Statement by Ambassador Kyaw Moe Tun, at the Thematic Discussion on Outer Space of the First Committee at the Eighty-first Session of the UN General Assembly




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Thematic Discussion on Outer Space of the First Committee at the Eighty-first Session of the UN General Assembly, held on 21 October 2026
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
(၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ၏“အာကာသဟင်းလင်းပြင်”ခေါင်းစဉ်ဖြင့် ဘာသာရပ်ဆိုင်ရာဆွေးနွေးမှုတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက အာကာသနည်းပညာများသည် အရပ်ဘက်နှင့် စစ်ဘက်နှစ်မျိုးစလုံးတွင် အသုံးပြုနိုင်သည့်သဘောသဘာဝရှိရာ အရပ်သားပြည်သူများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်စေမည့် စစ်ရေးရည်ရွယ်ချက်ဖြင့် အလွဲသုံးစားပြုခြင်းမှ
ကာကွယ်ရာတွင်တာဝန်ယူမှုရှိရန် လိုအပ်၊
ဂြိုဟ်တုနည်းပညာများဆိုင်ရာကိစ္စရပ်များတွင် စစ်အာဏာရှင်အုပ်စုနှင့် အာကာသနည်းပညာ
အဆင့်မြင့်မားစွာ ပိုင်ဆိုင်အသုံးပြုနိုင်သည့် အင်အားကြီးနိုင်ငံတစ်နိုင်ငံတို့အကြား
ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့လာနေခြင်းအပေါ်
မြန်မာပြည်သူများအနေဖြင့် လွန်စွာ စိုးရိမ်ပူပန်၊
ဂြိုဟ်တုဓာတ်ပုံများရယူရေးဆိုင်ရာ သဘောတူညီချက်များရရှိခဲ့သည့် သတင်းများ
ထွက်ပေါ်လာခြင်းနှင့် ဂြိုဟ်တုအချက်အလက်များကို ဆက်လက်စုဆောင်းလျက်ရှိခြင်းတို့ကြောင့် အဆိုပါနည်းပညာများကို စစ်ရေးရည်ရွယ်ချက်များအတွက် အသုံးပြုလာနိုင်ခြေအပေါ်
စိုးရိမ်ပူပန်မှုများ ပိုမိုမြင့်တက်စေခဲ့၊
စစ်အာဏာရှင်အုပ်စုက အရပ်သားပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများကို
ဆက်လက်ကျူးလွန်လျက်ရှိပြီး အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုများကြောင့်
လူပေါင်းထောင်နှင့်ချီ အသက်ဆုံးရှုံးခဲ့ရသကဲ့သို့ မြန်မာပြည်သူများအနေဖြင့်လည်း
ကြီးမားသောဒုက္ခဆင်းရဲများကို ခံစားနေကြရ၊
မြန်မာစစ်အုပ်စုမှ အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ
ဆက်လက်ကျူးလွန်နေသည့်အခြေအနေတွင် ဂြိုဟ်တုမှရရှိသော ထောက်လှမ်းရေး သတင်းအချက်အလက်များနှင့် အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးစလုံးတွင်အသုံးပြုနိုင်သည့်
အခြားနည်းပညာများသည်မြန်မာပြည်သူများအပေါ် စစ်အုပ်စုမှ ရက်စက်ကြမ်းကြုတ်မှုများ
ထပ်မံကျူးလွန်နိုင်ရန် အထောက်အကူဖြစ်စေနိုင်သည့်အတွက် အထူးစိုးရိမ်ပူပန်မိ၊
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံး အထူးသဖြင့် အဆင့်မြင့် အာကာသနည်းပညာဆိုင်ရာ
စွမ်းဆောင်ရည်များပိုင်ဆိုင်ထားသည့် နိုင်ငံများအနေဖြင့် အထူးသတိထားဆောင်ရွက်ကြရန်နှင့် အရပ်သားပြည်သူများအပေါ် အလွဲသုံးစားပြုအသုံးချနိုင်သည့် အာကာသဆိုင်ရာနည်းပညာများနှင့် ထောက်လှမ်းရေး သတင်းအချက်အလက်များ ပံ့ပိုးပေးခြင်းမှ ရှောင်ကြဉ်ကြရန်
တိုက်တွန်းလိုကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၁ ရက်)
၁။ (၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ (ပထမကော်မတီ) ၏ ဘာသာရပ်ဆိုင်ရာ ဆွေးနွေးမှုအစီအစဉ်အောက်မှ “အာကာသ ဟင်းလင်းပြင်ဆိုင်ရာ” ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်နေ့မှ (၂၁) ရက်နေ့အထိ ပြုလုပ် ခဲ့ပါသည်။
၂။ အဆိုပါဆွေးနွေးမှုအစီအစဉ်သို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းမှ အောက်တိုဘာလ(၂၁)ရက်နေ့တွင် ပါဝင်မိန့်ခွန်းပြောကြားခဲ့ပါသည်။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ မိန့်ခွန်းတွင် အောက်ပါအချက်များ အဓိကပါဝင်ပါသည်-
(က) အာကာသဟင်းလင်းပြင်သည် လူသားအားလုံးအတူတကွပိုင်ဆိုင်သည့် နယ်ပယ်တစ်ခုဖြစ် ပါကြောင်း၊ ယင်းအာကာသကို ငြိမ်းချမ်းသော ရည်ရွယ်ချက်များဖြင့် စူးစမ်းလေ့လာခြင်း၊ အသုံးပြုခြင်းတို့သည် ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှု၊ သိပ္ပံပညာဆိုင်ရာတိုးတက်မှုနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတို့အတွက် အလွန်အရေးကြီးပါကြောင်း၊ သို့ရာတွင် ပထဝီနိုင်ငံရေးဆိုင်ရာ တင်းမာမှုများ မြင့်တက်လာခြင်း၊ အာကာသအတွင်း စစ်ရေးလှုပ်ရှားမှုများတိုးမြှင့်လာခြင်းနှင့် လက်နက်တပ်ဆင်အသုံးပြုလာနိုင်သည့်အန္တရာယ်များသည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ဆက်လက် ခြိမ်းခြောက်လျက်ရှိကြောင်း၊
(ခ) မြန်မာနိုင်ငံအနေဖြင့် အာကာသအတွင်းလက်နက်ပြိုင်ဆိုင်မှု တားဆီးကာကွယ်ရေး (PAROS) သည် အရေးတကြီး ဦးစားပေးဆောင်ရွက်ရမည့်ကိစ္စရပ်တစ်ခုဖြစ်သည်ကို ထပ်လောင်း အတည်ပြုကြောင်း၊ အာကာသအတွင်း လက်နက်များချထားခြင်းနှင့် အာကာသဆိုင်ရာ အရာဝတ္ထုများအပေါ် အင်အားသုံးရန် ခြိမ်းခြောက်ခြင်း (သို့မဟုတ်) အင်အားအသုံးပြုခြင်းတို့ကို တားဆီးနိုင်ရန် ဥပဒေအရ စည်းနှောင်မှုရှိပြီး နိုင်ငံပေါင်းစုံပါဝင်သည့် စာချုပ်တစ်ခု ထွက်ပေါ်ရေးနှင့် ဆွေးနွေးမှုများဆက်လက်လုပ်ဆောင်ရန် လိုအပ်ကြောင်း၊
(ဂ) ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်အမှတ် ၇၉/၅၁၂ အရ ဖွဲ့စည်းတည်ထောင်ထားသည့် အာကာသအတွင်း လက်နက်ပြိုင်ဆိုင်မှုတားဆီးကာကွယ်ရေးဆိုင်ရာ အဖွဲ့ဝင်နိုင်ငံအားလုံး ပါဝင်သော လုပ်ငန်းအဖွဲ့ (Open-ended Working Group on PAROS) ၏ လက်ရှိ ဆောင်ရွက်ချက်များကို မြန်မာနိုင်ငံအနေဖြင့် ကြိုဆိုကြောင်း၊ အဆိုပါလုပ်ငန်းအဖွဲ့၏ ဆွေးနွေးညှိနှိုင်းမှုများမှတစ်ဆင့် ဘုံသဘောတူညီချက်များ ပိုမိုရရှိလာပြီး ဥပဒေအရစည်းနှောင်မှုရှိသော စာချုပ်စာတမ်းတစ်ရပ် ပေါ်ပေါက်လာရေးအတွက် လက်တွေ့ကျသည့် အစီအမံများကို ရှေ့ဆက်ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ကြောင်း၊ အာကာသအတွင်း မှားယွင်းတွက်ချက် ဆုံးဖြတ်မှုများကို တားဆီးကာကွယ်ရန်နှင့် တာဝန်ယူမှုရှိသော အပြုအမူများကို မြှင့်တင်ရန်အတွက် ပွင့်လင်းမြင်သာမှုရှိသော ယုံကြည်မှုတည်ဆောက်ရေးအစီအမံများမှာလည်း အရေးကြီးကြောင်း၊
(ဃ) မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအားလုံးသည် ခွဲခြားဆက်ဆံမှုမရှိဘဲ အာကာသဟင်းလင်းပြင်ကို ငြိမ်းချမ်းသော ရည်ရွယ်ချက်များဖြင့် စူးစမ်းလေ့လာခွင့်နှင့် အသုံးပြုခွင့်ရှိသည်ကို ထပ်လောင်း အတည်ပြုကြောင်း၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၊ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် အာကာသနည်းပညာများကို တန်းတူညီမျှစွာ လက်လှမ်းမီနိုင်ရေးသည်လည်း လွန်စွာအရေးကြီးကြောင်း၊
(င) အာကာသနည်းပညာများသည် အရပ်ဘက်နှင့် စစ်ဘက် နှစ်မျိုးစလုံးတွင် အသုံးပြုနိုင်သည့် သဘောသဘာဝရှိရာ အရပ်သားပြည်သူများ၏အသက်အန္တရာယ်ကို ခြိမ်းခြောက်စေမည့် စစ်ရေး ရည်ရွယ်ချက်ဖြင့် အလွဲသုံးစားပြုခြင်းမှကာကွယ်ရာတွင် တာဝန်ယူမှုရှိရန် လိုအပ်ကြောင်း၊
(စ) ယင်းအခြေအနေများနှင့်ဆက်စပ်၍ ဂြိုဟ်တုနည်းပညာများဆိုင်ရာကိစ္စရပ်များတွင် စစ်အာဏာ ရှင်အုပ်စုနှင့် အာကာသနည်းပညာ အဆင့်မြင့်မားစွာ ပိုင်ဆိုင်အသုံးပြုနိုင်သည့် အင်အားကြီးနိုင်ငံတစ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုများတိုးချဲ့လာနေခြင်းအပေါ် မြန်မာပြည်သူများအနေဖြင့် လွန်စွာ စိုးရိမ်ပူပန်ကြောင်း၊
(ဆ) မကြာသေးမီက ဂြိုဟ်တုဓာတ်ပုံများရယူရေးဆိုင်ရာ သဘောတူညီချက်များရရှိခဲ့သည့် သတင်းများထွက်ပေါ်လာခြင်းနှင့် ဂြိုဟ်တုအချက်အလက်များကို ဆက်လက်စုဆောင်းလျက်ရှိခြင်းတို့ကြောင့် အဆိုပါနည်းပညာများကို စစ်ရေးရည်ရွယ်ချက်များအတွက် အသုံးပြုလာနိုင်ခြေအပေါ် စိုးရိမ်ပူပန်မှုများ ပိုမိုမြင့်တက်စေခဲ့ပါကြောင်း၊
(ဇ) ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တရားမဝင်စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်အာဏာရှင်အုပ်စုက အရပ်သားပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများကို ဆက်လက် ကျူးလွန်လျက်ရှိပြီး အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် လူပေါင်းထောင်နှင့်ချီ အသက်ဆုံးရှုံးခဲ့ရသကဲ့သို့ မြန်မာပြည်သူများအနေဖြင့်လည်း ကြီးမားသော ဒုက္ခဆင်းရဲများကို ခံစားနေကြရကြောင်း၊
(ဈ) ယင်းအခြေအနေတွင် ဂြိုဟ်တုမှရရှိသော ထောက်လှမ်းရေးသတင်းအချက်အလက်များနှင့် အရပ်ဘက်၊ စစ်ဘက်နှစ်မျိုးလုံးတွင် အသုံးပြုနိုင်သည့် အခြားနည်းပညာများကို အလွဲသုံးစားပြုလာနိုင်ခြေသည် အရပ်သားပြည်သူများအပေါ် ထပ်မံထိခိုက်နစ်နာစေနိုင်သည့်အတွက် အလွန်စိုးရိမ်ဖွယ်ရာ ဖြစ်ပါကြောင်း၊
(ည) မြန်မာစစ်အုပ်စုမှ အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက် ကျူးလွန်နေသည့်အခြေအနေတွင် ဂြိုဟ်တုမှရရှိသော ထောက်လှမ်းရေးသတင်းအချက်အလက်များနှင့် အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးစလုံးတွင် အသုံးပြုနိုင်သည့် အခြားနည်းပညာများသည် မြန်မာပြည်သူများအပေါ် စစ်အုပ်စုမှ ရက်စက်ကြမ်းကြုတ်မှုများ ထပ်မံကျူးလွန်နိုင်ရန် အထောက်အကူဖြစ်စေနိုင်သည့်အတွက် အထူးစိုးရိမ်ပူပန်မိကြောင်း၊
(ဍ) သို့ဖြစ်ရာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံး အထူးသဖြင့် အဆင့်မြင့်အာကာသနည်းပညာဆိုင်ရာစွမ်းဆောင်ရည်များ ပိုင်ဆိုင်ထားသည့်နိုင်ငံများအနေဖြင့် အထူးသတိထားဆောင်ရွက်ကြရန်နှင့် အရပ်သားပြည်သူများအပေါ် အလွဲသုံးစားပြုအသုံးချနိုင်သည့် အာကာသဆိုင်ရာနည်းပညာများ နှင့် ထောက်လှမ်းရေးသတင်းအချက်အလက်များပံ့ပိုးပေးခြင်းမှ ရှောင်ကြဉ်ကြရန် တိုက်တွန်းလိုကြောင်း၊
(ဌ) အာကာသဟင်းလင်းပြင်သည် လက်နက်ကိုင်ပဋိပက္ခများနှင့် လူသားများအတွက် ဒုက္ခဆင်းရဲ များဖြစ်ပေါ်စေသည့် နောက်ထပ်နယ်ပယ်တစ်ခု ဖြစ်လာမည့်အစား ငြိမ်းချမ်းရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် အကျိုးဖြစ်ထွန်းမည့် နယ်ပယ်တစ်ခုအဖြစ် ဆက်လက် တည်ရှိနေရမည်ဖြစ်ပါကြောင်း။
၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ်ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၁ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲရုံး၊ နယူးယောက်မြို့။
Please check against delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations,
at the Thematic Discussion on Outer Space of the First Committee
at the Eighty-first Session of the UN General Assembly
(New York, 21 October 2026)
Mr. Chair,
Myanmar aligns itself with the statements of ASEAN and NAM.
Mr. Chair,
Outer space is a shared domain of humanity. Its peaceful exploration and use are essential for sustainable development, scientific advancement and international cooperation.
However, growing geopolitical tensions, increasing military activities and the risk of weaponization of outer space continue to threaten international peace and security.
Myanmar reiterates that preventing an arms race in outer space (PAROS) remains an urgent priority. We emphasize the importance of advancing negotiations towards a legally binding instrument to prevent the placement of weapons in outer space and the threat or use of force against outer space objects.
Myanmar welcomes the ongoing work of the Open-ended Working Group on the PAROS, established pursuant to General Assembly decision 79/512. We hope its deliberations will advance common understanding and concrete measures towards a legally binding instrument.
We also underscore the importance of transparency and confidence-building measures in preventing miscalculations and promoting responsible behaviour in outer space.
Mr. Chair,
Myanmar reaffirms the right of all States to explore and use outer space for peaceful purposes, without discrimination.
We emphasize the importance of international cooperation, capacity-building and equitable access to space technologies, particularly for developing countries.
At the same time, the dual-use nature of space technologies requires greater responsibility to prevent their misuse for military purposes that threaten civilian lives.
Mr. Chair,
Against this backdrop, We are seriously concerned about expanding cooperation between the military junta and a major space-faring State in satellite technologies.
Recent developments, including reported agreements on satellite imagery acquisition and ongoing satellite data collection, have heightened concerns over their potential military applications.
Since the illegal military coup in February 2021, the military junta's continued atrocities against civilians, particularly its indiscriminate aerial attacks, has claimed thousands of lives and inflicted immense suffering on the people of Myanmar. In this context, the potential misuse of satellite-derived intelligence and other dual-use technologies raises serious concerns about further harm to civilians.
Amid the junta's continued aerial attacks against civilians, we are deeply concerned that satellite-derived intelligence and other dual-use technologies could facilitate further atrocities against the people of Myanmar.
We therefore urge all Member States, particularly those possessing advanced space capabilities, to exercise utmost caution and refrain from providing space-related technologies and intelligence that could be misused against civilians.
Mr. Chair,
Outer space must remain a domain of peace and international cooperation, rather than becoming another arena for armed conflict and human suffering.
I thank you.










