top of page
  • Facebook Social Icon

Statement by Ambassador Kyaw Moe Tun, at the Thematic Discussion on Other Weapons of Mass Destructionof the First Committee at the Eightieth Session of the UN General Assembly

  • Writer: Myanmar Mission To UN
    Myanmar Mission To UN
  • Oct 22
  • 4 min read
ree
ree
ree
ree
ree

Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Thematic Discussion on Other Weapons of Mass Destruction of the First Committee at the Eightieth Session of the UN General Assembly, held on 22 October 2025


[Below Myanmar Text]


သတင်းထုတ်ပြန်ချက်


အကြိမ်(၈၀)မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ (ပထမကော်မတီ) ၏ အခြားအဖျက်စွမ်းအားပြင်းလက်နက်များ ဘာသာရပ်

မူဝါဒရေးရာ ဆွေးနွေးမှု အစီအစဉ် တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မည်သည့်အခြေအနေ၊ မည်သည့်ပတ်ဝန်းကျင်နှင့် မည်သူမှမဆို ဓာတုလက်နက်အသုံးပြုခြင်းကို မြန်မာနိုင်ငံအနေဖြင့် ပြင်းထန်စွာ ရှုတ်ချ၊

အသုံးပြုခဲ့သူများကိုလည်း တာဝန်ခံမှုရှိစေရန် ဆောင်ရွက်ရမည်ဖြစ်၊


မိမိတို့မြန်မာနိုင်ငံတွင် စစ်အုပ်စုက တရားမဝင်စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဖက်-အရပ်ဖက် နှစ်မျိုးသုံးစက်မှုဓာတုပစ္စည်းများကို အလွယ်တကူပင် အလွဲသုံးစားပြုခဲ့၊


မြန်မာနိုင်ငံ၌ ဓာတုလက်နက်အသုံးပြုမှုအခြေအနေများအား စောင့်ကြည့်ရန်နှင့် စစ်အုပ်စုအပေါ် ကြိုတင်ကာကွယ်ရေးအစီအမံများချမှတ်ရန် အရေးတကြီး လိုအပ်နေ၊


စစ်အုပ်စုက စီစဉ်နေသော အတုအယောင်ရွေးကောက်ပွဲသည် စစ်တပ်က အရပ်သားများအပေါ် ဓာတုလက်နက်များ အသုံးပြုခြင်းအပါအဝင် ရက်စက်ကြမ်းကြုတ်မှုများစွာအတွက် အပြစ်ပေး

မခံရသည့်အပြင် ဆက်လက်ကျူးလွန်နိုင်ရေး ခွင့်ပြုချက်ကိုပေးလိမ့်မည်သာဖြစ်၊


အဆိုပါ အလိမ်အညာရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ငြင်းပယ်ကန့်ကွက်ရန် နိုင်ငံတကာအသိုက်အဝန်းသို့ တိုက်တွန်းပါကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊၂၀၂၅ခုနှစ်၊အောက်တိုဘာလ၂၂ရက်)


၁။ အကြိမ်(၈၀)မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေး ကော်မတီ (ပထမကော်မတီ) ၏ အခြားအဖျက်စွမ်းအားပြင်း လက်နက်များ ဘာသာရပ်ဆိုင်ရာ မူဝါဒရေးရာ ဆွေးနွေးမှုအစီအစဉ်ကို ၂၂-၁၀-၂၀၂၅ ရက် (ဗုဒ္ဓဟူးနေ့) နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း မှ ပါဝင်မိန့်ခွန်းပြောကြားခဲ့ပါသည်။


၂။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အောက်ပါအချက်များ အဓိကပါဝင် ပါသည်-


(က) မြန်မာနိုင်ငံအနေဖြင့် ဇီဝနှင့် ဓာတုလက်နက်များဆိုင်ရာစံနှုန်းများကို ထိန်းသိမ်းစောင့်ရှောက်ရန် ထပ်လောင်း ကတိကဝတ်ပြုကြောင်း၊ ဇီဝလက်နက် တားဆီးပိတ်ပင်ရေးစာချုပ် (BWC)  နှင့်  ဓာတုလက်နက် တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ် (CWC) တို့ကို နိုင်ငံအားလုံးမှ အတည်ပြု ပါဝင်လာရေးသည် အရေးကြီးကြောင်း၊


(ခ) ဇီဝလက်နက်တားဆီးပိတ်ပင်ရေးစာချုပ် (BWC) ၏ ထိရောက်မှုအတွက် စိန်ခေါ်မှုတစ်ခုမှာ စစ်ဆေးအတည်ပြုရေး ယန္တရားကင်းမဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် BWC ကို ပိုမိုခိုင်မာစေရန် အတည်ပြု စစ်ဆေးရေး၊ လိုက်နာဆောင်ရွက်မှုနှင့် အဖွဲ့အစည်းဆိုင်ရာ ယန္တရားများအပါအဝင် ဖွဲ့စည်းပုံနှင့် လုပ်ငန်းပိုင်းဆိုင်ရာကွာဟချက်များကို ဖြေရှင်းရန် လုပ်ငန်းအဖွဲ့၏ ကြိုးပမ်းမှုများကို ကြိုဆိုကြောင်း၊


(ဂ) ကြေညာထားပြီးဖြစ်သော ဓာတုလက်နက်အားလုံးကို အတည်ပြုစစ်ဆေးပြီးနောက် အောင်မြင် စွာ ဖျက်ဆီးဆောင်ရွက်နိုင်ခဲ့သည့်အတွက် ဓာတုလက်နက်အသုံးပြုမှု ပိတ်ပင်ရေးဆိုင်ရာ အဖွဲ့အစည်း (OPCW) နှင့် ၎င်း၏ နည်းပညာဆိုင်ရာအတွင်းရေးမှူးရုံးအား ချီးကျူးပါကြောင်း၊


(ဃ) သို့သော် ပြီးခဲ့သောနှစ်များအတွင်း ကမ္ဘာ့နေရာအနှံ့အပြား၌ ဓာတုလက်နက် အသုံးပြုမှုနှင့် ပတ်သက်သော စိုးရိမ်မှုများမှာ ဆက်လက်ရှိနေဆဲပင် ဖြစ်ကြောင်း၊


(င) မည်သည့်အခြေအနေ၊ မည်သည့်ပတ်ဝန်းကျင်နှင့် မည်သူမှမဆို ဓာတုလက်နက် အသုံးပြုခြင်းကို မြန်မာနိုင်ငံအနေဖြင့် ပြင်းထန်စွာ ရှုတ်ချကြောင်း၊ အသုံးပြုခဲ့သူများကိုလည်း တာဝန်ခံမှုရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊


(စ) CWC ၏ ဓာတုလက်နက်ဟုသတ်မှတ်သည့်ဘောင်အတွင်း ဓာတုပစ္စည်းအများအပြားတွင် ငြိမ်းချမ်းစွာ အသုံးပြုနိုင်သည့်အကျိုးကျေးဇူးများရှိကြောင်း၊ သို့သော် ဓာတုပစ္စည်းများ၏"စစ်ဖက်- အရပ်ဖက်နှစ်မျိုးသုံး" သို့မဟုတ် "ဘက်စုံသုံး"သဘာဝက ပဋိပက္ခဖြစ်ပွားရာနေရာများတွင် မကောင်း သော ရည်ရွယ်ချက်များနှင့် အာဏာရှင်များ အလွဲသုံးစားပြုနိုင်သည့် ဟာကွက်များကို ဖန်တီးပေးနေကြောင်း၊


(ဆ) ကံဆိုးစွာဖြင့် မိမိတို့မြန်မာနိုင်ငံတွင် စစ်အုပ်စုက တရားမဝင်စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဖက်-အရပ်ဖက် နှစ်မျိုးသုံးစက်မှုဓာတုပစ္စည်းများကို အလွယ်တကူပင် အလွဲသုံးစားပြုခဲ့ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၌ ဓာတုလက်နက် အသုံးပြုမှုအခြေအနေများအား စောင့်ကြည့် ရန်နှင့် စစ်အုပ်စုအပေါ် ကြိုတင်ကာကွယ်ရေးအစီအမံများချမှတ်ရန် အရေးတကြီး လိုအပ်နေသည်ကို အောက်ဖော်ပြပါအချက်များဖြင့် သတိပေးပြောကြားလိုကြောင်း-


(၁) ယခင်ရှိခဲ့သည့် ဓါတုလက်နက်အစီအစဉ်နှင့်ပတ်သက်၍ စစ်တပ်အနေဖြင့် ပွင့်လင်း မြင်သာမှု မရှိခြင်း၊သတင်းဖော်ပြချက်များအရ စစ်တပ်သည် ၁၉၈၀ ပြည့်လွန်နှစ်များက မြန်မာနိုင်ငံအလယ်ပိုင်းတောင်ဘက်တွင် ဓာတုလက်နက်ထုတ်လုပ်ရေး စက်ရုံတစ်ခု လည်ပတ်ခဲ့ကြောင်း၊ ၂၀၀၉ ခုနှစ်တွင်လည်း မြန်မာနိုင်ငံအလယ်ပိုင်း၌ အခြားစက်ရုံ တစ်ခုကို ထပ်မံတည်ဆောက်ခဲ့ကြောင်း၊ ပထမစက်ရုံက Annex I ပါ ဓာတုပစ္စည်း တစ်မျိုးဖြစ်သော sulfur mustards ကို ထုတ်လုပ်ခဲ့ကြောင်း၊ သို့သော်လည်း ယင်း အစီအစဉ်ကို စစ်တပ်က တစ်ခါမျှ ကြေညာခဲ့ဖူးခြင်းမရှိဘဲ CWC ၏ တာဝန် ဝတ္တရားများကို ချိုးဖောက်ခဲ့ကြောင်း၊ စစ်ဆေးအတည်ပြုထားသော ဖျက်ဆီးမှုမရှိသည့်အတွက် စစ်တပ်၌ ဓာတုလက်နက်လက်ကျန်ပစ္စည်းများ ပိုင်ဆိုင်မှု ရှိ၊ မရှိမှာ ဆက်လက်မေးခွန်း ထုတ်စရာ ဖြစ်နေကြောင်း၊


(၂)     စစ်အုပ်စုမှ ဓါတုပစ္စည်းများအသုံးပြုသည့်သာဓကများ မြင့်တက်လာခြင်း၊ စစ်အာဏာ မသိမ်းမီကပင် စစ်တပ်က ဓာတုပစ္စည်းများအသုံးပြုသည်ဟု သံသယဖြစ်ဖွယ် သတင်းများ ထွက်ပေါ်ခဲ့ကြောင်း၊ အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ရာဒေသများ၌ ပြင်းအားမြင့် မျက်ရည်ယိုဗုံး၊ white phosphorus နှင့်  aluminum phosphide အပါအဝင် ဓာတုပစ္စည်းများအား ကြဲဖြန့်ခဲ့ပြီးနောက် အသက်ရှူ လမ်းကြောင်းဆိုင်ရာပြဿနာ၊ rapid necrosis နှင့် ပျို့အန်ခြင်းစသည့် လက္ခဏာများ ခံစားခဲ့ရသည့် မှတ်တမ်းများရှိကြောင်း၊


(၃) ပွင့်လင်းမြင်သာမှုမရှိခြင်း၊ ရက်စက်ကြမ်းကြုတ်မှုများကို တရားမဲ့ငြင်းဆိုခြင်း၊ နိုင်ငံတကာ ဥပဒေကို လှောင်ပြောင်သရော်ခြင်းနှင့် ညှိနှိုင်းမရသော သဘောထားများသည် စစ်အာဏာရှင်များ၏မွေးရာပါသဘောသဘာဝဖြစ်ကြောင်း၊ ထို့ကြောင့် CWC အား လိုက်နာဆောင်ရွက်ခြင်း မရှိသည့် မပြီးပြတ်သေးသော ကိစ္စရပ်များအား အရပ်ဘက် ကြီးကြပ်မှုအောက်တွင်သာ ဖြေရှင်းနိုင်သည်ဟု ယုံကြည်ကြောင်း၊


(ဇ) စစ်အုပ်စုက စီစဉ်နေသော အတုအယောင် ရွေးကောက်ပွဲသည် စစ်တပ်က အရပ်သားများအပေါ် ဓာတုလက်နက်များ အသုံးပြုခြင်းအပါအဝင် ရက်စက်ကြမ်းကြုတ်မှုများစွာအတွက် အပြစ်ပေး မခံရသည့်အပြင် ဆက်လက်ကျူးလွန်နိုင်ရေး ခွင့်ပြုချက်ကို ပေးလိမ့်မည်သာဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့၏အလိမ်အညာရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ငြင်းပယ်ကန့်ကွက်ရန် နိုင်ငံတကာအသိုက်အဝန်း သို့ တိုက်တွန်းပါကြောင်း၊


(ဈ) အကြမ်းဖက်စစ်အုပ်ထံသို့ စစ်လက်နက်ပစ္စည်းများ၊ တိုက်လေယာဉ်ဆီ၊ အခြားသော အရပ်ဖက် - စစ်ဖက်နှစ်မျိုးသုံးပစ္စည်းများနှင့် ဆက်စပ်နည်းပညာများစသည့်စီးဆင်းမှုအားလုံးကို ဖြတ်တောက်ရန် အဖွဲ့ဝင်နိုင်ငံများအားလုံးကို တိုက်တွန်း တောင်းဆိုလိုကြောင်း။


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) ကို ပူးတွဲ ဖော်ပြအပ်ပါသည်။


၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့။


Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations,

at the Thematic Discussion on Other Weapons of Mass Destruction

of the First Committee at the Eightieth Session of the UN General Assembly


(New York, 22 October 2025)

Mr. Chair,

Myanmar aligns itself with the statements of ASEAN and NAM.



Mr. Chair,

Myanmar reaffirms our commitment to uphold norms against biological and chemical weapons, and underscores the importance of universalizing the BWC and the CWC.

The lack of a verification mechanism poses a challenge to the effectiveness of the BWC. Myanmar, therefore, welcomes the ongoing efforts of the Working Group in strengthening the BWC by addressing structural and operational gaps, including verification, compliance and institutional mechanisms.


Mr. Chair,

We commend the work of the OPCW and its Technical Secretariat in achieving the complete and verified destruction of all declared chemical weapons.

Despite this progress, concerns about the use of chemical weapons in many parts of the world over the past years still persist.

Myanmar strongly condemns the use of chemical weapons anywhere by anyone under any circumstances. Those responsible for their use must be held to account.


Mr. Chair,

Many chemicals under the scope of the CWC definition of chemical weapons have peaceful uses. In our view, the “dual-use” or “multiple-use” nature of chemicals has created loopholes, bound to be exploited by bad actors and dictators in conflict settings.

Unfortunately, in my country, Myanmar, dual-use, industrial chemicals have been readily misused by the military junta, especially after the illegal military coup. Against this backdrop, I wish to stress the urgency of monitoring developments in Myanmar and taking preemptive measures against the junta based on the following reasons:


First, the longstanding lack of transparency by the military junta over its past chemical weapons programme – the military was reportedly operating a chemical weapon production facility in southern-central Myanmar back in the 1980s, and constructing another one in central Myanmar in 2009. The former produced sulfur mustards - an Annex I chemical.

However, this programme under its supervision was never declared by the military, putting Myanmar in violation of its CWC obligations. In the absence of a verified destruction, the possession of a chemical weapons stockpile by the military remains open to question.


Second, growing evidence of the use of chemical agents by the military – suspected use of chemical agents by the military was sporadically reported even before the coup. Since then, multiple reports on their use by the military have emerged, including high-content tear gas, white phosphorus and aluminum phosphide in areas under the control of revolutionary forces.

Respiratory distress, rapid necrosis and nausea are some of the symptoms documented in the aftermath of their aerial dispersal.


Third and last, the inherent nature of the military junta – opacity, blatant denial of their atrocities, a mockery of international law and uncompromising attitudes are all defining characteristics of the military junta.

We believe that any pending issue on non-compliance with the CWC can only be resolved under the civilian oversight of the military.

On this note, the planned sham election by the military junta will only give the military an open license to commit more atrocities with impunity, including the use of chemical agents against civilians. I urge the international community to reject this deceitful process.


Taking this opportunity, I appeal to all Member States to cut the flow of arms, weapons, jet fuel, other dual-use items and related technologies to the military junta.


I thank you.

*****

ree
ree
ree
ree
ree
ree
ree

Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

Official website of the Permanent Mission of the Republic of the Union of Myanmar to the United Nations.

bottom of page