Statement by Ambassador Kyaw Moe Tun, at the Thematic Discussion on Other Weapons of Mass Destruction of the First Committee at the Eighty-first Session of the UN General Assembly





Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Thematic Discussion on Other Weapons of Mass Destruction of the First Committee at the Eighty-first Session of the UN General Assembly, held on 20 October 2026
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
(၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ၏ “အခြားအဖျက်စွမ်းအားပြင်းလက်နက်များ” ခေါင်းစဉ်ဖြင့် ဘာသာရပ်ဆိုင်ရာဆွေးနွေးမှုတွင်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ဓာတုလက်နက်များ တားဆီးပိတ်ပင်ရေးစာချုပ်တွင် အကျုံးဝင်သည့် ဓာတုပစ္စည်းအများအပြားသည် အရပ်ဘက်နှင့် စစ်ဘက် နှစ်မျိုးစလုံးတွင် အသုံးပြုနိုင်သည့် သဘောသဘာဝရှိရာ ယင်းကို အခွင့်ကောင်းယူ၍ ပဋိပက္ခဖြစ်ပွားရာဒေသများတွင် အာဏာရှင်များနှင့် အကြမ်းဖက်သမားများ အပါအဝင် မကောင်းသော ရည်ရွယ်ချက်ရှိသူများက အလွဲသုံးစား ပြုလုပ်နိုင်၊
မြန်မာနိုင်ငံတွင်တရားမဝင် စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့သည့် ၂၀၂၁ ခုနှစ် နောက်ပိုင်း စစ်အုပ်စုသည် အရပ်ဘက်နှင့် စစ်ဘက်နှစ်မျိုးစလုံးတွင် အသုံးပြုနိုင်သည့် စက်မှုလုပ်ငန်းသုံး
ဓာတုပစ္စည်းများကို အကြိမ်ကြိမ်အလွဲသုံးစား ပြုလုပ်ခဲ့၊
မြေပြင်မှရရှိသည့်သတင်းအစီရင်ခံစာများအရ စစ်တပ်မှ မျက်ရည်ယိုဓာတ်ငွေ့ ပါဝင်မှုမြင့်မားသည့် ဓာတုပစ္စည်းများ၊ ဖော့စဖရပ်ဖြူ (White Phosphorus) နှင့် အလူမီနီယမ်ဖော့စ်ဖိုက် (Aluminum Phosphide) တို့ ပါဝင်သော ဓာတုဗုံးများ ကြဲချအသုံးပြုခဲ့သည့် စိုးရိမ်ဖွယ်ဖြစ်စဉ်မှတ်တမ်းများရှိ၊
စစ်တပ်၏ ပွင့်လင်းမြင်သာမှုနှင့် ရိုးသားဖြောင့်မတ်မှု ကင်းမဲ့ခြင်း၊ လူ့အခွင့်အရေးများကို အကြိမ်ကြိမ်ချိုးဖောက် ကျူးလွန်ခြင်းနှင့် နိုင်ငံတကာဥပဒေကို လုံးဝလျစ်လျူ ရှုခြင်းတို့ကြောင့် စစ်တပ်က ဓာတုလက်နက်များ အသုံးပြုခဲ့သည်ဆိုသည့်စွပ်စွဲချက်များကို ပိုမိုအသေးစိတ်
စိစစ်စုံစမ်းရန် လိုအပ်လျက်ရှိ၊
နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် အဆိုပါစိုးရိမ်ဖွယ်ရာ အခြေအနေများကို အနီးကပ်စောင့်ကြည့်ကြရန်နှင့် ယင်းဖြစ်စဉ်များအား မှတ်တမ်းတင်ခြင်းနှင့် အတည်ပြုစစ်ဆေးခြင်းတို့ဆောင်ရွက်ရာတွင် မြန်မာပြည်သူများအတွက်
လိုအပ်သည့်အကူအညီများ ပံ့ပိုးပေးကြရန် တိုက်တွန်းအပ်၊
မြန်မာပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်နိုင်ရေးအတွက် စစ်အုပ်စုထံသို့ လက်နက်ခဲယမ်းများ၊ စစ်လက်နက်ပစ္စည်းများ၊ တိုက်လေယာဉ်ဆီ၊ အရပ်ဘက်နှင့် စစ်ဘက်နှစ်မျိုးစလုံးတွင် အသုံးပြုနိုင်သည့် အခြားပစ္စည်းများနှင့် ဆက်စပ်နည်းပညာများ စီးဝင်ရောက်ရှိနေမှုကို ဖြတ်တောက်ရပ်တန့်ပေးကြရန် အဖွဲ့ဝင်နိုင်ငံအားလုံးကို အလေးအနက်
မေတ္တာရပ်ခံပါကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၀ ရက်)
၁။ (၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ(ပထမကော်မတီ) ၏ ဘာသာရပ်ဆိုင်ရာဆွေးနွေးမှုအစီအစဉ်တစ်ခု ဖြစ်သော “အခြားအဖျက်စွမ်းအားပြင်းလက်နက်များ”ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ လ (၂၀) ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။
၂။ အဆိုပါဆွေးနွေးမှုအစီအစဉ်သို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ ပါဝင်မိန့်ခွန်းပြောကြားခဲ့ပါသည်။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ်၏မိန့်ခွန်းတွင် အောက်ပါအချက်များအဓိကပါဝင်ပါသည်-
(က) မြန်မာနိုင်ငံသည် ဓာတုလက်နက်တားဆီးပိတ်ပင်ရေးစာချုပ်(CWC) နှင့် ဇီဝလက်နက်တားဆီးပိတ်ပင်ရေးစာချုပ် (BWC) အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့်အားလျော်စွာ ဇီဝလက်နက်များနှင့် ဓာတုလက်နက်များအသုံးပြုမှုကို တားမြစ်ရေးစံနှုန်းများ လိုက်နာထိန်းသိမ်းရေး ကတိကဝတ်ကို ထပ်လောင်းအတည်ပြုကြောင်းနှင့် အဆိုပါစာချုပ်များကို နိုင်ငံအားလုံးက တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် လိုက်နာကျင့်သုံးကြရန် တိုက်တွန်းကြောင်း၊
(ခ) ဇီဝလက်နက်များ တားဆီးပိတ်ပင်ရေးစာချုပ်တွင် အတည်ပြု စစ်ဆေးရေး ယန္တရားမရှိခြင်းသည် ကွန်ဗင်းရှင်း၏ ထိရောက်မှုကို ဆက်လက်အဟန့်အတား ဖြစ်စေလျက်ရှိရာ အတည်ပြု စစ်ဆေးရေး၊ လိုက်နာဆောင်ရွက်မှုနှင့် အဖွဲ့အစည်းယန္တရားများအပါအဝင် ဖွဲ့စည်းပုံနှင့် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေးအတွက် ဇီဝလက်နက်များ တားဆီးပိတ်ပင်ရေးစာချုပ် ပိုမိုအားကောင်းစေရေးလုပ်ငန်းအဖွဲ့၏ ဆောင်ရွက်ချက်များကို မြန်မာနိုင်ငံအနေဖြင့် ထောက်ခံအားပေးကြောင်း၊ မည်သည့်နေရာ၊ မည်သည့်အခြေအနေတွင် မည်သူကမျှ ဓာတုလက်နက်များ အသုံးပြုခြင်းကို ပြင်းထန်စွာ ရှုတ်ချပါကြောင်း၊
(ဂ) ကြေညာထားပြီးဖြစ်သည့် ဓာတုလက်နက်အားလုံးကို အပြီးတိုင် ဖျက်ဆီးနိုင်ရေးအတွက် ဓာတုလက်နက်များ တားဆီးပိတ်ပင်ရေးအဖွဲ့ (OPCW) ၏ဆောင်ရွက်ချက်များကို မိမိတို့အနေဖြင့် အားပေးဂုဏ်ပြုကြောင်း၊ ပြီးခဲ့သည့်ဩဂုတ်လအတွင်း ပထမဆုံးအကြိမ် ဓာတုလက်နက်များ အတည်ပြုစစ်ဆေးမှုဖြင့် ဖျက်ဆီးနိုင်ခဲ့ခြင်းအပါအဝင် ဆီးရီးယားနိုင်ငံ၏ ဓာတုလက်နက်ဆိုင်ရာကိစ္စရပ်တွင် တိုးတက်မှုများ ရရှိခဲ့သည့်အပေါ် မြန်မာနိုင်ငံအနေဖြင့် မှတ်သားထားပါကြောင်း၊
(ဃ) ဓာတုလက်နက်များ တားဆီးပိတ်ပင်ရေးစာချုပ်တွင် အကျုံးဝင်သည့် ဓာတုပစ္စည်းအများ အပြားသည် အရပ်ဘက်နှင့် စစ်ဘက် နှစ်မျိုးစလုံးတွင် အသုံးပြုနိုင်သည့်သဘောသဘာဝရှိရာ ယင်းကိုအခွင့်ကောင်းယူ၍ ပဋိပက္ခဖြစ်ပွားရာဒေသများတွင် အာဏာရှင်များနှင့် အကြမ်းဖက် သမားများအပါအဝင် မကောင်းသော ရည်ရွယ်ချက်ရှိသူများက အလွဲသုံးစား ပြုလုပ်နိုင်ကြောင်း၊ မြန်မာနိုင်ငံတွင် တရားမဝင်စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့သည့် ၂၀၂၁ ခုနှစ် နောက်ပိုင်း စစ်အုပ်စုသည် အရပ်ဘက်နှင့် စစ်ဘက်နှစ်မျိုးစလုံးတွင် အသုံးပြုနိုင်သည့် စက်မှုလုပ်ငန်းသုံးဓာတုပစ္စည်းများကို အကြိမ်ကြိမ်အလွဲသုံးစား ပြုလုပ်ခဲ့ကြောင်း၊
(င) မြေပြင်မှ ရရှိသည့် သတင်းအစီရင်ခံစာများအရ စစ်တပ်မှ မျက်ရည်ယိုဓာတ်ငွေ့ ပါဝင်မှု မြင့်မားသည့် ဓာတုပစ္စည်းများ၊ ဖော့စဖရပ်ဖြူ (White Phosphorus) နှင့် အလူမီနီယမ် ဖော့စ်ဖိုက် (Aluminum Phosphide) တို့ ပါဝင်သော ဓာတုဗုံးများ ကြဲချအသုံးပြုခဲ့သည့် စိုးရိမ်ဖွယ်ဖြစ်စဉ် မှတ်တမ်းများရှိကြောင်း၊ အဆိပ်အတောက်ဖြစ်စေသော ဓာတုအငွေ့များ ပျံ့နှံ့မှုဖြစ်ပွားပြီးနောက် မူးဝေခြင်း၊ အော့အန်ခြင်း၊ အောက်ဆီဂျင်ပြတ်လပ်ခြင်းနှင့် ခန္ဓာကိုယ်တစ်ရှူးများ လျင်မြန်စွာ ပုပ်သိုးပျက်စီးခြင်းစသည့်ရောဂါလက္ခဏာများကို မှတ်တမ်းတင်ထားရှိခဲ့ရာ အဆိုပါသတင်းအစီရင်ခံစာများ၏ဖော်ပြချက်များကို ထပ်မံ အထောက်အထား ပြုထားကြောင်း၊
(စ) ယခုနောက်ပိုင်း ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်များမတိုင်မီကပင် မြန်မာစစ်တပ်သည် ၁၉၈၀ ပြည့် လွန်နှစ်များအတွင်း မြန်မာနိုင်ငံအလယ်ပိုင်း၏ တောင်ဘက်အရပ်၌ ဓာတုလက်နက်ထုတ်လုပ် ရေးစက်ရုံတစ်ခုကို လည်ပတ်လုပ်ကိုင်ခဲ့ကြောင်းနှင့် ၂၀၀၉ ခုနှစ်တွင်လည်း မြန်မာနိုင်ငံ အလယ်ပိုင်း၌ နောက်ထပ် ဓာတုလက်နက်ထုတ်လုပ်ရေးစက်ရုံတစ်ရုံကို တည်ဆောက်ခဲ့ သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပါကြောင်း၊ ပထမစက်ရုံတွင် ဓာတုလက်နက်များတားဆီးပိတ်ပင်ရေးစာချုပ်၏ နောက်ဆက်တွဲ ဇယား(၁) တွင် ပါဝင်သည့် ဆာလဖာမတ်စတာဒ် (Sulfur Mustard) ဓာတုပစ္စည်းများကို ထုတ်လုပ်ခဲ့ပါကြောင်း၊ ယင်းဓာတုလက်နက်များကို ဖျက်ဆီးပြီးစီးကြောင်း အတည်ပြုစစ်ဆေးနိုင်မှု မရှိသည့်အတွက် စစ်တပ်က ဓာတုလက်နက်များကို သိုလှောင်လက်ဝယ်ထားရှိနေခြင်း ရှိ-မရှိ ဆိုသည့်ကိစ္စရပ်မှာ ယနေ့တိုင်ဖြေရှင်းနိုင်ခြင်း မရှိသေးကြောင်း၊
(ဆ) အလားတူပင် စစ်တပ်၏ ပွင့်လင်းမြင်သာမှုနှင့် ရိုးသားဖြောင့်မတ်မှုကင်းမဲ့ခြင်း၊ လူ့အခွင့် အရေးများကို အကြိမ်ကြိမ်ချိုးဖောက် ကျူးလွန်ခြင်းနှင့် နိုင်ငံတကာဥပဒေကို လုံးဝလျစ်လျူရှုခြင်းတို့ကြောင့် စစ်တပ်က ဓာတုလက်နက်များ အသုံးပြုခဲ့သည်ဆိုသည့် စွပ်စွဲချက်များကို ပိုမိုအသေးစိတ် စိစစ်စုံစမ်းရန် လိုအပ်လျက်ရှိကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် အဆိုပါစိုးရိမ်ဖွယ်ရာအခြေအနေများကို အနီးကပ် စောင့်ကြည့်ကြရန်နှင့် ယင်းဖြစ်စဉ်များအား မှတ်တမ်းတင်ခြင်းနှင့် အတည်ပြုစစ်ဆေးခြင်းတို့ဆောင်ရွက်ရာတွင် မြန်မာပြည်သူများအတွက် လိုအပ်သည့်အကူအညီများ ပံ့ပိုးပေးကြရန် တိုက်တွန်းအပ်ပါကြောင်း၊
(ဇ) ယခုအချိန်တွင် စစ်အုပ်စုသည် အရပ်သားပြည်သူများကို ခွဲခြားမှုမရှိဘဲ အပြစ်ပေး အရေးယူရန်အတွက် ၎င်းတို့လက်လှမ်းမီသည့် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုသွားမည် ဖြစ်သည်ကို ထည့်သွင်းစဉ်းစားစေလိုကြောင်း၊
(ဈ) မြန်မာပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်နိုင်ရေးအတွက် စစ်အုပ်စုထံသို့ လက်နက်ခဲယမ်းများ၊ စစ်လက်နက်ပစ္စည်းများ၊ တိုက်လေယာဉ်ဆီ၊ အရပ်ဘက်နှင့် စစ်ဘက် နှစ်မျိုးစလုံးတွင် အသုံးပြုနိုင်သည့် အခြားပစ္စည်းများနှင့် ဆက်စပ်နည်းပညာများ စီးဝင်ရောက်ရှိနေမှုကို ဖြတ်တောက်ရပ်တန့်ပေးကြရန် အဖွဲ့ဝင်နိုင်ငံအားလုံးကို အလေးအနက် မေတ္တာရပ်ခံပါကြောင်း။
၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၀ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖွဲရုံး၊ နယူးယောက်မြို့။
Please check against delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations,
at the Thematic Discussion on Other Weapons of Mass Destruction
of the First Committee at the Eighty-first Session of the UN General Assembly
(New York, 20 October 2026)
Mr. Chair,
Myanmar aligns itself with the statements of ASEAN and NAM.
Mr. Chair,
As a state party to the BWC and the CWC, Myanmar reaffirms our commitment to uphold norms against biological and chemical weapons, and underscores the importance of their universal adherence.
The lack of a verification mechanism continues to hinder the effectiveness of the BWC. Against this backdrop, Myanmar supports the Working Group on strengthening the BWC in addressing structural and operational gaps, including verification, compliance and institutional mechanisms.
Mr. Chair,
Myanmar strongly condemns the use of chemical weapons anywhere by anyone under any circumstance.
We commend the work of the OPCW in the complete destruction of all declared chemical weapons. At the same time, Myanmar took note of the progress in the Syrian chemical weapons file, including the first verified destruction of chemical weapons in August this year.
Mr. Chair,
Many chemicals under the CWC are dual-use in nature. We are of the view that this very nature of dual-use chemicals is readily exploited by malicious actors, including dictators and terrorists in conflict settings.
Unfortunately, in my country, Myanmar, dual-use, industrial chemicals have been repeatedly misused by the military junta, especially after the 2021 military coup.
Reports on the ground have recorded alarming incidents of chemical bombs dropped by the military junta, involving high-content tear gas, white phosphorus and aluminum phosphide.
Diziness, vomiting, oxygen depletion and rapid necrosis are some of the symptoms documented in the aftermath of toxic chemical fumes, further corroborating these reports.
Mr. Chair,
Prior to these recent incidents, the military was reportedly to be operating a chemical weapon production facility in southern-central Myanmar in the 1980s, and constructing another one in central Myanmar in 2009. The former produced sulfur mustards - an Annex I chemical.
In the absence of a verified destruction, the possession of a chemical weapons stockpile by the military remains unresolved.
In the same vein, the alleged use of chemical weaposn by the military warrants additional scrutiny due to their lack of transparency and sincerity, their repeated human rights violations and their complete disregard for international law.
As such, I urge the international community to closely monitor these concerning developments in Myanmar and provide necessary support to our people in documenting and verifying such incidents.
It should be abundantly clear by now that the military junta will use any illegal means available to punish civilians indiscriminately.
Taking this opportunity, I appeal to all Member States to cut the flow of arms, weapons, jet fuel, other dual-use items and related technologies to the military junta to save the lives of the people of Myanmar.
I thank you.
*****










