ခံမှုရှိ၍ ပြည်သူများ၏ မျှော်မှန်းဆန္ဒများအား လေးစားပြီး ပြည်သူများ၏ အကျိုးစီးပွားကို လိုလားသည့် အစိုးရကသာ အာမခံချက်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်)


၁။        ကုလသမဂ္ဂလူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ (တတိယကော်မတီ) တွင် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးနှင့်မြှင့်တင်ရေးခေါင်းစဉ်ဖြင့် အထွေထွေမိန့်ခွန်းပြောကြားမှုအစီအစဉ်ကို ၇-၁၀-၂၀၂၆ ရက် (ဗုဒ္ဓဟူးနေ့)၊ မွန်းလွဲပိုင်းတွင် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ အပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ (၄၀) ကျော် ပါဝင်၍ မိန့်ခွန်းများ ပြောကြားခဲ့ကြပါသည်။

၂။         ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အောက်ပါအချက်များ အဓိက ပါဝင်ပါသည်-

(က)     မြန်မာနိုင်ငံတွင် အကျပ်အတည်းများ ဖြစ်ပွားလျက်ရှိသော်လည်း မိမိတို့အနေဖြင့် ကမ္ဘာ တစ်လွှားတွင် လူ့အခွင့်အရေး၏ အားလုံးအတွက် ညီတူညီမျှ အကျုံးဝင်မှုနှင့် လူ့အခွင့်အရေးအား ကာကွယ်စောင့်ရှောက်ရမည့် ကတိကဝတ်ကို ထပ်လောင်း အတည်ပြုပါကြောင်း၊

(ခ)       သို့သော် မြန်မာနိုင်ငံအနေဖြင့် လက်ရှိအခြေအနေတွင် လူ့အခွင့်အရေးအတွက် နိုင်ငံတကာ ကြိုးပမ်းမှုများ လုပ်ဆောင်ရာ၌ အားဖြည့်နိုင်ခြင်းမရှိဘဲ မိမိတို့ကိုယ်တိုင်ကပင် လူသားချင်း စာနာထောက်ထားမှုအကူအညီများနှင့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှုတို့ကို နိုင်ငံတကာထံမှ ပြန်လည်မှီခိုအားထားနေရသည့်အပေါ် များစွာ စိတ်မကောင်းဖြစ်ရပါကြောင်း၊

(ဂ)       ထိုကဲ့သို့ မြန်မာနိုင်ငံတွင် ဒုက္ခဆင်းရဲများ ဖြစ်ပွားနေရသည့် အဓိက အကြောင်းအရင်းခံမှာ အရပ်သားပြည်သူများ၊ အထူးသဖြင့် မိမိတို့၏ တိုင်းရင်းသား ညီအစ်ကို၊ မောင်နှမများနှင့် လူနည်းစုများအား လူ့အခွင့်အရေးရှိသူများအဖြစ် မဆက်ဆံဘဲ ပစ်မှတ်များအဖြစ် သဘောထားရှုမြင်သည့် စစ်အာဏာရှင်များ၏ အကြွင်းမဲ့အာဏာကြီးစိုးလိုမှုကြောင့် ဖြစ်ကြောင်း၊  

(ဃ)     ယနေ့အခါတွင် အဆိုပါအာဏာရှင်စနစ်ဆိုးသည် အလိုအလျောက်စနစ်များပါဝင်သည့် လူ အများ အသက်သေစေနိုင်သော စစ်ပွဲများအဖြစ်သို့ ပြောင်းလဲဖြစ်ပေါ်နေပြီဖြစ်ကြောင်း၊

(င)       စစ်အုပ်စုသည် လေကြောင်းဗုံးကျဲတိုက်ခိုက်မှုများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများနှင့် နည်းပညာဆိုင်ရာ ခြိမ်းခြောက်မှုများကို ပြင်းပြင်းထန်ထန် အသုံးပြုကာ စာသင်ကျောင်း များ၊ ဆေးရုံဆေးခန်းများ၊ ဘုန်းကြီးကျောင်းများနှင့် စစ်ဘေးရှောင်စခန်းများ အပါအဝင် အရပ်ဘက်အဆောက်အဦများအပေါ်၌ ရက်စက်ကြမ်းကြုတ်သည့်ရာဇဝတ်မှုများကို စနစ်တကျ ကျူးလွန်လျက်ရှိကြောင်း၊

(စ)       ထို့အတူ စစ်အုပ်စု၏လုပ်ရပ်များသည် ယုတ်ရင်းကြမ်းတမ်းသည့် စစ်အုပ်ချုပ်ရေးမှသည် အုပ်ချုပ်ရေးနှင့် နည်းပညာဆိုင်ရာ ဥပဒေလက်နက်ဖြင့် ဖိနှိပ်ခြင်းအသွင်သို့ ပြောင်းလဲလာပြီး  မြန်မာပြည်သူများ၏ အခြေခံလွတ်လပ်ခွင့်များသည်လည်း စစ်အုပ်စု၏ ဥပဒေမဲ့ဖမ်းဆီးချုပ်နှောင်ခြင်း၊

ဒစ်ဂျစ်တယ်စောင့်ကြည့်ထောက်လှမ်းမှုများနှင့် ကန့်ကွက်ဆန္ဒပြမှုများအား ရာဇဝတ်မှုမြောက်အောင် လုပ်ယူဖန်တီးခြင်းနည်းလမ်းများဖြင့် လည်ပင်းညှစ်ခံထားရသကဲ့သို့ မွန်းကြပ်ပိတ်လှောင်နေပြီဖြစ်ကြောင်း၊

(ဆ)     တစ်ဖက်တွင်လည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကျပ်အတည်းသည် စစ်အုပ်စုက အသက်ကယ်ဆယ်ရေး အကူအညီများအား ရည်ရွယ်ချက်ရှိရှိ ပိတ်ဆို့တားဆီးခြင်းနှင့် အာဏာရှင်စနစ်အား ဆန့်ကျင်နေကြသည့် ပြည်သူလူထုအပေါ် လူသားတို့၏ ဆင်းရဲဒုက္ခများကို လက်နက်သဖွယ် အသုံးချခြင်းတို့ကြောင့် ပိုမိုဆိုးရွားလာလျက်ရှိကြောင်း၊

(ဇ) ထိုသို့သော အန္တရာယ်ဆိုးများ မည်မျှပင်ကြီးထွားနေစေကာမူ မြန်မာပြည်သူများ၏ ကြံ့ခိုင်သော စိတ်ဓာတ်မှာ ရိုက်ချိုး၍မရဘဲ ခိုင်မာဆဲ ခိုင်မာမြဲဖြစ်ကြောင်း၊

(ဈ) ဒီမိုကရေစီအင်အားစုများ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းကွန်ရက်များနှင့် အမျိုးမျိုးသော ဘဝအခြေအနေများတွင် ဖြတ်သန်းရုန်းကန်နေကြ ရသည့် သာမာန်ပြည်သူများအနေဖြင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် တက်ကြွစွာ ဝိုင်းဝန်း၍ အုတ်မြစ်ချလျက်ရှိကြောင်း၊

(ည)     ပြောရမည်ဆိုလျှင် မြန်မာနိုင်ငံတွင် မတရားစစ်အာဏာသိမ်းမှု၏ ကောင်းကွက် တစ်ခုမျှပင် မရှိသော်လည်း မိမိတို့ မြန်မာပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် စည်းလုံးညီညွတ်မှု ပြန်လည် တည်ဆောက်နိုင်ခဲ့ပြီး လူ့အခွင့်အရေး၏အရေးပါမှုကိုလည်း ကောင်းစွာသဘောပေါက် နားလည်လာခဲ့ကြောင်း၊

(ဋ)       ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံ၏ ကြေကွဲဖွယ်ရာ အခြေအနေအား လျင်လျင်မြန်မြန်နှင့် ပြတ်ပြတ်သားသား အဆုံးသတ်နိုင်ရန် ကုလသမဂ္ဂ အဖွဲ့အစည်းအင်္ဂါများ နှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းအများအားလုံးအကြား၌ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုနှင့် အဆင့်ဆင့် တုံ့ပြန်မှုရှိသော နည်းလမ်းများအား ရေးဆွဲချမှတ်ဖော်ဆောင်ရန် မိမိတို့ တောင်းဆိုလိုပါကြောင်း၊

(ဌ)       ပထမဦးစွာ နိုင်ငံတကာ အသိအမှတ်ပြုမှုနှင့် အတုအယောင် လုပ်ငန်းစဉ်များအား ပယ်ချရန် - ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်အုပ်စုမှ နိုင်ငံတကာအဆင့် အသိအမှတ်ပြုမှုရရှိရေး အတွက် အာသာငမ်းငမ်းအသနားခံနေခြင်းအား မျက်ကွယ်ပြု၍ ပယ်ချကြရန် တိုက်တွန်းလိုကြောင်း၊ အထူးသဖြင့် အရပ်သားအသွင် ဟန်ဆောင်မျက်နှာဖုံးစွပ်ထား၍ စစ်အာဏာရှင် စနစ်အား ပုံစံပြောင်း သက်ဆိုးရှည်စေရန် ရည်ရွယ်သည့် မည်သည့်ပြဇာတ်ဆန်ဆန် နိုင်ငံရေးလုပ်ငန်းစဉ်များ သို့တည်း မဟုတ် အတုအယောင် အကူးအပြောင်းမှုမျိုးကိုမဆို လုံးဝ (လုံးဝ) ငြင်းပယ်ကန့်ကွက်သွားကြရမည် ဖြစ်ကြောင်း၊

(ဍ)       ဒုတိယအချက်အနေဖြင့် လုံခြုံရေးကောင်စီတွင် စကားအရာ လုပ်ဆောင်ချက်များကို ကျော်လွန်၍ အမှန်တကယ်ထိရောက်သော၊ အာဏာသက်ရောက်နိုင်သော အရေးယူ လုပ်ဆောင် ချက်များ ဆောင်ရွက်ရန် - ဤနေရာတွင် စစ်အုပ်စု၏လေယာဉ်ဆီနှင့် လက်နက်များရရှိသုံးစွဲမှုကို ဖြတ်တောက်ရန် ထိရောက်မှုရှိသော အစီအမံများချမှတ်ခြင်းနှင့် မြန်မာနိုင်ငံအခြေအနေတစ်စုံလုံးအား နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ တရားဝင် လွှဲပြောင်းတင်သွင်းခြင်းတို့ ပါဝင်ကြောင်း၊

(ဎ)       တတိယအချက်မှာ လူ့အခွင့်အရေးကောင်စီအနေဖြင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးနှင့် စောင့်ကြည့်လေ့လာရေး လုပ်ပိုင်ခွင့်များကို သက်တမ်းတိုးမြှင့်ခြင်းနှင့် လိုအပ်သော ရန်ပုံငွေ အပြည့် အဝ ဖြည့်တင်းပေးခြင်းတို့ဖြင့် ထိရောက်သော စောင့်ကြည့်စစ်ဆေးမှုများကို ဆက်လက် ထိန်းသိမ်းထားရမည်ဖြစ်ပြီး IIMM ကဲ့သို့သောယန္တရားများက စုဆောင်းရရှိထားသည့် အထောက်အထားများသည် တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွင်းသို့ ချောမွေ့စွာ စီးဝင်ရောက်ရှိနိုင်ရန် အာမခံနိုင်ရမည် ဖြစ်ကြောင်း၊

(ဏ)     စတုတ္ထအချက်အနေဖြင့် ကုလသမဂ္ဂ အထွေထွေညီလာခံနှင့် ဤတတိယကော်မတီတို့အနေဖြင့် ပြစ်ဒဏ်ကင်းလွတ်ခွင့် အဆုံးသတ်ရေးနှင့် ပြဿနာ၏ဇစ်မြစ်အား ဖြေရှင်းရေးတို့နှင့် ပတ်သက် ၍ ရှင်းလင်း၊ ခိုင်မာသော ရပ်တည်ချက်များပေးကာ စစ်အုပ်စုနှင့် ၎င်း၏ လက်ပါးစေများအား သံတမန်နည်းလမ်းအရ ဖယ်ကြဉ်ထားရမည်ဖြစ်ကြောင်း၊

(တ)     မြန်မာနိုင်ငံအခြေအနေကို နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် လျစ်လျူမရှုသင့်ဟု မိမိ ထပ်လောင်း ပြောကြားလိုပါကြောင်း၊

(ထ)     ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးတို့ ဖြစ်ပေါ်စေရေးအတွက် တရားမျှတမှု၊ တာဝန်ခံမှုနှင့် အရပ်သားဦးဆောင်သည့် ဒီမိုကရေစီ နည်းလမ်းတို့ဖြင့်သာ လျှောက်လှမ်းနိုင်မည်ဖြစ်ပါကြောင်း၊

(ဒ)       လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုနှင့် မြှင့်တင်ရေးတို့ကို တာဝန်ခံမှုရှိ၍ ပြည်သူများ၏ မျှော်မှန်းဆန္ဒများအား လေးစားပြီး ပြည်သူများ၏ အကျိုးစီးပွားကို လိုလားသည့် အစိုးရကသာ အာမခံချက်ပေးနိုင်မည်ဖြစ်ကြောင်း၊

(ဓ)      မြန်မာစစ်အုပ်စုအနေဖြင့်မူ အဘက်ဘက်မှ အလုံးစုံး အရေးနိမ့်နေပြီဖြစ်ကြောင်း၊

(န) သို့ဖြစ်ပါ၍ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မိမိတို့အပေါ် တာဝန်မပျက်ကွက်ရန် တိုက်တွန်း တောင်းဆိုလိုပါကြောင်း။


၃။        မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့်မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။


၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative

of the Republic of the Union of Myanmar to the United Nations, at the Third Committee of the Eighty-first Session of the UN General Assembly; General Discussion on Promotion and Protection of Human Rights


(New York, 7 October 2026)

Mr. Chair,

Myanmar aligns with the statement by ASEAN and wishes to deliver the following in our national capacity.

Mr. Chair,

Despite the current ongoing crisis in Myanmar, we reaffirm our unwavering commitment to the universality and protection of human rights worldwide.

But at this moment, we regret that Myanmar could contribute little to the international efforts and remains reliant on international assistance, including humanitarian aid and human rights protection.

The core root cause of Myanmar people's suffering lies in the absolute dominance of a military apparatus that has long treated civilian populations, particularly ethnic and religious minorities, as targets rather than rights-holders. 

Today, this manifest tyranny has escalated into automated and lethal warfare.

The junta continues to perpetrate systemic atrocity crimes, utilizing intensified aerial bombings, artillery attacks, and emerging technological threats against civilian infrastructure, including schools, hospitals, monasteries, and IDP camps.

Fundamental freedoms have been choked by a shift from crude martial law to administrative and technological "lawfare", arbitrary detentions, digital surveillance, and the criminalization of dissent.

The humanitarian emergency is heavily exacerbated by the military’s deliberate obstruction of life-saving aid, weaponizing human suffering against populations resisting authoritarian control.

Despite these horrors, the resilience of the people of Myanmar remains unbroken.

Inclusive democratic stakeholders, the NUG, the SCEF, the EROs, civil society networks and ordinary people from all walks of life are actively laying the groundwork for a future federal democratic union.

Initiatives for robust transitional justice, systematic documentation of violations to feed international accountability pipelines, and progressive policy shifts that explicitly guarantee equal rights, citizenship integrity, and safety for all ethnic minorities, including the Rohingya, are already set in place.

The unlawful military coup in Myanmar has done nothing good, but one, that is uniting our people and increasing their better understanding on the importance of human rights.

Myanmar, therefore, calls on the international architecture to deploy a coordinated, multi-layered response across all UN organs and regional bodies so that to end the tragedy in Myanmar swiftly and decisively:

First, reject international recognition and sham processes: We urge all UN member states to unequivocally reject the military junta’s desperate bids for international legitimacy. We must reject any staged political processes or sham transitions designed to rebrand military rule under a civilianized facade.

Second, the Security Council must move beyond rhetoric and take binding action. This must include effective measures to cut off the junta's access to jet fuel and weapons, and formally referring the situation to the ICC.

Third, the Human Rights Council must maintain aggressive scrutiny by renewing and fully resourcing independent investigative and monitoring mandates, ensuring that evidence gathered by mechanisms like the IIMM flows seamlessly into active prosecution files.

Fourth, the GA and this Third Committee must give clear and firm messages to end the impunity, to address the root cause of the crisis and reinforce the diplomatic isolation of the military authorities.

Mr. Chair,

The international community must not look away. The path to regional stability and sustainable peace in Myanmar runs directly through justice, accountability, and the restoration of civilian-led democracy.

Promotion and protection of human rights can only be guaranteed under a responsible government that respects people’s aspirations and serves their interests.

Myanmar military junta has already failed in its entirety. The international community must not.


I thank you.

*****


Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

This is the only official website of the Permanent Mission of  the Republic of the Union of Myanmar to the United Nations in New York.

The Mission is not affiliated with any other websites using similar names or domains.

bottom of page