Statement by Ambassador Kyaw Moe Tun, at the First Committee of the Eighty-first Session of the UN General Assembly: Thematic Discussion on Nuclear Weapons




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations at the First Committee of the Eighty-first Session of the UN General Assembly: Thematic Discussion on Nuclear Weapons, held on 16 October 2026
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
(၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ ၏ နျူကလီးယားလက်နက်များခေါင်းစဉ်ဖြင့် ဘာသာရပ်ဆိုင်ရာဆွေးနွေးမှုအစီအစဉ်၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် တရားမဝင် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း
မြန်မာပြည်သူများသည် စစ်တပ်၏ ရက်စက်သော အကြမ်းဖက်တိုက်ခိုက်မှုများကို
အပြင်းအထန် ရင်ဆိုင်နေရ၊
စစ်တပ်၏ နျူကလီးယားစွမ်းအင် စီမံကိန်းဟု ခေါ်ဆိုနေသည့်အစီအစဉ်နှင့် ယင်းအစီအစဉ်ကို ငြိမ်းချမ်းသောရည်ရွယ်ချက် မဟုတ်သည့်ကိစ္စရပ်များတွင် အလွဲသုံးစားပြုမည့်အပေါ် အထူးစိုးရိမ်၊
စစ်တပ်၏ ယခင်လုပ်ဆောင်ချက်မှတ်တမ်းများက နျူကလီးယားလက်နက်ဖျက်သိမ်းရေးနှင့် နျူကလီးယား လက်နက်မပြန့်ပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင်
ယုံကြည်စိတ်ချရသောမိတ်ဖက်မဖြစ်လာနိုင်၊
မြန်မာနိုင်ငံနှင့် နျူကလီးယားစွမ်းအင်ဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကို တရားဝင်မှုရှိသော အရွေးကောက်ခံအစိုးရလက်ထက်ရောက်မှသာ ဆောင်ရွက်သင့်၊ သို့မှသာ ထိရောက်သောလုံခြုံရေး အာမခံချက်များ၊ ပွင့်လင်းမြင်သာမှုနှင့် အရပ်သားကြီးကြပ်ကွပ်ကဲမှုတို့ ရှိရမည်ဖြစ်၊
အဖွဲ့ဝင်နိုင်ငံများအားလုံးအနေဖြင့် မြန်မာစစ်တပ်ထံသို့ လက်နက်ခဲယမ်းများ၊ စစ်လက်နက်ပစ္စည်းများ၊ တိုက်လေယာဉ်ဆီ၊ စစ်ဘက်နှင့်အရပ်ဘက် နှစ်မျိုးအသုံးပြုနိုင်သော လက်နက်ပစ္စည်းများနှင့် ဆက်စပ်နည်းပညာများ လွှဲပြောင်းပေးအပ်မှုများကို ကာကွယ်တားဆီးပေးရန်
အထူးမေတ္တာရပ်ခံပါကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်)
၁။ (၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ (ပထမကော်မတီ) ၏ နျူကလီးယားလက်နက်များခေါင်းစဉ်ဖြင့် ဘာသာရပ်ဆိုင်ရာဆွေးနွေးမှုအစီအစဉ်ကို ၂၀၂၆ခုနှစ်၊ အောက်တိုဘာလ (၁၆) ရက်နေ့မှ (၁၉) ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိပါသည်။
၂။ အောက်တိုဘာလ (၁၉) ရက်နေ့တွင် ပြုလုပ်သည့် အဆိုပါအထွေထွေဘာသာရပ် ဆွေးနွေးပြောကြားမှုအစီအစဉ်သို့ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပါဝင်တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါသည်။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ်၏မိန့်ခွန်းတွင် အောက်ဖော်ပြပါ အဓိကအချက်များ ပါဝင်ပါသည် -
(က) မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားလက်နက်များ အလုံးစုံဖျက်သိမ်းရေး ကတိကဝတ်အား အခိုင်အမာ အတည်ပြုကြောင်း၊ နျူကလီးယားလက်နက်များ အသုံးပြုလာနိုင်သည့်အန္တရာယ်များ တိုးမြင့်လာခြင်း၊ နျူကလီးယားလက်နက်တိုက်များကို ဆက်လက်အဆင့်မြှင့်တင်နေခြင်း နှင့် စစ်ရေးမဟာဗျူဟာများတွင် နျူကလီးယားလက်နက်များအပေါ် မှီခိုအားထားမှု တိုးမြင့်လာခြင်းတို့အပေါ် အထူးစိုးရိမ်ကြောင်း၊
(ခ) နျူကလီးယားလက်နက်များကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးရွားသော လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကျိုးဆက်များ မဖြစ်ပေါ်လာစေရေးကို ရှေ့ရှု၍ နျူကလီးယားလက်နက်အလုံးစုံဖျက်သိမ်းရေးသည် ယင်းလက်နက်များအသုံးပြုခြင်း (သို့မဟုတ်) အသုံးပြုမည်ဟု ခြိမ်း ခြောက်ခြင်းတို့မှ ကာကွယ်တားဆီးနိုင်မည့် တစ်ခုတည်းသော အာမခံချက် ဖြစ်ကြောင်း၊
(ဂ) မြန်မာနိုင်ငံအနေဖြင့် ဤညီလာခံတွင် “နျူကလီးယားလက်နက်ဖျက်သိမ်းရေး” (Nuclear Disarmament) အမည်ရှိဆုံးဖြတ်ချက်မူကြမ်းကို ထပ်မံတင်သွင်းထားပြီး၊ ယခုနှစ်မှစတင်၍ အဆိုပါဆုံးဖြတ်ချက်မူကြမ်းကို နှစ်နှစ်တစ်ကြိမ် တင်သွင်းရန်အဆိုပြုထားကြောင်း၊ အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် (Nuclear Disarmament) ဆုံးဖြတ်ချက်မူကြမ်းအား ဆက်လက်ထောက်ခံမှုနှင့် ပူးတွဲအဆိုရှင်များအဖြစ် ပါဝင်ပေးမှုတို့ကို ဆက်လက်ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံကြောင်း၊
(ဃ) နျူကလီးယားစစ်ပွဲတစ်ရပ်ဖြစ်ပွားပါက ကမ္ဘာ့ရာသီဥတုစနစ်၊ စိုက်ပျိုးရေးထုတ်လုပ်မှုနှင့် စားနပ်ရိက္ခာဖူလုံရေးတို့ကို ပြင်းထန်စွာ ထိခိုက်ပျက်စီးစေနိုင်ပြီး၊ လက်ရှိနှင့် အနာဂတ် မျိုးဆက်များအတွက် ကပ်ဘေးဆိုးကြီးများဖြစ်ပေါ်စေနိုင်ကြောင်း၊ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများတိုးမြင့်လာသည့် ယခုလိုအခြေအနေမျိုးတွင် နျူကလီးယားလက်နက်ဖျက်သိမ်းရေးသည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက်သာမက လူသားမျိုးနွယ်နှင့် ကမ္ဘာမြေကြီးကာကွယ်စောင့်ရှောက်ရေးအတွက်လည်း အရေးကြီးသည့် လုပ်ဆောင်ချက်ဖြစ်ကြောင်း၊
(င) နျူကလီးယားလက်နက်မပြန့်ပွားရေးစာချုပ် (NPT) ပြန်လည်သုံးသပ်ရေးညီလာခံ (၃) ကြိမ် ဆက်တိုက်တွင် သဘောတူညီမှုကြေညာချက် စာရွက်စာတမ်းအတည်ပြုနိုင်ခြင်း မရှိခဲ့သည်မှာ အထူးဝမ်းနည်းဖွယ်ရာဖြစ်ကြောင်း၊ ကြေညာချက် အတည်ပြုနိုင်ခြင်းမရှိသည့်အခြေအနေများ ထပ်တလဲလဲဖြစ်ပေါ်နေမှုကို အဆုံးသတ်နိုင်ရေးအတွက် နိုင်ငံအားလုံးတွင် တာဝန်ရှိကြောင်း၊ နျူကလီးယားလက်နက်ကင်းစင်သည့် ကမ္ဘာကြီးဖြစ်လာစေရေးအတွက် စိတ်ရင်းကောင်းကောင်း ခိုင်မာသောနိုင်ငံရေး ခံယူချက်ရှိရှိနှင့် လိုက်လျောညီထွေရှိမှုတို့ကို အခြေခံပြီး ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊
(စ) မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားလက်နက်စမ်းသပ်မှုပိတ်ပင်ရေးစာချုပ် (CTBT) အား ဆက်လက်ထောက်ခံကြောင်းနှင့် အဆိုပါစာချုပ်အမြန်ဆုံးအသက်ဝင်လာစေရေး တိုးမြှင့်လုပ်ဆောင်ရန် ထပ်လောင်းပြောကြားကြောင်း၊ ထို့အပြင် မကြာမီကျင်းပမည့် နျူကလီးယားလက်နက် တားဆီးပိတ်ပင်ရေးစာချုပ် (TPNW) ၏ ပထမအကြိမ် ပြန်လည်သုံးသပ်ရေး ညီလာခံကို ကြိုဆိုကြောင်းနှင့် အဆိုပါညီလာခံမှ နျူကလီးယားလက်နက် ဖျက်သိမ်းရေးလုပ်ငန်းစဉ်များ ပိုမိုတိုးတက်ရေးစီမံချက်များ ထွက်ပေါ်လာရန် မျှော်လင့်ပါကြောင်း၊
(ဆ) မြန်မာနိုင်ငံအနေဖြင့် အရှေ့တောင်အာရှ နျူကလီးယားလက်နက် ကင်းမဲ့ဇုန်စာချုပ်ကို အထူးအလေးထားကြောင်း၊ ယမန်နှစ်ကတီမောနိုင်ငံမှ စာချုပ်အဖွဲ့ဝင်အဖြစ် ပါဝင်လာခြင်းအပေါ် ကြိုဆိုကြောင်း၊ အဖွဲ့ဝင်များအနေဖြင့် နောက်ဆက်တွဲပါစာချုပ် (Protocol) အပါအဝင် စာချုပ်ပါ ပြဋ္ဌာန်းချက်များကို အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်ရန် အရေးကြီးကြောင်း၊
(ဇ) မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် တရားမဝင် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း မြန်မာ ပြည်သူများသည် စစ်တပ်၏ ရက်စက်သော အကြမ်းဖက်တိုက်ခိုက်မှုများကို အပြင်းအထန် ရင်ဆိုင် နေရကြောင်း၊ စစ်တပ်၏ နျူကလီးယားစွမ်းအင် စီမံကိန်းဟု ခေါ်ဆိုနေသည့် အစီအစဉ်နှင့် ယင်းအစီအစဉ်ကို ငြိမ်းချမ်းသောရည်ရွယ်ချက်မဟုတ်သည့် ကိစ္စရပ်များတွင် အလွဲသုံးစား ပြုမည့်အပေါ် အထူးစိုးရိမ်ကြောင်း၊ စစ်တပ်၏ ယခင်လုပ်ဆောင်ချက်မှတ်တမ်းများက နျူကလီးယားလက်နက် ဖျက်သိမ်းရေးနှင့် နျူကလီးယားလက်နက် မပြန့်ပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် ယုံကြည်စိတ်ချရသောမိတ်ဖက် မဖြစ်လာနိုင်ကြောင်း၊
(ဈ) သို့ဖြစ်ရာ မြန်မာနိုင်ငံနှင့် နျူကလီးယားစွမ်းအင်ဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကို တရားဝင်မှုရှိသော အရွေးကောက်ခံအစိုးရလက်ထက်ရောက်မှသာ ဆောင်ရွက်သင့်ကြောင်း၊ သို့မှသာ ထိရောက်သောလုံခြုံရေးအာမခံချက်များ၊ ပွင့်လင်းမြင်သာမှုနှင့်အရပ်သားကြီးကြပ်ကွပ်ကဲမှုတို့ ရှိရမည်ဖြစ်ကြောင်း၊ နျူကလီးယားနည်းပညာသည် စစ်ရေးဖိနှိပ်မှုနှင့် ဖျက်ဆီးမှုများအတွက် မဟုတ်ဘဲ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်သာ အကျိုးပြုရမည် ဖြစ်ကြောင်း၊
(ည) သို့ပါ၍ အဖွဲ့ဝင်နိုင်ငံများအားလုံးအနေဖြင့် မြန်မာစစ်တပ်ထံသို့ လက်နက်ခဲယမ်းများ၊ စစ်လက်နက်ပစ္စည်းများ၊ တိုက်လေယာဉ်ဆီ၊ စစ်ဘက်နှင့်အရပ်ဘက် နှစ်မျိုးအသုံးပြုနိုင်သော လက်နက်ပစ္စည်းများနှင့် ဆက်စပ်နည်းပညာများလွှဲပြောင်းပေးအပ်မှုများကို ကာကွယ်တားဆီးပေးရန် အထူးမေတ္တာရပ်ခံပါကြောင်း။
၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့်မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ)အား ပူးတွဲ ဖော်ပြ အပ်ပါသည်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖွဲရုံး၊ နယူးယောက်မြို့။
Please check against delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations at the First Committee of the Eighty-first Session of the UN General Assembly: Thematic Discussion on Nuclear Weapons
(New York, 16 October 2026)
Mr. Chair,
Myanmar aligns itself with the statements delivered on behalf of ASEAN and NAM.
Myanmar reaffirms its unwavering commitment to the total elimination of nuclear weapons. We remain deeply concerned about the growing risks of nuclear weapon use, the continued modernization of nuclear arsenals and the increasing reliance on nuclear weapons in military doctrines.
The catastrophic humanitarian consequences of nuclear weapons remind us that their total elimination remains the only effective guarantee against their use or threat of use.
Myanmar has once again submitted its draft resolution entitled “Nuclear Disarmament”at this session and proposes its biennial consideration beginning with the current session. We urge all Member States to co-sponsor and extend their continued support the resolution.
Mr. Chair,
A large-scale nuclear conflict could severely disrupt the global climate, agricultural production and food security, with catastrophic consequences for present and future generations.
At a time of growing climate and environmental challenges, nuclear disarmament is essential not only for international peace and security but also for safeguarding humanity and our planet.
Mr. Chair,
The past three NPT Review Conferences have consecutively failed to adopt a consensus outcome document. It is deeply regrettable.
We all are responsible, and must work together in good faith, with strong political will and flexibility for sake of ending this circle of failure to adopt an outcome document toward a world free of nuclear weapons.
Mr. Chair,
Myanmar reiterates its support for the CTBT and calls for its early entry into force. We also welcome the forthcoming First Review Conference of the TPNWand believe that it will contribute to advancing nuclear disarmament.
Myanmar attaches great importance to the Southeast Asia Nuclear-Weapon-Free Zone Treaty. We welcome Timor-Leste's accession to the Treaty last year and underscore the important of the Treaty’s full implementation, including it’s Protocol.
Mr. Chair,
Since the illegal military coup in 2021, the people of Myanmar have suffered immensely from the military's widespread violence against civilians.
We remain deeply concerned about the military junta's so-called nuclear power plan and the potential misuse of nuclear-related technologies for non-peaceful purposes. The military's past record raises serious concerns about its credibility as a partner in nuclear disarmament and non-proliferation.
We stress that any international cooperation on nuclear energy with Myanmar must take place only under a legitimate civilian government, with effective safeguards, transparency and civilian oversight.
Mr. Chair,
Nuclear technology must serve peace and development, not military repression or destruction.
Taking this opportunity, I appeal to all Member States to prevent the transfer of arms, weapons, jet fuel, dual-use items and related technologies to the military junta.
I thank you.
******










