top of page
  • Facebook Social Icon

Statement by Ambassador Kyaw Moe Tun, at the Thematic Discussion on Other Disarmament Measures and International Security of the First Committee at the Eightieth Session of the UN General Assembly

  • Writer: Myanmar Mission To UN
    Myanmar Mission To UN
  • Oct 27
  • 5 min read
ree
ree
ree

Statement by Ambassador Kyaw Moe Tun, Permanent Representative ofthe Republic of the Union of Myanmar to the United Nations, at the Thematic Discussion on Other Disarmament Measures and International Security of the First Committee at the Eightieth Session of the UN General Assembly held on 27 October 2025

[Below Myanmar Text]

သတင်းအဖြစ်ထုတ်ပြန်ချက်


အကြိမ် (၈၀) မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ (ပထမကော်မတီ) ၏ “အခြားလက်နက်ဖျက်သိမ်းရေးလုပ်ငန်းစဉ်များနှင့် နိုင်ငံတကာလုံခြုံရေး” ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ဆွေးနွေးမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က

မြန်မာနိုင်ငံ၌ တရားမဝင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုနှင့် ၎င်းတို့ ၏ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တို့သည် ICT ကို အသုံးပြု၍ ဘေးဖြစ်စေမည့် လုပ်ငန်းများကို ကျူးလွန်လျက်ရှိ၊

‌ဒီဂျစ်တယ်အာဏာရှင်စနစ်ကို တည်ဆောက်ခြင်း၊ ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းစင်တာများ တိုးပွားလာခြင်း တို့ကို စိုးရိမ်ဖွယ် ရင်ဆိုင်နေရ၊

ထိုအွန်လိုင်းလိမ်လည်မှု၏ သားကောင်များသည် ကမ္ဘာတစ်ဝှမ်းမှဖြစ်ပြီး၊ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရကာ အသက်သေဆုံးသည်အထိ ဖြစ်ရခြင်း၊ အဓမ္မအလုပ်ခိုင်းစေခံရခြင်းနှင့် လူကုန်ကူးခံရခြင်းတို့နှင့် ရင်ဆိုင်ကြရ၊

စိတ်မချမ်းမြေ့စရာပင် မြန်မာနိုင်ငံမှ စတင်လာသော ဤအွန်လိုင်းလိမ်လည်မှုသည် ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် ကြီးမားသော သက်ရောက်မှုများရှိနေ၊

စစ်အုပ်စုကိုယ်တိုင် ပါဝင်ပတ်သက်နေသည့် ဤဆိုက်ဘာလိမ်လည်မှု စင်တာများ၏ ပြဿနာကို ရေရှည် တည်မြဲ၍ ထိရောက်စွာ ဖြေရှင်းရန် စစ်အုပ်စုအနေဖြင့် ဆောင်ရွက်နိုင်ခြင်း မရှိသည်မှာ အလွန်ရှင်းလင်းနေ၊

ဤအခြေအနေမျိုးတွင် စစ်အုပ်စုက စီစဉ်နေသည့် အတုအယောင် ရွေးကောက်ပွဲသည် အကြမ်းဖက်မှုများကို ပိုမိုကြာရှည်စေမည်၊ ဆိုက်ဘာမှုခင်းများ ပိုမိုဆိုးရွားလာ၍  ဒေသတွင်းနှင့် ဒေသတွင်းကျော်၍ မတည်ငြိမ်မှုများကို ပိုမိုဆိုးရွားစေမည်ဖြစ်၊

စစ်အုပ်စု၏ ဤလှည့်ဖြားသည့် လုပ်ငန်းစဉ်ကို ပြတ်ပြတ်သားသား ပယ်ချရန် နိုင်ငံတကာ အသိုက်အဝန်းကို တိုက်တွန်းပါကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်)


၁။ အကြိမ် (၈၀) မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာ လုံခြုံရေးကော်မတီ(ပထမကော်မတီ)၏ “အခြား လက်နက်ဖျက်သိမ်းရေး လုပ်ငန်းစဉ်များနှင့် နိုင်ငံတကာလုံခြုံရေး”ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုအစီအစဉ်ကို ၂၇-၁၀-၂၀၂၅ရက်(တနင်္လာနေ့)၊ မွန်းလွဲ ပိုင်း၌ ပြုလုပ်ခဲ့ရာ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ တက်ရောက်၍ မိန့်ခွန်း ပြောကြားခဲ့ပါသည်။


၂။ မြန်မာအမြဲတမ်းကိုယ်စားလှယ်ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အောက်ဖော်ပြပါ အဓိကအချက်များ ပါဝင်ပါသည်-

(က) တိုးတက်ပြောင်းလဲနေသော ဆိုက်ဘာခြိမ်းခြောက်မှုများ၊ ယင်းတို့၏ ရှုပ်ထွေး၊ လျင်မြန်မှုများ အပြင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) ကို ဘေးဖြစ်စေမည့် အသုံး ပြုမှုများသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို သိသာထင်ရှားစွာ ခြိမ်းခြောက်လျက် ရှိကြောင်း၊ ဤနောက်ခံအခြေအနေအရ လုံခြုံစိတ်ချရပြီး ငြိမ်းချမ်းသောဆိုက်ဘာ နယ်ပယ်တစ်ခု ထိန်းသိမ်းထားရန်အတွက် စိန်ခေါ်မှုများကိုဖြေရှင်းရာတွင် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုက အရေးတကြီး လိုအပ်ကြောင်း၊

(ခ) တစ်ချိန်တည်းမှာပင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏လိုအပ်ချက်များနှင့်ကိုက်ညီသော ICT လုံခြုံရေးဆိုင်ရာ စွမ်းရည်တည်ထောင်မှုများကို လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ စင်ကာပူအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး Mr. Burhan သဘာပတိအဖြစ် ဆောင်ရွက်သော သတင်းအချက် အလက်နှင့် နည်းပညာအား လုံခြုံစွာအသုံးပြုမှုဆိုင်ရာလုပ်ငန်းအဖွဲ့ (OEWG) (၂ဝ၂၁−၂၀၂၅) ၏ နောက်ဆုံးအစီရင်ခံစာအား တူညီဆန္ဒဖြင့် ထုတ်ပြန်နိုင်ခဲ့ခြင်းကို ကြိုဆိုကြောင်း၊

(ဂ) မြန်မာနိုင်ငံသည် ကမ္ဘာတစ်ဝန်းရှိ ပြည်သူများကို အကျိုးပြုမည့် ပွင့်လင်းပြီး ဘေးကင်း လုံခြုံ စိတ်ချရသည့် ငြိမ်းချမ်းသောဆိုက်ဘာရပ်ဝန်းတစ်ခု ပေါ်ပေါက်လာစေရန် ဆက်လက် ဆန္ဒပြု ကြောင်း၊  သို့သော် မြန်မာနိုင်ငံ၌ တရားမဝင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုနှင့် ၎င်းတို့ ၏ လက်အောက်ခံနယ်ခြားစောင့်တပ်ဖွဲ့ (BGF) တို့သည် ICT ကို အသုံးပြု၍ ဘေးဖြစ်စေမည့် လုပ်ငန်းများကို ကျူးလွန်လျက်ရှိကြောင်း၊

(ဃ) ယင်း၏ အကျိုးဆက်အနေဖြင့် မြန်မာနိုင်ငံတွင် အောက်ဖော်ပြပါ စိုးရိမ်ဖွယ်ရာ အခြေအနေ နှစ်ရပ် ပေါ်ပေါက်လာခဲ့ကြောင်း-

(၁) ဒီဂျစ်တယ် အာဏာရှင်စနစ်ကို တည်ဆောက်ခြင်း၊ အကြမ်းဖက်စစ်အုပ်စုသည် ဒီဂျစ်တယ်နှင့် ဆက်သွယ်ရေးဆိုင်ရာ အခြေခံ အဆောက်အအုံများကို မတရား ထိန်းချုပ် ထားပြီး အင်တာနက်နှင့် ဖုန်းဝန်ဆောင်မှုများကို ဆိုင်းငံ့ထားခြင်း၊ လူမှု ကွန်ယက်များကို ပိတ်ဆို့ထားခြင်းနှင့် ၎င်းတို့နှင့် အမြင်မတူသူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက် များအား ပေးအပ်ရန် ICT ဝန်ဆောင်မှုလုပ်ငန်းရှင်များအပေါ် အဓမ္မဖိအားပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ စစ်အုပ်စု၏ ဒီဂျစ်တယ်စောင့်ကြည့်ရေး လုပ်ငန်း၏ တစ်စိတ်တစ်ပိုင်း အဖြစ် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ကြသူများနှင့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကို ခြေရာခံကာ ဖမ်းဆီးရန်အတွက် Personal Scrutinization and Monitoring System ကို မကြာသေးမီက အသုံးပြုခဲ့ကြောင်း၊ မြန်မာနိုင်ငံရှိ ဆိုက်ဘာရပ်ဝန်းသည်စစ်အုပ်စု၏ စောင့်ကြည့်ရေး စုစည်းမှုနေရာအဖြစ် သို့ ပြောင်းလဲသွားခဲ့ကြောင်း၊

(၂) ဆိုက်ဘာလိမ်လည်မှု လုပ်ငန်းစင်တာများ တိုးပွားလာခြင်း၊ နယ်စပ်ဖြတ်ကျော် ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းများတွင် လိမ်လည်သူများသည် စာတိုများ၊ messaging apps များ ထုတ်လုပ်နိုင်သော Generative AI နှင့် Deepfake နည်းပညာများကို အသုံးပြုကာ သားကောင်များကို သွေးဆောင်ပြီး ဆိုက်ဘာလိမ်လည်မှုများ ကျူးလွန် လျက်ရှိကြောင်း၊ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏ လက်အောက်ခံ BGF တို့သည်  ရာဇဝတ်ဂိုဏ်းလုပ်ငန်းများကို လွယ်ကူချောမွေ့စေပြီး လုံခြုံသည့်ခိုလှုံရာများ ဖန်တီးပေးနေကြကြောင်း၊

(င) ထိုအွန်လိုင်းလိမ်လည်မှု၏ သားကောင်များသည် ကမ္ဘာတစ်ဝှမ်း မှဖြစ်ပြီး၊ ညှဉ်းပန်းနှိပ်စက်ခြင်း ကို ခံရကာ အသက်သေဆုံးသည်အထိ ဖြစ်ရခြင်း၊ အဓမ္မအလုပ်ခိုင်းစေခံရခြင်းနှင့် လူကုန်ကူးခံရ ခြင်းတို့နှင့် ရင်ဆိုင်ကြရကြောင်း၊ လူငယ်အမျိုးသားနှင့် အမျိုးသမီးပေါင်း ၁ သိန်းကျော်သည် ကျားဖြန့်စခန်းများသို့ လူကုန်ကူးခံရပြီး အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ရန် အတင်းအကျပ် ခိုင်းစေခံနေရကြောင်း၊ အများအားဖြင့် အဆင့်မြင့် AI ကို အသုံးပြု၍ နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀ နီးပါး ရရှိနေကြောင်း၊ စိတ်မချမ်းမြေ့စရာပင် မြန်မာနိုင်ငံမှ စတင်လာသော ဤအွန်လိုင်းလိမ်လည်မှုသည် ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် ကြီးမားသော သက်ရောက်မှုများရှိနေကြောင်း၊

(စ) ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းများ၏ ရင်းမြစ်ကို ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်ခြင်းနှင့် သက်ဆိုင်သူများနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှု မရှိခြင်းတို့သည် မြန်မာနိုင်ငံ၏ အရှေ့ မြောက်ဘက်နယ်စပ်မှ ကျားဖြန့်စင်တာများသည် အရှေ့တောင်ဘက်နယ်စပ်သို့ ရွှေ့ပြောင်းလာ ကြပြီး၊ အဆိုပါ အရှေ့မြောက်ဒေသတွင် ခေတ္တသက်သာရာ ရမှုသာ ဖြစ်မည်ဖြစ်ကြောင်း၊ စစ်အုပ်စုကိုယ်တိုင် ပါဝင်ပတ်သက်နေသည့် ဤဆိုက်ဘာလိမ်လည်မှုစင်တာများ၏ ပြဿနာကို ရေရှည်တည်မြဲ၍ ထိရောက်စွာ ဖြေရှင်းရန် စစ်အုပ်စုအနေဖြင့် ဆောင်ရွက်နိုင်ခြင်း မရှိသည်မှာ အလွန်ရှင်းလင်းနေကြောင်း၊

(ဆ) အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မဟာမိတ်ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများ သည် ဆိုက်ဘာမှုခင်းများနှင့် လူအချင်းချင်းခေါင်းပုံဖြတ်မှုများ တိုးပွားလာနေသော အကျပ်အတည်းကို တိုက်ဖျက်ရေးလုပ်ငန်းများတွင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိသည်ကို ယခုနှစ် ဇန်နဝါရီလက ထုတ်ပြန်ချက် ထုတ်ပြန်ထားကြောင်း၊

(ဇ) ဤအခြေအနေမျိုးတွင် စစ်အုပ်စုက စီစဉ်နေသည့် အတုအယောင် ရွေးကောက်ပွဲသည် အကြမ်းဖက်မှုများကို ပိုမိုကြာရှည်စေမည်၊ ဆိုက်ဘာမှုခင်းများ ပိုမိုဆိုးရွားလာ၍ ဒေသတွင်းနှင့် ဒေသတွင်းကျော်၍ မတည်ငြိမ်မှုများကို ပိုမိုဆိုးရွားစေမည်ဖြစ်ကြောင်း၊

(ဈ) ထို့ကြောင့် စစ်အုပ်စု၏ ဤလှည့်ဖြားသည့် လုပ်ငန်းစဉ်ကို ပြတ်ပြတ်သားသား ပယ်ချရန် နိုင်ငံတကာ အသိုက်အဝန်းကို တိုက်တွန်းပါကြောင်း။


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။

 

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against delivery

Statement by Ambassador Kyaw Moe Tun, Permanent Representative ofthe Republic of the Union of Myanmar to the United Nations,

at the Thematic Discussion on Other Disarmament Measures and International Security of the First Committee at the Eightieth Session of the UN General Assembly


(New York, 27 October 2025)

Mr. Chair,

Myanmar aligns itself with the statements of ASEAN and NAM.


Mr. Chair,

Evolving cyber threats, their growing complexity and agilityas well as the malicious use of information and communications technologies (ICT) posesignificant threats to international peace and security. Against this backdrop, Myanmar underscores the urgency for international cooperation in addressing these challenges to maintain a secure and peaceful cyber space.

At the same time, we emphasizethe need to tailor ICT security capacity-building to the needs of developing countries.

Myanmar welcomes the adoption by consensus of the Final Report of the Open-Ended Working Group (OEWG) on security of and in the use of ICT (2021-2025), under the Chairmanship of Ambassador Burhan of Singapore.

Mr. Chair,

Myanmar remains committed to fostering an open, safe, secureand peaceful cyberspace that benefits the well-being of the people around the globe. Unfortunately, in my country, Myanmar, malicious ICT activites have been perpetrated by the military junta, and its affiliated militia, the Border Guard Forces (BGF),especially after the illegal military coup.

Consequently, two alarming scenarios have emerged in Myanmar:

First, establishment of a digital dictatorship– the military junta has forcefully taken control of the digital and telecommunications infrastructure, suspended internet and mobile services, blocked social media and coerced ICT providers to hand over personal data of individual dissenters.

The junta recently deploys the Personal Scrutinization and Monitoring System, as part of their invasive digital surveillance tools, to track and arrest members of the Civil Disobedience Movement and  human rights defenders.

The cyber space in Myanmar is transformed into a mass surveillance aggregation by the military junta.

Second, proliferation of cyber scam centers– this transnational cyber-scam industry involves scammers using texts, messaging apps, generative artificial intelligence and deepfake technology to lure victims and commit cyberfraud.

I wish to stress that the military junta, along with its affiliated BGF, are creating safe havens for criminal syndicates in the first place by facilitating their operations and providing security for them.

Victims of this online scam across the world are subjected to torture, sometime even to death, forced labor and human trafficking.

Up to 100,000 young men and women have been trafficked to the scam compounds and forced to commit online scams, generating nearly US $40 billion annually, often utilizing advanced AI tools for fraud.

The online scam originated in Myanmar sadly has big impacts on the regional and international peace and security.

Failures to address the root causes of these highly-adaptive cyber-scam operations and the lack of inclusive cooperation with relevent stakeholders have only resulted inshort-term respite, after which scam centers from the northeast border of Myanmar shifted to its southeast border.

It is crystal clear that the military junta is not part of any sustainable solution to thebranching of thesecyber scam centersthat are rooted in the junta itself.

Against this backdrop, the National Unity Government and allied federal democratic forces, in their statement in January this year, expressed their readiness to cooperate with international efforts, and work towards the restoration of justice and democratic governance while combatting the escalating crisis of cybercrimes and human exploitation.

Mr. Chair,

In light of these cirumstances, the planned sham election by the military junta will furtherprolong violence, exacerbate cyber criminal activities and instability in the region and beyond, from the continued malicious use of ICT by the same actors.

Therefore, I urge the international community to categorically reject this deceitful process.

I thank you.

*****

ree
ree
ree
ree
ree
ree
ree

Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

Official website of the Permanent Mission of the Republic of the Union of Myanmar to the United Nations.

bottom of page