Statement by Ambassador Kyaw Moe Tun, at the Thematic Discussion on Nuclear Weapons of the First Committee at the Eightieth Session of the UN General Assembly
- Myanmar Mission To UN
- 2 days ago
- 4 min read



Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Thematic Discussion on Nuclear Weapons of the First Committee at the Eightieth Session of the UN General Assembly, held on 21 October 2025
[Below Myanamr Text]
သတင်းထုတ်ပြန်ချက်
အကြိမ်(၈၀)မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ လက်နက်ဖျက်သိမ်းရေးနှင့်နိုင်ငံတကာလုံခြုံရေးကော်မတီ (ပထမကော်မတီ) ၏ နျူကလီးယားလက်နက်ဖျက်သိမ်းရေးဘာသာရပ် မူဝါဒရေးရာ ဆွေးနွေးပြောကြားမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အကြမ်းဖက်စစ်အုပ်စုမှ အရပ်သားများအပေါ် ရာဇဝတ်မှုများနှင့် ပစ်မှတ်ခွဲခြားခြင်းမရှိသည့် လေကြောင်း တိုက်ခိုက်မှုများ တိုးမြှင့်ကျူးလွန်လာနေချိန်တွင် စစ်အုပ်စုက နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် နိုင်ငံတစ်နိုင်ငံနှင့် ပူးပေါင်း၍ “နျူကလီးယားစွမ်းအင် အစီအစဉ်” ဟု အမည်တပ်ဆောင်ရွက်နေမှုအပေါ် အလေးအနက် စိုးရိမ်၊
နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရန်ဟူသော အယူအဆသည် အကြမ်းဖက်စစ်အုပ်စုနှင့် အပြန်အလှန် ဆန့်ကျင်ဘက်ဖြစ်၊
အပန်းဖြေရာတွင် အသုံးပြုသည့် ပါရာမော်တာများကိုပင် အရပ်သားများအပေါ်လက်နက်အဖြစ် အသုံးပြုသည့်စစ်တပ်သည် နျူကလီးယားစွမ်းအင်ကိုလည်းလက်နက်အဖြစ်အသုံးပြုလိမ့်မည်ဖြစ်၊
စစ်အုပ်စုမှ ပြုလုပ်ရန် စီစဉ်နေသည့် အတုအယောင်၊ အလိမ်အညာရွေးကောက်ပွဲကို ပံ့ပိုးမည့် မည်သည့် နိုင်ငံတကာအထောက်အပံ့ သို့မဟုတ် အကူအညီပေးမှုများသည် စစ်အုပ်စု၏ အန္တရာယ်ရှိသော နျူကလီးယား ရည်မှန်းချက်များအကောင်အထည်ဖော်နိုင်ရန် တစ်ဆင့်တိုး၍ နီးကပ်သွားစေမည်ဖြစ်ကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်)
၁။ အကြိမ်(၈၀)မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာ လုံခြုံရေးကော်မတီ(ပထမကော်မတီ)၏ နျူကလီးယားလက်နက်ဖျက်သိမ်းရေးဘာသာရပ်မူဝါဒရေးရာ ဆွေးနွေးပြောကြားမှုအစီအစဉ်ကို ၂၁-၁၀-၂၀၂၅ ရက် (အင်္ဂါနေ့) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးမှု အစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း မှ ပါဝင် မိန့်ခွန်းပြောကြားခဲ့ပါသည်။
၂။ မြန်မာအမြဲတမ်းကိုယ်စားလှယ်ပြောကြားခဲ့သည့်မိန့်ခွန်းတွင်အောက်ပါအဓိကအချက်များပါဝင်ပါသည်-
(က) မတော်တဆဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ၊ ရည်ရွယ်ချက်ရှိရှိဖြစ်စေ နျူကလီးယားလက်နက်ကို တစ်ကြိမ်တစ်ခါမျှ အသုံးပြုလိုက်သည်နှင့် လူနှင့် သဘာဝပတ်ဝန်းကျင်အပေါ် လွန်စွာပျက်စီး ဆုတ်ယုတ်စေမည့်အကျိုးဆက်များ ဖြစ်လာနိုင်ကြောင်း၊ ထို့ကြောင့် နျူကလီးယားလက်နက် အသုံးပြုခြင်းမှ ကာကွယ်နိုင်ရေး တစ်ခုတည်းသောအာမခံချက်မှာ ၎င်းတို့ကို လုံးဝဖျက်သိမ်းရန်သာဖြစ်သည်ဆိုသော မြန်မာနိုင်ငံ၏ ရပ်တည်ချက်ကို ခိုင်မာစွာ ထပ်လောင်းပြောကြားလိုကြောင်း၊
(ခ) အဆိုပါရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရန် မြန်မာနိုင်ငံသည် “နျူကလီးယားလက်နက် ဖျက်သိမ်းရေး” ခေါင်းစဉ်ဖြင့် ဆုံးဖြတ်ချက်အဆိုမူကြမ်းတစ်ရပ်ကို တင်သွင်းထားကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အဆိုပါအဆိုမူကြမ်းကို ထောက်ခံရန်၊ ပူးတွဲအဆိုရှင်အဖြစ် ပါဝင်ကြရန် မေတ္တာ ရပ်ခံပါကြောင်း၊
(ဂ) နျူကလီးယားလက်နက်ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေး၏ အခြေခံအုတ်မြစ်ဖြစ်သော နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ် (NPT) ၏ ဂုဏ်သိက္ခာနှင့် အနှစ်သာရကို မိမိတို့ အားလုံး၏ စုပေါင်းလုံခြုံရေးအကျိုးစီးပွားတစ်ခုအဖြစ် ထိန်းသိမ်းစောင့်ရှောက်ရန် ဖြစ်ကြောင်း၊ ၂၀၂၆ ခုနှစ် ပြန်လည်သုံးသပ်ရေးညီလာခံ၌ အဓိပ္ပာယ်ပြည့်ဝသော သဘောတူညီမှု ရလဒ်တစ်ရပ် ရရှိရန် မိမိတို့၏ ကြိုးပမ်းအားထုတ်မှုများကို နှစ်ဆတိုးမြှင့်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊
(ဃ) နျူကလီးယားလက်နက်စမ်းသပ်ပိတ်ပင်မှုဆိုင်ရာစာချုပ် (CTBT) ကို အတည်မပြုရသေးသော နိုင်ငံများအားလုံး၊ အထူးသဖြင့် နောက်ဆက်တွဲ ၂ ပါ နိုင်ငံများအနေဖြင့် အဆိုပါ စာချုပ် အသက်ဝင်ရေးအတွက် နှောင့်နှေးကြန့်ကြာမှုမရှိဘဲ အတည်ပြုကြရန် တောင်းဆိုပါကြောင်း၊
(င) နျူကလီးယားလက်နက်တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ် (TPNW) သည် NPT ကို ပံ့ပိုး သည်ဟု ယုံကြည်ပြီး လာမည့်နှစ်တွင် ၎င်း၏ပထမဆုံးသုံးသပ်ရေးညီလာခံကျင်းပရန် ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း၊
(စ) အရှေ့တောင်အာရှ နျူကလီးယားလက်နက်ကင်းမဲ့ဇုန်စာချုပ်အဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ အနေဖြင့် နျူကလီးယားလက်နက်ကင်းမဲ့ဇုန်များ(NWFZs)သည် နျူကလီးယားလက်နက်များကို ဆန့်ကျင်သည့် ကမ္ဘာလုံးဆိုင်ရာစံနှုန်းများကို ပိုမိုခိုင်မာအောင်ပံ့ပိုးပေးနိုင်သည်ဟု ယုံကြည်ပါ ကြောင်း၊ စာချုပ်ကို ပါဝင်လက်မှတ်ရေးထိုးမည့် တီမောလက်စ်တေနိုင်ငံအား ကြိုဆိုပါကြောင်း၊
(ဆ) မြန်မာနိုင်ငံသည် ရွေးကောက်ခံအရပ်သားအစိုးရ လက်ထက်၌ TPNW၊ နျူကလီးယား ဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ ကွန်ဗင်းရှင်း (CNS)၊ နျူကလီးယားပစ္စည်းများ ရုပ်ပိုင်းဆိုင်ရာကာကွယ်စောင့်ရှောက်ရေးဆိုင်ရာကွန်ဗင်းရှင်း (CPPNM) နှင့် CTBT တို့ကို အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြောင်း၊
(ဇ) TPNW ကို အတည်ပြုရန်၊ IAEA ၏ နောက်ဆက်တွဲစာချုပ်ကိုအသက်ဝင်စေရန်နှင့် Modified Small Quantity Protocol-MSQP ကို လိုက်နာမည့် မိမိတို့၏အစီအစဉ်အားလုံးသည် ၂၀၂၁ ခုနှစ် တရားမဝင်အကြမ်းဖက်စစ်အာဏာသိမ်းမှုကြောင့်ပျက်စီးသွားခဲ့ရကြောင်း၊
(ဈ) အကြမ်းဖက်စစ်အုပ်စုမှ အရပ်သားများအပေါ် ရာဇဝတ်မှုများနှင့် ပစ်မှတ်ခွဲခြားခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများတိုးမြှင့်ကျူးလွန်လာနေချိန်တွင် စစ်အုပ်စုက နျူကလီးယား လက်နက် ပိုင်ဆိုင်သည့် နိုင်ငံတစ်နိုင်ငံနှင့်ပူးပေါင်း၍ “နျူကလီးယားစွမ်းအင် အစီအစဉ်” ဟု အမည်တပ် ဆောင်ရွက်နေမှုအပေါ် အလေးအနက် စိုးရိမ်မိကြောင်း၊
(ည) နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရန်ဟူသော အယူအဆသည်အကြမ်းဖက်စစ် အုပ်စုနှင့် အပြန်အလှန် ဆန့်ကျင်ဘက်ဖြစ်သည်ကို သတိပေးပြောကြားလိုကြောင်း၊
(ဋ) အပန်းဖြေရာတွင် အသုံးပြုသည့် ပါရာမော်တာများကိုပင် အရပ်သားများအပေါ်လက်နက်အဖြစ် အသုံးပြုသည့် စစ်တပ်သည် နျူကလီးယားစွမ်းအင်ကိုလည်း လက်နက်အဖြစ် အသုံးပြုလိမ့်မည် ဖြစ်ကြောင်း၊
(ဌ) မြန်မာ့အရေး အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ရပ်အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် (၂၆၆၉) အပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်းများ၏ ဆုံးဖြတ်ချက်များစွာကို ချိုးဖောက်နေသော အကြမ်းဖက်စစ်တပ်သည် IAEA ၏ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စည်းမျဉ်းများကိုလည်း ချိုးဖောက်လိမ့်မည်ဖြစ်ကြောင်း၊
(ဍ) တရားမဝင် လက်နက်ဝယ်ယူရေးလုပ်ငန်းများကို လွယ်ကူစေရန် လုပ်ပေးနေသော စစ်အုပ်စုနှင့် ၎င်း၏ လက်အောက်ခံများသည် တရားမဝင်နျူကလီးယားလုပ်ငန်းများကိုလည်း လွယ်ကူစွာ လုပ်ကြလိမ့်မည်ဖြစ်ကြောင်း၊
(ဎ) စစ်အုပ်စုမှ ပြုလုပ်ရန်စီစဉ်နေသည့် အတုအယောင်၊ အလိမ်အညာရွေးကောက်ပွဲကို ပံ့ပိုးမည့် မည်သည့် နိုင်ငံတကာအထောက်အပံ့ သို့မဟုတ် အကူအညီပေးမှုများသည် စစ်အုပ်စု၏ အန္တရာယ်ရှိသော နျူကလီးယား ရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်ရန် တစ်ဆင့်တိုး၍ နီးကပ်သွားစေမည်ကို ထပ်လောင်းပြောကြားလိုကြောင်း၊
(ဏ) သို့ဖြစ်ပါ၍ အကြမ်းဖက်စစ်တပ်ထံသို့ လက်နက်များ၊ စစ်လက်နက်ပစ္စည်းများ၊ တိုက်လေယာဉ်ဆီ၊ အခြားစစ်ဖက်-အရပ်ဖက် နှစ်မျိုးသုံးပစ္စည်းများနှင့် ဆက်စပ်နည်းပညာများ စီးဆင်းမှုကို ဖြတ်တောက်ကြပါရန် အဖွဲ့ဝင်နိုင်ငံများအားလုံးထံ တောင်းဆိုလိုပါကြောင်း(။)
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့်မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) ကို ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်
ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့။
Please check against delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations,
at the Thematic Discussion on Nuclear Weapons of the First Committee
at the Eightieth Session of the UN General Assembly
(New York, 21 October 2025)
Mr. Chair,
Myanmar aligns itself with the statements of ASEAN and NAM.
Mr. Chair,
Accelerating nuclear arms race, nuclear modernization, their horizontal and vertical proliferation, and incorporation of emerging technologies into nuclear weapons systems are exposing the humanity to a higher risk of nuclear dangers than any time in history.
A single use of nuclear weapons, whether accidental, inadvertent or intentional, will have catastrophic humanitarian and environmental consequences. Therefore, Myanmar reaffirms our principled position that the only guarantee against the use of nuclear weapons is their total elimination.
To this end, Myanmar has submitted the draft resolution entitled “Nuclear Disarmament” at this session. The draft contains only technical updates and is open for co-sponsorship. We urge Member States to extend their usual support and co-sponsorship of this important resolution.
Mr. Chair,
It is in our collective security interests to uphold the credibility and integrity of the NPT as the cornerstone of nuclear disarmament and non-proliferation. We all must redouble our efforts to overcome the past consecutive failures and work towards a meaningful consensual outcome of the 2026 Review Conference.
Myanmar calls upon all states that have not yet ratified the CTBT, especially the remaining Annex II states, to do so without delay for its entry into force.
We believe that the TPNW complements the NPT, and welcome the decision to hold its First Review Conference next year.
As a state party to the Treaty on the Southeast Asia Nuclear-Weapons-Free Zone, Myanmar believes that NWFZs can contribute to further strengthening global norms against nuclear weapons and looks forward to Timor Leste’s accession to the Treaty.
Mr. Chair,
Under the elected civilian government, Myanmar signed the TPNW, and ratified the Convention on Nuclear Safety (CNS), the Convention on the Physical Protection of Nuclear Materials (CPPNM) and the CTBT.
Unfortunately, our plan to ratify the TPNW, put the IAEA Additional Protocol into force and adhere to the Modified Small Quantity Protocol (mSQP) were all disrupted by the illegal militarycoup in 2021.
In the face of growing atrocities and indiscriminate airstrikes against civilians by the military, we are seriously concerned with the enhanced collaboration between the military junta and a major NWS on their so-called nuclear power plan.
I wish to raise the alarm that the notion of peaceful uses of nuclear energy and the military junta are mutually exclusive.
The military, that weaponizes recreational paramotors against civilians, will also weaponize nuclear energy.
The military, that violates the ASEAN’s 5PC, UNSCR 2669 and many other resolutions by the UN bodies, will also violate the IAEA Safeguards.
The military and its affiliates, that facilitate illicit arms-procurement activities, will also facilitate illicit nuclear activities.
On that note, I wish to reiterate that any international support or assistance to the military junta’s sham, scam election will render its dangerous nuclear ambitions a step closer.
Taking this opportunity, I appeal to all Member States to cut the flow of arms, weapons, jet fuel, other dual-use items and related technologies to the military junta.
I thank you.
*****








