Statement by Ambassador Kyaw Moe Tun, at the Sixth Committee of the Eighty-first Session of the UN General Assembly: General Debate on the Rule of Law at the National and International Levels





Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Sixth Committee of the Eighty-first Session of the UN General Assembly: General Debate on the Rule of Law at the National and International Levels, held on 8 October 2026
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
ကုလသမဂ္ဂ ဥပဒေရေးရာကော်မတီ (ဆဋ္ဌမကော်မတီ) တွင် ပြည်တွင်းနှင့် နိုင်ငံတကာအဆင့်များ၌ တရားဥပဒေစိုးမိုးရေးခေါင်းစဉ်ဖြင့် အထွေထွေမိန့်ခွန်းပြောကြားမှုအစီအစဉ်တွင်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ကျော်မိုးထွန်း က
၂၀၂၁ ခုနှစ်၊ တရားမဝင် စစ်အာဏာသိမ်းမှုသည် ပြည်သူလူထု၏ ဒီမိုကရေစီ မဲဆန္ဒကို
ဖျက်သိမ်းခဲ့ပြီး ဥပဒေ၏အထက်တွင် လက်နက်အင်အားကို အားကိုးသည့် အာဏာရှင်အုပ်စုကို
ပိုမိုကြီးစိုးစေခဲ့၊
စစ်အုပ်စုသည် အစွန်းရောက်သော အကြမ်းဖက်နည်းလမ်းများနှင့်
ပြည်သူလူထု၏ ဒီမိုကရေစီဆန္ဒနှင့် မျှော်မှန်းချက်များအား စနစ်တကျ ဖိနှိပ်ခြင်းတို့ကို အားကိုးခဲ့၊ ယနေ့အထိလည်း စစ်အုပ်စုအနေဖြင့် အကြမ်းဖက်မှုများနှင့် ဖိနှိပ်မှုများကို
လွန်ကဲသည့် နည်းလမ်းများဖြင့် တိုးမြှင့်လုပ်ဆောင်လျက်ရှိ၊
မတရား စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ စစ်အုပ်စုအနေဖြင့် လူနေအိမ်များရှိရာ နေရာဒေသများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ ဘာသာရေးအဆောက်အအုံများနှင့် စစ်ဘေးရှောင်စခန်းများ ပေါ်သို့ပါမကျန် သေစေနိုင်သည့် လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်နေ၊
မတရား စစ်အာဏာသိမ်းမှုနှင့် စစ်အုပ်စု၏ အကျင့်ပျက်မှုတို့၏ ရလဒ်ဖြစ်သော တရားဥပဒေကင်းမဲ့နေသည့် မြန်မာနိုင်ငံသည် တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ လူကုန်ကူးခြင်းနှင့် ဆိုက်ဘာလိမ်လည်မှုဂိုဏ်းများ ရှိသည့် အဓိကဗဟိုချက်အဖြစ် ပြောင်းလဲဖြစ်ပေါ်လာခဲ့ပြီး ဒေသတွင်းနှင့်ကမ္ဘာ့လုံခြုံရေးတို့ကို ခြိမ်းခြောက်လျက်ရှိ၊
ရိုးရှင်းစွာပြောရမည်ဆိုလျှင် မြန်မာနိုင်ငံ၌ စစ်အုပ်စုသည် တရားဥပဒေစိုးမိုးရေးကို လုံးဝ ပျက်သုဉ်းစေခဲ့၊ ၎င်းတို့အနေဖြင့် ၎င်းတို့၏ အာဏာကို ထိန်းကွပ်နိုင်မည့် အုပ်ချုပ် ဖွဲ့စည်းမှုများကို ရည်ရွယ်ချက်ရှိရှိ ဖယ်ရှားခဲ့ပြီး ၎င်းတို့ ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများအတွက် တာဝန်ခံခြင်းပြုရမည့်အရေးမှ ထွက်ပြေးတိမ်းရှောင်နေ၊
မြန်မာပြည်သူများအနေဖြင့် ၎င်းတို့၏ အခြေခံအခွင့်အရေးများကို ဆုံးရှုံးခဲ့ရပြီး အလွန်အမင်း ထိရှလွယ်သော အခြေအနေသို့ ကျရောက်နေပြီဖြစ်၊ နိုင်ငံ၏ စီးပွားရေးသည်လည်း ပြိုလဲလျက်ရှိကာ ပြည်သူလူထုအနေဖြင့် နေ့စဉ်ဆင်းရဲဒုက္ခများ ရင်ဆိုင်နေရ၊
မြန်မာနိုင်ငံတွင် ထိုသို့ တရားဥပဒေစိုးမိုးရေး ပျက်စီးသွားခြင်းက ဒေသတွင်းမတည်ငြိမ်မှုနှင့် ဒုက္ခသည် အကျပ်အတည်း၊ နယ်စပ်ဖြတ်ကျော်မှုခင်းများနှင့် ကမ္ဘာ့စံနှုန်းများ ကျဆင်းလာခြင်းတို့ အပါအဝင် နယ်စပ်ဒေသနှင့် နိုင်ငံတကာထံသို့ ကြီးမားသော ရိုက်ခတ်မှုရှိ၊
မြန်မာနိုင်ငံ၌ တရားဥပဒေစိုးမိုးမှုအား ပြန်လည်အသက်သွင်းရန် ပြဿနာ၏ဇစ်မြစ်အား
ဖြေရှင်းရန် လိုအပ်၊ ဤသည်မှာ စစ်အာဏာရှင်စနစ်အား အပြီးတိုင် အဆုံးသတ်ရန်ဖြစ်၊
ထို့အပြင် တာဝန်ခံမှုရှိရေးက အခြေခံကျ၊ စစ်အုပ်စုမှ အကျိုးခံစားခွင့် ရရှိနေသည့် ပြစ်ဒဏ်ကင်းလွတ်ခွင့်လည်း အပြီးတိုင် ချုပ်ငြိမ်းရမည်ဖြစ်၊ ထို့အတူ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် စစ်အုပ်စု၏ ရာဇဝတ်မှု ကျူးလွန်ရာ ဗဟိုချက်များအပေါ်တွင်လည်း ထိရောက်စွာ
အရေးယူရန် လိုအပ်၊
နေရာတစ်ခုတွင် မတရားမှုတစ်ခု ဖြစ်ပေါ်နေခြင်းက နေရာတိုင်း၏ တရားမျှတမှုအတွက် ခြိမ်းခြောက်မှု ဖြစ်နေမည်ဖြစ်ကြောင်း ဖြင့်ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်)
၁။ ကုလသမဂ္ဂ ဥပဒေရေးရာကော်မတီ (ဆဋ္ဌမကော်မတီ) တွင် ပြည်တွင်းနှင့် နိုင်ငံတကာအဆင့်များ၌ တရားဥပဒေစိုးမိုးရေး (The Rule of Law at the National and International Levels) ခေါင်းစဉ်ဖြင့် အထွေထွေမိန့်ခွန်းပြောကြားမှုအစီအစဉ်ကို ၈-၁၀-၂၀၂၆ ရက်နှင့် ၉-၁၀-၂၀၂၆ ရက်နေ့တို့တွင် ကျင်းပလျက်ရှိပြီး မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ (၁၀၀) ကျော် ပါဝင်၍ မိန့်ခွန်းများ ပြောကြားခဲ့ကြပါသည်။
၂။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းအနေဖြင့် ၈-၁၀-၂၀၂၆ ရက် (ကြာသာပတေးနေ့) ၌ ကျင်းပသည့် အစည်းအဝေးတွင် ပါဝင်ပြောကြားခဲ့ပြီး ၎င်း၏ မိန့်ခွန်းတွင် အောက်ပါအချက်များ အဓိက ပါဝင်ပါသည်-
(က) ဤခေါင်းစဉ်အောက်တွင် ထုတ်ပြန်သည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အစီရင်ခံစာအတွက် ကျေးဇူးတင်ရှိပါကြောင်း၊
(ခ) မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းနှင့် နိုင်ငံတကာအဆင့်များ၌ တရားဥပဒေစိုးမိုးရေးတို့အပေါ် ထားရှိသည့် ကတိကဝတ်များကို ထပ်လောင်းအတည်ပြုပါကြောင်း၊
(ဂ) ငြိမ်းချမ်းရေး၊ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့အခွင့်အရေးအား ကာကွယ် စောင့်ရှောက်ရေးတို့အတွက် တရားဥပဒေစိုးမိုးရေးသည် မရှိမဖြစ် လိုအပ်ကြောင်း၊ တရားဥပဒေ စိုးမိုးရေးသည် အများပြည်သူသိရှိစေရန် ထုတ်ပြန်ထားပြီး တန်းတူညီမျှ လိုက်နာခြင်း၊ လွတ်လပ်စွာ စီရင်ဆုံးဖြတ်ထားသော၊ နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းများနှင့် ကိုက်ညီသော ဥပဒေများအတွက် နိုင်ငံတော်အပါအဝင် လူပုဂ္ဂိုလ်အားလုံး၊ အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံးအား တာဝန်ခံစေရန် လိုအပ်ကြောင်း၊
(ဃ) နိုင်ငံတကာအဆင့်တွင်လည်း တရားဥပဒေစိုးမိုးရေးသည် ကုလသမဂ္ဂပဋိညာဉ်အား လေးစား ရေး၊ အငြင်းပွားမှုများအား ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းရေးနှင့် နိုင်ငံတကာ တာဝန်ဝတ္တရားများကို စိတ်စေတနာကောင်းဖြင့် ဖြည့်ဆည်းရေးတို့ လိုအပ်ကြောင်း၊
(င) အဆိုပါ စည်းမျဉ်းမူဝါဒများသည် နိုင်ငံအားလုံးအပေါ် ညီတူညီမျှ အကျုံးဝင်မှုရှိကြောင်း၊ အဆိုပါ စည်းမျဉ်းမူဝါဒများ၏ ယုံကြည်ကိုးစားနိုင်မှုသည် မိမိတို့၏ အတည်ပြုခြင်းအပေါ်တွင်သာမက လက်တွေ့ လိုက်နာဖော်ဆောင်လိုသည့် ဆန္ဒအပေါ်တွင်ပါ မူတည်ကြောင်း၊
(စ) မြန်မာပြည်သူများအတွက် တရားဥပဒေစိုးမိုးရေးသည် အတွေးခေါ် သဘောတရားမျှသာ မဟုတ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးအား စနစ်တကျချိုးဖောက်ခြင်းက မိမိတို့ ပြည်သူများ၏ ဘဝများ၊ လွတ်လပ်ခွင့်များနှင့် အနာဂတ်တို့အပေါ် ဆိုးရွားသော နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ် စေကြောင်း၊
(ဆ) ၂၀၂၁ ခုနှစ်၊ တရားမဝင် စစ်အာဏာသိမ်းမှုသည် ပြည်သူလူထု၏ ဒီမိုကရေစီ မဲဆန္ဒကို ဖျက်သိမ်း ခဲ့ပြီး ဥပဒေ၏ အထက်တွင် လက်နက်အင်အားကို အားကိုးသည့် အာဏာရှင်အုပ်စုကို ပိုမို ကြီးစိုးစေခဲ့ကြောင်း၊ ထိုအချိန်မှစတင်၍ စစ်အုပ်စုသည် အစွန်းရောက်သော အကြမ်းဖက်နည်းလမ်း များနှင့် ပြည်သူလူထု၏ဒီမိုကရေစီဆန္ဒနှင့်မျှော်မှန်းချက်များအား စနစ်တကျဖိနှိပ်ခြင်းတို့ကို အားကိုး ခဲ့ကြောင်း၊ ယနေ့အထိလည်း စစ်အုပ်စုအနေဖြင့် အကြမ်းဖက်မှုများနှင့် ဖိနှိပ်မှုများကို သာလွန်ကဲ
သည့်နည်းလမ်းများဖြင့် တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း၊
(ဇ) ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ခြင်းနှင့် ထိန်းသိမ်းခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ တရားလက်လွတ် သတ်ဖြတ်ခြင်း၊ အရပ်သားပြည်သူများနှင့် အရပ်သားပြည်သူနှင့် သက်ဆိုင်သည့် အဆောက်အဦ များအား တိုက်ခိုက်ခြင်း၊ နေအိမ်များနှင့် ရပ်ရွာအသိုက်အဝန်းများအား ဖျက်ဆီးခံရခြင်းများသည် အာဏာအထိန်းအကွပ်မဲ့ခြင်းနှင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်အမြစ်တွယ်နေခြင်းတို့၏ နောက်ဆက်တွဲများဖြစ်သည်ကို အထင်အရှား ပြသကြောင်း၊ ထိုသို့သော အလွဲသုံးစားပြုမှုများသည် လူအလုံးအရင်းဖြင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်မှုနှင့် ကြီးမားသောလူသားချင်းစာနာမှုဆိုင်ရာ ဆင်းရဲဒုက္ခ အကျပ်အတည်းတို့ကို ဖြစ်ပေါ်စေကြောင်း၊
(ဈ) မတရား စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ စစ်အုပ်စုအနေဖြင့် လူနေအိမ်များရှိရာ နေရာဒေသ များ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ ဘာသာရေးအဆောက်အအုံများနှင့် စစ်ဘေးရှောင်စခန်းများပေါ်သို့ပါမကျန် သေစေနိုင်သည့် လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်ခြင်းကြောင့် အရပ်သား ၈,၅၀၀ ကျော် သေဆုံးခဲ့ရကြောင်း၊ အသုံးပြုရန် ပိတ်ပင် တားမြစ်ထားသည့် လက်နက်ကြီးများ၊ လူအစုလိုက် အပြုံလိုက်ကို သေစေနိုင်သည့် ခဲယမ်းမီးကျောက်များနှင့် စက်တပ်ပါရာမော်တာများကဲ့သို့သော နည်းလမ်းအသစ်များကို အသုံးပြုခြင်းကြောင့် အရပ်သားသေဆုံးမှုအရေအတွက် သိသိသာသာ မြင့်တက်လာခဲ့ပြီး အမျိုးသမီးများနှင့် ကလေးသူငယ်များအပေါ် အချိုးမညီမျှစွာ သက်ရောက်လျက်ရှိကြောင်း၊
(ည) နိုင်ငံရေးအကြောင်းပြချက်ဖြင့် ဖမ်းဆီးခံထားရသူ ၃၂,၀၀၀ ကျော်ရှိပြီး ထောင်ပေါင်းများစွာ အနေဖြင့်လည်း တရားလက်လွတ် ဖမ်းဆီး ထိန်းသိမ်းခံထားရကြောင်း၊ စနစ်တကျ ညှဉ်းပန်း နှိပ်စက်ခြင်း၊ ပြင်းထန်စွာအလွဲသုံးစားပြုမှုနှင့် စစ်အုပ်စုမှ ဖမ်းဆီးထားစဉ် အကျဉ်းသူ၊ အကျဉ်းသားထောင်ပေါင်းများစွာ သေဆုံးမှုတို့သည်လည်း ဥပဒေကြောင်းအရ အကာအကွယ်ပေးမှု ကင်းမဲ့နေ
သည့်အချက်ကို ညွှန်ပြနေကြောင်း၊
(ဋ) အတိုက်အခံများ၊ သတင်းထောက်များ၊ လူ့အခွင့်အရေးကာကွယ်သူများနှင့် သာမန်ပြည်သူများအား ပြစ်ဒဏ်ချမှတ်ရန် ချမှတ်ထားသည့် ဥပဒေမူဘောင်များနှင့် တရားရုံးတို့အား တရားဥပဒေ စိုးမိုးမှုရှိခြင်းနှင့် လွဲမှားစွာ မမှတ်ယူသင့်ကြောင်း၊ အင်အားအတင်းအကျပ်အသုံးပြု၍ လွတ်လပ်သော တရားစီရင်မှု ကွပ်ကဲမှုမရှိသော ဥပဒေဖြင့် အုပ်ချုပ်ခြင်းသည် တရားမျှတမှု၏ လုံးလုံး လျားလျား ဆန့်ကျင်ဘက်ဖြစ်ကြောင်း၊ မည်သည့်ပြည်တွင်းအမိန့်ကမျှ နိုင်ငံတကာ ရာဇဝတ်မှုများကို ခွင့်လွှတ်ပေးနိုင်ခြင်း မရှိသကဲ့သို့ မမှန်ကန်သော အချုပ်အခြာအာဏာ အကာအကွယ် ဖြင့်လည်း တာဝန်ခံမှုအား ရှောင်တိမ်း၍ မရနိုင်ကြောင်း၊
(ဌ) ထို့ပြင် မတရား စစ်အာဏာသိမ်းမှုနှင့် စစ်အုပ်စု၏ အကျင့်ပျက်မှုတို့၏ ရလဒ်ဖြစ်သော တရား ဥပဒေကင်းမဲ့နေသည့် မြန်မာနိုင်ငံသည် တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ လူကုန်ကူးခြင်းနှင့် ဆိုက်ဘာလိမ်လည်မှုဂိုဏ်းများရှိသည့် အဓိကဗဟိုချက်အဖြစ် ပြောင်းလဲဖြစ်ပေါ်လာခဲ့ပြီး ဒေသတွင်းနှင့် ကမ္ဘာ့လုံခြုံရေးတို့ကို ခြိမ်းခြောက်လျက်ရှိကြောင်း၊
(ဍ) ရိုးရှင်းစွာပြောရမည်ဆိုလျှင် မြန်မာနိုင်ငံ၌ စစ်အုပ်စုသည် တရားဥပဒေစိုးမိုးရေးကို လုံးဝ ပျက်သုဉ်းစေခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် ၎င်းတို့၏ အာဏာကို ထိန်းကွပ်နိုင်မည့် အုပ်ချုပ် ဖွဲ့စည်းမှုများကို ရည်ရွယ်ချက်ရှိရှိ ဖယ်ရှားခဲ့ပြီး ၎င်းတို့ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှု များအတွက် တာဝန်ခံခြင်းပြုရမည့်အရေးမှ ထွက်ပြေးတိမ်းရှောင်နေကြောင်း၊ ထို့ပြင် တာဝန်ခံမှု အလျဉ်းမရှိဘဲ အရင်းအမြစ်များအား အမြတ်ထုတ်ရန် ဥပဒေရေးရာ စောင့်ကြည့်မှုများကိုပါ ဖျက်ဆီးထားကြောင်း၊ ထို့ထက်ပို၍ ဆိုးရွားသည်မှာ ၎င်းတို့ ယခင်နှင့် ယခုကျူးလွန်သည့် ရာဇဝတ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့် အပြည့်အဝရရှိစေရန် တရားဥပဒေစိုးမိုးရေး ကိုပါ ဖျက်ဆီးခဲ့ကြောင်း၊
(ဎ) မြန်မာပြည်သူများအနေဖြင့် ၎င်းတို့၏ အခြေခံအခွင့်အရေးများကို ဆုံးရှုံးခဲ့ရပြီး အလွန်အမင်း ထိရှလွယ်သော အခြေအနေသို့ ကျရောက်နေပြီဖြစ်ကြောင်း၊ နိုင်ငံ၏ စီးပွားရေးသည်လည်း ပြိုလဲလျက်ရှိကာ ပြည်သူလူထုအနေဖြင့် နေ့စဉ် ဆင်းရဲဒုက္ခများ ရင်ဆိုင်နေရကြောင်း၊
(ဏ) တရားမျှတမှုဟူသည် ပျောက်ကွယ်ဆိတ်သုဉ်းနေသည်မှာ အချိန်အတော် ကြာမြင့်နေပြီဖြစ် ကြောင်း၊ ဤအချက်က အလွန် ထင်ရှားပါကြောင်း၊
(တ) မြန်မာနိုင်ငံတွင် ထိုသို့ တရားဥပဒေစိုးမိုးရေး ပျက်စီးသွားခြင်းက ဒေသတွင်း မတည်ငြိမ်မှုနှင့် ဒုက္ခသည် အကျပ်အတည်း၊ နယ်စပ်ဖြတ်ကျော်မှုခင်းများနှင့် ကမ္ဘာ့စံနှုန်းများ ကျဆင်းလာခြင်း တို့ အပါအဝင် နယ်စပ်ဒေသနှင့် နိုင်ငံတကာထံသို့ ကြီးမားသော ရိုက်ခတ်မှု ရှိပါကြောင်း၊
(ထ) သို့ဖြစ်ရာ မြန်မာနိုင်ငံ၌ တရားဥပဒေစိုးမိုးမှုအား ပြန်လည်အသက်သွင်းရန် ပြဿနာ၏ ဇစ်မြစ်အား ဖြေရှင်းရန် လိုအပ်ကြောင်း၊ တစ်နည်းအားဖြင့် စစ်အာဏာရှင်စနစ်အား အပြီးတိုင် အဆုံးသတ်ရေးကို ဆိုလိုကြောင်း၊
(ဒ) တစ်ဖက်တွင်လည်း တာဝန်ခံမှုရှိရေးက အခြေခံကျကြောင်း၊ စစ်အုပ်စုမှ အကျိုးခံစားခွင့် ရရှိနေ သည့် ပြစ်ဒဏ်ကင်းလွတ်ခွင့်လည်း အပြီးတိုင် ချုပ်ငြိမ်းရမည်ဖြစ်ကြောင်း၊ ထို့အတူ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် စစ်အုပ်စု၏ ရာဇဝတ်မှုကျူးလွန်ရာ ဗဟိုချက်များအပေါ်တွင်လည်း ထိရောက်စွာ အရေးယူရန် လိုအပ်ကြောင်း၊
(ဓ) ထို့ကြောင့် တရားခံရာဇဝတ်သားများအား ဖမ်းဆီးနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာတရားရုံးနှင့် နိုင်ငံတကာရာဇဝတ်ခုံရုံး သို့မဟုတ် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်တို့ ကဲ့သို့သော နိုင်ငံတကာတရားရေးယန္တရားများအား အပြည့်အဝထောက်ခံပံ့ပိုးပေးရန် မိမိတို့မှတောင်းဆိုပါကြောင်း၊
(န) တစ်ချိန်တည်းမှာပင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံရှိ ဒီမိုကရေစီအင်အားစုများ အား အသိအမှတ်ပြုရန်နှင့် ထိတွေ့ဆက်ဆံရန် တိုက်တွန်းတောင်းဆိုလိုပါကြောင်း၊
(ပ) ထို့ပြင် တရားဥပဒေစိုးမိုးရေးအား အပြည့်အဝအခြေပြုသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် ပြည်သူများအနေဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊
(ဖ) ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းသည် တရားဥပဒေစိုးမိုးရေး အတွက် ဆက်လက် ဦးဆောင်ကြိုးပမ်းလျက်ရှိသည်ဟု သုံးသပ်ထားကြောင်း၊
(ဗ) သို့ဖြစ်ပါ၍ ဤအဖွဲ့အစည်းအနေဖြင့် ပြုပြင်ပြောင်းလဲရေး အစီအမံများအတွက် အားထုတ်ကာ နိုင်ငံပေါင်းစုံဝါဒအပေါ် ယုံကြည်မှု ပြန်လည်တည်ဆောက်နေသည့်ကာလတွင် မြန်မာအရေးကိစ္စ အား ဆက်လက် အာရုံစိုက်ပေးပါရန် တောင်းဆိုလိုပါကြောင်း၊
(ဘ) အဘယ်ကြောင့်ဆိုသော် နေရာတစ်ခုတွင် မတရားမှုတစ်ခု ဖြစ်ပေါ်နေခြင်းက နေရာတိုင်း၏ တရားမျှတမှုအတွက် ခြိမ်းခြောက်မှုဖြစ်သောကြောင့်ဖြစ်ကြောင်း။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against the delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative
of the Republic of the Union of Myanmar to the United Nations,
at the Sixth Committee of the Eighty-first Session of the UN General Assembly: General Debate on the Rule of Law
at the National and International Levels
(New York, 8 October 2026)
Madam Chair,
Congratulations to you and the bureau for your well-deserved election. I wish to assure you of our delegation’s full support and cooperation for the successful work of the committee under your leadership.
On this agenda, the Secretary-General’s report “Strengthening and coordinating United Nations rule of law activities” lays a prominent foundation for broader discussion in this committee.
I thank him for providing information on efforts to promote and strengthen the rule of law at the national and international levels in the report.
We also align ourselves with the statements delivered by ASEAN and NAM, respectively.
Madam Chair,
Myanmar reaffirms its commitment to the rule of law at the national and international levels.
The rule of law is indispensable to peace, sustainable development and the protection of human rights. It requires that all persons, institutions and entities, including the State itself, be accountable to laws that are publicly promulgated, equally enforced, independently adjudicated and consistent with international human rights standards.
At the international level, it requires respect for the Charter of the United Nations, the peaceful settlement of disputes and the fulfilment in good faith of international obligations.
These principles must apply equally to all States. Their credibility depends not only on our reaffirmation of them, but also on our willingness to uphold them in practice.
Madam Chair,
For the people of Myanmar, the rule of law is not an abstract concept. Its systemic destruction has brought devastating consequences to their lives, freedoms and future.
The military’s illegal coup of February 2021 overturned the democratic mandate of the people and deepened a regime where brute armed power is placed entirely above the law. Since then, the military has relied on extreme violence and systemic repression to suppress the population's democratic aspirations. To this day, the junta ramped up violence and repression through increasingly brutal methods.
Arbitrary arrests and detention, torture, extrajudicial killings, attacks affecting civilians and civilian infrastructure, and the destruction of homes and communities illustrate the consequences of unchecked power and entrenched impunity. These abuses have contributed to mass displacement and immense humanitarian suffering.
Over 8,500 civilians have been killed by the military since the coup, with campaigns marked by a surge in deadly airstrikes targeting residential areas, schools, hospitals, religious sites, and displacement camps. The use of prohibited heavy weaponry, cluster munitions, and emerging tactics like motorized paramotor attacks have heavily increased civilian death tolls, disproportionately affecting women and children.
Over 32,000 individuals have been arrested on political grounds, with tens of thousands remaining unjustly detained. Systematic torture, severe abuse, and thousands of deaths in military custody highlight a total absence of legal safeguards.
The perversion of courts and legal frameworks to punish political opponents, journalists, human rights defenders, and ordinary citizens must never be confused with the rule of law. Rule by law, imposed via coercion and devoid of independent judicial oversight, is the absolute antithesis of justice. No domestic decree can ever excuse international crimes, nor can false claims of sovereignty shield perpetrators from accountability.
Moreover, a lawless Myanmar, a product of the illegal military coup and the junta’s corruption, has transformed into a major hub for illicit drug production, human trafficking, and cyber-scam syndicates, threatening regional and global security.
To put it simply, Madam Chair, the rule of law in Myanmar has been dismantled by the military junta.
They intentionally eliminated institutional checks on their power to escape from being held accountable for their atrocities, destroyed legal oversights to exploit resources without accountability, and crushed the rule of law to ensure complete impunity for its past and present crimes.
So, what is the toll? The answer is abundantly clear.
The people of Myanmar have lost their basic rights, constantly placed in vulnerable settings. The country’s economy has collapsed, and the general population faces everyday hardships. Justice is by far, gone.
And this breakdown of the rule of law in Myanmar has severe cross-border and international spillover effects, including regional instability and refugee crises, transnational crimes and erosion of global norms.
Therefore, restoring the rule of law in Myanmar requires addressing the root cause, in this regard, ending military dictatorship.
Accountability is fundamental.
The cycle of military impunity must break once and for all.
The international community must take effective action to eliminate these illicit hubs.
We call for full support of international justice mechanisms, such as the International Court of Justice (ICJ) and the International Criminal Court (ICC) or the use of universal jurisdiction, to prosecute the perpetrators.
At the same time, we also urge the international community to recognize and engage with the democratic stakeholders in Myanmar. The National Unity Government (NUG), the Steering Council for the Emergence of a Federal Democratic Union (SCEF), and the allied Ethnic Resistance Organizations (EROs), together with the people are working hard in unity to build a future federal democratic union rooted in the genuine rule of law.
As observed by the Secretary-General, the United Nations has continued to champion the rule of law.
So, while this organization is fostering reform measures to rebuild trust in effective multilateralism, I request you to keep Myanmar’s agenda alive as an injustice anywhere is a threat to justice everywhere.
I thank you, Madam Chair.
*****













