Intervention by Ambassador Kyaw Moe Tun, at the Interactive Discussion with High Commissioner for Human Rights, in the Third Committee at the Eightieth Session of the UN General Assembly
- Myanmar Mission To UN
- 3 minutes ago
- 5 min read



Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Interactive Discussion with High Commissioner for Human Rights, in the Third Committee at the Eightieth Session of the UN General Assembly, held on 15 October 2025
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီတွင် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် အပြန်အလှန် ဆွေးနွေးပြောကြားသည့်အစီအစဉ်၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် စိုးရိမ်ရသော လူ့အခွင့်အရေးအခြေအနေများသည် စစ်အုပ်စု၏အကြမ်းဖက်မှုများနှင့် စနစ်တကျ ကျူးလွန်ခွင့်ရရှိနေသည့် ပြစ်ဒဏ်ကင်းလွတ်ခွင့်တို့ကြောင့်ဖြစ်သည်ဟူသော မဟာမင်းကြီး၏ပြောကြားချက်ကို များစွာ သဘောတူညီ၊
မဟာမင်းကြီး၏ အစီရင်ခံစာတွင် အရပ်သားပြည်သူ ထိခိုက်ပျက်စီးမှု မြင့်မားနေခြင်းကို မှတ်တမ်းတင်ဖော်ပြထားပြီးသည့်တိုင် ယခုနှစ်အတွင်း၌လည်း အရပ်သားသေဆုံးမှုအရေအတွက်သည် ဆက်လက်မြင့်တက်နေ၊
နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအား ထိန်းသိမ်းကာကွယ်ရန် ပင်မတာဝန်ရှိသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် ကွဲပြားခြားနားမှုများကို ထိရောက်သည့်လုပ်ဆောင်ချက်များအဖြစ် ပြောင်းလဲဖော်ဆောင်သင့်၊ လုံခြုံရေးကောင်စီအနေဖြင့် ကူကယ်ရာမဲ့နေသည့် မြန်မာပြည်သူများ၏ အသက်အိုးအိမ်များအား ကယ်တင်ရန် နှောင့်နှေးကြန့်ကြာတုံ့ဆိုင်းနေသည့်အချိန်တွင်
ဤကော်မတီ၊ နိုင်ငံတကာ အသိုက်အဝန်းနှင့် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်၊ အဖွဲ့အစည်းများမှ
မြန်မာပြည်သူများနှင့် ၎င်းတို့၏ အနာဂတ်များအား စစ်အုပ်စု၏ လူမဆန်သောလုပ်ရပ်များထံမှ ကယ်တင်ပေးရန် မည်သို့လုပ်ဆောင်နိုင်မည်ကို မဟာမင်းကြီးအနေဖြင့်
အကြံပြုပေးစေလိုကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်)
၁။ ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ (တတိယကော်မတီ)တွင် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် အပြန်အလှန်ဆွေးနွေးပြောကြားသည့်အစီအစဉ်ကို ၁၅-၁၀-၂၀၂၅ ရက် (ဗုဒ္ဓဟူးနေ့)၊ နံနက်ပိုင်းတွင် ကျင်းပခဲ့ပါသည်။
၂။ အဆိုပါ အစီအစဉ်တွင် လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Mr. Volker Turk က ကမ္ဘာပေါ်တွင် စိုးရိမ်ရသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် နောက်ဆက်တွဲဆိုးကျိုးများကို တိုတောင်းကျစ်လစ်စွာဆွေးနွေးခဲ့သည့်အပြင် မြန်မာနိုင်ငံ၌ ပြည်သူများ စစ်အုပ်စုနှင့် စစ်အာဏာသိမ်းမှုကြောင့် ရင်ဆိုင်နေရသည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် မြန်မာပြည်သူများမှ ငြိမ်းချမ်းရေး တောင်းဆိုနေမှုများကို ထည့်သွင်းပြောကြားခဲ့ပါသည်။
၃။ ၎င်း၏ ဆွေးနွေးမှုအပြီးတွင် မြန်မာနိုင်ငံ အပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ (၆၀) ကျော် ပါဝင်၍ ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဆိုးရွားလာသောအခြေအနေ၊ UN80 အစီအစဉ်ဖြင့် ပြောင်းလဲဖော်ဆောင်နိုင်မည့် အလားအလာများ၊ ကုလသမဂ္ဂစနစ်အတွင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၏အရေးပါမှုနှင့် လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးအတွက် ငွေကြေးအရင်းအမြစ်များ လုံလောက်စွာ ရရှိရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။
၄။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း အောက်ပါအချက်များကို အလေးထား ဆွေးနွေးခဲ့ပါသည်-
(က) ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးအနေဖြင့် မြန်မာနိုင်ငံအပေါ် အစဉ်တစိုက် အာရုံ ထားကာ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်လျက်ရှိသော ဆိုးရွားသည့် လူ့အခွင့်အရေးအခြေအနေများကို ၂၀၂၄ ခုနှစ် နှစ်စဉ်အစီရင်ခံစာတွင် ဖော်ပြထားသည့်အပြင် ၎င်း၏ မိန့်ခွန်းများနှင့် ထုတ်ပြန်ချက်များတွင်ပါ ထည့်သွင်းပြောကြားပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊
(ခ) မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် စိုးရိမ်ရသော လူ့အခွင့်အရေးအခြေအနေများသည် စစ်အုပ်စု ၏အကြမ်းဖက်မှုများနှင့် စနစ်တကျ ကျူးလွန်ခွင့်ရရှိနေသည့် ပြစ်ဒဏ်ကင်းလွတ်ခွင့်တို့ကြောင့် ဖြစ်သည်ဟူသော မဟာမင်းကြီး၏ ပြောကြားချက်ကို များစွာ သဘောတူညီပါကြောင်း၊
(ဂ) မဟာမင်းကြီး၏ အစီရင်ခံစာတွင် အရပ်သားပြည်သူ ထိခိုက်ပျက်စီးမှု မြင့်မားနေခြင်းကို မှတ် တမ်းတင် ဖော်ပြထားပြီးသည့်တိုင် ယခုနှစ်အတွင်း၌လည်း အရပ်သားသေဆုံးမှု အရေအတွက်သည် ဆက်လက်မြင့်တက်နေကြောင်း၊ အဆိုပါ ရလဒ်သည် စစ်အုပ်စုမှ အရပ်သား ပြည်သူလူထုအပေါ်တွင် လေကြောင်းတိုက်ခိုက်မှုများနှင့် ဗုံးကြဲတိုက်ခိုက်မှုများကို တိုးချဲ့ လုပ်ဆောင်လာနေသောကြောင့်ဖြစ်ကြောင်း၊
(ဃ) ပြည်သူများအတွက် စာသင်ကျောင်းများ၊ ဆေးရုံများနှင့် နေရပ်စွန့်ခွာစခန်းများမှာ လုံခြုံမှု မရှိ တော့ဘဲ စစ်အုပ်စုမှ ပစ်မှတ်ထားတိုက်ခိုက်သည့်နေရာများ ဖြစ်လာခဲ့ကြောင်း၊ အရပ်သားပြည်သူများ ၏ အိုးအိမ်များနှင့် အခြေခံအဆောက်အဦအများစုမှာလည်း ပြင်းပြင်းထန်ထန် ဖျက်ဆီးခံထားရကြောင်း၊
(င) လူမဆန်သည့် စစ်အုပ်စုအနေဖြင့် လူ့အသက်များကို ငဲ့ညှာခြင်း မရှိသည်နှင့်အမျှ အပြည်ပြည် ဆိုင်ရာဥပဒေနှင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေတို့အား ချိုးဖောက်ကာ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများကို ဆက်၍သာ ကျူးလွန်လျက်ရှိကြောင်း၊ အာဆီယံ၏ဘုံသဘောတူညီချက် (၅) ရပ်နှင့် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ၂၆၆၉ တို့အား လေးစားလိုက်နာခြင်း သို့မဟုတ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမရှိသည်တို့မှာ ဆိုဖွယ်ရာပင် မရှိကြောင်း၊
(စ) အဆိုပါအနေအထားများကိုကြည့်လျှင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စုက အကြမ်းဖက်မှုများ ချုပ်ငြိမ်းရေးကို ယခင်က ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိသကဲ့သို့ နောင်တွင်လည်း ထည့်သွင်းစဉ်းစားမည်မဟုတ်သောအချက်ကို ကောင်းစွာသိမြင်ရမည့် အချိန်တန်နေခြင်းက ပေါ်လွင်ကြောင်း၊
(ဆ) ထို့အတူ စစ်အုပ်စုအနေဖြင့် အတုအယောင်၊ အလိမ်အညာရွေးကောက်ပွဲအား ပြင်ဆင်လျက်ရှိရာ ၎င်းတို့အား ဆန့်ကျင်သူများအပေါ် အကြောက်တရားရိုက်ထည့်ရန် နိုင်ငံတစ်ဝန်းရှိ အရပ်သားပြည်သူများအပေါ်တွင် လူမဆန်သည့်လုပ်ရပ်များကို ဆိုးဆိုးရွားရွားနှင့် ပြောင်ပြောင် တင်းတင်း ထပ်တိုး လုပ်ဆောင်လာနေကြောင်း၊
(ဇ) စစ်အုပ်စုအနေဖြင့် အချို့သောနိုင်ငံများ၏ ထောက်ပံ့မှုဖြင့် ထိုသို့ လုပ်ဆောင်ခွင့်ရနေကြောင်း၊
(ဈ) မိမိအနေဖြင့် လူမဆန်သည့်စစ်အုပ်စုမှ စီစဉ်ကျင်းပသည့် မည်သည့်ရွေးကောက်ပွဲမဆို တရား မျှတမှု၊ လွတ်လပ်မှုနှင့် အားလုံးပါဝင်မှုတို့ ရှိမည်မဟုတ်ကြောင်းကို ထပ်လောင်းပြောကြားလို ကြောင်း၊ ၎င်းတို့ ပြင်ဆင်နေသည့်ရွေးကောက်ပွဲ လုပ်ငန်းစဉ်တစ်ခုလုံးသာမက အခြားသော စစ်မှန်သည့် ရည်ရွယ်ချက်များကိုလည်း မတွေ့ရှိရကြောင်း၊
(ည) ဤတွင်ငြိမ်းချမ်းရေးကို မမျှော်မှန်းနိုင်ဘဲ ထိခိုက်ဆုံးရှုံးမှု များပြားလာမည့်အရေးကိုသာ မျှော်မှန်းနိုင်ကြောင်း၊
(ဋ) ထို့အတွက် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စု၏ လက်ခံယုံကြည်နိုင်ခြင်းမရှိ၊ တရားဝင်မှုမရှိ၊ ဒီမိုကရေစီစည်းမျဉ်းများအပေါ် အခြေခံထားခြင်းမရှိသည့် အတုအယောင်၊ အလိမ်အညာ ရွေးကောက်ပွဲအား မိမိတို့နှင့်အတူ ပူးပေါင်း၍ အလုံးစုံ ငြင်းပယ်၊ ကန့်ကွက်ပေးကြရန် တောင်းဆိုလိုကြောင်း၊
(ဌ) ယနေ့အထိ လူသားချင်းစာနာထောက်ထားမှုအကူအညီ လိုအပ်နေသူ ၂၂ သန်းကျော်ရှိပြီး ရိုဟင်ဂျာဒုက္ခသည်များအနေဖြင့် ဘေးကင်းလုံခြုံ၍ သိက္ခာရှိစွာနှင့် ဆန္ဒအလျောက်နေရပ်ပြန်လည်သွားရောက်နိုင်ခြင်း မရှိကြောင်း၊
(ဍ) နယ်စပ်ဖြတ်ကျော်မှုခင်းများသည်လည်း မြန်မာနိုင်ငံတွင် လုံခြုံသည့်ရပ်ဝန်းတွေ့ရှိထားကြောင်း၊ တစ်ဖက်တွင်လည်း နိုင်ငံ့စီးပွားရေးက ပြိုလဲလုနီးပါးဖြစ်လာခဲ့ပြီး အများစုမှာ ဆင်းရဲနွမ်းပါးမှု ကြုံတွေ့ နိုင်သည့်အန္တရာယ် မြင့်မားနေကြောင်း၊
(ဎ) ပညာရေးကဏ္ဍသည်လည်း ကြီးလေးသော အတားအဆီးများ ကြုံတွေ့နေရပြီး လူမှုရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် အရှိန်အဟုန် ပျောက်ဆုံးခဲ့ပြီဖြစ်ကြောင်း၊ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေများမှာ စိုးရိမ်ရသည့် ရေချိန်၌ရှိပြီး ပဋိပက္ခဒဏ်သင့်နေရာဒေသများတွင် ပိုမိုဆိုးရွား ကြောင်း၊
(ဏ) လူငယ်လူရွယ်များအနေဖြင့် အကြောက်တရားကြောင့် နိုင်ငံပြင်ပသို့ ထွက်ပြေးတိမ်းရှောင်နေရ ပြီး ၎င်းတို့၏ အနာဂတ်များ အချည်းနှီးဖြစ်ကာ မရေရာမှုများ ပြည့်နှက်နေကြောင်း၊
(တ) အခြားတစ်ဖက်တွင်လည်း ပြည်သူများအနေဖြင့် စိတ်ကျန်းမာရေးပြဿနာများဖြင့် ရုန်းကန်နေ ရပြီး စိတ်ဒဏ်ရာများ နေ့စဉ်နှင့်အမျှ ရရှိလျက်ရှိကြောင်း၊
(ထ) ကမ္ဘာကြီးအနေဖြင့် စစ်အုပ်စုမှ မတရား စစ်အာဏာသိမ်းထားသည့် ကာလတစ်လျှောက် ဖြစ်ပေါ်နေသည့် အကျပ်အတည်း အမျိုးမျိုးအောက်တွင် မြန်မာပြည်သူများ ရင်ဆိုင်နေရသည့် ဒုက္ခဆင်းရဲများကို သိမြင်မည်ဟု ယုံကြည်ကြောင်း၊
(ဒ) မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်သည် အပြီးတိုင် ချုပ်ငြိမ်းရန် မဖြစ်မနေ လိုအပ်ကြောင်း၊
(ဓ) ယခုအချိန်သည် နိုင်ငံတကာအသိုက်အဝန်းမှ စကားလုံးများနှင့် သိမြင်မှုများကို ထိရောက်သော၊ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုရှိသော၊ သက်ရောက်မှုအားကောင်းသော လုပ်ဆောင်ချက်များအဖြစ် ပြောင်းလဲဖော်ဆောင်ရမည့် အချိန်အခါပင်ဖြစ်ကြောင်း၊
(န) မဟာမင်းကြီး၏ အကြံပြုချက်များကို ထပ်လောင်းအတည်ပြုလျက် အဖွဲ့ဝင်နိင်ငံများအနေဖြင့် စစ်အုပ်စုထံသို့ နိုင်ငံရေး၊ စစ်ရေး၊ ငွေးကြေးအထောက်အပံ့များ ပေးအပ်နေမှုအား ရပ်တန့်ရန် တောင်းဆိုကြောင်း၊
(ပ) နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအား ထိန်းသိမ်းကာကွယ်ရန် ပင်မတာဝန်ရှိသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် ကွဲပြားခြားနားမှုများကို ထိရောက်သည့်လုပ်ဆောင်ချက်များအဖြစ် ပြောင်းလဲဖော်ဆောင်သင့်ကြောင်း၊ ကောင်စီအဖွဲ့ဝင်နိုင်ငံများမှ အဟန့်အတားများ ကို ကျော်လွန်ကာ မြန်မာ့အရေး တစ်စုံလုံးအား နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ တင်သွင်းရန်၊ ဤနည်းအားဖြင့် ကျူးလွန်သူ တရားခံများအား တာဝန်ခံမှုရှိစေရန်နှင့် နစ်နာသူများအတွက် တရားမျှတမှုဖော်ဆောင်ပေးရန် တိုက်တွန်းတောင်းဆိုကြောင်း၊
(ဖ) လုံခြုံရေးကောင်စီအနေဖြင့် ကူကယ်ရာမဲ့နေသည့် မြန်မာပြည်သူများ၏ အသက်အိုးအိမ်များ အား ကယ်တင်ရန် နှောင့်နှေးကြန့်ကြာတုံ့ဆိုင်းနေသည့်အချိန်တွင် ဤကော်မတီ၊ နိုင်ငံတကာ အသိုက်အဝန်းနှင့် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်၊ အဖွဲ့အစည်းများမှ မြန်မာပြည်သူများနှင့် ၎င်းတို့၏ အနာဂတ်များအား စစ်အုပ်စု၏ လူမဆန်သောလုပ်ရပ်များထံမှ ကယ်တင်ပေးရန် မည်သို့ လုပ်ဆောင်နိုင်မည်ကို မဟာမင်းကြီးအနေဖြင့် အကြံပြုပေးစေလိုကြောင်း၊
(ဗ) အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် လက်တွဲပူးပေါင်းဆောင်ရွက်ကာ လူ့အခွင့်အရေးကို လေးစားလျက် အပြည်ပြည်ဆိုင်ရာဥပဒေကို လေးစားလိုက်နာဖော်ဆောင်လျက်ရှိကြောင်း၊ မိမိတို့၏ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေး မျှော်မှန်းချက်သည် မယိုင်မနဲ့ ခိုင်မာပါကြောင်း၊
(ဘ) ပိုမိုကောင်းမွန်သာယာဝပြော၍ ငြိမ်းချမ်းသော မြန်မာနိုင်ငံတည်ဆောက်နိုင်ရေး မိမိတို့၏ အားထုတ်ကြိုးပမ်းမှုများကို နိုင်ငံတကာအသိုက်အဝန်းမှ ခိုင်ခိုင်မာမာ ပံ့ပိုးပေးစေလိုပါကြောင်း။
(အချိန်ကန့်သတ်ချက်ရှိသောကြောင့် အချို့သော အချက်များကို ချန်လှပ်ပြောကြားခဲ့ရပါသည်။)
၅။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် ဆွေးနွေးချက်အပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Interactive Discussion with High Commissioner for Human Rights, in the Third Committee at the Eightieth Session of the UN General Assembly
(New York, 15 October 2025)
Mr. Chair,
I wish to thank the High Commissioner, Mr. Türk, for his comprehensive global update, which is a vital reminder of our shared responsibility to safeguard human rights in a world increasingly challenged by conflicts and eroding international law.
Myanmar deeply appreciates the High Commissioner’s persistent focus on our country, especially for reflecting the devastating human rights situation of Myanmar in the 2024 annual report and subsequent statements.
Also, I cannot agree with you more on your statement identifying the crisis in Myanmar as a catastrophic human rights crisis fueled by relentless military violence and systemic impunity.
While your annual report has already documented a record high number of civilian casualties, the death toll has tragically continued to soar this year. It is the visible result of the junta’s intensification of aerial attacks and artillery shelling on the civilian population.
Schools, hospitals, and displacement camps are no longer safe for the people, but rather regarded as venues for targeted attacks by the junta. Many other civilian properties and infrastructures have also been heavily destructed.
As the heinous junta disregards human lives, they have been continuously committing crimes amounting to war crimes and crimes against humanity, violating the international law and the international humanitarian law, let alone showing any adherence to or implementation of the ASEAN Five-Point Consensus and the UNSC Resolution 2669.
By now, the international community must come to a realization that cessation of hostilities was never and will never be on the junta’s agenda.
They are flagrantly escalating vicious acts on the civilian population across the country ahead of its planned sham, scam elections only to instill fear on the dissent.
We regret that they can do so with the support of some member states.
I hereby stress again that any elections organized by the inhumane junta will never be free, fair and inclusive. It will create more violence and instability. Setting aside their fabricated electoral process, we cannot observe any genuine motives.
Moreover, peace is not prospected, but further loss and casualties are.
I request the international community to join us in our effort and categorically reject their sham elections which lack credibility, legitimacy and fall short of democratic principle.
To this date, almost 22 million people are in urgent need of humanitarian assistance.
Rohingya refugees cannot make safe, dignified and voluntary returns.
Transnational organized crimes have found a safe haven with Myanmar be the center.
Economy has collapsed and people are at high risk of poverty.
Education sector is heavily interrupted, social development has lost momentum and health emergencies are alarming, especially in the conflict-affected areas.
Women and children are still bearing the brunt of the junta’s atrocities.
Youthsare fleeing outside the country from fear, with their futures wasted and filled with uncertainties.
Meanwhile, people are struggling from mental health issues and traumas every single day.
Mr. Chair, Mr. High Commissioner,
I believe the world clearly sees the sufferings of our people under the cascading crises caused by the military junta since the unlawful coup.
This military dictatorship must end once and for all in Myanmar.
It is now high time for the international community to translate words and awareness into effective, coordinated and impactful actions.
Echoing the High Commissioner’s recommendations, we urge all member states to stop providing political, military and financial support to the military junta. The UNSC, a mandated body to maintain international peace and security, must transform divisions into proactive actions. We urge members to overcome obstacles and step up to refer the issue of Myanmar as a whole to the ICC to bring perpetrators accountable and justice to the victims.
Here, I wish to raise a question to the High Commissioner. While we are witnessing stagnant at the UN Security Council for further effective action to save lives and to protect the helpless people of Myanmar, what are your recommendations to this esteemed Committee and the international community at large including all relevant mandate holders related to Myanmar to save the people of Myanmar and their future from the junta’s continued heinous crimes?
The NUG alongside our EROs and CSOs are working together, upholding human rights and adhering to the international law. Our commitment to building a federal democratic union is unshakeable.
Our people may be exhausted, but we remain resilient.
We therefore seek stronger support from the international community to advance our efforts towards a better, prosperous and peaceful Myanmar.
I thank you.
*****








