Statement by Ambassador Kyaw Moe Tun, at the Thematic Discussion on Conventional Weapons of the First Committee at the Eightieth Session of the UN General Assembly
- Myanmar Mission To UN
- 20 hours ago
- 4 min read



Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Thematic Discussion on Conventional Weapons of the First Committee at the Eightieth Session of the UN General Assembly, held on 24 October 2025
[Below Myanmar Text]
သတင်းထုတ်ပြန်ချက်
အကြိမ်(၈၀)မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာ လုံခြုံရေးကော်မတီ (ပထမကော်မတီ) ၏ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမှု အစီအစဉ်၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က
ပြည်တွင်းနှင့် နိုင်ငံတကာမှရရှိသော သမားရိုးကျ လက်နက်များသည် တရားမဝင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားပြည်သူလူထုကို အကြမ်းဖက်တိုက်ခိုက်ခြင်း၊ ဖိနှိပ်ခြင်းအတွက်သာ
စစ်အုပ်စုက အသုံးပြုနေ၊ လူပေါင်း ၇,၄၀၀ နီးပါး အသက် သေဆုံးခဲ့ရ၊
စစ်အုပ်စုထံ လက်နက်တင်ပို့လွှဲပြောင်းသည့် အဖွဲ့ဝင်နိုင်ငံအချို့၏လုပ်ရပ်များသည် စစ်အုပ်စု၏ လူသတ်မှုများကို ရှင်းလင်းပြတ်သားစွာ ထောက်ခံအားပေးသည့်လုပ်ရပ်များအဖြစ်
မြန်မာပြည်သူများက ရှုမြင်ကြ၊
တစ်ကမ္ဘာလုံးက စစ်အုပ်စုထံ လက်နက်ရောင်းချမှုပိတ်ပင်ခြင်းကို အကောင်အထည်ဖော်ရန်နှင့် ပြည်သူများ၏ အသက်များကို ကယ်တင်နိုင်ရန်အတွက် တိုက်လေယာဉ်ဆီ၊ အခြားစစ်ဖက်-အရပ်ဖက် နှစ်မျိုးသုံးပစ္စည်းများ နှင့် ဆက်စပ်နည်းပညာများ စစ်အုပ်စုထံသို့ ဆက်လက် စီးဆင်းခြင်းကို တားဆီးပေးရန် မြန်မာပြည်သူလူထုကိုယ်စား နိုင်ငံတကာအသိုက်အဝန်းသို့ တောင်းဆိုလို၊
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲသည် စစ်တပ်ကို လက်နက်သုံး၍ လူ့အခွင့်အရေး
ချိုးဖောက်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများ ပိုမိုကျူးလွန်နိုင်ရေး ဆက်လက်လုပ်ခွင့်သာ
ပေးစေမည်ဖြစ်၊ အရပ်သား ပြည်သူများ၏ အသက်ကို ကာကွယ်စောင့်ရှောက်ရန်အတွက်
စစ်အုပ်စု၏ လှည့်ဖြားသည့်လုပ်ငန်းစဉ်ကို ပြတ်ပြတ်သားသားပယ်ချရန်
နိုင်ငံတကာ အသိုက်အဝန်းကိုတိုက်တွန်းပါကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်)
၁။ အကြိမ်(၈၀)မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာ လုံခြုံရေးကော်မတီ(ပထမကော်မတီ) ၏ “သမားရိုးကျလက်နက်များ” ခေါင်းစဉ်ဖြင့် ဘာသာရပ်ဆိုင်ရာဆွေးနွေးမှုကို ၂၄-၁၀-၂၀၂၅ ရက် (သောကြာနေ့) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ ပါဝင် မိန့်ခွန်းပြောကြားခဲ့ပါသည်။
၂။ မြန်မာအမြဲတမ်းကိုယ်စားလှယ်ပြောကြားခဲ့သည့်မိန့်ခွန်းတွင် အောက်ပါအချက်များအဓိကပါဝင် ပါသည်-
(က) သမားရိုးကျ လက်နက်များနှင့် ၎င်းတို့ကို လွှဲပြောင်းရယူခြင်းသည် လက်နက်ကိုင်ပဋိပက္ခ များကို မကြာခဏဖြစ်ပေါ်စေပြီး အရပ်သားများအပေါ် အကြမ်းဖက်မှုများကို ပိုမိုကြာရှည် စေကာ ငြိမ်းချမ်းသော လူ့အဖွဲ့အစည်း၏ အခြေခံအုတ်မြစ်များကို ဖျက်ဆီးနေကြောင်း၊
(ခ) ပဋိပက္ခအခြေအနေတွင် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကမ္ဘာတစ်ဝန်းလုံးရှိ အကြမ်းဖက်မှု များ၏ အဓိကအကြောင်းရင်းမှာ အသေးစား၊ အပေါ့စားလက်နက်များနှင့် ခဲယမ်းမီးကျောက် များကြောင့် ဖြစ်ကြောင်း၊
(ဂ) နိုင်ငံများအနေဖြင့် ၎င်းတို့နိုင်ငံအား ကာကွယ်ရေးအတွက် သမားရိုးကျလက်နက်များ ထုတ်လုပ်ခြင်း၊ တင်ပို့လွှဲပြောင်းခြင်းတို့အတွက် အချုပ်အခြာအာဏာပိုင်ခွင့် ရှိသည်ကို အသိအမှတ်ပြုကြောင်း၊
(ဃ) သို့သော် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေနှင့် အပြည်ပြည် ဆိုင်ရာလူ့အခွင့်အရေးဥပဒေတို့ကို စိတ်ရင်းမှန်ဖြင့် အစဉ်အမြဲ ထည့်သွင်းစဉ်းစားရန် လိုသည် ဟု မြင်ကြောင်း၊
(င) ထိုနည်းတူစွာပင် ထိုသို့တင်ပို့လွှဲပြောင်းမှုသည် မိမိကိုယ်ကာကွယ်ရန် (သို့မဟုတ်) အရပ်သား ပြည်သူများကို ထိခိုက်နစ်နာမှုဖြစ်စေရန်ဆိုသည့် ရည်ရွယ်ချက်ကို အဖွဲ့ဝင်နိုင်ငံများအနေဖြင့် သေချာစွာ စဉ်းစားဆုံးဖြတ် ရွေးချယ်ရမည်ဖြစ်ကြောင်း၊
(စ) စိတ်မကောင်းစွာပင်၊ မိမိတို့မြန်မာနိုင်ငံတွင် ပြည်တွင်းနှင့် နိုင်ငံတကာမှရရှိသော သမားရိုးကျ လက်နက်များသည် တရားမဝင်စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားပြည်သူလူထုကို အကြမ်းဖက် တိုက်ခိုက်ခြင်း၊ ဖိနှိပ်ခြင်းအတွက်သာ စစ်အုပ်စုက အသုံးပြုနေကြောင်း၊ ဤအချက်နှင့်ပတ်သက်၍ ယင်းလက်နက်များ၏စိုးရိမ်ဖွယ်ရာအခြေအနေများကို အာရုံစိုက် ပြောကြားလိုကြောင်း-
(၁) မြန်မာနိုင်ငံရှိ လက်နက်ထုတ်လုပ်ရေးကဏ္ဍတစ်ခုလုံးကို စစ်အုပ်စုကသာ ထိန်းချုပ်ခဲ့ ကြောင်း၊ ရွေးကောက်ခံအရပ်သားအစိုးရလက်ထက်တွင်ပင် စစ်တပ်သည် ယင်း ထုတ်လုပ်ရေးကို ဆက်လက် လက်ဝါးကြီးအုပ်ထားပြီး မည်သည့်အရပ်ဘက် ကြီးကြပ်မှုကိုမဆို ငြင်းပယ်ခဲ့ကြောင်း၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးညွှန်ကြားရေးမှူးရုံးအောက်တွင် စစ်အုပ်စုသည် အသေးစားနှင့် အပေါ့စားလက်နက်များ၊ အမြောက်ကျည်များ၊ လူသတ်မိုင်းများ၊ လက်နက်တပ်ဒရုန်းများ၊ ဆင့်ကဲပေါက်ကွဲစေတတ်သည့် လက်နက်များကိုထုတ်လုပ်ကြောင်း၊ ယင်းတို့ကို တိုင်းရင်းသားလူနည်းစုများအပါအဝင် အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်ရန်အတွက် အသုံးပြုကြောင်း၊
(၂) အဖွဲ့ဝင်နိုင်ငံအချို့မှ အကြမ်းဖက်စစ်တပ်ထံသို့ ကုန်ကြမ်းပစ္စည်းများ၊ လက်နက်များ၊ ခဲယမ်း မီးကျောက်များနှင့် ဆက်စပ်နည်းပညာများအား ရရှိနေခြင်းကြောင့် စစ်အုပ်စု၏ ပြည်တွင်းထုတ်လက်နက်များကို ပိုမိုအားဖြစ်နေစေကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လ မှ ၂၀၂၃ ခုနှစ် မေလအထိကာလအတွင်း စစ်အုပ်စုမှ လက်နက်တင်သွင်းမှုသည် အမေရိကန်ဒေါ်လာ ၁ ဘီလီယံနီးပါး တန်ဖိုးရှိခဲ့ကြောင်း၊
(ဆ) တရားမဝင် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြည်တွင်းနှင့် နိုင်ငံတကာမှ လွှဲပြောင်းရရှိလာ သည့် စိုးရိမ်ဖွယ်ရာလက်နက်များကြောင့် မြန်မာနိုင်ငံတွင် လူပေါင်း ၇,၄၀၀ နီးပါး အသက် သေဆုံးခဲ့ရကြောင်း၊
(ဇ) စစ်အုပ်စုထံ လက်နက်တင်ပို့လွှဲပြောင်းသည့် အဖွဲ့ဝင်နိုင်ငံအချို့၏လုပ်ရပ်များသည် စစ်အုပ်စု ၏လူသတ်မှုများကို ရှင်းလင်းပြတ်သားစွာ ထောက်ခံအားပေးသည့်လုပ်ရပ်များအဖြစ် မြန်မာပြည်သူ များက ရှုမြင်ကြကြောင်း၊
(ဈ) ထို့ကြောင့် တစ်ကမ္ဘာလုံးက စစ်အုပ်စုထံ လက်နက်ရောင်းချမှု ပိတ်ပင်ခြင်းကို အကောင် အထည်ဖော်ရန်နှင့် ပြည်သူများ၏ အသက်များကို ကယ်တင်နိုင်ရန်အတွက် တိုက်လေယာဉ်ဆီ၊ အခြား စစ်ဖက်-အရပ်ဖက် နှစ်မျိုးသုံးပစ္စည်းများနှင့် ဆက်စပ်နည်းပညာများ စစ်အုပ်စုထံသို့ ဆက်လက်စီးဆင်းခြင်းကို တားဆီးပေးရန် မြန်မာပြည်သူလူထုကိုယ်စား နိုင်ငံတကာအသိုက်အဝန်းသို့ တောင်းဆိုလိုကြောင်း၊
(ည) "လက်နက်လွှဲပြောင်းမှုများသည် လူ့အခွင့်အရေး ကင်းလွတ်နယ်မြေမဟုတ်ပါ" ဟူသော OHCHR (A/HRC/58/41) ၏ အစီရင်ခံစာကို ထပ်လောင်းပြောကြားလိုကြောင်း၊
(ဋ) စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်တပ်ကို လက်နက်သုံး၍ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများ ပိုမိုကျူးလွန်နိုင်ရေး ဆက်လက်လုပ်ခွင့်သာ ပေးစေမည်ဖြစ်ကြောင်း၊ထို့ကြောင့် အရပ်သား ပြည်သူများ၏ အသက်ကို ကာကွယ်စောင့် ရှောက်ရန်အတွက် စစ်အုပ်စု၍ လှည့်ဖြားသည့်လုပ်ငန်းစဉ်ကို ပြတ်ပြတ်သားသား ပယ်ချရန် နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်းလိုပါကြောင်း။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) ကို ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့။
Please check against delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations,
at the Thematic Discussion on Conventional Weapons of the First Committee
at the Eightieth Session of the UN General Assembly
(New York, 24 October 2025)
Mr. Chair,
Myanmar aligns itself with the statements of ASEAN and NAM.
The role of conventional weapons in inflicting immense suffering on civilians cannot be overstated. Conventional weapons and their acquisition often drive armed conflict, prolong more violence against civilians and destroy the fabric of peaceful societies.
In fact, small arms, light weapons and their ammunition are the leading cause of violent deaths globally in conflict and non-conflict settings.
Against this backdrop, Myanmar welcomes the consensual adoption of the outcome document by the Fourth UN Conference to Review Progress Made in the Implementation of the PoAto prevent, combat and eradicate the illicit trade in small arms and light weapons in all its aspects and its International Tracing Instrument (ITI).
Mr. Chair,
Myanmar acknowledges the sovereign rights of States to manufacture, acquire, export and import conventional weapons for their self-defence.
However, we are of the view that international humanitarian law and international human rights law should always be taken sincerely into account in their acquisition.
In the same vein, a comprehensive assessment by Member States is warranted to determine whether their arms export serves the purpose of legitimate self-defence or the purpose of perpetuating more atrocities against civilians.
Unfortunately, in my country, Myanmar, conventional weapons, from both domestic and international sources, only serve the purpose of terrorizing and repressing the civilian population into submission, especially after the illegal coup. In this regard, I wish to focus on the following two aspects of these weapons of terror.
First, domestic production - the entire arms manufacturing sector in Myanmar has been administered by the military junta since its inception. Even under the tenure of the elected civilian government, the military continued to monopolize this enterprise and refuse any civilian oversight of it.
Under the directorate of defense industries, the military produces small arms, light weapons, artillery ammunition, antipersonnel landmines, armed drones, cluster munitions among others. Their use has been exclusively reserved for targeted attacks against fellow citizens, including ethnic minorities.
Second, international supplies - their domestic production of weapons of terror is supplemented by extended imports of raw materials, arms, munitions and associated technologies from some Member States to the military.
From February 2021 to May 2023 alone, this import was worth at least 1 billion US dollars.
Since the illegal military coup, these domestic and international weapons of terror have contributed to the killings of nearly 7,400 people in Myanmar.
People of Myanmar perceive these acts of arms transfer as a clear and willful endorsement of their killings by the military junta. These perceptions transcend generations, and will erode their trust in those Member States in the long run.
Therefore, on behalf of the people of Myanmar, I appeal to the international community to enforce a global arms embargo against the military junta, and prevent the further flow of jet fuel, other dual-use items and related technologies to the junta to save their lives.
Mr. Chair,
I wish to conclude by echoing the report of the OHCHR (A/HRC/58/41) that “arms transfers are not a human rights-free zone.”
On this note, the planned sham election by the junta will only give the military an open license to commit more atrocities and human rights violations via these weapons of terror. Therefore, I urge the international community to categorically reject this deceitful process for the sake of protection of civilians.
I thank you.
*****








