top of page
  • Facebook Social Icon

Statement by Ambassador Kyaw Moe Tun, at the Thematic Discussion on Outer Space of the First Committee at the Eightieth Session of the UN General Assembly

  • Writer: Myanmar Mission To UN
    Myanmar Mission To UN
  • Oct 27
  • 4 min read
ree
ree
ree

Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Thematic Discussion on Outer Space of the First Committee at the Eightieth Session of the UN General Assembly held on 27 October 2025


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


အကြိမ်(၈၀)မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေး ကော်မတီ (ပထမကော်မတီ) ၏ “အာကာသဟင်းလင်းပြင်ဆိုင်ရာ” ခေါင်းစဉ်ဖြင့်

ပြုလုပ်သည့် ဆွေးနွေးမှုအစီအစဉ်၌

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်း က

အာကာသဟင်းလင်းပြင် အသုံးပြုခွင့်ရရှိခြင်းသည် နိုင်ငံအားလုံး၏ ခွဲခြား၍မရသော အခွင့်အရေးဖြစ်ပြီး ၎င်းကို ငြိမ်းချမ်းသော ရည်ရွယ်ချက်များအတွက်သာ အသုံးပြုရမည်ဟူသော သဘောထားကို မြန်မာနိုင်ငံက ထပ်လောင်းအတည်ပြု၊


စစ်အုပ်စုသည် အာကာသနည်းပညာ မှသည် တိုက်လေယာဉ်ဆီ၊ အပန်းဖြေရန်အတွက် အသုံးပြုသော ပါရာမိုတာများ အထိ ကောင်းကျိုးရှိသည့်ကိစ္စများကို လှည့်ဖျားအသုံးပြုကာ အရပ်သားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ဖျက်ဆီးခဲ့သည်ကို ကြိမ်ဖန်များစွာ မိမိတို့မြင်တွေ့ နေ၊


အာကာသအတွင်း သွားလာနိုင်သည့်နည်းပညာရှိသော အဖွဲ့ဝင်နိုင်ငံအချို့က ငြိမ်းချမ်းသော ရည်ရွယ်ချက်ဟု အကြောင်းပြ၍ ဂြိုဟ်တုပုံရိပ် ခွဲခြမ်း စိတ်ဖြာရေးစင်တာတစ်ခု တည်ထောင်ခြင်း အပါအဝင် စစ်အုပ်စုနှင့် အာကာသ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဆောင်ရွက်နေသည် အပေါ် အထူးစိုးရိမ်မိ၊


ယခုနှစ် သြဂုတ်လ (၁) ရက်နေ့မှ အောက်တိုဘာလ (၂၃) ရက်နေ့ အထိ စစ်အုပ်စုမှ ပြည်သူများအပေါ် လေကြောင်း မှ တိုက်ခိုက်မှု (၃၄၈) ကြိမ် ပြုလုပ်ခဲ့၊ ပြည်သူ (၃၅၇) ဦးသေဆုံးခဲ့၊


မြန်မာနိုင်ငံပြည်သူလူထု၏ အသက်များကို ကယ်တင်ရန်အတွက် စစ်လက်နက်များ၊

တိုက်လေယာဉ်ဆီ၊ အခြားသော စစ်ဘက်နှင့် အရပ်ဘက် နှစ်မျိုးသုံးနိုင်သည့်အရာများနှင့်

ဆက်စပ်နည်းပညာများ အကြမ်းဖက် စစ်အုပ်စုထံ စီးဆင်းမှု မရှိစေရေးအတွက် ဖြတ်တောက်ရန် အဖွဲ့ဝင်နိုင်ငံအားလုံးကို တောင်းဆိုလိုပါကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်)


၁။ အကြိမ် (၈၀) မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေး ကော်မတီ (ပထမကော်မတီ) ၏ “အာကာသဟင်းလင်းပြင်ဆိုင်ရာ” ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုအစီအစဉ်ကို၂၇-၁၀-၂၀၂၅ ရက် (တနင်္လာနေ့)၊ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း မှ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။


၂။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အောက်ဖော်ပြပါ အဓိကအချက်များ ပါဝင် ပါသည်-


(က) အာကာသနည်းပညာ၊ ဂြိုဟ်တုများနှင့် အာကာသအခြေပြု ဆက်သွယ်ရေးများ အပါအဝင် အာကာသဟင်းလင်းပြင်နှင့် အာကာသစနစ်များအား ငြိမ်းချမ်းစွာ အသုံးပြုခြင်းသည် လူသားမျိုးနွယ်အတွက် မရှိမဖြစ်လိုအပ်သော အရာများဖြစ်ကြောင်း၊


(ခ) အာကာသဟင်းလင်းပြင်အား ငြိမ်းချမ်းစွာ အသုံးပြုရေးအတွက် မိမိတို့၏ စုပေါင်း ရည်မှန်းချက်သည် တိုးပွားလာနေသော ပထဝီနိုင်ငံရေးတင်းမာမှုများ၊ အာကာသ၌ စစ်လက်နက် တပ်ဆင်နိုင်ခြေရှိလာမှုများနှင့် အာကာသကို စစ်ပွဲနယ်ပယ်နှင့် လက်နက်ပြိုင်ဆိုင်မှုနေရာအဖြစ် ပြောင်းလဲပစ်မည့် အန္တရာယ်များ မြင့်တက်လာခြင်းတို့ကြောင့် ခြိမ်းခြောက်ခံနေရကြောင်း၊


(ဂ) ဤကိစ္စနှင့်စပ်လျဉ်း၍ အာကာသဟင်းလင်းပြင်တွင် လက်နက်ပြိုင်ဆိုင်တပ်ဆင်မှုကို တားဆီးရေး တရားဝင်စာချုပ်(PAROS) နှင့်ယင်းအတွက် ပိုမိုလက်တွေ့ကျသော အစီအမံများကို ရှေ့သို့ ဆက်လက်ဆောင်ရွက်ရန် ရည်ရွယ်သည့်ဘာသာရပ်ဆိုင်ရာ အစိုးရကျွမ်းကျင်သူများအဖွဲ့ (GGE) ၏ အစီရင်ခံစာအား ဆုံးဖြတ်ချက် ၇၇/၂၅၀ အရ တူညီဆန္ဒဖြင့် လက်ခံအတည်ပြုခြင်းကို မြန်မာနိုင်ငံအနေဖြင့် ကြိုဆိုပါကြောင်း၊


(ဃ) အာကာသဟင်းလင်းပြင်အသုံးပြုခွင့်ရရှိခြင်းသည် နိုင်ငံအားလုံး၏ ခွဲခြား၍ မရသော အခွင့်အရေးဖြစ်ပြီး ၎င်းကို ငြိမ်းချမ်းသော ရည်ရွယ်ချက်များအတွက်သာ အသုံးပြုရမည် ဟူသော သဘောထားကို မြန်မာနိုင်ငံက ထပ်လောင်းအတည်ပြုကြောင်း၊ ဤအခြေအနေတွင် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် အာကာသနည်းပညာများအား ငြိမ်းချမ်းစွာ အသုံးပြုခြင်းနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် တန်းတူအသုံးပြုနိုင်ရန် ကူညီပေးမည့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းရေးသည် အရေးကြီးသည်ကို အလေးပေး ပြောကြားလိုကြောင်း၊


(င) အာကာသဟင်းလင်းပြင်အား ငြိမ်းချမ်းစွာ အသုံးပြုရန် စတင်ဆောင်ရွက်မှု၏ တစ်စိတ် တစ်ပိုင်းအနေဖြင့် ရွေးကောက်ခံ အရပ်သားအစိုးရလက်အောက်တွင် မြန်မာနိုင်ငံ၏ ပထမဆုံး ဂြိုဟ်တုဖွံ့ဖြိုးရေး အစီအစဉ်အတွက် ဂျပန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ လေကြောင်းနှင့်အာကာပညာတက္ကသိုလ် (MAEU) နှင့် ဟော့ကိုင်းဒိုးတက္ကသိုလ်တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ၏ ပထမဆုံး မိုက်ခရိုဂြိုဟ်တုဖြစ်သည့် MMSAT-1 ကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအတွက် အချိန်နှင့်တပြေးညီ ပုံရိပ်များပေးပို့ရန်၊ စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်း များ ကို စောင့်ကြည့်ရန် ဒီဇိုင်းထုတ် ဖန်တီးနိုင်ခဲ့ကြောင်း၊


(စ) သို့သော်တရားမဝင် စစ်တပ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်စစ်အုပ်စု၏ စစ်ဘက်ဆိုင်ရာ အသုံးပြုမှုများအပေါ် စိုးရိမ်ပူပန်မှုများ တိုးလာခြင်းကြောင့် ဂြိုဟ်တုလွှတ်တင်ရေးကို ဆိုင်းငံ့ထားခဲ့ရကြောင်း၊ ဤကိစ္စနှင့်စပ်လျဉ်း၍ စစ်အုပ်စုက အာကာသနည်းပညာကို အသုံးပြု၍ အရပ်သားများအား ဖိနှိပ်ခြင်းမှ တားဆီးရန် ဂျပန်အစိုးရ၏ ကြိုတင်ကာကွယ်မှုကို ကျေးဇူးတင် ရှိကြောင်း၊


(ဆ) စစ်အုပ်စုသည် အာကာသနည်းပညာ မှသည် တိုက်လေယာဉ်ဆီ၊ အပန်းဖြေရန်အတွက် အသုံးပြုသော ပါရာမိုတာများအထိ ကောင်းကျိုးရှိသည့်ကိစ္စများကို လှည့်ဖျားအသုံးပြုကာ အရပ်သားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ဖျက်ဆီးခဲ့သည်ကို ကြိမ်ဖန်များစွာ မိမိတို့မြင်တွေ့ နေရကြောင်း၊  စစ်ဘက်ဆိုင်ရာ အသုံးချနိုင်သောကိစ္စများနှင့် နည်းပညာများကို အကြမ်းဖက်လှုပ်ရှားမှုများ၊ အရပ်သားလူထုအား စနစ်တကျဖိနှိပ်ရန် ကျယ်ပြန့်စွာ အသုံးချနိုင်ခြင်းမှာ အရပ်သားဆိုင်ရာ အသုံးချမှုထက် ကျော်လွန်အသုံးချနေကြောင်း၊


(ဇ) ဤအခြေအနေတွင် အာကာသအတွင်း သွားလာနိုင်သည့်နည်းပညာရှိသော အဖွဲ့ဝင်နိုင်ငံအချို့က ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့်ဟူသော အကြောင်းပြချက်အောက်တွင် ဂြိုဟ်တုပုံရိပ် ခွဲခြမ်း စိတ်ဖြာရေးစင်တာတစ်ခု တည်ထောင်ခြင်း အပါအဝင် စစ်အုပ်စုနှင့် ၎င်းတို့၏ အာကာသ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဆောင်ရွက်နေသည့်အပေါ် အထူးစိုးရိမ်မိကြောင်း၊​ အဆိုပါ အဖွဲ့ဝင်နိုင်ငံသည် စစ်ဘက်ဆိုင်ရာရည်ရွယ်ချက်များအတွက် ၎င်း၏ ထောက်လှမ်းရေး ဂြိုဟ်တုများမှ ရရှိသည့် အချက်အလက်များကို စစ်အုပ်စုနှင့် မျှဝေရန် ကမ်းလှမ်းခဲ့သည်ဟု သတင်းရရှိထားပါကြောင်း၊


(ဈ) ယခုနှစ် သြဂုတ်လ (၁) ရက်နေ့မှ အောက်တိုဘာလ (၂၃) ရက်နေ့ အထိ စစ်အုပ်စု မှ ပြည်သူများ အပေါ် လေကြောင်းမှ တိုက်ခိုက်မှု (၃၄၈) ကြိမ် ပြုလုပ်ခဲ့ပြီး၊ ပြည်သူ (၃၅၇)ဦး သေဆုံးခဲ့ ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံပြည်သူလူထု၏ အသက်များကို ကယ်တင်ရန်အတွက် စစ်လက်နက်များ၊ တိုက်လေယာဉ်ဆီ၊ အခြားသော စစ်ဘက်နှင့် အရပ်ဘက် နှစ်မျိုးသုံးနိုင်သည့် အရာများနှင့် ဆက်စပ်နည်းပညာများ အကြမ်းဖက် စစ်အုပ်စုထံ စီးဆင်းမှု မရှိစေရေးအတွက် ဖြတ်တောက်ရန် အဖွဲ့ဝင်နိုင်ငံအားလုံးကို တောင်းဆိုလိုပါကြောင်း၊


(ည) ထို့အပြင် စစ်အုပ်စုက စီစဉ်ထားသော အလိမ်အညာရွေးကောက်ပွဲသည် စစ်အုပ်စုအား အာကာသဟင်းလင်းပြင်၊ ၎င်းနှင့်ဆက်စပ်သော နည်းပညာများနှင့် အချက်အလက်များ၏ စစ်ဘက် အရပ်ဘက် နှစ်မျိုးသုံးသဘာဝကို အခွင့်ကောင်းယူ၍ ပိုမိုများပြားသော ရက်စက် ကြမ်းကြုတ်မှုများနှင့် သတ်ဖြတ်မှုများကို ကျူးလွန်ခွင့်သာ ပေးမည်ဖြစ်ကြောင်း၊  


(ဋ) ထိုလိမ်လည်လှည့်ဖြားသော လုပ်ငန်းစဉ်ကို ပြတ်ပြတ်သားသားပယ်ချရန် နိုင်ငံတကာ အသိုက် အဝန်း ကို တိုက်တွန်းလိုပါကြောင်း။


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အားပူးတွဲ ဖော်ပြအပ်ပါသည်။

 

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against delivery

Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations,

at the Thematic Discussion on Outer Space of the First Committee

at the Eightieth Session of the UN General Assembly

(New York, 27 October 2025)

Mr. Chair,

Myanmar aligns itself with the statements of ASEAN and NAM.

Mr. Chair,

Peaceful uses of outerspace and space systems, including space technology, satellities and space-based communications, are indispensible to humanity.

Our collective objective of its peaceful use is threatened by rising geopolitical tensions, possible weaponization of outer space, and increasing risks of transforming outer space into a domain for warfare and arms race.

In this regard, Myanmar welcomes the adoption by consensus of the report of the GGE on the substantive elements of a legally binding instrument on the prevention of arms race in outer space (PAROS), established pursuant to the GA resolution 77/250, with a view to advance further practical measures for PAROS.

Mr. Chair,

Myanmar reaffirms our view that access to outer space is an inalienable right of all States and it is used for exclusively peaceful purposes. In this context, we underscore the importance of strengthening international cooperation in capacity building to assist developing countries with their equitable access to outer space for peaceful use and sustainable development.

As part of our initation ofits peaceful use, Myanmar collaborated with Japan on our first satellite development program under the elected civilian government. Jointly developed by Myanmar Aerospace Engineering University and Hokkaido University, the first micro-satellite of Myanmar, MMSAT-1, was designed to provide real-time images for disaster risk management and monitor agriculture, forestry and fisheries.

Unfortunately, the deployment was put on hold after the illegal military coup due togrowing conerns over its military applicationsby the junta. In this regard, Myanmar commends the preemptive approach taken by the Government of Japan to prevent any misuse and appropriation of space technology by the military junta against civilians.

Mr. Chair,

We have witnessed, time after time, that the military junta blurs the line between the duality of any good, from space technology, jet fuel to even recreational paramotors, at the expense of civilians. For the military junta, the military aspect of dual-use items and technologies always eclipses the civilian aspect as long as they can be utilized for their widespread terror campaigns and systematic subjugation of the civilian population.

Against this backdrop, we are seriously concerned that some Member States with major space-faring capabilities have enhanced their space technology cooperation with the military junta, including a satellite imagery analysis center, under the guise of peaceful purposes.

It is reported that the said Member State had offered to share information captured by its reconnaissance satellites with the junta for military purposes.

From 1 August to 23 October this  year the junta conducted 348 airstrikes against civilians killing 357 people.

Therefore, I appeal to all Member States to cut the flow of arms, weapons, jet fuel, other dual-use items and related technologies to the military junta to save the lives of the people of Myanmar.

On this note, the planned sham election by the junta will only provide the military with an open license to commit more atrocities and killings by exploiting the dual-use nature of outer space, its associated technologies and data. I urge the international community to categorically reject this deceitful process.

I thank you.

*****

ree
ree
ree
ree
ree
ree
ree


Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

Official website of the Permanent Mission of the Republic of the Union of Myanmar to the United Nations.

bottom of page