top of page
  • Facebook Social Icon

Statement by Ambassador Kyaw Moe Tun at the Joint General Discussion under Agenda Item 22 and Item 24 of the Second Committee of the 80th Session of the UN General Assembly

  • Writer: Myanmar Mission To UN
    Myanmar Mission To UN
  • Oct 15
  • 4 min read
ree
ree
ree

Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Joint General Discussion of the Second Committee under Agenda Item 22: Eradication of Poverty and Other Development Issues and Item 24: Agriculture Development, Food Security and Nutrition at the Eightieth Session of the UN General Assembly, held on 15 October 2025


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


အကြိမ် (၈၀)မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီ (ဒုတိယကော်မတီ) ၏ ဘာသာရပ်အစီအစဉ် (၂၂) နှင့် (၂၄)အောက်ရှိ

ဆင်းရဲမွဲတေမှု လျော့ချနိုင်ရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးမှုအစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်

သံအမတ်ကြီးဦးကျော်မိုးထွန်း က စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှု၊ အကူအညီများကို ပိတ်ဆို့ကန့်သတ်နေမှု၊ တိုးပွားလာနေသော နေရပ်စွန့်ခွာ ရွှေ့ပြောင်းရမှု၊ စီးပွားရေးကျဆင်းမှုနှင့် ပြည်သူ့ဝန်ဆောင်မှု မလုံလောက်မှုတို့သည် မိသားစုများစွာကို နေ့စဉ်နှင့်အမျှ ဆင်းရဲနွမ်းပါးမှုနှင့် စားနပ်ရိက္ခာ မဖူလုံမှုအတွင်းသို့ တွန်းပို့နေ၊


ဝမ်းနည်းစရာကောင်းသည်မှာ မြန်မာနိုင်ငံသည် သယံဇာတကြွယ်ဝသော်လည်း စားနပ်ရိက္ခာ မဖူလုံမှုပြင်းထန်စွာ ခံစားနေရသည့်စာရင်းတွင် ကမ္ဘာ့အဆင့် ၅ နေရာ၌ ရပ်တည်နေ၊


စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု၊ ဆင်းရဲနွမ်းပါးမှုပပျောက်ရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေးတို့ကို ရရှိရန်အတွက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးသည် မရှိမဖြစ် လိုအပ်ချက်များဖြစ်၊

စစ်အာဏာရှင်အဖွဲ့မှ စီစဉ်နေသည့် အတုအယောင်၊ အလိမ်အညာရွေးကောက်ပွဲသည် နိုင်ငံအတွင်း အကြမ်းဖက်မှုများနှင့် မတည်ငြိမ်မှုများကိုသာ ဆက်လက်ဖြစ်ပေါ်စေပြီး အထိခိုက်လွယ်ဆုံး

ပြည်သူများကြားတွင် ဆင်းရဲနွမ်းပါးမှုနှင့် စားနပ်ရိက္ခာမဖူလုံမှုကို ပိုမိုဆိုးရွားစေမည်၊


စစ်အုပ်စု၏လိမ်လည်လှည့်ဖြားသော လုပ်ငန်းစဉ်ကို ပယ်ချပြီး၊ စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ကာ အားလုံးအတွက် ငြိမ်းချမ်းသာယာဝပြောရေးကို ဆောင်ကြဉ်းပေးမည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် မြန်မာပြည်သူလူထု၏ဆုံးဖြတ်ချက်ကို ထောက်ခံအားပေးပါရန် နိုင်ငံတကာအသိုက်အဝန်းအား တိုက်တွန်းပါကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်)


၁။ အကြိမ် (၈၀) မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီ (ဒုတိယကော်မတီ) ၏ ဘာသာရပ်အစီအစဉ် (၂၂) နှင့် (၂၄) အောက်ရှိ ဆင်းရဲမွဲတေမှုလျော့ချနိုင်ရေး၊ စားနပ်ရိက္ခာ ဖူလုံရေးနှင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးမှုအစည်းအဝေးကို ၁၅-၁၀-၂၀၂၅ ရက် (ဗုဒ္ဓဟူးနေ့) ၌ ကျင်းပပြုလုပ်ခဲ့ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။


၂။ မြန်မာအမြဲတမ်းကိုယ်စားလှယ်ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အောက်ဖော်ပြပါအဓိကအချက်များ ပါဝင်ပါသည်-


(က) ပဋိပက္ခများ၊ ရာသီဥတုအကျပ်အတည်း၊ စီးပွားရေးဆိုင်ရာ တုန်လှုပ်မှုများနှင့် လူဦးရေဆိုင်ရာ ပြောင်းလဲမှုများသည် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ တိုးတက်မှုများကို နောက်ပြန်ဆွဲလျက်ရှိကြောင်း၊


(ခ) ၂၀၂၅ ခုနှစ်တွင် လူဦးရေ ၈၀၈ သန်းသည် အလွန်အမင်းဆင်းရဲနွမ်းပါးမှုအခြေအနေတွင် ရှိနေဆဲဖြစ်ပြီး၊ ၂၀၂၄ ခုနှစ်တွင် လူဦးရေ ၂.၃ ဘီလီယံသည် အသင့်အတင့် သို့မဟုတ် စားနပ်ရိက္ခာမဖူလုံမှုကို ပြင်းထန်စွာ ခံစားနေရကြောင်း၊ ပဋိပက္ခဖြစ်ပွားရာဒေသများရှိ ဆင်းရဲနွမ်းပါးမှုနှုန်းသည် ပဋိပက္ခမဖြစ်ပွားသော ဒေသများထက် (၃) ဆနီးပါး မြင့်မားလျက်ရှိကြောင်း၊


(ဂ) ဤစိုးရိမ်ဖွယ်ရာ ကိန်းဂဏန်းများသည် 2030 Agenda ပါ မိမိတို့၏တိုးတက်မှုများကို အရှိန် အဟုန်မြှင့်တင်ရန်အတွက် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ကတိကဝတ်များကို အသစ်တဖန် ပြုလုပ်ရန်နှင့် အချိန်မီအရေးယူဆောင်ရွက်မှုများပြုလုပ်ရန် အရေးတကြီးလိုအပ်နေသည်ကို မီးမောင်းထိုးပြလျက်ရှိကြောင်း၊


(ဃ) ဆင်းရဲနွမ်းပါးမှု၊ စားနပ်ရိက္ခာမဖူလုံမှုနှင့် ပဋိပက္ခတို့သည် နောက်မျိုးဆက်များအထိ အကျိုး သက်ရောက်မှုများစွာဖြင့် တစ်ခုနှင့် တစ်ခု နက်ရှိုင်းစွာဆက်စပ်နေပြီး အပြန်အလှန်ပိုမိုဆိုးရွားလာစေကြောင်း၊ ကံမကောင်းစွာဖြင့် မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် တရားမဝင် စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် ဤဆိုးရွားလှသောဖြစ်စဉ်ကို ကြုံတွေ့ခံစားနေရကြောင်း၊


(င) စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှု၊ အကူအညီများကို ပိတ်ဆို့ကန့်သတ်နေမှု၊ တိုးပွားလာနေသောနေရပ်စွန့်ခွာရွှေ့ပြောင်းရမှု၊ စီးပွားရေးကျဆင်းမှုနှင့် ပြည်သူ့ဝန်ဆောင်မှုမလုံလောက်မှုတို့သည် မိသားစုများစွာကို နေ့စဉ်နှင့်အမျှ ဆင်းရဲနွမ်းပါးမှုနှင့် စားနပ်ရိက္ခာ မဖူလုံမှုအတွင်းသို့ တွန်းပို့နေကြောင်း၊


(စ) ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၏အဆိုအရ မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုနှုန်းသည် ၂၀၁၇ ခုနှစ် တွင် ၂၄.၈% ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် ၄၉.၇% သို့ မြင့်တက်လာခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့နှင့် စီးပွားရေးအချက်အချာဖြစ်သော ရန်ကုန်မြို့ပြဒေသ၏ ဆင်းရဲနွမ်းပါးမှုနှုန်းမှာလည်း ၂၀၁၇ ခုနှစ်တွင် ၁၀% ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် ၄၃% သို့ စံချိန်တင်မြင့်တက်လာခဲ့ကြောင်း၊


(ဆ) အထူးသဖြင့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူများ၊ မသန်စွမ်းသူများနှင့် အမျိုးသမီး ဦးဆောင်သော အိမ်ထောင်စုများကဲ့သို့ အလွန်ထိခိုက်လွယ်သော အုပ်စုများတွင် ဆင်းရဲနွမ်းပါးမှုနှုန်းသည် မြင့်မားနေဆဲဖြစ်ကြောင်း၊


(ဇ) ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံရှိကလေးသူငယ်များ၏ ၅၃% ခန့်သည် နိုင်ငံတော်၏ ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်တွင် နေထိုင်နေရသည်ဟု ခန့်မှန်းရရှိကြောင်း၊ ထို့အပြင် မူကြိုအရွယ်ကလေးငယ် များ၏ ၃၀ ရာခိုင်နှုန်းနီးပါးသည် အရပ်မဖွံ့ဖြိုးမှုကို ခံစားနေရပြီး ကလေးသူငယ် ၅ သိန်းကျော်မှာ ပြင်းထန်သော အာဟာရချို့တဲ့မှုတစ်မျိုးဖြစ်သည့် ပိန်လှီခြင်းကို ခံစားနေကြရကြောင်း၊


(ဈ) စုစုပေါင်းလူဦးရေ၏ ၃၀ ရာခိုင်နှုန်းသည် ပြင်းထန်သော စားနပ်ရိက္ခာမဖူလုံမှုကို ရင်ဆိုင်နေရ ကြောင်း၊ ဝမ်းနည်းစရာကောင်းသည်မှာ မြန်မာနိုင်ငံသည်သယံဇာတကြွယ်ဝသော်လည်း စားနပ်ရိက္ခာ မဖူလုံမှု ပြင်းထန်စွာ ခံစားနေရသည့်စာရင်းတွင် ကမ္ဘာ့အဆင့် ၅ နေရာ၌ ရပ်တည်နေရကြောင်း၊


(ည) ကမ္ဘာ့ဘဏ်၏ အဆိုအရ တရားဝင်အလုပ်အကိုင်အခွင့်အလမ်းများ ကျဆင်းခြင်း၊ ကျွမ်းကျင်လုပ်သားများ ပြည်ပသို့ထွက်ခွာသွားခြင်း၊ လူ့စွမ်းအားအရင်းအမြစ်များ လျော့နည်းလာခြင်း၊ ပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများ ပြတ်တောက်ခြင်းတို့သည် မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအလားအလာများကို ခြိမ်းခြောက်နေမည်ဖြစ်ကြောင်း၊


(ဋ) မြန်မာနိုင်ငံတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု၊ ဆင်းရဲနွမ်းပါးမှုပပျောက်ရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေးတို့ကို ရရှိရန်အတွက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးသည် မရှိမဖြစ် လိုအပ်ချက်များ ဖြစ်ကြောင်း၊


(ဌ) စစ်အုပ်စုမှ စီစဉ်နေသည့် အတုအယောင်၊ အလိမ်အညာရွေးကောက်ပွဲသည် နိုင်ငံအတွင်း အကြမ်းဖက်မှုများနှင့် မတည်ငြိမ်မှုများကိုသာ ဆက်လက်ဖြစ်ပေါ်စေပြီး အထိခိုက်လွယ်ဆုံး ပြည်သူ များကြားတွင် ဆင်းရဲနွမ်းပါးမှုနှင့် စားနပ်ရိက္ခာမဖူလုံမှုကို ပိုမိုဆိုးရွားစေမည်မှာ ရှင်းလင်းမြင်သာလှကြောင်း၊


(ဍ) သို့ဖြစ်ပါ၍ စစ်အုပ်စု၏လိမ်လည်လှည့်ဖြားသောလုပ်ငန်းစဉ်ကို ပယ်ချပြီး၊ စစ်အာဏာရှင်စနစ် ကို အဆုံးသတ်ကာ အားလုံးအတွက် ငြိမ်းချမ်းသာယာဝပြောရေးကို ဆောင်ကြဉ်းပေးမည့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် မြန်မာပြည်သူလူထု၏ဆုံးဖြတ်ချက်ကို ထောက်ခံ အားပေးပါရန် နိုင်ငံတကာအသိုက်အဝန်းအားတိုက်တွန်းလိုပါကြောင်း။


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။


၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations,

at the Joint General Discussion of the Second Committee under

Agenda Item 22: Eradication of Poverty and Other Development Issues and

Item 24: Agriculture Development, Food Security and Nutrition

at the Eightieth Session of the UN General Assembly


(New York, 15 October 2025)


Mr. Chair,

Myanmar aligns itself with the statements by ASEAN, the LDC and the G77 and China, respectively.


I thank the Secretary-Generals for his comprehensive reports.


Mr. Chair,

Conflicts, climate crisis, economic shocks and demographic transformations are reversing our progress in poverty reduction and food security.

808 million people still live in extreme poverty in 2025 while 2.3 billion people are moderately or severly food-insecure in 2024. Poverty rates in conflict-affeced areas are nearly three times higher than those in non-conflict zones.

These alarming figures underscore the urgent need for renewed commitments and timely actions by the international community to accelerate our progress in the 2030 Agenda.

  

Mr. Chair,

Poverty, food insecurity and conflict are deeply intertwined and exacerbate each other with generational consequences. Unfortunately, my country, Myanmar is experiencing this devastating phenomenon since the 2021 illegal military coup.

The military’s atrocities, restriction of aid, growing displacement, economic collapse and inadequate public services are pushing more families into poverty and food insecurity everyday.


According to UNDP, poverty in Myanmar has increased from 24.8% in 2017 to 49.7% in 2023.


The scale of urban poverty in Yangon, Myanmar’s largest city and economic hub, has also surged from 10% in 2017 to 43% in 2023.

Poverty remains high among the most vulnerable groups, particularly IDPs, persons with disabilities and female-headed households.


An estimated 53% of children in Myanmar were living below the national poverty line by 2022. In addition, almost 30 percent of preschool children suffers from stunting while more than half a million children suffer from wasting, a form of acute malnutrition.


30 percent of the total population is acutely food insecure. Sadly, Myanmar now ranks fifth globally in the number of acutely food-insecure people despite its rich in resources.


According to World Bank, a decline in formal sector opportunies, migration of skilledworkers, reduced human capital, disruptions to education and health services will threaten Myanmar’s long-term development and poverty reduction prospects.


Mr. Chair,

Peace and stability are prerequisites to achieving sustainble development, poverty eradication and food security in Myanmar.

It is crystal clear that the planned sham, scam election by the military junta will only perpetuate more violence and instability in the country, further compounding poverty and food insecurity among the most vulnerable.

Therefore, I appeal to the international community to reject this deceitful process and instead support the people of Myanmar and our resolution to end the military dictatorship and build a federal democratic union for peace and prosperity for all.


I thank you.

*****

ree
ree
ree
ree
ree
ree
ree

Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

Official website of the Permanent Mission of the Republic of the Union of Myanmar to the United Nations.

bottom of page