top of page
  • Facebook Social Icon

Statement by Ambassador Kyaw Moe Tun, at the Security Council Open Debate on Women, Peace and Security: Peace is decided with women: Emerging from conflict by enhancing their participation

  • Writer: Myanmar Mission To UN
    Myanmar Mission To UN
  • Jun 21
  • 7 min read

Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Security Council Open Debate on Women, Peace and Security: Peace is decided with women: Emerging from conflict by enhancing their participation, held on 19 June 2026


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး အကြောင်းအရာအောက်မှ “Peace is decided with women: Emerging from conflict by enhancing their participation” ခေါင်းစဉ်ဖြင့် ကျင်းပသည့် လုံခြုံရေးကောင်စီ တံခါးဖွင့်အစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံအနေဖြင့် လူက ဖန်တီး၍ ဖြစ်ပေါ် လာသော ရက်စက်သည့် ပဋိပက္ခအတွင်း (၅) နှစ် ကျော်အကြာ ပိတ်မိလျက်ရှိပြီဖြစ်၊

လက်ရှိ ဖြစ်ပေါ်နေသည့် ဘက်ပေါင်းစုံ အကျပ်အတည်းအတွက် အဓိက တရားခံမှာ ၂၀၂၁ ခုနှစ်

မတရား စစ်အာဏာသိမ်းမှုနှင့် အရပ်သား ပြည်သူလူထုအပေါ် ကျူးလွန်နေသည့်

စစ်အကြမ်းဖက်မှုတို့သာဖြစ်၊

အကြမ်းဖက်စစ်အုပ်စုအနေဖြင့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်များကို ယနေ့တိုင် စနစ်တကျကျူးလွန်ကာ အပြည်ပြည်ဆိုင်ရာဥပဒေ၊ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှုဥပဒေတို့ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်လျက်ရှိ၊

ယနေ့အထိ လူ့အခွင့်အရေးနှင့် အမျိုးသမီးများ၏ အခွင့်အရေးများကို ခုခံ ကာကွယ်ပေးလျက်ရှိသော မြန်မာအမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် ဒူးမထောက်၊ လက်မမြှောက်၊ ကြောက်ရွံ့မှု အတိကင်းကင်းဖြင့် တော်လှန်ရေးတွင် ရှေ့တန်းက မားမားမတ်မတ် ပါဝင်လျက်ရှိ၊

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီသည်လည်း အနာဂတ်တွင် ပေါ်ပေါက်လာမည့် ဖက်ဒရယ်အဖွဲ့အစည်းများတွင် ကျားမတန်းတူညီမျှမှုရှိရေးအတွက် တက်တက်ကြွကြွ ဖော်ဆောင်နေပြီး အကြမ်းဖက်စစ်အုပ်စု ကျူးလွန်သည့် ကျားမအခြေပြု ရက်စက်ကြမ်းကြုတ်မှုများအတွက် စစ်အုပ်စု တရားခံများကို ဖမ်းဆီးနိုင်ရေးအတွက်

အသွင်ကူးပြောင်းရေး တရားစီရင်မှု ယန္တရားများကိုပါ ပြင်ဆင်လျက်ရှိ၊

မြန်မာနိုင်ငံတွင် မတရား စစ်အာဏာသိမ်းထားသည့် ကာလတစ်လျှောက် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ပြည်သူများ ပြတ်ပြတ်သားသားလိုလားတောင့်တသည့် အဖြေကို ထိရောက်စွာ ဆောင်ကျဉ်းပေးနိုင်ခြင်း မရှိသေး၊

မြန်မာနိုင်ငံ၏ အနာဂတ်သည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ခြင်းနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့အပေါ် မူတည်၊

မြေပြင်ရှိ အမျိုးသမီးများ၏ ရဲစွမ်းသတ္တိသည်လည်း ၎င်းတို့က ပဋိပက္ခအတွင်း နစ်နာသူများမျှသာမဟုတ်ဘဲ အနာဂတ်ငြိမ်းချမ်းရေးတည်ဆောက်သူများဖြစ်ကြောင်းကို ပြသနေ၊

ယခုအချိန်အခါသည်အချိန်ဖြုန်း၍မရတော့ဘဲ ပြဿနာ၏ဇစ်မြစ်ကို

ဖြေရှင်းရမည့်အချိန်တန်ပြီဖြစ်၊

လုံခြုံရေးကောင်စီနှင့် ကုလသမဂ္ဂစနစ်တစ်ခုလုံးအနေဖြင့် မြန်မာပြည်သူများ၏ ကြံ့ခိုင်မှုအား ပြတ်သားသော အရေးယူလုပ်ဆောင်ချက်များဖြင့် အမှီလိုက်နိုင်ရန် မျှော်လင့်၊ သို့မှသာ အကြမ်းဖက်စစ်အုပ်စုမှ အကျိုးခံစား နေသည့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အပြီးသတ်ချုပ်ငြိမ်းပြီး တာဝန်ခံမှုရှိစေကာ မြန်မာပြည်သူများ၏ တရားဝင် စစ်မှန်သောဆန္ဒကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၆ခုနှစ်၊ ဇွန်လ၁၉ ရက်)


၁။        ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီတွင်၂၀၂၆ ခုနှစ်၊ ဇွန်လအတွက် ကိုလံဘီယာနိုင်ငံက အလှည့် ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူလျက်ရှိပြီး အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအာဂျင်ဒါ (Women, Peace and Security Agenda) အောက်မှ “အမျိုးသမီးများဖြင့် ငြိမ်းချမ်းရေးကို အဆုံးအဖြတ်ပေးခြင်း - အမျိုးသမီးများ၏ ပါဝင်မှုအား မြှင့်တင်ပေးခြင်းဖြင့် ပဋိပက္ခများမှ ရုန်းထခြင်း (Peace is decided with women: Emerging from conflict by enhancing their participation)” ခေါင်းစဉ်ဖြင့် လုံခြုံရေးကောင်စီ တံခါးဖွင့်အစည်းအဝေးအား ၁၇-၆-၂၀၂၆ ရက် နှင့် ၁၉-၆-၂၀၂၆ ရက်နေ့တို့တွင် ကျင်းပခဲ့ပါသည်။


၂။    အဆိုပါအစည်းအဝေးသို့ UN-Women Executive Director Ms. Sima Sami Bahous၊ Gbowee Peace Foundation-Africa တည်ထောင်သူ Ms. LeymahGboweeနှင့် NGO Working Group on WPS Executive Director Ms. Kaavya တို့က ဆွေးနွေးသူများအဖြစ် ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံ အပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ (၉၀) ကျော်မှလည်း ပါဝင်တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါသည်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ၁၉-၆-၂၀၂၆ ရက် (သောကြာနေ့)၊ နံနက်တွင် တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ပါသည်။


၃။        မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အောက်ဖော်ပြပါအချက်များ အဓိက ပါဝင်ပါသည်-

(က)     အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအာဂျင်ဒါ၏ စံနှုန်းသတ်မှတ်ချက်မူဘောင်အပေါ် နိုင်ငံတကာ အသိုက်အဝန်းမှ ပေးအပ်ထားသော ကတိကဝတ်အား ထပ်လောင်း အတည်ပြုပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊

(ခ)       အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပဋိပက္ခများ ကြိုတင်ကာကွယ်ရေး၊ ဖြေရှင်းရေးနှင့် ပြန်လည်ကုစားရေး အဆင့်တိုင်းတွင် အမျိုးသမီးများ ပြည့်ပြည့်ဝဝ၊ တန်းတူညီတူ၊ အဓိပ္ပါယ် ပြည့်ဝစွာနှင့် ဘေးကင်းလုံခြုံစွာ ပါဝင်ခွင့်ရရှိရေးအတွက် ခိုင်ခိုင်မာမာ ရပ်တည်လျက်ရှိကြောင်း၊

(ဂ)       မြန်မာနိုင်ငံအနေဖြင့် လူကဖန်တီး၍ ဖြစ်ပေါ်လာသော ရက်စက်သည့် ပဋိပက္ခအတွင်း (၅) နှစ်ကျော်အကြာ ပိတ်မိလျက်ရှိပြီဖြစ်ရာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ အစိတ်စိတ် အမွှာမွှာ ကွဲကြေပျက်စီးခြင်း၏ ထိခိုက်မှု အတိမ်အနက်ကို ကောင်းစွာ သိရှိနားလည်ပါကြောင်း၊

(ဃ)     မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေသည့် ဘက်ပေါင်းစုံ အကျပ်အတည်းအတွက် အဓိက တရားခံမှာ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာသိမ်းမှုနှင့် အရပ်သား ပြည်သူလူထုအပေါ် ကျူးလွန်နေသည့် စစ်အကြမ်းဖက်မှုတို့သာဖြစ်ကြောင်း၊

(င)       မကြာသေးသည့်ကာလအတွင်းက အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ဟန်ပြလုပ်ဆောင်ခဲ့သည့် အပြောင်းအလဲသည် စစ်မှန်သောအပြောင်းအလဲမဟုတ်ဘဲ နိုင်ငံတကာ အသိအမှတ်ပြုမှုနှင့် တရားဝင်မှု တို့ကို အာသာငမ်းငမ်း ရယူလိုသောကြောင့်သာဖြစ်ကြောင်း၊

(စ)       အကြမ်းဖက် စစ်အုပ်စုအနေဖြင့် ၎င်းတို့ အလီလီ သုံးစွဲခဲ့သော နည်းလမ်းအဟောင်းကိုသာ ထပ်မံ အသုံးပြုလျက် နိုင်ငံတကာအသိုက်အဝန်းအား စည်းရုံးရန်နှင့် တာဝန်ခံမှုအား ရှောင်လွှဲရန် ကြိုးစား နေခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ မည်သည့်လုပ်ရပ်မဆို ၎င်းတို့၏ ရှင်သန်ရပ်တည်မှု တစ်ခုတည်း အတွက်သာဖြစ်ပြီး မြန်မာပြည်သူများ၏ အကျိုးစီးပွား စိုးစဉ်းမျှ မပါဝင်ကြောင်း၊

(ဆ)   အဆိုပါအကြမ်းဖက်စစ်အုပ်စုအနေဖြင့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်များကို ယနေ့တိုင် စနစ်တကျကျူးလွန်ကာ အပြည်ပြည်ဆိုင်ရာဥပဒေ၊ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေတို့ကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်လျက်ရှိကြောင်း၊

(ဇ)       အကြမ်းဖက်စစ်အုပ်စုမှ အရပ်သားပြည်သူလူထုနှင့် အခြေခံအဆောက်အဦတို့အပေါ် မဆင်မခြင် တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံ၏ ဆုတ်ယုတ်မှုမှာ ဆက်လက် ကြီးထွားနေကြောင်း၊ OCHA အပါအဝင် အခြား အထောက်အထား ခိုင်လုံသော အစီရင်ခံစာများတွင် နေရပ်စွန့်ခွာ နေထိုင်နေရသူ ၃.၆ သန်းကျော်၊ လူသားချင်း စာနာထောက်ထားမှု အကူအညီ လိုအပ်နေသူ ၂၂ သန်းခန့်အနက် အကူအညီ အရေးတကြီး လိုအပ်နေသူ ၁၆.၂ သန်း၊ အမျိုးသမီးနှင့် မိန်းကလေး ငယ် ၁၀.၄ သန်းနှင့် ကလေးသူငယ် ၆.၃ သန်း စသည့် အရေအတွက်များကို မှတ်တမ်းတင်ဖော်ပြထားကြောင်း၊

(ဈ)    အဆိုပါ ကိန်းဂဏန်းများ၏ နောက်ကွယ်တွင် ပစ်မှတ်ထားခံရပြီး ကျားမအခြေပြု အကြမ်းဖက် သည့် ထိတ်လန့်ဖွယ် ဖြစ်စဉ်များလည်း ရှိကြောင်း၊ အကြမ်းဖက် စစ်အုပ်စု အနေဖြင့် ပဋိပက္ခနှင့် ဆက်စပ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို စစ်လက်နက်တစ်ခုအဖြစ် စနစ်တကျ အသုံးချ လျက်ရှိကြောင်း၊ အထူးသဖြင့် မတရား စစ်အာဏာသိမ်းထားသည့် ကာလတစ်လျှောက် စစ်အုပ်စုမှ ကျူးလွန်သည့် အဓမ္မပြုကျင့်မှုဖြစ်စဉ် (၉၀၀) ကျော်၊ အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုနှင့် လိင်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုတို့ကိုလည်း မှတ်တမ်းပြုစုထားကြောင်း၊ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလတစ်လ တည်း၌ပင် အမျိုးသမီး (၆၃) ဦး အသတ်ခံခဲ့ရကြောင်း၊ အများစုမှာ အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကြောင့် သေဆုံးရခြင်း ဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ (၆၆) ဦးအထိရှိပြီး မိန်းကလေးငယ်များနှင့် ကိုယ်န်ဆောင် အမျိုးသမီးများလည်း ပါဝင်ကြောင်း၊

(ည)     တစ်ဖက်တွင်လည်း အကြမ်းဖက်စစ်အုပ်စုက လူသားချင်းစာနာထောက်ထားမှု အကူ အညီများကို ရည်ရွယ်ချက်ရှိရှိ ပိတ်ဆို့တားဆီးပြီး ဆေးရုံ၊ ဆေးခန်းစသည်တို့ကို ပစ်မှတ်ထားကာ တိုက်ခိုက် ဖျက်ဆီးလျက်ရှိကြောင်း၊ ထို့ကြောင့် ကိုယ်ဝန်ဆောင်မိခင်များ၏ ကျန်းမာရေးကို ထိခိုက်စေပြီး ပဋိပက္ခဒဏ်သင့် နေရာဒေသများရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို အချိုးမညီမျှစွာ ထိခိုက်စေလျက်ရှိကြောင်း၊

(ဋ)       သို့ရာတွင် မြန်မာအမျိုးသမီးများသည် နစ်နာသူများ သီးသန့် မဟုတ်ပါကြောင်း၊ ၎င်းတို့၌ ရိုက်ချိုး၍ မရနိုင်အောင် ထူးခြားသည့် စိတ်ဓာတ်ရေးရာ ကြံ့ခိုင်မှု ရှိပါကြောင်း၊

(ဌ)       ယနေ့အထိ လူ့အခွင့်အရေးနှင့် အမျိုးသမီးများ၏ အခွင့်အရေးများကို ခုခံ ကာကွယ်ပေးလျက် ရှိသော မြန်မာအမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် ဒူးမထောက်၊ လက်မမြှောက်၊ ကြောက်ရွံ့မှုအတိကင်းကင်းဖြင့် တော်လှန်ရေးတွင် ရှေ့တန်းက မားမားမတ်မတ် ပါဝင်လျက် ရှိကြောင်း၊

(ဍ)       ၎င်းတို့အနေဖြင့် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကို မောင်းနှင်လျက်ရှိပြီး ဗုံးကြဲဒဏ်များ အကြားကပင် ဒေသခံ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှု ကွန်ယက်များ ကို စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့အတူ ၎င်းတို့သည် နိုင်ငံရေး မဟာဗျူဟာချမှတ်သူများ၊ အသိုက်အဝန်းများအကြား ချိတ်ဆက်ပေးသူများနှင့် စစ်ဘက်ဆိုင်ရာ ကွပ်ကဲရေးမှုများအဖြစ် တဖန်လည်း ဦးဆောင်လျက်ရှိကြောင်း၊ အမျိုးသမီးများအနေဖြင့် နယ်စပ်ဒေသများရှိ လူထု လှုပ်ရှားမှုကြီးများမှသည် ပြည်တွင်း၌ လုပ်ဆောင်နေသော ခုခံတော်လှန်မှုများအထိ ပါဝင်ကာ အကြမ်းဖက်စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကို ဖော်ထုတ်လျက် ၎င်းတို့၏ အသိုက်အဝန်း များအား အကာအကွယ်ပေးကာ စစ်အုပ်စု၏ ပြစ်ဒဏ်ကင်းလွတ်နေမှုအား ရိုက်ချိုးဖျက်ဆီးနိုင်ရန် ကြိုးပမ်းပေးလျက်ရှိကြောင်း၊

(ဎ)       အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အဆိုပါကြံ့ခိုင်မှုအားကောင်းသော အောက်ခြေအရင်းအမြစ်များကို အုပ်ချုပ်မှုအသွင်ပုံစံအဖြစ် ပြောင်းလဲတည်ဆောက်နိုင်ရန် မဟာမိတ် အင်အားစုများနှင့် လက်တွဲလုပ်ဆောင်လျက်ရှိပြီး အမျိုးသမီးများ၏ နိုင်ငံရေးဦးဆောင်မှုအတွက် ဖြစ်ပေါ်နေသည့် အတားအဆီးများကို ဖယ်ရှားပေးလျက်ရှိကြောင်း၊

(ဏ)     မကြာသေးမီက ဖွဲ့စည်းခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ သည်လည်း အနာဂတ်တွင် ပေါ်ပေါက်လာမည့် ဖက်ဒရယ်အဖွဲ့အစည်းများတွင် ကျားမ တန်းတူ ညီမျှမှုရှိရေးအတွက် တက်တက်ကြွကြွ ဖော်ဆောင်နေပြီး အကြမ်းဖက်စစ်အုပ်စု ကျူးလွန်သည့် ကျားမအခြေပြု ရက်စက်ကြမ်းကြုတ်မှုများအတွက် စစ်အုပ်စု တရားခံများကို ဖမ်းဆီးနိုင်ရေး အတွက် အသွင်ကူးပြောင်းရေး တရားစီရင်မှု ယန္တရားများကိုပါ ပြင်ဆင်လျက်ရှိကြောင်း၊

(တ)     သို့ဖြစ်ပါ၍ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာဒီမိုကရေစီအင်အားစုများမှ ဖော်ဆောင် ထားသည့် တိုးတက်မှုများနောက် အမှီလိုက်နိုင်ရေး အားထုတ်ရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် မတရား စစ်အာဏာသိမ်းထားသည့် ကာလတစ်လျှောက် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ပြည်သူများ ပြတ်ပြတ်သားသား လိုလားတောင့်တသည့်အဖြေကို ထိရောက်စွာ ဆောင်ကျဉ်းပေးနိုင်ခြင်း မရှိသေးကြောင်း၊

(ထ)     အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ရပ်သည်ပင်လျှင် ရည်မှန်းချက် မပြည့်မီသေးကြောင်း၊ ပြန်လည်ချိန်ညှိသော ဒေသတွင်းချဉ်းကပ်မှုတွင်လည်း အမျိုးသမီးများနှင့် တရားဝင် ဒီမိုကရေစီနည်းကျ ကိုယ်စားပြုသည့်ကိုယ်စားလှယ်များ၏အသံများကို စစ်မှန်ရိုးရှင်းစွာ ဗဟိုပြုရန် လိုအပ်ကြောင်း၊

(ဒ)       လုံခြုံရေးကောင်စီတွင်လည်း ညီညွတ်သော ရပ်တည်ချက်ရရှိရန် စိန်ခေါ်မှု ပြင်းထန်နေဆဲဖြစ် ကြောင်း၊ အဆိုပါဖိအားအပေါ် အရင်းပြု၍ ကုလသမဂ္ဂအထွေထွေညီလာခံက အားဖြည့်ပေးကာ ဒီမိုကရေစီနှုန်းစံတန်ဖိုးများကို ကိုင်စွဲလျက် အလုံးစုံခြုံငုံပြီး ဟန်ချက်ညီသောကမ္ဘာလုံးဆိုင်ရာ အရေးယူလုပ်ဆောင်ချက်များကို မောင်းနှင်ပေးနိုင်မည့်အပေါ် မိမိတို့အလေးထားမျှော်မှန်းပါကြောင်း၊

(ဓ)       အထူးသဖြင့် မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ရရှိရန် ကုလသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အောက်ပါ တိကျခိုင်မာသော အရေးယူ ဆောင်ရွက်ချက် များကို လုပ်ဆောင်ပေးရန် တိုက်တွန်းတောင်းဆိုလိုပါကြောင်း -

(၁)       အကြမ်းဖက်စစ်အုပ်စု၏ မသမာသော အတုအယောင် ရွေးကောက်ပွဲနှင့် ရလဒ် များကို ပြင်းထန်စွာကန့်ကွက်ပေးရန်၊ အထူးသဖြင့် အကြမ်းဖက်စစ်အုပ်စု၏ ရက်စက် ကြမ်းကြုတ် မှုများမှာ ပိုမို ကြီးထွားလာနေပြီး ပြည်သူများ၏ ဒုက္ခမှာ ပိုမို ဆိုးရွားလာနေကြောင်း၊ ၎င်းတို့နှင့် မလိုလားအပ်သော သံတမန်ရေးရာ ဆက်သွယ်မှုများ ပြုလုပ်နေခြင်းက ၎င်းတို့ အား နိုင်ငံတကာရာဇဝတ်မှုများ ပို၍ကျူးလွန်ရန် တွန်းအားပေးရာ ရောက်မည်ဖြစ်ကြောင်း၊

(၂)       အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင် ကောင်စီတို့နှင့် တရားဝင် ထိတွေ့ တိုးချဲ့ ဆက်ဆံမှုပေးရန်၊

(၃)       အကြမ်းဖက်စစ်အုပ်စုအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ် မှုများကို ပိတ်ဆို့တားဆီးလျက်ရှိသောကြောင့် မြေပြင်ရှိ အမျိုးသမီးများ ဦးဆောင်သော အရပ်ဖက်လူမှုအဖွဲ့အစည်းများထံသို့ စီမံခန့်ခွဲရလွယ်ကူသော၊ တိုက်ရိုက်ဖြစ်သော ငွေကြေးနှင့် နည်းပညာဆိုင်ရာ အထောက်အပံ့များ ပေးအပ်ရန်၊

(၄)       အကြမ်းဖက်စစ်အုပ်စု၏ တရားခံများအား ၎င်းတို့ကျူးလွန်သည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု များအတွက် တာဝန်ခံစေမည့် နိုင်ငံတကာ တရားစီရင်ရေး ယန္တရားများကို ပံ့ပိုးပေးရန်၊

(န)       မြန်မာနိုင်ငံ၏အနာဂတ်သည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ခြင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့အပေါ် မူတည်ကြောင်း၊

(ပ)       မြေပြင်ရှိ အမျိုးသမီးများ၏ ရဲစွမ်းသတ္တိသည်လည်း ၎င်းတို့က ပဋိပက္ခအတွင်း နစ်နာသူများမျှသာ မဟုတ်ဘဲ အနာဂတ်ငြိမ်းချမ်းရေးတည်ဆောက်သူများဖြစ်ကြောင်းကို ပြသနေကြောင်း၊

(ဖ)     ယခုအချိန်အခါသည်အချိန်ဖြုန်း၍မရတော့ဘဲ ပြဿနာ၏ ဇစ်မြစ်ကို ဖြေရှင်းရမည့်အချိန်တန်ပြီ ဖြစ်ကြောင်း၊

(ဗ)       လုံခြုံရေးကောင်စီနှင့် ကုလသမဂ္ဂစနစ်တစ်ခုလုံးအနေဖြင့် မြန်မာပြည်သူများ၏ ကြံ့ခိုင်မှုအား ပြတ်သားသော အရေးယူလုပ်ဆောင်ချက်များဖြင့် အမှီလိုက်နိုင်ရန် မျှော်လင့်ကြောင်း၊ သို့မှသာ အကြမ်းဖက်စစ်အုပ်စုမှ အကျိုးခံစားနေသည့် ပြစ်ဒဏ်ကင်းလွတ်ခွင့် ကို အပြီးသတ်ချုပ်ငြိမ်းပြီး တာဝန်ခံမှုရှိစေကာ မြန်မာပြည်သူများ၏ တရားဝင် စစ်မှန်သောဆန္ဒကို ဖော်ဆောင်ပေးနိုင်မည် ဖြစ်ကြောင်း။


၄။        မြန်မာအမြဲတမ်းကိုယ်စားလှယ်ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြ အပ်ပါသည်။


၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against the delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Security Council Open Debate on Women, Peace and Security: Peace is decided with women: Emerging from conflict by enhancing their participation

(New York, 19 June 2026)

Madam President,

I congratulate Colombia on its Presidency of the Security Council and thank you for convening this vital open debate. We thank the briefers for their insightful statements.

We applaud your emphasis on the international community’s commitment to the normative framework of the Women, Peace, and Security (WPS) agenda. The National Unity Government of Myanmar remains resolute in upholding the full, equal, meaningful, and safe participation of women at all stages of conflict prevention, resolution, and recovery.


Madam President,

Trapped in a manmade, brutal conflict for over five years, Myanmar intimately understands the cost of shattered peace and security. The unlawful military coup of February 2021 and the ensuing military terror against civilians are the sole culprits of today’s multidimensional catastrophe in Myanmar.

Recent political maneuvers and cosmetic transitions by the military junta are nothing but a desperate charade designed to manufacture international recognition and legitimacy. It is their same old pattern to lure the international community and shun away from accountability. They serve only the junta's survival, not the interests of the people of Myanmar.

Today, the perpetrating military junta continues to systematically commit war crimes and crimes against humanity by blatantly violating international law, international human rights law and international humanitarian law.

As a result of their indiscriminate attacks against the civilian population and civilian infrastructure, the scale of the devastation remains staggering. Many credible reports, including those issued by the OCHA have documented the displacement of over 3.6 million people, almost 22 million people in need of humanitarian assistance, among which 16.2 million are in desperate need of immediate humanitarian support, 10.4 million are women and girls and over 6.3 million are children.

Behind these numbers lies a horrifying reality of targeted, gendered violence. The military systematically deploys Conflict-Related Sexual Violence as a calculated weapon of war, with over 900 cases of rape, gang rape, and sexual torture documented since the coup. The sheer indiscriminate nature of this violence is terrifying: in February 2026 alone, 63 women were killed, primarily through relentless aerial bombardments and artillery shelling, and 66 were injured, including young girls and pregnant women.

Furthermore, the junta’s deliberate blockade of humanitarian aid and the targeted destruction of medical facilities have induced a catastrophic collapse in maternal healthcare, disproportionately punishing women and girls in conflict-affected areas.

Yet, the story of Myanmar’s women is not merely one of victimhood; it is an extraordinary testament to unbreakable resilience.

Myanmar women and girls advocating for and defending human rights and women rights remain unbowed and fearless, standing as the undeniable vanguard of our revolution. They are driving the Civil Disobedience Movement, sustaining local administrative and healthcare networks under bombardment, and leading on the frontlines as political strategists, community mediators, and defense commanders. From mass mobilizations in border areas to frontline resistance inside the country, women are exposing atrocities, defending their communities, and shattering a culture of impunity.

The NUG together with allied democratic forces are now fully dedicated to transforming this grassroots resilience into structural governance, directly answering the call and to eliminate barriers to women's political leadership.

The recently established Steering Council for the Emergence of a Federal Democratic Union (SCEF)is actively embedding gender equality into our emerging federal institutions and preparing transitional justice mechanisms to prosecute junta perpetrators for gender-based atrocities.

Therefore, Madam President, it is in our view that the international community needs to step up and keep pace with the tangible progress forged by Myanmar's democratic forces.

For all these years, efforts of the international community have yet to yield the decisive breakthroughs our people desperately need.

First, the implementation of ASEAN’s Five-Point Consensus has, regrettably, not achieved its intended goals. A recalibrated regional approach that genuinely centers the indispensable voices of women and legitimate democratic representatives is urgently required.

Second, this Council is facing challenges in reaching a unified stance. Under this pressure, we must look to the complementary strength of the UN General Assembly to uphold democratic credentials and drive comprehensive, coordinated global action.

Finally, to achieve sustainable peace and stability in Myanmar, we urge the United Nations and its Member States to take the following concrete actions:


Enforce Strict Non-Recognition: Categorically reject the junta's fraudulent elections and their manufactured results. The military junta’s atrocities have deepened; the people’s suffering have aggravated further. The unwarranted diplomatic engagements will embolden the military junta to commit further international crimes.


Empower Democratic Alliances: Further strengthen and formalize multilateral engagement with the NUG and the SCEF.


Revamp Regional Diplomacy: Demand that ASEAN re-evaluate its approach to meaningfully consult with and support the SCEF and women-led civil society networks.


Deliver Direct Humanitarian Support: Circumvent the junta's blockades by providing flexible, direct financial and technical support to women-led civil society organizations operating on the ground. 

Ensure Legal Accountability: Support international judicial mechanisms to hold the military perpetrators fully accountable for war crimes, crimes against humanity, and sexual violence.


Madam President,

The future of Myanmar rests on the elimination of military dictatorship and the establishment of a federal democratic union.

The courage of Myanmar's women on the ground demonstrates that they are not merely survivors of this conflict, but the very architects of our future peace.

There is no time to lose. The root cause of the issue must be fully addressed.

We look to this Council and the entire United Nations system to match the resilience of our people with decisive action, ensuring that impunity is ended, accountability is upheld and that the legitimate, inclusive voice of the people of Myanmar finally prevails.


I thank you.

                                                            *****



Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

This is the only official website of the Permanent Mission of  the Republic of the Union of Myanmar to the United Nations in New York.

The Mission is not affiliated with any other websites using similar names or domains.

bottom of page