top of page
  • Facebook Social Icon

Statement by Ambassador Kyaw Moe Tun, at the Joint General Discussion of the Second Committee under Agenda Item 21: and Item: 22 at the Eighty-first Session of the UN General Assembly

Writer: Myanmar Mission To UN
Myanmar Mission To UN
20 hours ago
4 min read

Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Joint General Discussion of the Second Committee under Agenda Item 21: Eradication of Poverty and Other Development Issues and Item 23: Agriculture Development, Food Security andNutrition at the Eighty-first Session of the UN General Assembly, held on 14 October 2026


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်

 

(၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ စီးပွားရေးနှင့်ဘဏ္ဍာရေးကော်မတီ

(ဒုတိယကော်မတီ) ၏ ဘာသာရပ်အစီအစဉ် (၂၁) ဆင်းရဲမွဲတေမှု လျော့ချနိုင်ရေး၊

စားနပ်ရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အထွေထွေဆွေးနွေးမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်း က မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်တွင် စစ်တပ်၏ တရားမဝင်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဆိုးရွားပြင်းထန်သည့် အကျိုးဆက်များကို မြန်မာပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ အကြမ်းဖက်စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သည့် ကျူးလွန်မှုများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးအပ်ခွင့် ကန့်သတ်ပိတ်ပင်မှုများအပြင်

နေရပ်စွန့်ခွာတိမ်းရှောင်ရသူဦးရေတိုးလာမှု၊ စီးပွားရေးပြိုလဲမှုနှင့် အများပြည်သူဆိုင်ရာ

အခြေခံဝန်ဆောင်မှုများ လုံလောက်စွာ မရရှိမှုတို့ကြောင့် မိသားစုများစွာသည် နေ့စဉ်နှင့်အမျှ ဆင်းရဲနွမ်းပါးမှုနှင့် စားနပ်ရိက္ခာမလုံလောက်မှုတို့ကို ပိုမိုရင်ဆိုင်နေရ၊

မြန်မာနိုင်ငံအား ဆင်းရဲနွမ်းပါးမှုနှင့် မလုံခြုံမှုအတွင်းသို့ ကျရောက်စေခြင်း၊

ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရရှိပြီးဖြစ်သည့်တိုးတက်မှုများ နောက်ပြန်ဆုတ်ယုတ်စေခြင်းနှင့် အနာဂတ်မျိုးဆက်သစ်များ၏အနာဂတ်ကို ဖျက်ဆီးခြင်းတို့အတွက် စစ်အုပ်စု၏တရားမဝင်အာဏာသိမ်းမှုနှင့် ယင်းမှဖြစ်ပေါ်လာသည့် အကျိုးဆက်များအနေဖြင့်

တိုက်ရိုက်တာဝန်ရှိသည်မှာ အထင်အရှားဖြစ်၊

စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှုပပျောက်ရေးနှင့် စားနပ်ရိက္ခာဖူလုံရေးတို့အား

အကောင်အထည်ဖော်နိုင်ရေးအတွက်မူ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးရှိမှုသည် အခြေခံကျသော လိုအပ်ချက်များဖြစ်၊

စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်ကြုံတွေ့နေရသော်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မဟာမိတ် ဒီမိုကရေစီအင်အားစုများသည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး

ဦးဆောင်ကောင်စီ (SCEF) အောက်မှတစ်ဆင့် ပူးပေါင်း ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး

မည်သူတစ်ဦးတစ်ယောက်မျှ နောက်ကျကျန်ရစ်ခြင်း မရှိစေရေးမူဝါဒနှင့်အညီ မြန်မာပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သန့်ရှင်းရေးဆိုင်ရာဝန်ဆောင်မှုများနှင့် အသက်ကယ်ဆယ်ရေးဆိုင်ရာနှင့် အခြားမရှိမဖြစ် အကူအညီများကို ပံ့ပိုးပေးလျက်ရှိ၊

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းတည်ငြိမ်ရေး၊ တရားမျှတမှုနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု များရရှိရေးနှင့် စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းစေပြီး

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေကြသည့် (SCEF) နှင့် မြန်မာပြည်သူများအား နိုင်ငံတကာအသိုက်အဝန်းမှ ထိရောက်သော ထောက်ခံကူညီမှုများပေးကြရန် တိုက်တွန်း တောင်းဆိုပါကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊၂၀၂၆ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်)


၁။        (၈၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ စီးပွားရေးနှင့်ဘဏ္ဍာရေးကော်မတီ (ဒုတိယကော်မတီ)၏ ဘာသာရပ်အစီအစဉ်(၂၁)ဆင်းရဲမွဲတေမှုလျှော့ချနိုင်ရေး၊ စားနပ်ရိက္ခာဖူလုံရေး နှင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အထွေထွေဆွေးနွေးမှုအစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။


၂။         အဆိုပါ အထွေထွေဆွေးနွေးမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း ပါဝင်တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါသည်။


၃။        မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ မိန့်ခွန်းတွင် အောက်ဖော်ပြပါအချက်များ အဓိကပါဝင်ပါသည်-

(က)    လက်နက်ကိုင်ပဋိပက္ခများနှင့် နိုင်ငံရေးမတည်ငြိမ်မှုများသည် ဆင်းရဲနွမ်းပါးမှုနှင့် စားနပ်ရိက္ခာ မလုံခြုံမှုတို့ကို ဖြစ်ပေါ်စေသည့်အကြောင်းရင်းများအနက် အဓိကအချက်တစ်ခု ဖြစ်ကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများကြောင့် စိုက်ပျိုးရေးထုတ်လုပ်မှု၊ စားနပ်ရိက္ခာဖူလုံရေးနှင့် အာဟာရပြည့်ဝရေးတို့ ထိခိုက်ပျက်စီးရသည့်အပြင် နေရပ်စွန့်ခွာတိမ်းရှောင်မှုများဖြစ်ပေါ်စေကာ ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအပေါ် ရေရှည်ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေကြောင်း၊

(ခ)       ၂၀၂၅ ခုနှစ်တွင် ပဋိပက္ခဒဏ်ခံစားနေရသည့်နိုင်ငံများရှိ လူဦးရေ၏ (၄၀) ရာခိုင်နှုန်းနီးပါးသည် အလွန်အမင်းဆင်းရဲနွမ်းပါးမှုကိုရင်ဆိုင်ကြုံတွေ့နေရပြီး ကမ္ဘာတစ်ဝန်းရှိလူဦးရေ(၂.၁)ဘီလျံခန့်သည် အလယ်အလတ်အဆင့်(သို့မဟုတ်)စားနပ်ရိက္ခာမလုံလောက်မှုကို ဆိုးရွားစွာရင်ဆိုင်ကြုံတွေ့ နေရကြောင်း၊ ယင်းစိုးရိမ်ဖွယ်ရာကိန်းဂဏန်းများသည် (၂၀၃၀)ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးအစီအစဉ်နှင့် ဆင်းရဲနွမ်းပါးမှုပပျောက်ရေးဆိုင်ရာကုလသမဂ္ဂ၏ တတိယဆယ်စုနှစ် အစီအစဉ်များ အကောင်အထည်ဖော်ရေး အရှိန်အဟုန်မြှင့်တင်နိုင်ရန်အတွက် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ပြတ်သားထိရောက်သော အရေးယူဆောင်ရွက်မှုများ အချိန်မီဆောင်ရွက်ရန်လိုအပ်ကြောင်းကို မီးမောင်းထိုးပြနေကြောင်း၊

(ဂ)       ဆင်းရဲနွမ်းပါးခြင်းသည် ငတ်မွတ်ခေါင်းပါးမှု၊ အာဟာရချို့တဲ့မှု၊ ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု၊ သန့်ရှင်းသောရေ ရရှိမှု၊ မိလ္လာနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာများနှင့် အိုးအိမ်နေထိုင်ရေးတို့တွင် အခက်အခဲများရှိစေပြီး ဘက်ပေါင်းစုံ ချို့တဲ့လာသည့်ပြဿနာ တစ်ရပ် ဖြစ်ကြောင်း၊ ဆင်းရဲနွမ်းပါးမှု၊ စားနပ်ရိက္ခာမလုံလောက်မှုနှင့် နိုင်ငံရေးပဋိပက္ခများသည် တစ်ခုနှင့်တစ်ခု ဆက်စပ်လျက်ရှိပြီး ပိုမိုဆိုးရွားလာစေကာ နောင်လာမည့်မျိုးဆက်သစ်များအထိ ထိခိုက်စေမည်ဖြစ်ကြောင်း၊

(ဃ)     မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်တွင် စစ်တပ်၏ တရားမဝင်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ယင်းကဲ့သို့ ဆိုးရွားပြင်းထန်သည့်အကျိုးဆက်များကို ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ အကြမ်းဖက်စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သည့်ကျူးလွန်မှုများ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ခွင့် ကန့်သတ်ပိတ်ပင်မှုများအပြင် နေရပ်စွန့်ခွာတိမ်းရှောင်ရသူဦးရေ တိုးလာမှု၊ စီးပွားရေးပြိုလဲမှုနှင့် အများပြည်သူဆိုင်ရာအခြေခံဝန်ဆောင်မှုများ လုံလောက်စွာ မရရှိမှုတို့ကြောင့် မိသားစုများစွာသည် နေ့စဉ်နှင့်အမျှဆင်းရဲနွမ်းပါးမှုနှင့် စားနပ်ရိက္ခာမလုံလောက်မှုတို့ကို ပိုမိုရင်ဆိုင်နေရကြောင်း၊

(င)       အထူးသဖြင့် စစ်အုပ်စု၏ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်မှုများတွင် လယ်ယာမြေများ၊ စိုက်ပျိုးသီးနှံများ၊ မွေးမြူရေးတိရစ္ဆာန်များနှင့် စိုက်ပျိုးရေးဆိုင်ရာပစ္စည်းကိရိယာများကို မီးရှို့ဖျက်ဆီးခြင်း၊ ဈေးများအပေါ်လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းတို့ပါဝင်ရာ အဆိုပါလုပ်ရပ်များသည် မဖြစ်မနေ  နေရပ်စွန့်ခွာတိမ်းရှောင်ရခြင်းကို ဖြစ်ပေါ်စေခဲ့သည့်အဓိကအကြောင်းရင်းဖြစ်ကြောင်း၊ နိုင်ငံတစ်ဝှမ်း စိုက်ပျိုးရေးထုတ်လုပ်မှုနှင့် ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအပေါ် ဆိုးရွားစွာ ထိခိုက်လျက်ရှိကြောင်း၊

(စ)       ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ နောက်ဆုံးထုတ်ပြန်သည့် အစီရင်ခံစာအရ မြန်မာ နိုင်ငံတွင် ဘက်ပေါင်းစုံမှ ဆင်းရဲနွမ်းပါးမှုဖြစ်ပေါ်လျက်ရှိပြီး နိုင်ငံလူဦးရေ၏ သုံးပုံနှစ်ပုံနီးပါးကို ထိခိုက်လျက်ရှိကြောင်း၊ နိုင်ငံ့လူဦးရေ၏တစ်ဝက်ခန့်သည် နိုင်ငံ၏ဆင်းရဲမွဲတေမှုမျဉ်းအောက် သို့ ရောက်ရှိနေထိုင်နေရလျက်ရှိကြောင်း၊ လူဦးရေ(၁၇.၉)သန်းမှာ ဘက်ပေါင်းစုံဆင်းရဲနွမ်းပါးမှုကို ခံစားနေရပြီး နောက်ထပ်လူဦးရေ (၁၉.၅) သန်းမှာလည်း အဆိုပါ ဆင်းရဲနွမ်းပါးမှုအတွင်းသို့ ကျရောက်နိုင်သည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု ဖော်ပြထားကြောင်း၊ အလားတူ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့၏ သတိပေးချက်အရ မြန်မာ နိုင်ငံတွင် လူဦးရေစုစုပေါင်း (၁၂.၄) သန်းခန့်သည် ပြင်းထန်သည့် စားနပ်ရိက္ခာမလုံခြုံမှုအဆင့် (IPC အဆင့် ၃ နှင့်အထက်) ကြုံတွေ့ရနိုင်ကြောင်းခန့်မှန်းထားပြီး ယင်းတို့အနက် လူဦးရေ(၁) သန်းနီးပါးသည် အရေးပေါ်အခြေအနေအဆင့် (IPC-4) သို့ ရောက်ရှိနိုင်ကြောင်းဖော်ပြထားကာ ယခုနှစ်အတွင်း ကလေးငယ် (၃၆၀,၀၀၀) ခန့်သည် အာဟာရချို့တဲ့မှု ကြုံတွေ့ရနိုင်သည်ဟု ခန့်မှန်းထားပါကြောင်း၊

(ဆ)     မြန်မာနိုင်ငံအားဆင်းရဲနွမ်းပါးမှုနှင့် မလုံခြုံမှုအတွင်းသို့ကျရောက်စေခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာရရှိပြီးသည့် တိုးတက်မှုများ နောက်ပြန်ဆုတ်ယုတ်စေခြင်းနှင့် အနာဂတ်မျိုးဆက်သစ်များ ၏အနာဂတ်ကို ဖျက်ဆီးခြင်းတို့အတွက် စစ်အုပ်စု၏ တရားမဝင်အာဏာသိမ်းမှုနှင့် ယင်းမှဖြစ် ပေါ်လာသည့် အကျိုးဆက်များအနေဖြင့် တိုက်ရိုက်တာဝန်ရှိသည်မှာ အထင်အရှားဖြစ်ကြောင်း၊

(ဇ)       စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှုပပျောက်ရေးနှင့် စားနပ်ရိက္ခာဖူလုံရေးတို့ အား အကောင်အထည်ဖော်နိုင်ရေးအတွက်မှု ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးရှိမှုသည် အခြေခံကျ သော လိုအပ်ချက်များဖြစ်ကြောင်း၊

(ဈ)      စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်ကြုံတွေ့နေရသော်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မဟာမိတ်ဒီမိုကရေစီအင်အားစုများသည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) အောက်မှတစ်ဆင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး မည်သူတစ်ဦးတစ်ယောက်မျှနောက်ကျကျန်ရစ်ခြင်းမရှိစေရေးမူဝါဒနှင့်အညီ မြန်မာပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သန့်ရှင်းရေးဆိုင်ရာဝန်ဆောင်မှုများနှင့် အသက်ကယ်ဆယ်ရေးဆိုင်ရာနှင့် အခြားမရှိမဖြစ် အကူအညီများကို ပံ့ပိုးပေးလျက်ရှိကြောင်း၊

(ည)     မြန်မာနိုင်ငံတွင် ငြိမ်းချမ်းတည်ငြိမ်ရေး၊ တရားမျှတမှုနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုများရရှိရေးနှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းစေပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေကြသည့် (SCEF) နှင့် မြန်မာပြည်သူများအား နိုင်ငံတကာအသိုက်အဝန်းမှ ထိရောက်သော ထောက်ခံကူညီမှုများပေးကြရန် တိုက်တွန်း တောင်းဆိုပါကြောင်း။


၄။        မြန်မာအမြဲတမ်းကိုယ်စားလှယ်ပြောကြားခဲ့သည့်မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။


၂၀၂၆ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations,

at the Joint General Discussion of the Second Committee under

Agenda Item 21: Eradication of Poverty and Other Development Issues and

Item 23: Agriculture Development, Food Security andNutrition

at the Eighty-first Session of the UN General Assembly


(New York, 14 October 2026)

Madam Chair,

Myanmar aligns itself with the statements delivered by ASEAN, the LDC Group and the G77 and China.

I thank the Secretary-General for his comprehensive reports under the agenda items.

Madam Chair,

Conflict and instability are one of the major drivers of poverty and food insecurity. Armed conflict disrupts agricultural production, food security and nutrition, drives displacement and causes longlasting damage to livelihoods.

In 2025, nearly 40 percent of the population in fragile and conflict-affected countries lived in extreme poverty. An estimated 2.1 billion people are experiencing moderate or severe food insecurity.

These alarming figures underscore the urgent need for timely and decisive actions by the international community to accelerate our progress in the 2030 Agenda and the Third UN Decade for the Eradication of Poverty.

 

Madam Chair,

Poverty is a multidimensional phenomenon, encompassing a lack of income, hunger, malnutrition, disruptions in education, healthcare, water, sanitation and housing among others.

Poverty, food insecurity and conflict are deeply intertwined and exacerbate each other with generational consequences.

Unfortunately, my country, Myanmar is experiencing these devastating outcomes since the 2021 illegal military coup.

The military junta’s widespread atrocities, restriction of aid, growing displacement, economic collapse and inadequate public services are pushing more families into poverty and food insecurity everyday.

Deliberate and indiscriminate violence by the military junta, including burning down farms, crops, livestock, agricultural assets and airstrikes over markets, has been the biggest catalyst of forced displacement with devastating impacts on agricultural production and livelihoods across the country.

According to UNDP in its latest report, multidimensional poverty in Myanmar is widespread and affects nearly two-thirds of the population. About half of the population is living under the national poverty line. 17.9 million are multidimensionally poor, and a further 19.5 million are at risk.

FAO and WFP warned that a total of 12.4 million people in Myanmar are projected to face high levels of acute food insecurity (IPC Phase 3 or above), including almost 1 million people in Emergency (IPC Phase 4).

In addition, around 360,000 children are expected to be acutely malnourished this year.

It is crystal clear that the military coup and its consequences are directly responsible for plunging the country into poverty and insecurity, reversing our progress in development, and shattering our future generation.

In conclusion, Madam Chair, peace and stability are fundamental to achieving sustainble development, poverty eradication and food security in Myanmar.

Despite facing many challenges, the National Unity Government (NUG) and allied democratic forces are coordinating through the Steering Council for the Emergence of aFederalDemocratic Union (SCEF), to provide essential services, including education, healthcare, sanitation and other life-saving assistance to the people of Myanmar in line with the principle of leaving no one behind.

I urge the international community to support the SCEF and the people of Myanmar in their collective efforts to eradicate the military dictatorship and build a federal democratic union for peace, stability, justice and sustainable development in Myanmar.


I thank you.

*****


Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

This is the only official website of the Permanent Mission of  the Republic of the Union of Myanmar to the United Nations in New York.

The Mission is not affiliated with any other websites using similar names or domains.

bottom of page