top of page
  • Facebook Social Icon

Intervention by Ambassador Kyaw Moe Tun, at the Third Committee of the Eighty-first Session of the UN General Assembly: Interactive Discussion on Extrajudicial, summary or arbitrary executions

Writer: Myanmar Mission To UN
Myanmar Mission To UN
2 minutes ago
4 min read

Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Third Committee of the Eighty-first Session of the UN General Assembly: Interactive Discussion on Extrajudicial, summary or arbitrary executions, held on 21 October 2026


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီတွင် တရားလက်လွတ်၊ အကျဉ်းချုပ် သို့မဟုတ် ဥပဒေမဲ့ကွပ်မျက်ခြင်းနှင့်စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးပြောကြားမှုအစီအစဉ်၌ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အသက်ရှင်သန်ခွင့်သည် အခြားသောအခွင့်အရေးအားလုံးအတွက် မရှိမဖြစ် လိုအပ်သည့် အခြေခံအချက်ဖြစ်၊

တရားလက်လွတ်၊ အကျဉ်းချုပ် သို့မဟုတ် ဥပဒေမဲ့ ကွပ်မျက်ခြင်းများသည် ဤအခွင့်အရေးအား အဆိုးရွားဆုံးနှင့် အပြင်းထန်ဆုံးချိုးဖောက်ခြင်းဖြစ်၊

မြန်မာနိုင်ငံရှိ စစ်အုပ်စုသည် ဤအခွင့်အရေးကို ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ ပြောင်ပြောင်တင်းတင်း ချိုးဖောက်လျက်ရှိ၊

စစ်အုပ်စု၏ မဆင်မခြင်လေကြောင်းတိုက်ခိုက်မှုများနှင့် အတင်းအကျပ်နေရပ်စွန့်ခွာစေမှုများတွင် အလွယ်တကူ ထွက်ပြေးတိမ်းရှောင်နိုင်စွမ်းမရှိသော သက်ကြီးရွယ်အိုများသည်

အထိခိုက်လွယ်ဆုံးသောသားကောင်များ ဖြစ်လျက်ရှိ၊

စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများသည် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေကို ဆိုးရွားစွာ

ချိုးဖောက်ခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ်

ကျူးလွန်သည့် ရာဇဝတ်မှုမြောက်၊

စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်နှင့် ၎င်းတို့၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်သည် မြန်မာပြည်သူများ

ဘက်ပေါင်းစုံခံစားနေရသော ဆင်းရဲဒုက္ခများ၏ အဓိကဇစ်မြစ်ဖြစ်၊

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူများအပေါ် အကြိမ်ကြိမ်အခါခါ

ပျက်ကွက်ခဲ့ပြီးဖြစ်၊

ပြဿနာ၏ အဓိကဇစ်မြစ်ကို ဖြေရှင်းရန်နှင့် မြန်မာပြည်သူများအား ၎င်းတို့၏ အသက်ရှင်သန်ခွင့်ကို ဆုံးရှုံးနေရခြင်းမှ ကယ်တင်နိုင်ရန် နိုင်ငံတကာအသိုက်အဝန်း၏ ပြတ်သားသော

အရေးယူဆောင်ရွက်မှုများကို ယခုပင်လိုအပ်ကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ၂၁ရက်)


၁။        ကုလသမဂ္ဂလူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ (တတိယကော်မတီ) တွင် တရားလက်လွတ်၊ အကျဉ်းချုပ် သို့မဟုတ် ဥပဒေမဲ့ကွပ်မျက်ခြင်း (Extrajudicial, Summary or Arbitrary Executions) နှင့်စပ်လျဉ်း၍ အထူးအစီရင်ခံစာတင်သွင်းသူ Mr. Morris TIDBALL-BINZ နှင့်အပြန်အလှန်ဆွေးနွေးသည့်အစီအစဉ်ကို ၂၁-၁၀-၂၀၂၆ ရက်(ဗုဒ္ဓဟူးနေ့)၊ မွန်းလွဲပိုင်းတွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင်၍ ဆွေးနွေးခဲ့ကြပါသည်။

၂။         ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား ခဲ့သည့် ဆွေးနွေးချက်တွင် အောက်ပါအဓိကအချက်များ ပါဝင်ပါသည်-

(က)     အထူးအစီရင်ခံစာတင်သွင်းသူ၏အစီရင်ခံစာတွင် မြန်မာနိုင်ငံရှိသက်ကြီးရွယ်အိုများ ရင်ဆိုင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ထည့်သွင်းတင်ပြထားသည့်အပေါ် ကျေးဇူးတင်ရှိပါကြောင်း၊

(ခ)       အသက်ရှင်သန်ခွင့်အား မည်သည့်ခွဲခြားမှုမျှ မရှိဘဲ ကာကွယ်ပေးရမည်ဟူသော အချက်ကို အပြည့်အဝ သဘောတူညီပါကြောင်း၊

(ဂ)       အသက်ရှင်သန်ခွင့်သည် အခြားသောအခွင့်အရေးအားလုံးအတွက် မရှိမဖြစ် လိုအပ်သည့် အခြေခံအချက်ဖြစ်ကြောင်း၊ ယင်းအချက်အား နိုင်ငံတကာဥပဒေနှင့် လူ့အခွင့်အရေးကြေညာ စာတမ်းတို့တွင် ခိုင်မာစွာ အကာအကွယ်ပေးထားကြောင်း၊

(ဃ)     တရားလက်လွတ်၊ အကျဉ်းချုပ် သို့မဟုတ် ဥပဒေမဲ့ ကွပ်မျက်ခြင်းများသည် ဤအခွင့်အရေးအား အဆိုးရွားဆုံးနှင့် အပြင်းထန်ဆုံးချိုးဖောက်ခြင်း ဖြစ်ကြောင်း၊

(င)       ဝမ်းနည်းဖွယ်ကောင်းသည်မှာ မြန်မာနိုင်ငံရှိ စစ်အုပ်စုသည် ဤအခွင့်အရေးကို ကျယ်ကျယ် ပြန့်ပြန့်နှင့် စနစ်တကျ ပြောင်ပြောင်တင်းတင်း ချိုးဖောက်လျက်ရှိခြင်းပင် ဖြစ်ကြောင်း၊

(စ)       စစ်အုပ်စုမှ ကျေးရွာများအား ဝင်ရောက်စီးနင်းရာတွင် အမျိုးသမီးများ၊ ကလေးငယ်များနှင့် မွေးကင်းစကလေးငယ်များ အပါအဝင် အရပ်သားပြည်သူများ သတ်ဖြတ်ခံနေရပြီး အကျဉ်းသား များအား မတရားဖမ်းဆီးထိန်းသိမ်းထားစဉ် ညှဉ်းပန်းနှိပ်စက်၍သတ်ဖြတ်ခံနေရကာ လွတ်လပ်သော အသံများသည်လည်း တရားစီရင်ရေးလုပ်ငန်းစဉ်အား ပြောင်ပြောင်တင်းတင်း လှောင်ပြောင်နေသည့် တံခါးပိတ် စစ်ခုံရုံးများ၏ကွပ်မျက်မှုကြောင့် သေဆုံးနေရကြောင်း၊

(ဆ)     ထို့ပြင် စစ်အုပ်စု၏ မဆင်မခြင် လေကြောင်းတိုက်ခိုက်မှုများသည် စာသင်ကျောင်းများ၊ ဆေးရုံများနှင့် နေအိမ်များကို ပစ်မှတ်ထားလျက်ရှိပြီး အရပ်သားပြည်သူများ၏ အသက်အိုးအိမ်အပေါ် လုံးဝအလေးမထားသည့် အချက်ကို ပြသနေကြောင်း၊

(ဇ)       ထိုကဲ့သို့သော မဆင်မခြင်လေကြောင်း တိုက်ခိုက်မှုများနှင့် အတင်းအကျပ်နေရပ်စွန့်ခွာစေမှုများတွင် အလွယ်တကူ ထွက်ပြေးတိမ်းရှောင်နိုင်စွမ်းမရှိသော သက်ကြီးရွယ်အိုများသည် အထိခိုက် လွယ်ဆုံးသော သားကောင်များ ဖြစ်လျက်ရှိကြောင်း၊

(ဈ)      သို့နှင့်တိုင် စစ်အုပ်စုက ပြစ်ဒဏ်ကင်းလွတ်ခွင့်ကိုဆက်လက်၍ အပြည့်အဝ ခုတုံးလုပ်လျက် ရှိကြောင်း၊

(ည)     ဒီမိုကရေစီအင်အားစုများအနေဖြင့်မူ အသက်ရှင်သန်ခွင့်ကို ကာကွယ်ရန် စုပေါင်းကြိုးပမ်းလျက်ရှိပြီး နိုင်ငံတကာယန္တရားများနှင့် ပူးပေါင်းဆောင်ရွက်ရန် ခိုင်မာစွာကတိပြုထားကြောင်း၊ ထို့နည်းတူစွာပင် မိမိတို့အနေဖြင့် နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများအပေါ် အခိုင်အမာ အခြေခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေးအတွက်လည်း အုတ်မြစ်ချလျက်ရှိကြောင်း၊

(ဋ)       မြန်မာနိုင်ငံတွင် ပြည်သူများခံစားနေရသည့်ဒုက္ခဆင်းရဲသည် တင်စားပြောဆိုချက်များမျှသာ မဟုတ်ကြောင်း၊

(ဌ)       ၂၀၂၂ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်နေ့တွင် ဖြစ်ပျက်ခဲ့သည့် သွေးပျက်ဖွယ်ကောင်းသောဖြစ်စဉ်ကို မိမိတို့ ပြန်လည်အမှတ်ရပါကြောင်း၊

(ဍ)       ယင်းဖြစ်စဉ်တွင် အထင်ကရဖြစ်သော နိုင်ငံရေးပုဂ္ဂိုလ်များအား တရားလက်လွတ်ဖမ်းဆီးခြင်း၊ မရေရာသောစွဲချက်များဖြင့် တရားစွဲဆိုခြင်းနှင့် လူသားမဆန်စွာ တရားလက်လွတ် ကွပ်မျက်ခဲ့ ခြင်းမှာ အလွန်ကြေကွဲဖွယ်ကောင်းပါကြောင်း၊

(ဎ)       ယခုအခါ တရားမဝင်စစ်အာဏာသိမ်းမှု (၅) နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ကျူးလွန်သူများသည် တရားဥပဒေအရ မျှမျှတတအရေးယူခံရခြင်းမှ ကင်းလွတ်နေဆဲဖြစ်ပြီး အပြစ်ပေးခံရခြင်းမရှိဘဲ အပြည်ပြည်ဆိုင်ရာဥပဒေအား ဆက်၍ပင် ပြောင်ပြောင်တင်းတင်း ချိုးဖောက်လျက်ရှိကြောင်း၊

(ဏ)     မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား (IIMM)၏ ကောက်ချက်အရလည်း စစ်အုပ်စု၏ရက်စက်ကြမ်းကြုတ်မှုများသည် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေကို ဆိုးရွားစွာ ချိုးဖောက်ခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုမြောက် ကြောင်း၊

(တ)     စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်နှင့် ၎င်းတို့၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်သည် မြန်မာပြည်သူများ ဘက်ပေါင်းစုံ ခံစားနေရသော ဆင်းရဲဒုက္ခများ၏ အဓိကဇစ်မြစ်ဖြစ်ကြောင်း၊

(ထ)     နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူများအပေါ် အကြိမ်ကြိမ်အခါခါ ပျက်ကွက်ခဲ့ပြီးဖြစ်ကြောင်း၊

(ဒ)       ပြဿနာ၏အဓိကဇစ်မြစ်ကို ဖြေရှင်းရန်နှင့် မြန်မာပြည်သူများအား ၎င်းတို့၏ အသက်ရှင်သန်ခွင့်ကို ဆုံးရှုံးနေရခြင်းမှ ကယ်တင်နိုင်ရန် နိုင်ငံတကာအသိုက်အဝန်း၏ ပြတ်သားသော အရေးယူ ဆောင်ရွက်မှုများကို ယခုပင် လိုအပ်ကြောင်း။


၃။        မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် ဆွေးနွေးချက်အပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။


၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against delivery


Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Third Committee of the Eighty-first Session of the UN General Assembly: Interactive Discussion on Extrajudicial, summary or arbitrary executions


(New York, 21 October 2026)

Mr. Chair,

Myanmar thanks the Special Rapporteur for his report issued under this agenda item and making reference to the challenges faced by older persons in Myanmar. We fully agree with you that the right to life must be protected without distinction of any kind.

Mr. Chair,

The right to life is a prerequisite for all other rights. It is robustly protected under international law and the UDHR and declared non-derogable. Meanwhile, extrajudicial, summary or arbitrary executions represent the ultimate and most severe violation of this right.

Unfortunately, the military junta in Myanmar has been flagrantly violating it in a widespread and systematic manner.

Civilians, including women, children and infants, are being killed during village raids, prisoners are being tortured to death in unlawful detention, and independent voices are being executed via closed-door military tribunals that mock the very concept of due process.

Indiscriminate airstrikes routinely target schools, hospitals, and homes, showing a total disregard for civilian life.

Older persons, unable to flee quickly, are among the most vulnerable casualties of these indiscriminate airstrikes and forced displacements.

Yet, the junta operates under a shield of total impunity.

In this regard, our democratic forces have been working collectively to secure the right to life. We are resolutely committed to working with international mechanisms while also actively laying the foundations for a federal democratic union rooted firmly in international human rights standards.

Mr. Chair, Mr. Special Rapporteur,

The agony of the people of Myanmar is not a mere descriptive expression. We may recall the tragic incident on 23 July 2022. The arrests of the prominent political activists were arbitrary, and the charges were vague. Most importantly, the extrajudicial killings were inhumane.

Now, more than five years have already passed since the coup. But perpetrators continue to evade justice, mocking international law as they remain unpunished and out of reach.

The perpetrators of these atrocities take no time to plan and commit grave crimes against our people. IIMM has also concluded that the junta’s atrocities constitute grave breaches of international human rights law and amount to war crimes and crimes against humanity.

The military junta, the military dictatorship and its impunity are the root cause of the people’s multidimensional sufferings in Myanmar

The international community has failed the people of Myanmar again and again.

Decisive action of the international community is needed now to address the root cause and to save the people of Myanmar from losing their right to life.


I thank you.

*****


Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

This is the only official website of the Permanent Mission of  the Republic of the Union of Myanmar to the United Nations in New York.

The Mission is not affiliated with any other websites using similar names or domains.

bottom of page