top of page
  • Facebook Social Icon

Statement by Ambassador Kyaw Moe Tun, at the Thematic Discussion on Conventional Weapons of the First Committee at the Eighty-first Session of the UN General Assembly

Writer: Myanmar Mission To UN
Myanmar Mission To UN
1 minute ago
4 min read

Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Thematic Discussion on Conventional Weapons of the First Committee at the Eighty-first Session of the UN General Assembly, held on 22 October 2026


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်

(၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ၏

“သမားရိုးကျလက်နက်များ” ခေါင်းစဉ်ဖြင့် ဘာသာရပ်ဆိုင်ရာဆွေးနွေးမှုတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က

အဖွဲ့ဝင်နိုင်ငံအချို့မှ မြန်မာစစ်အုပ်စုထံသို့ လက်နက်များ လွှဲပြောင်းပေးအပ်နေခြင်းသည် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အရပ်သားပြည်သူများအပေါ်

ရက်စက်ကြမ်းကြုတ်မှုများ ပိုမိုဆိုးရွားလာစေရန် အထောက်အကူဖြစ်စေလျက်ရှိ၊

၂၀၂၁ခုနှစ် တရားမဝင်စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်မှုများကြောင့် ပြည်သူပေါင်း (၈,၅၀၀) ကျော် အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်၊

စစ်အုပ်စုက လက်နက်များ ရယူပိုင်ဆိုင်နေခြင်းသည် အမျိုးသမီးများနှင့် ကလေးသူငယ်များ အပါအဝင် ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ရန်အတွက်ဖြစ်သည်မှာ

အလွန်ရှင်းလင်းထင်ရှား၊

အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်အာဏာရှင်အုပ်စုထံသို့ လက်နက်ခဲယမ်းများ တင်ပို့ခြင်း၊ ရောင်းချခြင်းနှင့် လွှဲပြောင်းပေးအပ်ခြင်းတို့သည် စစ်အုပ်စု၏ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို သိမြင်ပါလျက်နှင့် ထောက်ခံအားပေးနေခြင်းဖြစ်သည်ဟု

မြန်မာပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့် သိမြင်ခံစားလာကြပြီး

ယင်းသို့သော သဘောထားများလည်း ပိုမိုမြင့်တက်လာလျက်ရှိ၊

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်တပ်အပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက် တင်ပို့ရောင်းချမှု

ပိတ်ပင် တားမြစ်ချက်(Global Arms Embargo) အား ချမှတ်အကောင်အထည်ဖော်ပေးကြပါရန်နှင့် မြန်မာပြည်သူများ၏အသက်များကို ကယ်တင်နိုင်ရေးအတွက် စစ်အုပ်စုထံသို့

လေယာဉ်ဆီ၊ အရပ်ဘက်နှင့် စစ်ဘက်နှစ်မျိုးစလုံးတွင် အသုံးပြုနိုင်သည့်အခြားပစ္စည်းများနှင့် ဆက်စပ်နည်းပညာများ ထပ်မံစီးဆင်းဝင်ရောက်မှုကို တားဆီးပိတ်ပင်ပေးကြရန်

မြန်မာပြည်သူများကိုယ်စားအလေးအနက်မေတ္တာရပ်ခံတိုက်တွန်းပါကြောင်းပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်)


၁။        (၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ (ပထမကော်မတီ) ၏ ဘာသာရပ်ဆိုင်ရာဆွေးနွေးမှု အစီအစဉ်အောက်မှ “သမားရိုးကျလက်နက်များ” ခေါင်းစဉ်ဖြင့်ဆွေးနွေးမှုကို ၂၀၂၆ခုနှစ်၊ အောက်တိုဘာလ (၂၁) ရက်နေ့မှ (၂၂) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။ အဆိုပါ ဆွေးနွေးမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အောက်တိုဘာလ (၂၂) ရက်နေ့တွင် ပါဝင်မိန့်ခွန်းပြောကြားခဲ့ပါသည်။

၃။        မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ မိန့်ခွန်းတွင် အောက်ပါအချက်များ အဓိကပါဝင်ပါသည်-

(က)          အသေးစားနှင့် အပေါ့စားလက်နက်များ၊ ခဲယမ်းမီးကျောက်များအပါအဝင် သမားရိုးကျ လက်နက်များသည် ကမ္ဘာတစ်ဝန်းရှိလက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားမှု အခြေအနေနှင့် မဟုတ် သည့် အခြေအနေများတွင် အကြမ်းဖက်အသက်ဆုံးရှုံးရခြင်း၏ အဓိကအကြောင်းရင်းများ ဖြစ်ပါကြောင်း၊

(ခ)            အဆိုပါလက်နက်များကို စစ်အာဏာရှင်များ၊ အကြမ်းဖက်သမားများနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများအပါအဝင် မကောင်းသော ရည်ရွယ်ချက်ရှိသူများက ရယူပိုင်ဆိုင်ခြင်း၊ လွှဲပြောင်းရရှိခြင်းနှင့် မူလရည်ရွယ်ထားသည့် အသုံးပြုသူများထံမှ လမ်းကြောင်းလွဲ၍ ရောက်ရှိသွားခြင်းတို့ သည် လက်နက်ကိုင်ပဋိပက္ခများကို ပိုမိုဖြစ်ပွားစေခြင်း၊ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများကို ပိုမိုကြာရှည်စေခြင်းနှင့် ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းများ၏ အခြေခံအုတ်မြစ်များကို ပျက်စီးစေခြင်းတို့ ဖြစ်ပေါ်လေ့ရှိကြောင်း၊

(ဂ)           ယခုနှစ်အတွင်း နယူးယောက်မြို့၌ ကျင်းပခဲ့သည့် အသေးစားနှင့် အပေါ့စားလက်နက်များ ဆိုင်ရာ နဝမကြိမ်မြောက် အစည်းအဝေး (Ninth Biennial Meeting of States – BMS9) ၏ ရလဒ်ကို မြန်မာနိုင်ငံမှ ကြိုဆိုကြောင်း၊ အသေးစားနှင့် အပေါ့စားလက်နက်များထုတ်လုပ်မှု၊ နည်းပညာနှင့် ဒီဇိုင်းပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲမှုများနှင့်ပတ်သက်သည့် ကျွမ်းကျင်သူများ အဖွဲ့ (Open-Ended Technical Expert Group) ၏ ပထမအကြိမ်အစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ခြင်းကို ကြိုဆိုကြောင်း၊

(ဃ)          အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မိမိတို့နိုင်ငံအား ကာကွယ်ရေးအတွက် သမားရိုးကျ လက်နက်များကို ရယူပိုင်ဆိုင်ခွင့်နှင့် လွှဲပြောင်းပေးအပ်ခွင့်ဆိုင်ရာ အချုပ်အခြာအာဏာပိုင်ခွင့်များရှိကြ ကြောင်း၊

(င)            အရပ်သားပြည်သူများအပေါ် အလွဲသုံးစားပြုခြင်းမှ ကာကွယ်နိုင်ရန် လက်နက်လွှဲပြောင်း ပေးအပ်မှုဆိုင်ရာ ဆုံးဖြတ်ချက်များချမှတ်ရာတွင် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု ဆိုင်ရာဥပဒေ (IHL) နှင့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးဥပဒေ (IHRL) များအား လိုက်နာရေးကို အခြေခံသင့်ပြီး လက်နက်တင်ပို့ရောင်းချသည့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် လက်နက်လွှဲပြောင်းပေးအပ်မှုများသည် တရားဝင်ကိုယ်ပိုင်ကာကွယ်ရေး ရည်ရွယ်ချက်အတွက် အထောက်အကူပြုခြင်း ရှိ-မရှိ (သို့မဟုတ်) အရပ်သားပြည်သူများအပေါ် ထိခိုက်နစ်နာမှုများ ရှိ-မရှိ ဆိုသည်ကို သေချာစွာဆန်းစစ်သင့်ပါကြောင်း၊

(စ)           အဖွဲ့ဝင်နိုင်ငံအချို့မှ မြန်မာစစ်အုပ်စုထံသို့ လက်နက်များ လွှဲပြောင်းပေးအပ်နေခြင်းသည် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အရပ်သားပြည်သူများအပေါ်  ရက်စက်ကြမ်းကြုတ်မှုများ ပိုမိုဆိုးရွားလာစေရန် အထောက်အကူဖြစ်စေလျက်ရှိကြောင်း၊

(ဆ)        ၂၀၂၁ ခုနှစ် တရားမဝင်စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်မှုများကြောင့် ပြည်သူပေါင်း (၈,၅၀၀) ကျော် အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်ပါကြောင်း၊

(ဇ) ပြီးခဲ့သည့်နှစ်က တူညီဆန္ဒဖြင့်အတည်ပြုခဲ့သည့်ကုလသမဂ္ဂအထွေထွေညီလာခံဆုံးဖြတ်ချက် A/80/221 တွင်ဖော်ပြထားသည့်အတိုင်း ပြည်ပမှ လက်နက်များ ဆက်လက်ရရှိနေခြင်းသည် မြန်မာနိုင်ငံအတွင်း အရပ်သားပြည်သူများနှင့် အရပ်ဘက်ဆိုင်ရာအဆောက်အအုံများ၊ ပစ္စည်းများအား တိုက်ခိုက်မှုများအပါအဝင် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးဥပဒေနှင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေတို့ကို ချိုးဖောက်ကျူးလွန်နေသည့် စစ်အုပ်စု၏ စွမ်းဆောင်ရည်ကို ပိုမိုမြင့်တက်စေလျက်ရှိကြောင်း၊

(စျ)           စစ်အုပ်စုက လက်နက်များ ရယူပိုင်ဆိုင်နေခြင်းသည် အမျိုးသမီးများနှင့် ကလေးသူငယ်များအပါအဝင် ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ရန်အတွက်ဖြစ်သည်မှာ အလွန်ရှင်းလင်းထင်ရှားပါကြောင်း၊

(ည)          အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်အာဏာရှင်အုပ်စုထံသို့ လက်နက်ခဲယမ်းများ တင်ပို့ခြင်း၊ ရောင်းချခြင်းနှင့် လွှဲပြောင်းပေးအပ်ခြင်းတို့သည် စစ်အုပ်စု၏စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများကို သိမြင်ပါလျက်နှင့် ထောက်ခံအားပေးနေခြင်းဖြစ်သည်ဟု မြန်မာပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့် သိမြင်ခံစားလာကြပြီး ယင်းသို့သော သဘောထားများလည်း ပိုမိုမြင့်တက်လာလျက်ရှိကြောင်း၊

(ဍ)            သို့ဖြစ်ရာ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်တပ်အပေါ် ကမ္ဘာလုံးဆိုင်ရာလက်နက် တင်ပို့ရောင်းချမှုပိတ်ပင်တားမြစ်ချက် (Global Arms Embargo) အား ချမှတ်အကောင် အထည်ဖော်ပေးကြပါရန်နှင့် မြန်မာပြည်သူများ၏ အသက်များကို ကယ်တင်နိုင်ရေးအတွက် စစ်အုပ်စုထံသို့ လေယာဉ်ဆီ၊ အရပ်ဘက်နှင့် စစ်ဘက်နှစ်မျိုးစလုံးတွင် အသုံးပြုနိုင်သည့် အခြားပစ္စည်းများနှင့် ဆက်စပ်နည်းပညာများ ထပ်မံစီးဆင်းဝင်ရောက်မှုကို တားဆီး ပိတ်ပင်ပေးကြရန် မြန်မာပြည်သူများကိုယ်စား အလေးအနက်မေတ္တာရပ်ခံ တိုက်တွန်းပါကြောင်း။

၄။        မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။

 

၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖွဲရုံး၊ နယူးယောက်မြို့။


Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations,

at the Thematic Discussion on Conventional Weapons of the First Committee

at the Eighty-first Session of the UN General Assembly


(New York, 22 October 2026)

Mr. Chair,

Myanmar aligns itself with the statements of ASEAN and NAM.

Mr. Chair,

Conventional weapons, including small arms, light weapons and their ammunition are the leading cause of violent deaths globally in conflict and non-conflict settings.

Their acquisition, transfer and diversion to malicious actors, including dictators, terroristsand transnational criminal syndicates,often drive armed conflict, prolong more violence against civilians, and destroy the fabric of peaceful societies.

Mr. Chair,

Myanmar welcomes theoutcome document of the Ninth Biennial Meeting of States(BMS9) held in New York this year and the convening of the first meeting of the Open-Ended Technical Expert Group ondevelopments in the manufacturing,technology and design of small arms and light weapons.

Mr. Chair,

Member Stateshave the sovereign right to acquireand transfer conventional weapons for our self-defence.

At the same time, we are of the view that decisions pertaining to arms transfers shouldbegoverned by the adherence to international humanitarian law (IHL) and international humanrights law (IHRL) to prevent their misuse against civilians.

In this regard, Member States exporting arms and weapons should thoroughly assess whether such transfers serve thepurpose of legitimate self-defence or perpetuating overall civilian harm.

Unfortunately, in my country, Myanmar, the transfer of weapons by some Member States to the military junta is contributing to exacerbating violence, human rights abuses and atrocities against civilians.

Over 8,500 people have been brutally killed by the military junta since the coup in 2021.

As documented by the GA resolution A/80/221, adopted without a vote last year, continued access to arms from abroad increases the ability of the military junta to commit serious violations of IHRL and IHL, including attacks against civilians and civilian objects in Myanmar.

It is crystal clear that the acquisition of weapons by the military junta is exclusively reserved for deliberate and targeted attacks against its own people, including women and children.

Mr. Chair,

There is a widespread perception and growing sentiment among our peoplethat the export, sale and transfer of arms and weapons by some Member States to the military junta is equivalent to willfully endorsing its war crimes and crimes against humanity.

Therefore, on behalf of the people of Myanmar, I appeal to the international community to enforce a global arms embargo on the military junta, and prevent the further flow of  jet fuel, other dual-use items and related technologies to the junta to save their lives.

I thank you.


*****



 
 

Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

This is the only official website of the Permanent Mission of  the Republic of the Union of Myanmar to the United Nations in New York.

The Mission is not affiliated with any other websites using similar names or domains.

bottom of page