Intervention by Ambassador Kyaw Moe Tun at the Interactive Dialogue on torture and other cruel, inhuman or degrading treatment or punishment at the Third Committee of the 80th Session of UNGA
- Myanmar Mission To UN
- 1 day ago
- 4 min read



Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations at the Interactive Dialogue on torture and other cruel, inhuman or degrading treatment or punishment at the Third Committee of the 80th Session of UNGA, held on 14 October 2025
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီတွင် ညှဉ်းပန်းနှိပ်စက်မှုနှင့် အခြားသော ရက်စက်ကြမ်းကြုတ်၍ လူမဆန်သော သို့တည်းမဟုတ် နှိမ့်ချသော ဆက်ဆံမှု သို့တည်းမဟုတ် ပြစ်ဒဏ်ပေးခြင်းအကြောင်းအရာနှင့်စပ်လျဉ်း၍
အပြန်အလှန်ဆွေးနွေးပြောကြားမှုအစီအစဉ်၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက
မြန်မာနိုင်ငံတွင် မတရားစစ်အာဏာသိမ်းခဲ့ချိန်မှစတင်ကာ စစ်အုပ်စုက ရက်စက်ကြမ်းကြုတ်မှုများကို ထိတ်လန့်ဖွယ်ကောင်းသည့်ပမာဏဖြင့် ကျူးလွန်လျက်ရှိ၊ အကျဉ်းထောင်များ အပါအဝင် နိုင်ငံတစ်ဝှမ်း၌ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်နေ၊
နိုင်ငံရေးအကျဉ်းသားများအနေဖြင့် အကျဉ်းထောင်များတွင် သင့်တင့်လျောက်ပတ်သည့် ဆေးဝါးကုသမှု မရရှိခြင်း သို့မဟုတ် ဆေးဝါးကုသခြင်း လက်ခံရရှိမှု နှောင့်နှေးကြန့်ကြာခြင်း၊ ပြင်ပဆေးဝါးကုသမှု မရှိခြင်း တို့ကြောင့် သေဆုံးနေရသည့်ဖြစ်စဉ်များရှိလာ၊
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားအနေဖြင့် စစ်အုပ်စုမှ ကျူးလွန်ထားသည့် ရာဇဝတ်မှုများအတွက် သက်သေအထောက်အထားများ ရရှိထားပြီး ယင်းအထောက်အထားများကို အခြေခံကာ ၂၀၂၄ ခုနှစ်အတွင်း၌ နိုင်ငံတကာရာဇဝတ်ခုံရုံးအား ၎င်း၏ Prosecutor က စစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ရန် လျှောက်ထားခဲ့၊
စစ်အုပ်စု၏ ရက်စက်ကြမ်းတမ်းသော ညှဉ်းပန်းနှိပ်စက်မှုနှင့် လူမဆန်သော ဆက်ဆံမှုများကြောင့် မြန်မာပြည်သူများ ရင်ဆိုင်နေရသည့် ဆင်းရဲဒုက္ခများအား ရပ်တန့်နိုင်ရေးအတွက်
အထူးအစီရင်ခံစာ တင်သွင်းသူနှင့် နိုင်ငံတကာ ကြက်ခြေနီအသင်းတို့အပါအဝင်
နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ကူညီပေးကြရန် တောင်းဆိုလို၊
စစ်အုပ်စုအနေဖြင့် အရပ်သားပြည်သူလူထု၊ မတရား ဖမ်းဆီးခံထားရသည့် နိုင်ငံရေးခေါင်းဆောင်များနှင့် အကျဉ်းချခံ တက်ကြွလှုပ်ရှားသူများအပေါ်တွင်
ကြီးလေးသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေစဉ်
အတုအယောင်နှင့် အလိမ်အညာရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေ၊
စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုကို ကျူးလွန်လျက်ရှိသော ရာဇဝတ် စစ်အုပ်စုအနေဖြင့် မည်သည့် ရွေးကောက်ပွဲမျှ ကျင်းပနိုင်သည့် တရားဝင်မှုနှင့် အခွင့်အာဏာ မရှိ၊
နိုင်ငံတကာအသိုက်ဝန်းအနေဖြင့် စစ်အုပ်စုမှ ပြင်ဆင်နေသည့်
အတုအယောင်၊ အလိမ်အညာ ရွေးကောက်ပွဲအား
ညီတူညီမျှ၊ သံပြိုင် ငြင်းပယ် ကန့်ကွက်ရှုတ်ချကြရန် တောင်းဆိုပါကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်)
၁။ ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ (တတိယ ကော်မတီ) တွင် ညှဉ်းပန်းနှိပ်စက်မှုနှင့် အခြားသော ရက်စက်ကြမ်းကြုတ်၍ လူမဆန်သော သို့တည်းမဟုတ် နှိမ့်ချသောဆက်ဆံမှု သို့တည်းမဟုတ် ပြစ်ဒဏ်ပေးခြင်း (Torture and other cruel, inhumane or degrading treatment or punishment) အကြောင်းအရာနှင့်စပ်လျဉ်း၍ အပြန်အလှန် ဆွေးနွေးပြောကြားမှု အစီအစဉ်ကို ၁၄-၁၀-၂၀၂၅ ရက် (အင်္ဂါနေ့)၊ မွန်းလွဲပိုင်းတွင် ကျင်းပခဲ့ပါသည်။
၂။ အဆိုပါအစီအစဉ်တွင် မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ (၂၆) နိုင်ငံမှပါဝင်၍ ညှဉ်းပန်းနှိပ်စက်မှုအားလုံးကို ကန့်ကွက်ရှုတ်ချက်ကြောင်း၊ ပဋိပက္ခများအတွင်း ညှဉ်းပန်းနှိပ်စက်မှု ကာကွယ်ရေးနှင့် ယင်းအတွက် အချိန်နှင့်တပြေးညီတုံ့ပြန်ဆောင်ရွက်ပေးနိုင်မည့် နိုင်ငံတကာယန္တရားတည်ဆောက်ရေး၊ နိုင်ငံများအနေဖြင့် မိမိတို့၏ တာဝန်ဝတ္တရားများကို မပျက်မကွက် ကိုင်ဆောင်ရေး စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။
၃။ သို့ဖြစ်ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း အောက်ပါအချက်များကို အလေးထား ဆွေးနွေးခဲ့ပါသည်-
(က) လူသားတိုင်းတွင် မည်မျှပင် ကွဲပြားခြားနားမှုရှိစေကာမူ ၎င်းတို့၏ မွေးရာပါ ဂုဏ်သိက္ခာနှင့် တန်ဖိုးတို့ကို လေးစားရမည်ဟူသောမူအား အပြည့်အဝ ထောက်ခံပါကြောင်း၊
(ခ) အထူးအစီရင်ခံစာတင်သွင်းသူအနေဖြင့် ၎င်း၏အစီရင်ခံစာတွင် ညှဉ်းပန်းနှိပ်စက်မှုနှင့် လူမဆန်သောဆက်ဆံမှုတို့က ရုပ်ပိုင်းဆိုင်ရာ အလွဲသုံးစား ဆက်ဆံမှုထက် ကျော်လွန်နေပြီး ဓားစားခံပြုခြင်း၊ ကိုယ်လက်ထိပါးသည့် ပြစ်ဒဏ်နှင့် သေဒဏ်ချမှတ်မှုတို့ ကျင့်သုံးခြင်း၊ ဆေးဝါးကုသမှုများ ငြင်းပယ်ခြင်း၊ ဖမ်းဆီးခံ စင်တာများတွင် အခြေခံ အခွင့်အရေးများ မရရှိ ခြင်းနှင့် အကျဉ်းကျခံသူများအား အလွန်အကျွံ သို့မဟုတ် အတင်းအကျပ် လုပ်သားခိုင်းစေခြင်း တို့ ပါဝင်သည်ဟု အလေးထား ဖော်ပြထားသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊
(ဂ) မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၌ မတရား စစ်အာဏာသိမ်းခဲ့ချိန်မှစတင်ကာ စစ်အုပ်စုက ရက်စက်ကြမ်းကြုတ်မှုများကို ထိတ်လန့်ဖွယ်ကောင်းသည့် ပမာဏဖြင့် ကျူးလွန် လျက်ရှိပြီး အကျဉ်းထောင်များ အပါအဝင် နိုင်ငံတစ်ဝှမ်း၌ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်နေကြောင်း၊
(ဃ) ယနေ့အထိ အရပ်သား (၇,၃၀၀) ကျော် သတ်ဖြတ်ခံခဲ့ရပြီး အယောက်ပေါင်း (၂၉,၀၀၀) ကျော်မှာ တရားလက်လွတ် ဖမ်းဆီးထိန်းချုပ်ခံထားရကြောင်း၊ ၃.၆ သန်းသောပြည်သူများမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့်အပြင် ၂၂ သန်းခန့်မှာလည်း လူသားချင်းစာနာထောက်ထားမှု အကူအညီများ အထူးလိုအပ်လျက်ရှိကြောင်း၊
(င) ထို့ပြင် မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် စစ်ဆေးမေးမြန်းချိန်၌ ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်ခြင်းကြောင့် အသက်သေဆုံးမှုများနှင့် သေစေနိုင်လောက်သည့် ထိခိုက်ဒဏ်ရာရရှိမှုများ လည်း ဖြစ်ပေါ်လျက်ရှိကြောင်း၊ သို့ရာတွင် အဆိုပါ အကျဉ်းချခံပြည်သူများအနေဖြင့် လိုအပ်သည့် ဆေးဝါးကုသမှုများ ခံစားခွင့်မရရှိဘဲ ဖြစ်နေကြောင်း၊
(စ) ၎င်းတို့အနေဖြင့် အကျဉ်းသားဦးရေ အလွန်အမင်း များပြားသိပ်သည်းလာခြင်း၊ အစားအစာနှင့် ရေမလုံလောက်မှုများ ဖြစ်ပေါ်ခြင်းတို့အပြင် ၎င်းတို့၏အခြေခံလိုအပ်ချက်များအတွက် မတတ်သာသဖြင့် ငွေပေးဝယ်ယူနေရသည့်အခြေအနေသို့ ရောက်ရှိနေကြောင်း၊
(ဆ) အစီရင်ခံစာများအရ နိုင်ငံရေးအကျဉ်းသားများအနေဖြင့် အကျဉ်းထောင်များတွင် သင့်တင့် လျောက်ပတ်သည့် ဆေးဝါးကုသမှုမရရှိခြင်း သို့မဟုတ် ဆေးဝါးကုသခြင်းလက်ခံရရှိမှုနှောင့်နှေး ကြန့်ကြာခြင်းတို့ကြောင့်လည်းကောင်း၊ ပြင်ပဆေးဝါးကုသမှုမရှိသောကြောင့်လည်းကောင်း သေဆုံးနေရသည့်ဖြစ်စဉ်များ ရှိလာကြောင်း၊
(ဇ) ထိုသို့သော လူမဆန်သည့်အခြေအနေများမှာ အကျပ်အတည်း၏နက်နဲမှုကို မြင်သာအောင် ပြသ နေပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ အပါအဝင် မတရားဖမ်းဆီးထိန်းချုပ်ခံထားရသူများ၏ အသက်နှင့်ဂုဏ်သိက္ခာတို့အား အကာအကွယ်ပေးနိုင်ရန် နိုင်ငံတကာ၏အာရုံစိုက်မှုနှင့်ကြားဝင်ဆောင်ရွက်မှုတို့အား အရေးပေါ်တောင်းဆိုနေကြောင်း၊
(ဈ) မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရားအနေဖြင့် စစ်အုပ်စုမှကျူးလွန်ထားသည့်ရာဇဝတ်မှုများအတွက် သက်သေအထောက်အထားများရရှိထားပြီး ယင်းအထောက်အထား များကို အခြေခံကာ ၂၀၂၄ ခုနှစ်အတွင်း၌ နိုင်ငံတကာရာဇဝတ်ခုံရုံးထံ ၎င်း၏ Prosecutor က စစ်အုပ်စုခေါင်းဆောင်မင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ရန် လျှောက်ထားခဲ့ကြောင်း၊
(ည) စစ်အုပ်စု၏ ရက်စက်ကြမ်းတမ်းသောညှဉ်းပန်းနှိပ်စက်မှုနှင့် လူမဆန်သော ဆက်ဆံမှုများ ကြောင့် မြန်မာပြည်သူများ ရင်ဆိုင်နေရသည့် ဆင်းရဲဒုက္ခများအား ရပ်တန့်နိုင်ရေးအတွက် အထူး အစီရင်ခံစာတင်သွင်းသူနှင့် နိုင်ငံတကာကြက်ခြေနီအသင်းတို့အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ကူညီပေးကြရန် တောင်းဆိုလိုပါကြောင်း၊
(ဋ) တစ်ဖက်တွင်လည်း စစ်အုပ်စုအနေဖြင့် အရပ်သားပြည်သူလူထု၊ မတရား ဖမ်းဆီးခံထားရသည့် နိုင်ငံရေး ခေါင်းဆောင်များနှင့် အကျဉ်းချခံ တက်ကြွလှုပ်ရှားသူများအပေါ်တွင် ကြီးလေးသော လူ့အခွင့်အရေး ချိုးဖောက်မှုများကျူးလွန်နေစဉ် အတုအယောင်နှင့် အလိမ်အညာ ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေကြောင်း၊
(ဌ) စစ်အုပ်စု၏ အဆိုပါ အတုအယောင်၊ အလိမ်အညာ ရွေးကောက်ပွဲသည် ပြည်သူများ၏ အသံကို ကိုယ်စားပြုမည် မဟုတ်ကြောင်း၊ ယင်းအစား စစ်အုပ်စုမှ ပြည်သူများအပေါ်တွင် လူမဆန်သည့် ရာဇဝတ်မှုများကို ထပ်မံကျူးလွန်နိုင်ရေးအတွက် လိုင်စင်ပေးအပ်ရာရောက်မည်ဖြစ်ပြီး အကြမ်းဖက်မှုများနှင့် မတည်ငြိမ်မှုများကို ပိုမို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊
(ဍ) စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုကို ကျူးလွန်လျက်ရှိသော ရာဇဝတ်စစ်အုပ်စုအနေဖြင့် မည်သည့်ရွေးကောက်ပွဲမျှကျင်းပနိုင်သည့် တရားဝင်မှုနှင့် အခွင့်အာဏာ မရှိကြောင်း၊
(ဎ) သို့ဖြစ်ပါ၍ နိုင်ငံတကာအသိုက်ဝန်းအနေဖြင့် စစ်အုပ်စုမှ ပြင်ဆင်နေသည့် အတုအယောင်၊ အလိမ်အညာရွေးကောက်ပွဲအား ညီတူညီမျှ၊ သံပြိုင် ငြင်းပယ် ကန့်ကွက် ရှုတ်ချကြရန် တောင်းဆိုပါကြောင်း။
၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် ဆွေးနွေးချက်အပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations at the Interactive Dialogue on torture and other cruel, inhuman or degrading treatment or punishment
at the Third Committee of the 80th Session of UNGA
(New York, 14 October 2025)
Mr. Chair,
Myanmar thanks the briefers for their statements and respective reports.
We share the view that every human being is entitled to respect for their inherent dignity and worth, whether they are an adversary or otherwise.
We thank the Special Rapporteur for outlining in her report that torture and ill-treatment extends beyond physical abuse; it encompasses, but not limited to, practices such as hostage-taking, the application of the corporal and capital punishments, denial of medical care and deprivation of basic rights in detention facilities, as well as the imposition of excessive or forced labor on prisoners.
Regrettably, in Myanmar, since the attempted military coup in February 2021, the junta has been committing at alarming scale of atrocities and widespread violation of human rights across the country including in prisons.
To-date, more than 7,300 civilians have been murdered and over 29,000 people have been arbitrarily arrested. Over 3.6 million people are displaced. Almost 22 million people are in need of humanitarian assistance.
Mr. Chair,
Prisoners across Myanmar have been subjected to torture during interrogation, resulting in deaths and fatal injuries, yet they have been denied adequate medical care.
They endure severe overcrowding, inadequate food and water that forces detainees to pay even for the most basic needs.
According to reports, there were cases of political prisoners died in prisons due to inadequate or delayed medical treatment as well as lack of access to outside medical help when needed. Such inhumane conditions underscore the gravity of the crisis and demand urgent international attention and intervention to protect the lives and dignity of those arbitrarily detained, including State Counsellor Daw Aung San SuuKyi and President U Win Myint.
IIMM has well documented the junta’s atrocities. It has contributed to the ICC’s Prosecutor’s 2024 request for an arrest warrant of Min Aung Hlaing, the military chief.
In this connection, I wish to appeal to Special Rapporteur and the international community including ICRC to help Myanmar civilians, including the prisoners, in ending their sufferings from ruthless torture and ill-treatments by the military junta.
Mr. Chair,
The military junta is planning to hold a sham, scam election while perpetrating serious human rights violations against civilians, and arbitrarily detaining the political leaders and activists in prison.
It is evident that the junta’s scam, sham election will not speak for the people; instead it will extend a license to the military to commit further heinous crimes against the people and would create more violence and instability.
I wish to stress that the perpetrators of war crimes and crimes against humanity lack the rightful legitimacy to hold any elections.
We call on the international community to gather unified voices in rejecting strongly the military junta’s planned sham, scam election.
I thank you.
*****










