Statement by Ambassador Kyaw Moe Tun, at the Third Committee of the 80th Session of the UN General Assembly on Crime; Information and Technologies
- Myanmar Mission To UN
- 2 days ago
- 5 min read


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Third Committee of the Eightieth Session of the UN General Assembly on Crime; Information and Technologies, held on 13 October 2025
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီတွင် ပြစ်မှုကာကွယ်ရေး၊ ပြစ်မှုဆိုင်ရာ တရားမျှတမှု၊ သတင်းအချက်အလက်နှင့် နည်းပညာအား ပြစ်မှုရေးရာအတွက် အသုံးပြုခြင်းအား တိုက်ဖျက်ရေးနှင့် နိုင်ငံတကာမူးယစ်ဆေးဝါး ထိန်းချုပ်ရေးခေါင်းစဉ်ဖြင့် အထွေထွေမိန့်ခွန်း ပြောကြားမှု အစီအစဉ်၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မြန်မာနိုင်ငံတွင် တရားမဝင်သည့် စစ်အုပ်စုက ယုတ်ရင်းရက်စက်သော ဖိနှိပ်မှုများပြုလုပ်ရန် သတင်းအချက်အလက်၊ ဆက်သွယ်ရေးနှင့် နည်းပညာတို့ကို လက်နက်အဖြစ် အသုံးချလျက်ရှိ၊
ထို့ပြင် ဆိုးရွားလှသော ခေတ်သစ်ကျွန်ပြုခြင်း၊ ရှုပ်ထွေးသော ဆိုက်ဘာမှုခင်းများ ချဲ့ထွင်လာနိုင်ခြင်းနှင့် အွန်လိုင်း လိမ်လည်မှု အပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းများအတွက် လုံခြုံသည့် ရပ်ဝန်းများဖြစ်ပေါ်လာခြင်းမှာ တရားဥပဒေစိုးမိုးမှု ပျက်သုဉ်းခြင်း၏ ရလဒ်ပင်ဖြစ်၊
မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်အား တရားဥပဒေစိုးမိုးမှုရှိသော၊ တရားဝင်သော၊ တာဝန်ခံမှုရှိသော၊ ဒီမိုကရေစီ အုပ်ချုပ်မှုတို့ဖြင့် အစားထိုးနိုင်မှသာလျှင် အထက်ပါ ပြစ်မှုလုပ်ငန်းများကို ပပျောက်အောင် လုပ်ဆောင်နိုင်မည်ဖြစ်၊
စစ်အုပ်စုမှ ပြင်ဆင်နေသည့် အတုအယောင် ရွေးကောက်ပွဲများသည် အကြမ်းဖက်မှုများနှင့် ဒုက္ခဆင်းရဲများကို ပိုမို တိုးပွားစေမည်သာဖြစ်သောကြောင့်
အဆိုပါ အတုအယောင် ရွေးကောက်ပွဲများအား ခိုင်မာပြတ်သားစွာ ငြင်းပယ် ကန့်ကွက်ကြရန် နှင့် မြန်မာပြည်သူများ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေးအတွက်
ကြိုးပမ်းဖော်ဆောင်နေသည့်
ဒီမိုကရေစီမျှော်မှန်းချက်များအား ထောက်ခံပေးရန် တိုက်တွန်းတောင်းဆိုပါကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်)
၁။ ကုလသမဂ္ဂလူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ (တတိယကော်မတီ) တွင် ပြစ်မှုကာကွယ်ရေး၊ ပြစ်မှုဆိုင်ရာတရားမျှတမှု၊ သတင်းအချက်အလက်နှင့် နည်းပညာအား ပြစ်မှုရေးရာအတွက် အသုံးပြုခြင်းအား တိုက်ဖျက်ရေးနှင့် နိုင်ငံတကာမူးယစ်ဆေးဝါးထိန်းချုပ်ရေး (Crime Prevention and Criminal Justice: Countering the use of Information and Communications Technology for Criminal Purposes, and International Drug Control) ခေါင်းစဉ်ဖြင့် အထွေထွေမိန့်ခွန်းပြောကြားမှုအစီအစဉ်ကို ၁၃-၁၀-၂၀၂၅ ရက် (တနင်္ဂလာနေ့)၊ မွန်းလွဲပိုင်းတွင် ကျင်းပခဲ့ပါသည်။
၂။ အဆိုပါအစီအစဉ်တွင် မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ (၆၅) နိုင်ငံမှပါဝင်၍
မိန့်ခွန်းများ ပြောကြားခဲ့ကြရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး
ဦးကျော်မိုးထွန်းက ၎င်း၏ မိန့်ခွန်းတွင် အောက်ပါအချက်များကို အလေးထား ဆွေးနွေးခဲ့ပါသည်-
(က) ပြစ်မှု၊ သတင်းအချက်အလက်နှင့် နည်းပညာတို့ကြောင့် ပေါင်းစပ်ဖြစ်ပေါ်လာသော စိန်ခေါ်မှုများ သည် မိမိတို့၏ ကမ္ဘာကြီးအား ကြီးလေးစွာ ပြုပြင်ပြောင်းလဲစေလျက်ရှိကြောင်း၊
(ခ) ချိတ်ဆက်မှုနှင့် တိုးတက်မှုများအတွက် မောင်းနှင်အား တစ်ခုဖြစ်သည့် ဆိုက်ဘာရပ်ဝန်းသည် လည်း ခေါင်းပုံဖြတ်မှု၊ ဖိနှိပ်ချုပ်ချယ်မှုနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများအတွက် နယ်ပယ်အသစ်တစ်ခု ဖြစ်လာခဲ့ကြောင်း၊ ပွင့်လင်းမှုရှိ၍ ကြံ့ခိုင်သော ဆိုက်ဘာရပ်ဝန်းရှိရေးက အရေးကြီးသည်နှင့်အမျှ သတင်းအချက်အလက်၊ ဆက်သွယ်ရေးနှင့် နည်းပညာတို့အား အလွဲသုံးစားပြု၍ လက်နက်သဖွယ် အသုံးချခြင်းတို့က အကြမ်းဖက်မှုကို တိုက်ရိုက် ပိုမိုကြီးထွားစေပြီး အားနည်းသည့် အုပ်ချုပ်မှုယန္တရားများတွင် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ဖြစ်ပေါ်စေကြောင်း၊
(ဂ) မြန်မာနိုင်ငံတွင် တရားမဝင်သည့် စစ်အုပ်စုက ယုတ်ရင်းရက်စက်သော ဖိနှိပ်မှုများပြုလုပ်ရန် သတင်းအချက်အလက်၊ ဆက်သွယ်ရေးနှင့် နည်းပညာတို့ကို လက်နက်အဖြစ် အသုံးချလျက်ရှိ ကြောင်း၊
(ဃ) ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း မတရား စစ်အာဏာသိမ်းခဲ့ချိန်မှ စတင်၍ စစ်အုပ်စုက ဆင်ဆာကို အလုံးအရင်းဖြင့် ချမှတ်ခဲ့ပြီး ၎င်းတို့အပေါ် မကျေနပ်မှု ထုတ်ဖော်သည့် အသံများကို ဆိတ်သုဉ်းစေရန် စောင့်ကြည့်ထောက်လှမ်းမှုများ တည်ဆောက်ခဲ့ကြောင်း၊ အလားတူပင် ပဋိပက္ခ ဖြစ်ပွားရာဒေသများတွင်လည်း ၎င်းတို့ ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများအား ဖုံးဖိရန် တယ်လီဖုန်း ဆက်သွယ်ရေးလမ်းကြောင်းများကို ဖြတ်တောက်ထားကြောင်း၊
(င) ထိုသို့သော ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သည့်မဟာဗျူဟာသည် နည်းပညာအား အကြမ်းဖက်မှု အတွက် ကိရိယာတစ်ခုအသွင် ပြောင်းလဲပြီး အခြေခံအခွင့်အရေးများကို ပျက်ပြယ်စေသကဲ့သို့ ပြစ်မှုများ အထိန်းအချုပ်မရှိ ဖြစ်ပွားနိုင်သည့် ပတ်ဝန်းကျင်ကိုလည်း ဖန်တီးပေးကြောင်း၊
(စ) ထို့ပြင် ဆိုးရွားလှသော ခေတ်သစ်ကျွန်ပြုခြင်း၊ ရှုပ်ထွေးသော ဆိုက်ဘာမှုခင်းများ ချဲ့ထွင်လာနိုင်ခြင်းနှင့် အွန်လိုင်းလိမ်လည်မှု အပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းများအတွက် လုံခြုံသည့် ရပ်ဝန်းများ ဖြစ်ပေါ်လာခြင်းမှာ တရားဥပဒေစိုးမိုးမှု ပျက်သုဉ်းခြင်း၏ ရလဒ်ပင်ဖြစ်ကြောင်း၊
(ဆ) ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံးကလည်း အရှေ့တောင်အာရှဒေသတွင် ထိတ်လန့်ဖွယ်ရာဇဝတ်မှုခင်းများ ပကတိဖြစ်ပေါ် ပြန့်ပွားနေသည့်အခြေအနေနှင့် မြန်မာနိုင်ငံက ဗဟိုချက်ဖြစ်နေသည့်အချက်ကို မီးမောင်းထိုး ပြောကြားထားကြောင်း၊
(ဇ) တစ်ဖက်တွင်လည်း နယ်စပ်ဖြတ်ကျော်မှုခင်းအုပ်စုများအနေဖြင့် အထူးစီးပွားရေးဇုန်များနှင့် နယ်စပ်ဒေသတို့တွင် ၎င်းတို့၏လုပ်ငန်းများကို ဖွဲ့စည်းထားပြီး စက်မှုဇုန်အဆင့်ဖြင့် လည်ပတ်နိုင် သည့် လိမ်လည်မှုလုပ်ငန်းများတွင် လုပ်သားတိုးပွားစေရန် လူကုန်ကူးမှုများ ကျူးလွန်လျက်ရှိကြောင်း၊
(ဈ) လူငယ် အမျိုးသား၊ အမျိုးသမီး တစ်သိန်းခန့်မှာလည်း အဆိုပါလိမ်လည်မှုပြုလုပ်သည့်နေရာများသို့ လူကုန်ကူးခြင်းခံထားရပြီး အွန်လိုင်းလိမ်လည်မှုများ လုပ်ဆောင်ရန် အတင်းအကျပ် စေခိုင်းခံ ထားရကြောင်း၊ နယ်စပ်ဖြတ်ကျော်မှုခင်းအုပ်စုများအနေဖြင့် ထိုသို့ လိမ်လည်မှုပြုလုပ်သည့် နေရာများတွင် လိမ်ညာသည့်လုပ်ငန်းများ လုပ်ဆောင်ရန် အဆင့်မြင့်ဉာဏ်ရည်တုကိုပါ အသုံးချ၍ နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀ ခန့်ကို အမြတ်ထုတ်လျက်ရှိကြောင်း၊
(ည) မြန်မာနိုင်ငံတွင်လည်း မတရား စစ်အာဏာသိမ်းမှုကြောင့် လိမ်ညာလှည့်ဖြားသည့်နေရာများ ဆတိုး တိုးပွားလာလျက်ရှိကြောင်း၊
(ဋ) UNODC မှ ဒေသတွင်း လေ့လာသူတစ်ဦးကလည်း စစ်အာဏာရှင်စနစ်သည် အဆိုပါ အကျပ်အတည်း၏ အဓိကဇစ်မြစ်ဖြစ်ကြောင်းနှင့် ပြစ်မှုများအား ကင်ဆာပိုးမွှားသဖွယ် ပျံ့နှံ့ စေသည့် အထောက်အပံ့ဖြစ်သည်ဟု မှတ်ချက်ပြုထားကြောင်း၊
(ဌ) ထို့အတူ အဆိုပါ ကြေကွဲဖွယ်ဖြစ်စဉ်သည် လက်ရှိ နိုင်ငံရေးအခြေအနေ၊ အတက်အကျနှင့် တိုက်ရိုက် ချိတ်ဆက်နေပြီး တရားလက်လွတ် ဖမ်းဆီးချုပ်နှောင်မှုများနှင့် အဓမ္မ တပ်သားစုဆောင်းမှု တို့က လူငယ်များကို လူကုန်ကူးသူများလက်ထဲသို့ ကျရောက်စေသည့် ထိရှလွယ် သော အန္တရာယ်ကို ဖြစ်ပေါ်စေကြောင်း၊
(ဍ) ဆိုက်ဘာရပ်ဝန်းသည် အပြည်ပြည်ဆိုင်ရာဥပဒေကို လေးစားလိုက်နာရမည့်အချက်ကို မိမိတို့ ထပ်လောင်းအတည်ပြုကြောင်း၊ သို့ရာတွင် တရားဥပဒေနှင့်ဆန့်ကျင်သည့် စစ်အင်အားနှင့် စနစ်တကျ လုပ်ဆောင်နေသည့် ပြစ်မှုလုပ်ငန်းများကို တိုက်ဖျက်ရန်အတွက် နှုတ်ကတိများ၏ အနောက်တွင် ခိုင်မာပြတ်သားသည့် လုပ်ဆောင်ချက်များဖြင့် ထောက်ကန်ထားရန် လိုအပ် ကြောင်း၊
(ဎ) မြန်မာပြည်သူများသည် ဖိနှိပ်ချုပ်ချယ်ခြင်းနှင့် အတင်းအကျပ် ပြစ်မှုကျူးလွန်စေခြင်းတို့၏ သားကောင်များဖြစ်ကြောင်း၊
(ဏ) မိမိတို့၏ ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေး ကြိုးပမ်းဖော်ဆောင်မှုများသည် ကမ္ဘာလုံးဆိုင်ရာ ပြစ်မှုကာကွယ်ရေးရာ လုပ်ဆောင်ချက်များနှင့် ယှက်နွယ်နေကြောင်း၊
(တ) မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်အား တရားဥပဒေစိုးမိုးမှုရှိသော၊ တရားဝင်သော၊ တာဝန်ခံမှု ရှိသော၊ ဒီမိုကရေစီ အုပ်ချုပ်မှုတို့ဖြင့် အစားထိုးနိုင်မှသာလျှင် အထက်ပါ ပြစ်မှုလုပ်ငန်းများကို ပပျောက်အောင် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊
(ထ) သို့ဖြစ်ပါ၍ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအကြား စုစည်းမှု ရှိသော ယန္တရားများ တည်ဆောက်ရန်၊ စစ်တပ်ထံသို့ ငွေကြေးစီးဆင်းနေခြင်းအား ဖြတ်တောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် စစ်အုပ်စုမှ ပြင်ဆင်နေသည့် အတုအယောင် ရွေးကောက်ပွဲများသည် အကြမ်းဖက်မှုများနှင့် ဒုက္ခဆင်းရဲများကို ပိုမို တိုးပွားစေမည်သာဖြစ် သောကြောင့် အဆိုပါ အတုအယောင် ရွေးကောက်ပွဲများအား ခိုင်မာပြတ်သားစွာ ငြင်းပယ် ကန့်ကွက်ကြရန် တိုက်တွန်းပါကြောင်း၊
(ဒ) စစ်အုပ်စုမှ အာဏာဆက်လက်ဆုပ်ကိုင်ရန်ကြိုးပမ်းနေခြင်းသည် လူ့အခွင့်အရေးပြဿနာတစ်ခု မျှသာမဟုတ်တော့ကြောင်း၊ ယင်းမှာ ပမာဏထုထည်ကြီးမားသော၊ နည်းပညာ မြင့်မားသော ခေတ်သစ်ကျွန်ပြုမှုနှင့် စီးပွားရေးလိမ်လည်မှုများအပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းများကို တိုက်ရိုက်ဖြစ်ပေါ်စေသည့် ပြဿနာဖြစ်လာနေကြောင်း၊
(ဓ) ထို့ကြောင့် နည်းပညာခေတ်တွင် ပြစ်မှုများအားတိုက်ဖျက်ခြင်းက ဒီမိုကရေစီဖော်ဆောင်ရေးနှင့် ခွဲခြား၍ မရတော့ပါကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရသည် ဤအရေးကိစ္စအတွက် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် လက်တွဲ ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိပါကြောင်း၊
(န) အဖွဲ့ဝင်နိုင်ငံများအားလုံးအနေဖြင့် စစ်အာဏာရှင်စနစ်အား အပြီးတိုင်ချုပ်ငြိမ်းစေခြင်းအားဖြင့် မြန်မာပြည်သူများ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးအတွက် ကြိုးပမ်းဖော်ဆောင်နေသည့် ဒီမိုကရေစီမျှော်မှန်းချက်များအား ထောက်ခံပေးရန် တိုက်တွန်းတောင်းဆိုပါကြောင်း၊
(ပ) သို့မှသာ သတင်းအချက်အလက်၊ ဆက်သွယ်ရေးနှင့် နည်းပညာတို့အား အသုံးပြု၍ ရည်ရွယ်ချက်ရှိရှိ ပြစ်မှုကျူးလွန်ခြင်းများကို အပြီးတိုင်ချုပ်ငြိမ်းနိုင်မည်ဖြစ်ပြီး တရားမျှတမှုကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့်မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Third Committee of the Eightieth Session of the UN General Assembly on Crime; Information and Technologies
(New York, 13 October 2025)
Mr. Chair,
Myanmar aligns with the statement by ASEAN and would like to add the following in our national capacity.
Mr. Chair,
The challenges at the intersection of Crime, Information, and Technologies are fundamentally transforming our world.
Cyberspace, a powerful tool for connection and progress, has also become a new frontier for exploitation, repression, and transnational organized crime. While an open, resilient cyberspace is essential, the misuse and weaponization of ICTs directly fuel violence and impunity in areas of weak governance.
In Myanmar, the illegal military junta has weaponized ICTs for brutal suppression. Since the February 2021 illegal military coup, the junta has constructed a sophisticated mass censorships and surveillance to silence dissent, while imposing telecommunications blackouts in conflict areas to conceal atrocities.
This deliberate strategy turns technology into an instrument of state terror, eroding fundamental rights and creating the perfect environment for crime to flourish.
The resulting collapse of the rule of law has directly enabled the expansion of abhorrent modern slavery and sophisticated cybercrime, and created safe havens for Transnational Organized Crimes including online scam.
The UNODC has highlighted the terrifying reality of forced criminality in Southeast Asia, with Myanmar as a central theatre.
TOC groups have established operations in Special Economic Zones (SEZs) and border areas, engaging in trafficking in persons to staff industrial-scale fraud operations. Up to 100,000 young men and women have been trafficked to these scam compounds and forced to commit online scams, generating nearly US $40 billion annually, often utilizing advanced AI tools for fraud.
In Myanmar, new sites are continuously developing by number simply after the unlawful military coup.A regional analyst for UNODC has said that the military dictatorship is the root cause of this crisis, acting as the catalyst for crime to spread “like a cancer”.
This tragedy is intrinsically linked to the current political upheaval, where arbitrary arrests and forced conscription drive vulnerable youth into the hands of traffickers.
Mr. Chair,
We reaffirm that cyberspace must be subject to international law, but rhetoric must be backed by decisive action against the nexus of illicit military power and organized criminal enterprises.
The people of Myanmar are victims of both state repression and forced criminality. Our pursuit of a peaceful, just, federal democratic union is fundamentally intertwined with the global imperative of crime prevention.
Only by replacing the military dictatorship with rule of law and legitimate, accountable and democratic governance can the safe havens for these criminal enterprises be eliminated.
We urge the international community to take concrete actions by establishing coherent mechanisms among relevant stakeholders, intensifying cooperation to cut off the financial flows to the junta, and steadfastly rejecting the junta’s attempts to conduct any sham election, as this will only lead to further violence and suffering.
The junta’s grip on power is no longer just a human rights issue, but a direct enabler of massive, high-tech transnational crime, including modern slavery and economic fraud.
The fight against crime in the information age is inseparable from the fight for democracy. The NUG alongside EROs and CSOs stand ready to cooperate in this endeavour.
Therefore, I urge member states to support the democratic aspirations of the people of Myanmar in their pursuit of a federal democratic union by ending the military dictatorship, where justice prevails, and where the malicious use of ICTs is unequivocally brought to an end.
I thank you.
*****







