Statement by Ambassador Kyaw Moe Tun, at the Thematic Discussion on Other Disarmament Measures and International Security of the First Committee at the Eighty-first Session of the UN General Assembly




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Thematic Discussion on Other Disarmament Measures and International Security of the First Committee at the Eighty-first Session of the UN General Assembly, held on 23 October 2026
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
(၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ၏ “အခြားလက်နက်ဖျက်သိမ်းရေးလုပ်ငန်းစဉ်များနှင့် နိုင်ငံတကာလုံခြုံရေး” ခေါင်းစဉ်ဖြင့် ဘာသာရပ်ဆိုင်ရာဆွေးနွေးမှုတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံတွင် တရားမဝင် စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် စစ်အုပ်စု၏ တရားဥပဒေစိုးမိုးမှုအပေါ် ဖျက်ဆီးခြင်း၊ အကျင့်ပျက်ခြစားမှုများနှင့် ရာဇဝတ်မှုများ အားပေးကူညီခြင်း၊ ပူးပေါင်းပါဝင်ပတ်သက်ခြင်းတို့ကြောင့် အထူးသဖြင့် စစ်တပ်နှင့်ဆက်နွှယ်သည့် နယ်ခြားစောင့်တပ်ဖွဲ့များ ထိန်းချုပ်ထားသောဒေသများတွင် ဆိုက်ဘာနည်းပညာ အသုံးပြု၍ ကျူးလွန်သည့်ရာဇဝတ်မှုများ အပါအဝင် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ ဖြစ်ပွားရာ နေရာတစ်ခုဖြစ်လာခဲ့၊ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ အများအပြားပျံ့နှံ့လာခြင်းအပေါ် စိုးရိမ်၊
လူကုန်ကူးမှု၊ အဓမ္မခိုင်းစေမှုနှင့် ဒစ်ဂျစ်တယ်နည်းပညာများကို အလွဲသုံးစားပြုအသုံးချမှုတို့ ပါဝင်သည့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကြောင့် နိုင်ငံအများအပြားမှ ပြည်သူများထိခိုက်နစ်နာခဲ့ရပြီး ဒေသတွင်းနှင့် နိုင်ငံတကာလုံခြုံရေးတို့ကို ခြိမ်းခြောက်လျက်ရှိ၊
ယင်းရာဇဝတ်ဂိုဏ်းများဖြိုခွင်းနိုင်ရေး၊ ဆိုက်ဘာရာဇဝတ်မှုများ တိုက်ဖျက်ရေးနှင့် လူကုန်ကူးမှုနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတို့၏ သားကောင်ဖြစ်ခဲ့ရသူများကို ကာကွယ်စောင့်ရှောက်ရေးတို့အတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရေးကို ဆောင်ရွက်ကြရန် တိုက်တွန်း၊
စစ်အာဏာရှင်အုပ်စု၏ ဆက်လက်ကျူးလွန်နေသော လေကြောင်းတိုက်ခိုက်မှုများ၊ အကြမ်းဖက်မှုများနှင့် စစ်ရေးနယ်ပယ်တွင် အလွဲသုံးစားပြုအသုံးချမှုများကြောင့် အပြစ်မဲ့ ပြည်သူပေါင်း ထောင်နှင့်ချီ အသက်ဆုံးရှုံး ခဲ့ရပြီး မြန်မာပြည်သူများအနေဖြင့် ဘက်ပေါင်းစုံမှ ကြီးမားလှသော ဒုက္ခဆင်းရဲများကို ခံစားနေကြရ၊
နိုင်ငံ၏ အရင်းအမြစ်များကို စစ်ရေးစစ်ရာနှင့် ဖိနှိပ်ချုပ်ချယ်မှုများအတွက် လွှဲပြောင်းအသုံးပြု နေခြင်းသည် မြန်မာပြည်သူများ၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခွင့်အလမ်းများကို ပိုမိုဆုံးရှုံးစေလျက်ရှိ၊
စစ်ရေးစွမ်းဆောင်ရည်များနှင့် နည်းပညာဆိုင်ရာ တိုးတက်မှုများကို အလွဲသုံးစားပြု အသုံးချသည့်အခါ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် အထောက်အကူဖြစ်ရမည့်အစား ဖိနှိပ်ချုပ်ခြယ်ရေးအတွက် အသုံးချသည့် လက်နက်ဖြစ်လာကြောင်းကို မြန်မာနိုင်ငံ၏အခြေအနေက အထင်အရှားပြသနေသည့် သာဓကတစ်ရပ်ပင်ဖြစ်၊
အရပ်သားပြည်သူများကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ပြတ်သားထိရောက်သော အရေးယူဆောင်ရွက်မှုများကို အရေးတကြီး အမြန်ဆုံးဆောင်ရွက်ရန် လိုအပ်နေသည်ကို တိုက်တွန်းပြောကြားလိုပါကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၃ ရက်)
၁။ (၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ (ပထမကော်မတီ)၏ ဘာသာရပ်ဆိုင်ရာဆွေးနွေးမှုအစီအစဉ်မှ “အခြားလက်နက်ဖျက်သိမ်းရေးလုပ်ငန်းစဉ်များနှင့် နိုင်ငံတကာလုံခြုံရေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်နေ့မှ (၂၃) ရက်နေ့ အထိ ပြုလုပ်ခဲ့ပါသည်။
၂။ အဆိုပါ ဆွေးနွေးမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ အောက်တိုဘာလ (၂၃) ရက်နေ့တွင် ပါဝင်မိန့်ခွန်းပြောကြားခဲ့ပါသည်။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ်မှပြောကြားရာတွင်အောက်ပါအချက်များအဓိကပါဝင်ပါသည်-
(က) ပထဝီနိုင်ငံရေးတင်းမာမှုများမြင့်တက်လာနေပြီး လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုအသစ်များနှင့် ရင်ဆိုင်နေရသည့် ယခုလိုအချိန်အခါမျိုးတွင် လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေး ဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံအားလုံး၏ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရေး သည် အလွန်အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လက်နက်ဖျက်သိမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးသည် အပြန်အလှန်အထောက်အကူပြုလျက်ရှိသည်ကို အပြည့်အဝယုံကြည်ကြောင်း၊
(ခ) စစ်ရေးအသုံးစရိတ်များအတွက် အများအပြားတိုးမြှင့်သုံးစွဲနေကြသည့် အရင်းအမြစ်များကို ဆင်းရဲနွမ်းပါးမှုပပျောက်ရေး၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လွှဲပြောင်းအသုံးပြုသင့်ကြောင်း၊
(ဂ) လက်နက်ဖျက်သိမ်းရေးသည် လူသားလုံခြုံရေးနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးတို့ အတွက် အထောက်အကူပြုစေရန် ထပ်မံအတည်ပြုထားသည့် လက်နက်ဖျက်သိမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့အကြား ဆက်နွယ်မှုဆိုင်ရာ ကုလသမဂ္ဂအထွေထွေညီလာခံဆုံးဖြတ်ချက်အမှတ် ၈၀/၂၅ အား မြန်မာနိုင်ငံအနေဖြင့် ကြိုဆိုကြောင်း၊
(ဃ) ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence – AI) နှင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများ (Information and Communications Technologies – ICTs) လျင်မြန်စွာတိုးတက်လာခြင်းသည် နိုင်ငံတကာလုံခြုံရေးအတွက် အခွင့်အလမ်းများ ဖြစ်ပေါ်စေသကဲ့သို့ စိန်ခေါ်မှုများကို တစ်ပြိုင်နက်တည်း ဖြစ်ပေါ်စေလျက်ရှိပါကြောင်း၊
(င) စစ်ဘက်ဆိုင်ရာနယ်ပယ်တွင် ဉာဏ်ရည်တု နည်းပညာအသုံးပြုမှုဆိုင်ရာ ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် ၈၀/၅၈ နှင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာလုံခြုံရေးဆိုင်ရာ ကုလသမဂ္ဂ၏ကမ္ဘာလုံးဆိုင်ရာယန္တရား (UN Global Mechanism on ICT Security) ဖွဲ့စည်းတည်ထောင်ခြင်းတို့ အပါအဝင် အဆိုပါစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ပထမကော်မတီ၏ဆက်လက်ကြိုးပမ်းဆောင်ရွက်မှုများကို မြန်မာနိုင်ငံအနေဖြင့်ကြိုဆိုကြောင်း၊
(စ) ဆိုက်ဘာနယ်ပယ်တွင် နိုင်ငံများ၏ တာဝန်သိမှုနှင့် နိုင်ငံတကာလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာဥပဒေ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေတို့ အပါအဝင် နိုင်ငံတကာ ဥပဒေများအား လိုက်နာကျင့်သုံးရန် အလွန်အရေးကြီးသည်ကို အလေးထား ပြောကြားလိုပါကြောင်း၊ ဆိုက်ဘာနည်းပညာကိုအသုံးပြု၍ လိမ်လည်မှုများ ကျူးလွန်လာခြင်းသည် ဒေသတွင်း လုံခြုံရေးကို ခြိမ်းခြောက်လာသည့် အန္တရာယ်တစ်ရပ် ဖြစ်လာကြောင်း၊
(ဆ) မြန်မာနိုင်ငံတွင် တရားမဝင်စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် စစ်အုပ်စု၏ တရားဥပဒေစိုးမိုးမှုအပေါ် ဖျက်ဆီးခြင်း၊ အကျင့်ပျက်ခြစားမှုများနှင့် ရာဇဝတ်မှုများ အားပေးကူညီခြင်း၊ ပူးပေါင်းပါဝင်ပတ်သက်ခြင်းတို့ကြောင့် အထူးသဖြင့် စစ်တပ်နှင့်ဆက်နွယ်သည့် နယ်ခြားစောင့် တပ်ဖွဲ့များ ထိန်းချုပ်ထားသောဒေသများတွင် ဆိုက်ဘာနည်းပညာ အသုံးပြု၍ ကျူးလွန်သည့်ရာဇဝတ်မှုများအပါအဝင် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ ဖြစ်ပွားရာ နေရာတစ်ခု ဖြစ်လာခဲ့ကြောင်း၊ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ အများအပြား ပျံ့နှံ့လာခြင်းအပေါ် စိုးရိမ်ကြောင်း၊
(စျ) လူကုန်ကူးမှု၊ အဓမ္မခိုင်းစေမှုနှင့် ဒစ်ဂျစ်တယ်နည်းပညာများကို အလွဲသုံးစားပြု အသုံးချမှုတို့ ပါဝင်သည့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကြောင့် နိုင်ငံအများအပြားမှ ပြည်သူများထိခိုက် နစ်နာခဲ့ရပြီး ဒေသတွင်းနှင့် နိုင်ငံတကာလုံခြုံရေးတို့ကို ခြိမ်းခြောက်လျက်ရှိပါကြောင်း၊
(ည) ယင်းရာဇဝတ်ဂိုဏ်းများ ဖြိုခွင်းနိုင်ရေး၊ ဆိုက်ဘာရာဇဝတ်မှုများ တိုက်ဖျက်ရေးနှင့် လူကုန်ကူးမှုနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတို့၏ သားကောင်ဖြစ်ခဲ့ရသူများကို ကာကွယ်စောင့်ရှောက်ရေး တို့အတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရေးကို ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း၊
(ဋ) စစ်အုပ်စုသည် မြန်မာပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်အုပ်ချုပ်ရန်အတွက် ၎င်း၏စစ်အင်အားနှင့် စစ်ရေးယန္တရားများကိုလက်နက်သဖွယ် အသုံးပြုလျက်ရှိကြောင်း၊ စစ်အာဏာရှင်အုပ်စု၏ ဆက်လက်ကျူးလွန်နေသောလေကြောင်းတိုက်ခိုက်မှုများ၊ အကြမ်းဖက်မှုများနှင့် စစ်ရေးနယ်ပယ်တွင် အလွဲသုံးစားပြုအသုံးချမှုများကြောင့် အပြစ်မဲ့ပြည်သူပေါင်း ထောင်နှင့်ချီ အသက်ဆုံးရှုံးခဲ့ရပြီး မြန်မာပြည်သူများအနေဖြင့် ဘက်ပေါင်းစုံမှ ကြီးမားလှသော ဒုက္ခဆင်းရဲများကို ခံစားနေကြရကြောင်း၊
(ဌ) နိုင်ငံ၏ အရင်းအမြစ်များကို စစ်ရေးစစ်ရာနှင့် ဖိနှိပ်ချုပ်ချယ်မှုများအတွက် လွှဲပြောင်းအသုံးပြုနေခြင်းသည် မြန်မာပြည်သူများ၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခွင့်အလမ်းများကို ပိုမိုဆုံးရှုံးစေလျက်ရှိကြောင်း၊
(ဍ) စစ်ရေးစွမ်းဆောင်ရည်များနှင့် နည်းပညာဆိုင်ရာတိုးတက်မှုများကို အလွဲသုံးစားပြုအသုံးချ သည့်အခါ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက်အထောက်အကူဖြစ်ရမည့်အစား ဖိနှိပ်ချုပ်ချယ် ရေးအတွက် အသုံးချသည့်လက်နက်ဖြစ်လာကြောင်းကို မြန်မာနိုင်ငံ၏ အခြေအနေက အထင်အရှား ပြသနေသည့် သာဓကတစ်ရပ်ပင် ဖြစ်ကြောင်း၊
(ဎ) သို့ဖြစ်ရာ အရပ်သားပြည်သူများကိုကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ပြတ်သားထိရောက်သော အရေးယူဆောင်ရွက်မှုများကို အရေးတကြီး အမြန်ဆုံးဆောင်ရွက်ရန် လိုအပ်နေသည်ကို တိုက်တွန်းပြောကြားလိုပါကြောင်း။
၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၃ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖွဲရုံး၊ နယူးယောက်မြို့။
Please check against delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations,
at the Thematic Discussion on Other Disarmament Measures and International Security of the First Committee
at the Eighty-first Session of the UN General Assembly
(New York, 23 October 2026)
Mr. Chair,
Myanmar aligns itself with the statements of ASEAN and the NAM.
Mr. Chair,
At a time of growing geopolitical tensions and emerging security challenges, strengthening multilateral cooperation on disarmament and international security remains essential.
Myanmar believes that disarmament and development are mutually reinforcing. Resources devoted to excessive military expenditures should instead be directed towards poverty eradication, education, healthcare and sustainable development.
In this regard, Myanmar welcomes General Assembly resolution 80/25 on the relationship between disarmament and development, reaffirming the importance of ensuring that disarmament contributes to human security and sustainable peace.
Mr. Chair,
Rapid advancements in artificial intelligence and information and communications technologies (ICTs) present both opportunities and challenges to international security.
Myanmar welcomes the continued efforts of the First Committee in addressing these challenges, including General Assembly resolution 80/58 on artificial intelligence in the military domain and the establishment of the UN Global Mechanism on ICT security.
We underscore the importance of responsible State behaviour in cyberspace and compliance with international law, including international humanitarian law and international human rights law.
Mr. Chair,
Cyber-enabled scams have emerged as a growing threat to regional security.
Since the illegal military coup in Myanmar, the military junta’s dismantling of rule of law, corruption and aiding and abetting, Myanmar has become a safe haven for transnationl crimes including cyber-enabled crimes, especially in the areas controlled by the military affiliated border guard forces.
We remain deeply concerned about the proliferation of online scam operations.
These transnational criminal activities, involving human trafficking, forced labour and the exploitation of digital technologies, have victimized people from numerous countries and pose serious threats to regional and international security.
We therefore call for stronger international cooperation to dismantle such networks, combat cyber crimes and protect victims of trafficking and exploitation.
Mr. Chair,
The military junta has continued to use its military apparatus as an instrument of brutal repression against the people of Myanmar.
Its continued aerial attacks, widespread violence and misuse of military capabilities have claimed thousands of innocent lives and inflicted immense multidimensional human suffering.
The diversion of national resources towards military operations and repression has further deprived the people of Myanmar of opportunities for peace and development.
The situation in Myanmar serves as a stark reminder that military capabilities and technological advancements, when misused, can become instruments of repression rather than tools for peace and security. We therefore emphasize the urgent need for decisive action by the international community to protect civilians.
I thank you.
*****










