Statement by Ambassador Kyaw Moe Tun at the Security Council Open Debate on conflict-related sexual violence
- Myanmar Mission To UN

- Aug 18
- 8 min read




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Security Council Open Debate on conflict-related sexual violence, on the theme “Identifying innovative strategies to ensure access to life-saving services and protection to survivors of sexual violence in conflict zones”, held on 19 August 2025
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ကျင်းပပြုလုပ်သည့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု - အသက်ကယ်ဝန်ဆောင်မှုများရရှိရေးနှင့် ပဋိပက္ခဇုန်များအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းမှ အသက်ရှင် ကျန်ရစ်သူများအား အကာအကွယ်ပေးရေးအတွက် ဆန်းသစ်သော မဟာဗျူဟာများဖော်ထုတ်ရေး” တံခါးဖွင့် အစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ၂၀၂၁ ခုနှစ် မတရား စစ် အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့ချိန်မှစတင်၍ မြန်မာနိုင်ငံတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ ဘေးကင်းလုံခြုံငြိမ်းချမ်းစွာ နေထိုင်နိုင်သည့်ရပ်ဝန်းက ကျဉ်းမြောင်းသည်ထက် ကျဉ်းမြောင်း လာ လျက်ရှိ၊ စစ်တပ်သည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို အသုံးချ၍ အရပ်သားပြည်သူလူထု အပေါ် တိုက်ခိုက်မှုများ ဆက်လက်ကျူးလွန်လျက်ရှိ၊
စစ်တပ်မှ ကျူးလွန်သည့် အချို့သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်စဉ်များတွင် အမျိုးသမီးများကို ၎င်းတို့၏ ခင်ပွန်း၊ ဖခင်၊ မိခင်၊ မောင်နှမသားချင်းများ၊ သားသမီးများနှင့် ဆွေမျိုးရင်းချာများ၏ ရှေ့မှောက်၌ အဓမ္မပြုကျင့်ခြင်းတို့ ပါဝင်၊ ထိုသို့သော လူမဆန်မှုများမှာ ပြောဖွယ်ရာ စကားလုံးပင်မရှိ၊ စစ်အုပ်စုက ထိုရာဇဝတ်မှု များ ကို ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ ကျူးလွန်လျက်ရှိ၊
ထိခိုက်နစ်နာသူ သားကောင်များ၊ ၎င်းတို့၏ ဖခင်များ၊ မိခင်များ၊ မောင်နှမသားချင်းများ၊ သားသမီးများနှင့်ဆွေမျိုး သားချင်းများ၏ နေရာ၌ ကိုယ်တိုင် ခေတ္တခဏ ဝင်ရောက်ခံစားပေး၍ ပဋိပက္ခများအတွင်းနှင့် စစ်တပ်၏ ရက်စက် ကြမ်းကြုတ်မှု များကြောင့် ကြုံတွေ့နေရသည့် လုံခြုံမှုကင်းမဲ့သော ပတ်ဝန်းကျင်အတွင်း ဖြတ်သန်းရသည့် နေ့စဉ် ဘဝများအား တွေးကြည့်ပေးစေလို၊ စက္ကန့်တိုင်း၊ မိနစ်တိုင်း၊ နာရီတိုင်းသည် ၎င်းတို့အတွက် အလွန်အရေးကြီးနေ၊
လုံခြုံရေးကောင်စီ၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ ကုလသမဂ္ဂစနစ် တစ်ခုလုံး အနေဖြင့် စစ်တပ်၏ ရက်စက် ကြမ်းကြုတ်မှုများအား အပြီးသတ် ချုပ်ငြိမ်းနိုင်မည့် ဖြစ်နိုင်သော နည်းလမ်းအားလုံးကို အသုံးချ၍ ထိရောက် သော အရေးယူ လုပ်ဆောင်ချက် များကို ချက်ချင်းလုပ်ဆောင်ရန် တောင်းဆိုလို၊
အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်တပ်ထံသို့ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီ၊ စစ်ဘက် အရပ်ဘက် နှစ်မျိုး သုံး ပစ္စည်းများနှင့် ငွေကြေးထောက်ပံ့မှုများ ရပ်တန့်နိုင်ရေးအတွက် နည်းလမ်း အားလုံးကို အသုံးပြုရန် တောင်းဆိုလို၊
စစ်အုပ်စု ၏ အတုအယောင် ရွေးကောက်ပွဲ သည် စစ်တပ်အား ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အပါအဝင် လူမဆန်သည့် ရာဇဝတ်မှုများကို အနာဂတ်တွင် ထပ်မံကျူးလွန်ခွင့် ရစေမည့် လိုင်စင်တစ်ခု ဖြစ်လာမည်ဖြစ်၊ အဖွဲ့ဝင်နိုင်ငံအားလုံးအနေဖြင့် မြန်မာပြည်သူများ ၏ မျှော်မှန်းချက်များအား လေးစားရန်နှင့် စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲ အား ပြင်းထန်စွာကန့်ကွက်ရန် တိုက်တွန်း၊
နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မိမိတို့၏ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ကြိုးပမ်းမှုများအား အပြည့်အဝ ထောက်ပံ့ပေးရန် တောင်းဆိုလိုပါကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်)
၁။ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၊ လုံခြုံရေးကောင်စီတွင် ၂၀၂၅ ခုနှစ်၊ သြဂုတ်လအတွက် အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသော ပနားမားနိုင်ငံမှ ကြီးမှူး၍ “ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - အသက်ကယ်ဝန်ဆောင်မှုများ ရရှိရေးနှင့် ပဋိပက္ခဇုန်များအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခြင်းမှ အသက်ရှင်ကျန်ရစ်သူများအား အကာအကွယ်ပေးရေးအတွက် ဆန်းသစ်သော မဟာဗျူဟာများ ဖော်ထုတ်ရေး” ခေါင်းစဉ်ဖြင့် တံခါးဖွင့်အစည်းအဝေးအား ၁၉-၈-၂၀၂၅ ရက် (အင်္ဂါနေ့) တွင် ကျင်းပခဲ့ပါသည်။
၂။ အဆိုပါအစည်းအဝေးတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှု အထူးကိုယ်စားလှယ် Ms. Pramila Patten က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ၂၀၂၄ ခုနှစ် အစီရင်ခံစာ ကို အခြေခံ၍ တင်ပြ၊ ဆွေးနွေးခဲ့ပြီး Darfur Advocacy Group ၏ Founder and Coordinator ဖြစ်သူ Ms. Ikhlass Ahmed ကလည်း ဆွေးနွေးသူအဖြစ် ပါဝင်ခဲ့ပါသည်။ ထို့အတူ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ (၇၀) ကျော်မှ လည်း မိန့်ခွန်းပြောကြားခဲ့ကြပါသည်။
၃။ ဖော်ပြပါအစီရင်ခံစာတွင် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်လျက်ရှိသည့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှု ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားသဖြင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း လည်း တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါသည်။
၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အောက်ဖော်ပြပါ အချက်များ အဓိက ပါဝင် ပါသည်-
(က) အစီရင်ခံစာတွင် ပဋိပက္ခဒဏ်သင့် နိုင်ငံများ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်စဉ်များ၏ ကျူးလွန်မှု ပုံစံများနှင့် ဆက်စပ် ဖြစ်ပေါ်လာသည့် စိုးရိမ်မှုများကို လေ့လာထားကြောင်း၊ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကျူးလွန်မှုများသည် ယမန်နှစ်ကထက် ၂၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည့်အချက်က ထိတ်လန့်ဖွယ်ဖြစ်ကြောင်း၊
(ခ) အစီရင်ခံစာပါ ဖော်ပြချက်များအရ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပြဿနာအပေါ် ဆက်လက် အာရုံစိုက်ဖြေရှင်းရန်နှင့် ထိရောက်စွာ အရေးယူဆောင်ရွက်ချက်များ လုပ်ဆောင်ရန် အထူး သတိပေးလျက်ရှိကြောင်း၊ ယင်းရာဇဝတ်မှုသည် နယ်ပယ်ပေါင်းစုံအပေါ်သက်ရောက်မှုရှိပြီး အလွန်ရှုပ်ထွေးကြောင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ်၌လည်း ကျယ်ပြောစွာ သက်ရောက်မှု ရှိကြောင်း၊
(ဂ) ကမ္ဘာ့နေရာအနှံ့အပြားတွင် ဖြစ်ပေါ်နေသည့် စိန်ခေါ်မှုများကို ကြည့်ခြင်းအားဖြင့် အဆိုပါ စစ်ရာဇဝတ်မှု၏ နောက်ဆက်တွဲ ဆိုးကျိုးများက မိမိတို့ မြန်မာနိုင်ငံ အပါအဝင် ဒေသ အသီးသီးရှိ နိုင်ငံအများစုအပေါ်၌ ကြီးလေးသော သက်ရောက်မှုရှိသည်ကို ပြသနေပြီး ပဋိပက္ခများအတွင်း အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ အသက်နှင့် လူနေမှုဘဝများအပေါ် အဓိက ရိုက်ခတ်လျက်ရှိကြောင်း၊
(ဃ) ယနေ့ တံခါးဖွင့်အစည်းအဝေးသည် ကူကယ်ရာ အကင်းမဲ့ဆုံးဖြစ်နေသည့် အရပ်သား ပြည်သူ များနှင့် အသိုက်အဝန်းများအတွက် ထိထိရောက်ရောက် ပံ့ပိုးကူညီပေးနိုင်မည့် နည်းလမ်းများကို ရှာဖွေနိုင်ရန် နိုင်ငံတကာအသိုက်အဝန်းအတွက် အရေးကြီးသည့် အခွင့်အလမ်းတစ်ရပ် ဖြစ် ကြောင်း၊
(င) မြန်မာနိုင်ငံတွင် ဖိုဝါဒကြီးစိုးသည့် ယဉ်ကျေးမှုက ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု များ ဖြစ်ပေါ်စေသည့် မြောက်များစွာသော အချက်များအနက် တစ်ခု အပါအဝင်ဖြစ်ကြောင်း၊ အဆိုပါအချက်ကို ကောင်းမွန်စွာ သိရှိသဖြင့် ယခင် ရွေးကောက်ခံ အရပ်သားအစိုးရက ပြဿနာ အား ဖြေရှင်းရန် အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့ကြောင်း၊ သို့သော် ၂၀၂၁ ခုနှစ် မတရား စစ် အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့ချိန်မှစတင်၍ မြန်မာနိုင်ငံတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ ဘေးကင်းလုံခြုံငြိမ်းချမ်းစွာ နေထိုင်နိုင်သည့်ရပ်ဝန်းက ကျဉ်းမြောင်းသည်ထက် ကျဉ်းမြောင်း လာ လျက်ရှိကြောင်း၊
(စ) ကနဦးတွင် ကျူးလွန်သူ စစ်တပ်က ရွေးကောက်ခံ အရပ်သားအစိုးရအား ဖယ်ရှားခြင်း ဖြင့် အစပြုကာ နိုင်ငံရေးခေါင်းဆောင်များကို တရားလက်လွတ် ဖမ်းဆီးချုပ်နှောင်ခြင်း၊ ဒီမိုကရေစီအရေး ငြိမ်းချမ်းစွာ လှုပ်ရှားသူများအား ဖိနှိပ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ပြီး ယခု အခါ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် စစ်ရာဇဝတ်မှုများ မြောက်သည့် ရက်စက် ကြမ်းကြုတ်မှုများကို ကျူးလွန်နေဆဲဖြစ်ကြောင်း၊
(ဆ) စစ်တပ်၏ နေ့စဉ် ရက်စက်ကြမ်းကြုတ်မှုများ၊ အထူးသဖြင့် အရပ်သားပြည်သူလူထု အပေါ် မဆင်မခြင် လေကြောင်းတိုက်ခိုက်မှုများ၊ ဗုံးကြဲတိုက်ခိုက်မှုများ တိုးမြှင့် လုပ်ဆောင်ခြင်း တို့ကြောင့် ၃.၅ သန်းသော ပြည်သူများ နေရပ်စွန့်ခွာနေထိုင်နေရပြီး လူဦးရေ သန်း ၂၀ ကျော်မှာ လည်း လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အရေးပေါ် လိုအပ်လျက်ရှိကြောင်း၊ ထို့ပြင် စစ်တပ်အနေဖြင့် အမျိုးသမီး (၁,၇၇၀) နှင့် ကလေးသူငယ် အယောက်ပေါင်း (၈၇၃) ဦးတို့အပါအဝင် ပြည်သူ (၇,၁၀၀) ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း၊ ၁၇-၈-၂၀၂၅ ရက်နေ့တွင် လည်း စစ်တပ်က ကရင်နီပြည်နယ်၊ မော်ချီးကျေးရွာအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးများနှင့် ကလေး သူငယ်များ အပါအဝင် အရပ်သား (၃၂) ဦး အသက်သေဆုံးခဲ့ရ ကြောင်း၊
(ဇ) စစ်တပ်သည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို အသုံးချ၍ အရပ်သားပြည်သူလူထု အပေါ် တိုက်ခိုက်မှုများ ဆက်လက်ကျူးလွန်လျက်ရှိကြောင်း၊ အဆိုပါ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွင် အဓမ္မပြုကျင့်ခြင်း (ရုပ်ဝတ္ထုပစ္စည်းများ အသုံးပြုခြင်းနှင့် အုပ်စုလိုက် အဓမ္မပြုကျင့်ခြင်းတို့ အပါအဝင်)၊ လိင်ကျေးကျွန်ပြုမှု၊ လိင်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက် မှု၊ လိင်အင်္ဂါဖြတ်တောက်ခြင်း နှင့် စစ်တပ်စစ်ဆေးရေးဂိတ်များတွင် လိင်ပိုင်းဆိုင်ရာ စော်ကားမှုနှင့် အတင်းအကျပ် အဝတ်ဗလာ ဖြစ်အောင်ပြုစေခြင်းတို့ ပါဝင်ကြောင်း၊
(ဈ) ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် ဇွန်လအထိ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှုဖြစ်စဉ် (၅၀၀) ခန့်ကို မှတ်တမ်းထားရှိသည်ဟု တွေ့ရှိရကြောင်း၊
(ည) အဆိုပါ ဖြစ်စဉ်အရေအတွက် မြင့်တက်နေသည့်နည်းတူ ယင်းရာဇဝတ်မှုများသည် အများအားဖြင့် စစ်တပ်၏ အကျဉ်းစခန်းများတွင် တိတ်တဆိတ်နှင့် အလုံးအရင်းဖြင့် ဖြစ်ပေါ်လျက်ရှိကြောင်း၊
(ဋ) ဤနေရာတွင် အမျိုးသမီးများ၊ အမျိုးသမီး လူငယ် နိုင်ငံရေးတက်ကြွသူများက စစ်တပ်မှ ကျူးလွန်သည့် ညှဉ်းပန်း နှိပ်စက်မှုအမျိုးမျိုးနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတို့၏ အဓိက သားကောင်များဖြစ်လေ့ရှိကြောင်း၊ ယခုနှစ် ဇူလိုင်လအတွင်း၌ပင် အသက် (၂၆) နှစ်နှင့် (၄၄) နှစ်အရွယ် အမျိုးသမီး နိုင်ငံရေးအကျဉ်းသူ (၂) ဦး အကျဉ်းထောင်၌ သေဆုံးခဲ့ကြကြောင်း၊
(ဌ) စစ်တပ်၏ တပ်သားများမှ ကျူးလွန်သည့် အချို့သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်စဉ်များတွင် အမျိုးသမီးများကို ၎င်းတို့၏ ခင်ပွန်း၊ ဖခင်၊ မိခင်၊ မောင်နှမသားချင်းများ၊ သားသမီးများနှင့် ဆွေမျိုးရင်းချာများ၏ ရှေ့မှောက်၌ အဓမ္မပြုကျင့်ခြင်းတို့ ပါဝင်ကြောင်း၊ ထိုသို့သော လူမဆန်မှုများမှာ ပြောဖွယ်ရာ စကားလုံးပင်မရှိကြောင်း၊ စစ်အုပ်စုက ထိုရာဇဝတ်မှု များ ကို ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ ကျူးလွန်လျက်ရှိကြောင်း၊
(ဍ) သို့ဖြစ်ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ဒေသခံအသိုက်အဝန်းများအနေဖြင့် အမျိုးသမီးများ နှင့် မိန်းကလေးငယ်များအား ကာကွယ်ပေးရန်နှင့် နစ်နာသူများအတွက် တရားမျှတမှု ဖော်ဆောင် ပေးရန် ပြည်တွင်း၌ တိုင်ကြားရေး၊ စောင့်ကြည့်လေ့လာရေး၊ ပြန်လည်သုံးသပ်ရေးနှင့် စုံစမ်းစစ်ဆေးရေး ယန္တရာများ တည်ဆောက်ကာ အကူအညီ အမှန်တကယ်လိုအပ်နေသူများထံ အသက်ကယ် အကူအညီများနှင့် အခြားလိုအပ်သည့် ထောက်ပံ့မှုများ ပေးအပ်နိုင်ရေး ဝိုင်းဝန်း ဆောင်ရွက်လျက်ရှိကြောင်း၊
(ဎ) ထို့အပြင် ရဲစွမ်းသတ္တိပြည့်ဝသော မြန်မာ အမျိုးသမီး အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် လူ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ အနေဖြင့်လည်း စစ်အာဏာရှင်အား ဆန့်ကျင်ရေးနှင့် ထိရှလွယ်သောအုပ်စုများကိုယ်စား ထုတ်ဖော်ပြောကြားနိုင်ရေးအတွက် ရှေ့တန်းမှ ပါဝင် လုပ်ဆောင် လျက်ရှိကြောင်း၊
(ဏ) ဤနေရာတွင် မိမိတို့ တစ်ဦးတည်းအင်အားဖြင့် စစ်တပ်၏ လူမဆန်မှုများ ရပ်တန့်အောင် အချိန်မှီ လုပ်ဆောင်နိုင်မည်မဟုတ်ကြောင်း၊ မိမိတို့အနေဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အပါအဝင် ကူကယ်ရာမဲ့နေသည့် ပြည်သူများအား ကာကွယ်ပေးရန် နိုင်ငံတကာအသိုက်အဝန်း၊ အထူးအားဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အကူအညီကို လိုအပ်ပါကြောင်း၊
(တ) ပြည်သူများ၏ အသက်အိုးအိမ်များအား ကယ်တင်ရန်၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အား ရက်စက်ကြမ်းကြုတ်မှုရန်စွယ်မှ ကာကွယ်ပေးနိုင်ရန်နှင့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု သားကောင်များအတွက် တရားမျှတမှု ဖော်ဆောင်ရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ နှင့် အခြားသော ကုလသမဂ္ဂအဖွဲ့အစည်းများ၏ ထိရောက်သော အရေးယူ လုပ်ဆောင်ချက်များက အလွန် အရေးပါကြောင်း၊
(ထ) သို့ဖြစ်ပါ၍ မိမိအနေဖြင့် အောက်ပါအချက်များအား လုပ်ဆောင်ပေးရန် တောင်းဆိုလိုပါကြောင်း -
(၁) မိမိတို့အားလုံးအနေဖြင့် လုပ်ကိုင်နေတာ ခေတ္တခဏ ရပ်၍ ထိခိုက်နစ်နာသူ သားကောင် များ၊ ၎င်းတို့၏ ဖခင်များ၊ မိခင်များ၊ မောင်နှမသားချင်းများ၊ သားသမီးများနှင့် ဆွေမျိုး သားချင်းများ၏ နေရာ၌ ကိုယ်တိုင် ခေတ္တခဏ ဝင်ရောက်ခံစားပေးရန် မေတ္တာရပ်ခံလို ကြောင်း၊ ထို့နောက် ၎င်းတို့ ပဋိပက္ခများအတွင်းနှင့် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှု များကြောင့် ကြုံတွေ့နေရသည့် လုံခြုံမှုကင်းမဲ့သော ပတ်ဝန်းကျင်အတွင်း ဖြတ်သန်း ရသည့် နေ့စဉ် ဘဝများအား တွေးကြည့်ပေးစေလိုကြောင်း၊ စက္ကန့်တိုင်း၊ မိနစ်တိုင်း၊ နာရီတိုင်းသည် ၎င်းတို့အတွက် အလွန် အရေးကြီးနေပါကြောင်း၊
(၂) သို့ဖြစ်ပါ၍ လုံခြုံရေးကောင်စီ၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ ကုလသမဂ္ဂစနစ် တစ်ခုလုံး အနေဖြင့် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများအား အပြီးသတ် ချုပ်ငြိမ်းနိုင်မည့် ဖြစ်နိုင်သော နည်းလမ်းအားလုံးကို အသုံးချ၍ ထိရောက်သော အရေးယူ လုပ်ဆောင်ချက် များကို ချက်ချင်းလုပ်ဆောင်ရန် တောင်းဆိုလိုပါ ကြောင်း၊ စစ်တပ်မှ လူမဆန်စွာ ကျူးလွန်သည့် ရာဇဝတ်မှုများကို မှတ်တမ်းရယူ ထားပြီးဖြစ်ကြောင်း၊ အရေးယူ လုပ်ဆောင်ချက်များ လုပ်ဆောင်နိုင်ရေးအတွက် ၎င်းတို့က အသင့်ရှိနေပါကြောင်း၊
(၃) အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်တပ်ထံသို့ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီ၊ စစ်ဘက် အရပ်ဘက် နှစ်မျိုး သုံးပစ္စည်းများနှင့် ငွေကြေးထောက်ပံ့မှုများ ရပ်တန့်နိုင်ရေးအတွက် နည်းလမ်း အားလုံးကို အသုံးပြုရန် တောင်းဆိုလိုကြောင်း၊ စစ်တပ်အနေဖြင့် အဆိုပါ အရင်း အမြစ်များကို အသုံးချ၍ ရက်စက်ကြမ်းကြုတ်မှုများကို ကျူးလွန်နေကြောင်း၊
(၄) စစ်အုပ်စုမှ စီစဉ်နေသည့် အတုအယောင် ရွေးကောက်ပွဲသည် မည်သို့မျှ လွတ်လပ်၊ မျှတ၍ အားလုံးပါဝင်မှု ရှိမည်မဟုတ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်တစ်ရပ်လုံးသည် ပြည်သူ များ၏ ဘဝများနှင့် အနာဂတ်များကို ချနင်း၍ ၎င်းတို့မှ အာဏာဆက်လက် လက်ဝယ် ထိန်းသိမ်း ထားရှိရေးအတွက် လိမ်ညာလှည့်ဖြားမှု တစ်ခုမျှသာဖြစ်ကြောင်း၊ အတုအယောင် ရွေးကောက်ပွဲ သည် စစ်တပ်အား ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အပါအဝင် လူမဆန်သည့် ရာဇဝတ်မှုများကို အနာဂတ်တွင် ထပ်မံကျူးလွန်ခွင့် ရစေမည့် လိုင်စင်တစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ၎င်းတို့၏ လုပ်ရပ်များ ကို တားဆီးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အဖွဲ့ဝင်နိုင်ငံအားလုံးအနေဖြင့် မြန်မာပြည်သူ များ ၏ မျှော်မှန်းချက်များအား လေးစားရန်နှင့် စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲ အား ပြင်းထန်စွာကန့်ကွက်ရန် တိုက်တွန်းပါကြောင်း၊
(၅) အထူးအားဖြင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မိမိတို့၏ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ကြိုးပမ်းမှုများအား အပြည့်အဝ ထောက်ပံ့ပေးရန် တောင်းဆိုလိုပါကြောင်း၊ အနာဂတ် မြန်မာနိုင်ငံတော်သည် အားလုံးအတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ သာယာ ဝပြောရေး၊ တရားမျှတမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုတို့ကို ဆောင်ကြဉ်းပေးမည်ဖြစ် ကြောင်း၊
(ဒ) မြန်မာပြည်သူများ၏ အသက်အိုးအိမ်၊ ဘဝများနှင့် အနာဂတ်များကို ကယ်တင်နိုင်ရန် ယခုပင် လုပ်ဆောင်ပေးရန် မေတ္တာရပ်ခံပါကြောင်း။
၅။ မြန်မာအမြဲတမ်းကိုယ်စားလှယ်ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against the delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the
Security Council Open Debate on conflict-related sexual violence, on the theme “Identifying innovative strategies to ensure access to life-saving services and protection to survivors of sexual violence in conflict zones”
(New York, 19 August 2025)
Mr. President,
At the outset, I would like to thank the presidency of Panama for convening this importantUNSC open debate.
I also wish to express my appreciation to SRSG Pramila Patten and the other briefer Ms. Ikhlass Ahmed for their insightful and sobering statements.
Myanmar is alarmed by the recentUNSG report underscoring the staggering 25 percent increase in the perpetration of CRSV from previous year. Also, the report comprehensivelypresents the terrifyingpatterns, trends and emerging concerns of conflict-related sexual violence analyzing conflict-affected settings in various countries.
Reflections in the report serve as a stark reminder that conflict-related sexual violence continues torequire serious attention and effective actions.The crime continues to be a multidimensional and complex,having impact on broader peace and security of the world.
The prevailing global challenges testify that consequences of this war crimehave been severely affecting many countries across different regions including my own country Myanmar, primarily triggering the lives and well-being of women and girls under conflict settings.
Therefore, today’s theme of the open debate offers a significant opportunity for the international community to focus on finding meaningful ways to help the most helpless civilians and communities.
Mr. President,
In Myanmar, patriarchic culture is one of the many factors which causes CRSV. Cognizant of the fact,the previous elected civilian government was devoted to address the issue. However,the environment for women and girls to live safely and peacefully has been shrinking in the country since the 2021 illegal military coup.
The perpetrators, starting by overthrowing the elected civilian government, arbitrarily detaining political leaders and suppressing peaceful democratic protests, have been committing atrocities that are amounting to war crimes and crimes against humanity.
The junta’s daily atrocities, especially the conduct of indiscriminate airstrikes and aerial bombings against civilians have driven over 3.5 million people to displacement and placing more than 20 million in critical need of humanitarian assistance. Moreover, it has killed over 7100 people including 1770 women and 873 children. Only two days ago, on 17 August, the junta forces carried out an aerial bombing on Mawchee Village in Karenni (Kayah) State killing 32 people including women and children.
The military junta continues using sexual violence to attack the civilian population as part of its “modus operandi”. This sexual violence includes rape (including with objects and gang rape), sexual slavery, sexualized torture, sexual mutilation, sexual assault at militarycheckpoints and forced nudity.
It is reported that around 500 cases of conflict-related sexual violence have been documented between February 2021 and June 2024.
While the number of these incidents is still on the rise, higher volume of such crimes is silently taking place in the junta’s detention centers. In this case, women and female youth political activists are subjected to multiple forms of torture and sexual violence. Just last month, two female political prisoners; one aged 26 and the other 44, died in prison.
Sometime sexual violence including rapes by junta forces took place in front of husband, father, mother, sisters, brothers, children and relatives. The junta’s cruelty is unspeakable and widespread and systematic.
Against this horrific backdrop, Mr. President,the National Unity Government, the EROs, CSOs and the local community groups are working together to protect women and girls and to seek justice for victims by setting up domestic complaint, monitoring, review and investigative mechanisms, and to provide live-saving and other necessary assistance to the people in need.
Moreover, courageous Myanmar women CSO groups and human rights defenders have been serving at the forefront to resist against the military junta and raise voices on behalf of the vulnerable communities.
We have to state that we ourselves alone cannot stop this junta’s heinous crime timely, and we need help from the international community in particular the UN Security Council to protect our helpless people including women and girls.
Effective actions of the UN Security Council and the other UN bodies matter to save lives and protect women and girls from such atrocities as well as bring justice for victims of CRSV.
To conclude Mr. President, I wish to make the following appeals: -
First, I wish to request all of us to take a pause for a moment and put ourselves in the shoe of those victims, their fathers, mothers, sisters, brothers, children and relatives. Then, let’s think of their daily life in the conflict settings and unsecure environment under prevalence of the junta’s atrocities. Every second, every minute, every hour counts for them.
Second, therefore, I appeal to the members of the Security Council, the UN member states, the UN system to take immediate concrete actions by using all tools available to stop the junta’s atrocities and save lives of innocent civilians. The junta’s heinous crimes are already documented, and they are available for such actions.
Third, I also call on all member states to take all available ways and means to stop flows of weapons, jet fuel, dual use items and financial assistance to the military junta. The military junta is using them to commit such atrocities.
Fourth, the junta’s planned sham election will not be a free, fair and inclusive, and is a deceitful process to hold onto power illegally at the expense of the people’s lives and future. The sham election will give the military a license to commit further heinous crimes including CRSV against the population in Myanmar. We have to stop it. Therefore, I urge all member states to respect the aspiration of the people of Myanmar and to categorically reject the junta’s sham election.
Fifth and finally, I appeal to the international community to strongly support our endeavour to end the military dictatorship and build a federal democratic union. The future Myanmar will ensure peace, stability, prosperity, justice and accountability for all.
Please act now to save lives of Myanmar people and their future.
I thank you.
*****













