Intervention by Ambassador Kyaw Moe Tun, at the Third Committee of the Eighty-first Session of the UN General Assembly: Interactive Dialogue on the Human Rights of Internally Displaced Persons





Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Third Committee of the Eighty-first Session of the UN General Assembly: Interactive Dialogue on the Human Rights of Internally Displaced Persons, held on 21 October 2026
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီတွင် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူများနှင့်စပ်လျဉ်း၍ အပြန်အလှန် ဆွေးနွေးပြောကြားမှုအစီအစဉ်၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေသူများအတွက် စစ်အုပ်စု၏ မဆင်မခြင် လေကြောင်းဗုံးကျဲတိုက်ခိုက်မှုများကြောင့် ၎င်းတို့၏နေရပ်များသို့ ပြန်လည်သွားရောက်နိုင်ရေးကို မဆိုထားနှင့် အခြေခံအသက်ရှင်သန်ရေးအတွက်ကိုပင်လျှင် နေ့စဉ်ရုန်းကန်နေရ၊
သန်းပေါင်းများစွာသော ပြည်သူများအနေဖြင့် ယာယီခိုလှုံရေးစခန်းများတွင် နေထိုင်နေရစဉ်
စစ်အုပ်စုက အရပ်သားပြည်သူလူထုအား စုပေါင်းဒဏ်ပေးသည့်အနေဖြင့် အသက်ကယ်ဆယ်ရေး လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ကန့်သတ်ပိတ်ဆို့ထားသောကြောင့် အဆိုပါဒုက္ခသည်များအနေဖြင့် ၎င်းတို့အတွက် လိုအပ်သည့် လူသားချင်းစာနာထောက်ထားမှု
အကူအညီများကို မရရှိကြ၊
မြန်မာနိုင်ငံတွင် ကြီးမားသောပျက်စီးဆုံးရှုံးမှုများနှင့် လူအလုံးအရင်းဖြင့် နေရပ်စွန့်ခွာမှုများ
ဖြစ်ပေါ်နေရခြင်း၏ အဓိကဇစ်မြစ်မှာ စစ်အုပ်စုပင်ဖြစ်၊
စစ်မှန်သောပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် တာဝန်ခံမှု၊ အသွင်ကူးပြောင်းရေးကာလ
တရားမျှတမှုနှင့် ထိခိုက်ခံစားရသည့် အသိုက်အဝန်းများ၏ အဓိပ္ပာယ်ပြည့်ဝစွာ ပါဝင်မှုတို့ ရှိရမည်ဖြစ်ပြီး လက်ရှိရာဇဝတ်စစ်အုပ်စုလက်အောက်တွင် ထိုသို့ မဖြစ်နိုင်၊
မြန်မာနိုင်ငံရှိပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူများ၏ အသက်အိုးအိမ်နှင့်
အခွင့်အရေးများကို ကာကွယ်ပေးရန် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စုပေါင်း၍
ပြတ်သားသော အရေးယူဆောင်ရွက်ချက်များ ချမှတ်ပေးပါရန် တိုက်တွန်းလို၊
မြန်မာနိုင်ငံတွင် အနာဂတ်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမှန်တကယ်
အကောင်အထည်ဖော်နိုင်ရန် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ၂၁ရက်)
၁။ ကုလသမဂ္ဂလူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ (တတိယကော်မတီ)၌ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူများ (Internally Displaced Persons) နှင့် စပ်လျဉ်း၍ အထူးအစီရင်ခံတင်သွင်းသူ Ms. Paula GAVIRIA BETANCUR နှင့် အပြန်အလှန်ဆွေးနွေးသည့်အစီအစဉ်ကို ၂၁-၁၀-၂၀၂၆ ရက် (ဗုဒ္ဓဟူးနေ့)၊ နံနက်တွင် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ပါဝင်၍ ဆွေးနွေးခဲ့ကြပါသည်။
၂။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြားခဲ့သည့် ဆွေးနွေးချက်တွင် အောက်ပါအဓိကအချက်များ ပါဝင်ပါသည်-
(က) မြန်မာနိုင်ငံတွင် တရားမဝင် စစ်အာဏာသိမ်းခဲ့ချိန်မှစတင်၍ စစ်အုပ်စုသည် ပြည်သူများအပေါ်စစ်မျက်နှာပြင် ကျယ်ကျယ်ပြန့်ပြန့်ဖြင့် တိုက်ခိုက်လျက်ရှိပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန် သည့်ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်လျက်ရှိကြောင်း၊
(ခ) စစ်အုပ်စုအနေဖြင့် စစ်ဘေးရှောင်စခန်းများ၊ စာသင်ကျောင်းများနှင့် ဆေးရုံများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေသောကြောင့် ရေရှည်တည်တံ့သော ဖြေရှင်းနည်းများအတွက် လိုအပ်သည့်လုံခြုံရေး၊ ဘေးကင်းရေးနှင့် လွတ်လပ်စွာ သွားလာခွင့်တို့မှာ မရရှိနိုင်ဘဲ ဖြစ်နေ ကြောင်း၊
(ဂ) ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေသူများအတွက် စစ်အုပ်စု၏ မဆင်မခြင် လေ ကြောင်းဗုံးကျဲတိုက်ခိုက်မှုများကြောင့် ၎င်းတို့၏နေရပ်များသို့ ပြန်လည်သွားရောက်နိုင်ရေးကိုမဆို ထားနှင့် အခြေခံအသက်ရှင်သန်ရေးအတွက်ကိုပင်လျှင် နေ့စဉ်ရုန်းကန်နေရကြောင်း၊
(ဃ) ၂၀၂၅ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်း၌ ပဋိပက္ခနှင့်အကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာရသူ စံချိန်တင်မြင့်မားလာမှုအပေါ် မိမိတို့ စိုးရိမ်မကင်းဖြစ်ရကြောင်း၊
(င) ဤတွင် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ၌ ထုတ်ပြန်ခဲ့သည့်UNHCR ၏ အချက်အလက်များအရ မြန်မာနိုင်ငံ၌ ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူဦးရေ (၄) သန်းကျော်အထိ မြင့်တက်လာခဲ့ပြီဖြစ်ကြောင်း။
(စ) သန်းပေါင်းများစွာသော ပြည်သူများအနေဖြင့် ယာယီခိုလှုံရေးစခန်းများတွင် နေထိုင်နေရစဉ် စစ်အုပ်စုက အရပ်သားပြည်သူလူထုအား စုပေါင်းဒဏ်ပေးသည့်အနေဖြင့် အသက်ကယ်ဆယ်ရေး လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ကန့်သတ်ပိတ်ဆို့ထားသောကြောင့် အဆိုပါဒုက္ခ သည်များအနေဖြင့် ၎င်းတို့အတွက် လိုအပ်သည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို မရရှိကြကြောင်း၊
(ဆ) မြန်မာနိုင်ငံတွင် ကြီးမားသောပျက်စီးဆုံးရှုံးမှုများနှင့် လူအလုံးအရင်းဖြင့် နေရပ်စွန့်ခွာမှုများ ဖြစ်ပေါ် နေရခြင်း၏ အဓိကဇစ်မြစ်မှာ စစ်အုပ်စုပင်ဖြစ်ကြောင်း၊
(ဇ) စစ်မှန်သောပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် တာဝန်ခံမှု၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုနှင့် ထိခိုက်ခံစားရသည့်အသိုက်အဝန်းများ၏ အဓိပ္ပာယ်ပြည့်ဝစွာ ပါဝင်မှုတို့ ရှိရမည်ဖြစ်ပြီး လက်ရှိရာဇဝတ်စစ်အုပ်စုလက်အောက်တွင် ထိုသို့မဖြစ်နိုင်ကြောင်း၊
(ဈ) သို့ဖြစ်ပါ၍ မြန်မာနိုင်ငံရှိ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူများ၏ အသက် အိုးအိမ်နှင့်အခွင့်အရေးများကို ကာကွယ်ပေးရန် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စုပေါင်း၍ ပြတ်သားသောအရေးယူဆောင်ရွက်ချက်များ ချမှတ်ပေးပါရန် တိုက်တွန်းလိုကြောင်း၊
(ည) မြန်မာနိုင်ငံ ဒီမိုကရေစီအင်အားစုများအနေဖြင့် မြေပြင်တွင် လိုအပ်နေသည့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်နိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းနေသော်လည်း မိမိတို့ အင်အားချည်းသက်သက်ဖြင့် မလုံလောက်သောကြောင့် မြေပြင်တွင် လက်တွေ့လှုပ်ရှားနေသည့် ဒေသခံအဖွဲ့အစည်းများထံသို့ စီမံခန့်ခွဲရလွယ်ကူသော ရန်ပုံငွေနှင့် အရင်းအမြစ်များ တိုက်ရိုက် ခွဲဝေပေးပါရန်လည်း တောင်းဆိုလိုကြောင်း၊
(ဋ) စစ်အုပ်စု၏ အဂတိလိုက်စားပြီး ဖျက်ဆီးတတ်သော ယန္တရားများသည် မည်သို့မျှ ယုံကြည် လက်ခံနိုင်ဖွယ်မရှိကြောင်း၊
(ဌ) သို့ဖြစ်ပါ၍ မြန်မာနိုင်ငံရှိ ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူများထံသို့ ၎င်းတို့လိုအပ်သည့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ အပြည့်အဝပံ့ပိုးပေးနိုင်ရန် ၎င်းတို့ ၏ အခြေအနေကိုအနီးကပ် စောင့်ကြည့်ပေးပါရန်လည်း တောင်းဆိုလိုကြောင်း၊
(ဍ) မြန်မာနိုင်ငံတွင် အနာဂတ်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမှန်တကယ် အကောင်အထည် ဖော်နိုင်ရန်စစ်အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းရမည်ဖြစ်ကြောင်း။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့်ဆွေးနွေးချက်အပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်
ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊နယူးယောက်မြို့
Please check against delivery
Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Third Committee of the Eighty-first Session of the UN General Assembly: Interactive Dialogue on the Human Rights of Internally Displaced Persons
(New York, 21 October 2026)
Mr. Chair,
Myanmar thanks Madame Special Rapporteur for her report and briefing today.
Since the illegal coup in Myanmar in February 2021, the military junta has continued to wage a widespread war against its own people, perpetrating crimes against humanity and war crimes.
The junta's relentless violence and deliberate targeting of IDP camps, schools, and hospitals ensure that the safety, security, and freedom of movement required for durable solutions cannot be realized.
For the IDPs in Myanmar, basic survival is already a daily struggle under the junta’s increasing use of indiscriminate airstrikes, let alone the prospect of returning home. Whenever there is a brutal junta attack or a disaster hits, they become the most vulnerable.
At the same time, we are alarmed by the record high number of conflict- and violence-related displacements globally in 2025.
Myanmar tragically contributes heavily to this statistic, with over 4 million IDPs in the country according to August 2026 UNHCR data. Millions of our people have been forced into makeshift shelters and deliberately denied life-saving humanitarian assistance, which the junta blocks as a method of collective punishment.
In Myanmar, the root cause of this mass devastation and displacement is the military junta itself.
True reconstruction must be accompanied by accountability, transitional justice, and the meaningful participation of affected communities. None of this is possible under the current criminal junta.
We therefore urge the international community to take collective, decisive measures to protect the lives and rights of IDPs in Myanmar.
Our democratic forces have been making their utmost effort to deliver the humanitarian assistance needed on the ground. But our effort alone is not sufficient.
We appeal to the international community to allocate flexible funding and resources directly to the local actors active in our communities.
The corrupt and destructive mechanisms under the junta lack all credibility.
We request that you remain seized of the matter and closely monitor the situation of IDPs in Myanmar so that their urgent humanitarian needs can be fulfilled.
Meanwhile, the military dictatorship in Myanmar must end once and for all so that a future reconstruction becomes a reality in our country.
I thank you.
*****









