Statement by Ambassador Kyaw Moe Tun at the Security Council Open Debate on Children and Armed Conflict: Effective strategies to end and prevent grave violations against children
- Myanmar Mission To UN
- Jun 26
- 8 min read



Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Security Council Open Debate on Children and Armed Conflict: Effective strategies to end and prevent grave violations against children, held on 26 June 2025
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ကျင်းပပြုလုပ်သည့် ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခ ဆိုင်ရာ တံခါးဖွင့် အစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက မတရား စစ်အာဏာသိမ်းခဲ့ချိန်မှ စ၍ ကလေးသူငယ်များ အပေါ် ကျူးလွန်သည့် ကြီးလေးသော ချိုးဖောက်မှုများမှာ သိသိ သာသာ မြင့်တက်လာခဲ့၊ မြန်မာနိုင်ငံတွင် ကလေးငယ်များ ထိခိုက်အောင် ကျူးလွန်နေသည့် တရားခံ သည် စစ်အုပ်စု ဖြစ်သည်မှာ အငြင်းပွားဖွယ်ရာ မရှိ၊
မြန်မာနိုင်ငံရှိ ကလေးသူငယ်များအနေဖြင့် အခြေခံကျသည့် ပညာသင်ယူ ခွင့်နှင့် ကျန်းမာရေးဆိုင်ရာ အခွင့်အရေး များကို ဆုံးရှုံးနေသည့်အပြင် စစ်တပ်မှ ကျူးလွန် လျက်ရှိသော ရက်စက်ကြမ်းကြုတ်မှုများ၏ ဒဏ်ကိုလည်း အချိုးမညီမျှစွာပင် ခါးစည်း ခံနေရသည်က ရှင်းလင်း မြင်သာ၊
အမျိုးသားညီညွတ်ရေးအစိုးရကမူ ဤအကြောင်းအရာကို ဦးစားပေးကိစ္စရပ်တစ်ခု အဖြစ် ကိုင်တွယ်ဆောင်ရွက် လျက်ရှိ၊ အမျိုးသားညီညွတ်ရေးအစိုးရက ကလေးသူငယ်များအပေါ် ကျူးလွန် သည့် ကြီးလေးသော ချိုးဖောက်မှု များအား ရပ်တန့်ရန်နှင့် ကလေးသူငယ် အခွင့်အရေးများအား မြှင့်တင် ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် ပိုမိုပူးပေါင်းဆောင်ရွက်ရန် သက်ဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီများနှင့် နိုင်ငံတကာမှ မိတ်ဖက်များအား အစဉ်တစိုက် ဖိတ်ခေါ်ခဲ့၊
လုံခြုံရေးကောင်စီအနေဖြင့် ကလေးသူငယ်များ အသက်ဆုံးရှုံးနေခြင်းနှင့် အနာဂတ်များ ပျောက်ဆုံး နေခြင်းအား ကာကွယ်ပေးရန် မဆိုင်းမတွ လုပ်ဆောင်သင့်၊
မြန်မာနိုင်ငံရှိ ကလေးသူငယ်များ ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်း အပေါ်၌ ယုံကြည်မှုနှင့် မျှော်လင့် ချက် ပြန်လည်ရရှိရေး ဆောင်ရွက်ပေးရန်၊ လုံခြုံရေးကောင်စီနှင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူများ၊ အထူးသဖြင့် မိမိတို့၏ ကလေးသူငယ် များအပေါ်၌ နောက်တစ်ကြိမ် မပျက်ကွက်ရန် အလေးထား တောင်းဆိုလို၊ ယခုပင် ပြတ်သားစွာ လုပ်ဆောင်ပေးစေလိုကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်)
၁။ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၊ လုံခြုံရေးကောင်စီတွင် ၂၀၂၅ ခုနှစ်၊ ဇွန်လအတွက် အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသော ဂိုင်ယာနာနိုင်ငံမှ ကြီးမှူး၍ “ကလေးသူငယ်များနှင့် လက်နက် ကိုင် ပဋိပက္ခ” (Conflict and Armed Conflict - CAAC) ခေါင်းစဉ်ဖြင့် တံခါးဖွင့် အစည်းအဝေးအား ၂၅-၆-၂၀၂၅ ရက် (ဗုဒ္ဓဟူးနေ့) နှင့် ၂၆-၆-၂၀၂၅ ရက်နေ့ (ကြာသပတေးနေ့) တို့တွင် ကျင်းပခဲ့ပါသည်။
၂။ အဆိုပါအစည်းအဝေးတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ကလေးငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခ ဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Virginia Gamba က ကလေးငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခနှင့် ပတ်သက်၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ၂၀၂၄ ခုနှစ် အစီရင်ခံစာအား မိတ်ဆက်၊ တင်သွင်း၊ ဆွေးနွေးခဲ့ ပါသည်။ ထို့ပြင် UNCIEF မှ ကိုယ်စားလှယ် နှင့် Civil Society မှ တစ်ဦးတို့မှ ဆွေးနွေးသူများအဖြစ် ပါဝင် ဆွေးနွေး ခဲ့ကြပြီး ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ (၉၀) ကျော်မှ ပါဝင် မိန့်ခွန်းပြောကြားခဲ့ကြပါသည်။
၃။ ကလေးငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခနှင့်ပတ်သက်၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ၂၀၂၄ ခုနှစ် အစီရင်ခံစာတွင် မြန်မာနိုင်ငံရှိ ကလေးငယ်များ ကြုံတွေ့နေရသည့် ကြီးလေးသော ချိုးဖောက်မှုများ (Grave Violations) များနှင့်စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားပါသည်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း ၂၆-၆-၂၀၂၅ ရက်နေ့တွင် တက်ရောက် မိန့်ခွန်း ပြောကြား ခဲ့ပါသည်။
၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အောက်ဖော်ပြပါ အချက်များ အဓိက ပါဝင် ပါသည်-
(က) ယနေ့ ဆွေးနွေးသည့် အကြောင်းအရာသည် အလွန် အရေးကြီးလာလျက်ရှိကြောင်း၊
(ခ) ကုလသမဂ္ဂအတွင်းရေးမှူးချုပ်မှ နှစ်စဉ် ထုတ်ပြန်သည့် ကလေးငယ်များနှင့် လက်နက် ကိုင် ပဋိပက္ခဆိုင်ရာ အစီရင်ခံစာများတွင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကျူးလွန်သည့် ကြီးလေးသော ချိုးဖောက်မှုများနှင့်စပ်လျဉ်း၍ စိုးရိမ်ထိတ်လန့်ရသည့် ညွှန်းကိန်း များကို ဖော်ပြထားပါကြောင်း၊ ယခုနှစ် အစီရင်ခံစာသည်လည်း အလားတူပင် ဖြစ်ပြီး ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကျူးလွန်သည့် ကြီးလေးသော ချိုးဖောက်မှု အရေအတွက်မှာ ယခင်က မကြုံတွေ့ဖူးသည့်အဆင့်သို့ ရောက်ရှိလာကာ ၂၀၂၃ ခုနှစ် ကထက်စာလျှင် ၂၅ ရာခိုင်နှုန်း မြင့်တက် လာခဲ့ကြောင်း၊
(ဂ) အစီရင်ခံစာ၏ အပိုင်း (၃) တွင် ဖော်ပြထားချက်အရ မိမိတို့ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံအမြောက်အများ၌ ဖြစ်ပေါ်နေသည့် အခြေအနေများမှာ တိုးတက်မှု အနည်းငယ် မျှသာရှိပြီး သာ၍ ဆိုးရွားလာသည်ကို သတိပေးလျက်ရှိကြောင်း၊
(ဃ) မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက မတရား စစ်အာဏာသိမ်းခဲ့ချိန်မှ စ၍ ကလေးသူငယ်များအပေါ် ကျူးလွန်သည့် ကြီးလေးသော ချိုးဖောက်မှုများမှာ သိသိ သာသာ မြင့်တက်လာခဲ့ကြောင်း၊
(င) အတွင်းရေးမှူးချုပ်၏ အစီရင်ခံစာတွင် ကိန်းဂဏန်းများနှင့် ကလးငယ်များအား တပ်သား အဖြစ် စုဆောင်းခြင်း သို့မဟုတ် အသုံးပြုခြင်း၊ မတရား ဖမ်းဆီးချုပ်နှောင်ခြင်း၊ သတ်ဖြတ်ခြင်း၊ ကိုယ်လက်အင်္ဂါချို့ယွင်းစေခြင်း၊ အဓမ္မပြုကျင့်ခြင်းနှင့် အခြားသော လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှု များနှင့် အလွဲသုံးစားပြုမှုများ၊ စာသင်ကျောင်းများအား တိုက်ခိုက်၊ အသုံးချမှုများနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများအား ငြင်းပယ်ခြင်း စသည်အားဖြင့် ရာဇဝတ်မှု ကျူးလွန်သည့် ပုံစံများကို အသေးစိတ် ဖော်ပြ ထားကြောင်း၊
(စ) မြန်မာနိုင်ငံတွင် ကလေးငယ်များ ထိခိုက်အောင် ကျူးလွန်နေသည့် တရားခံ သည် စစ်အုပ်စု ဖြစ်သည်မှာ အငြင်းပွားဖွယ်ရာ မရှိကြောင်း၊ ၎င်းတို့အနေဖြင့် ကလေးသူငယ်များကို လူသား ဒိုင်းများ အဖြစ် ခေါင်းပုံဖြတ် အမြတ်ထုတ်လျက်ရှိကြောင်း၊ ပဋိပက္ခများတွင် ထိုသို့ ပို၍ လုပ်ဆောင်ကြောင်း၊ ကလေးသူငယ်များနှင့် လူငယ်လူရွယ်များအနေဖြင့် စစ်တပ်မှ ၂၀၂၄ ခုနှစ် အစောပိုင်းတွင် ကြေညာခဲ့သည့် အဓမ္မ တပ်သားစုဆောင်မှုကြောင့် မတရား ဖမ်းဆီးခံရခြင်းများ လည်းရှိနေကြောင်း၊
(ဆ) ထို့ပြင် မြန်မာနိုင်ငံတွင် စစ်အုပ်စုမှ နိုင်ငံတစ်ဝှမ်း၌ တိုးမြှင့်လုပ်ဆောင်လာသည့် မဆင်မခြင် လေကြောင်းတိုက်ခိုက်မှုများ၊ စနစ်တကျနှင့် ပစ်မှတ်ထားသည့် လေကြောင်း မှတဆင့် ဗုံးကြဲ တိုက်ခိုက်မှုများ၊ ပညာသင်ကြားရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာ အဆာက်အဦများ အပေါ် ဗုံးကြဲခြင်းများ စသည့် ကျယ်ပြောသော ရက်စက်မှုများ ကြောင့် ကလေးသူငယ်များမှာ အလွန်အမင်း ဒဏ်ခံနေရကြောင်း၊
(ဇ) ယနေ့အထိ နေရပ်စွန့်ခွာသူ ၃.၅ သန်းကျော်နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီ လိုအပ်သူ သန်း (၂၀) ကျော်ရှိပြီး ယင်းလိုအပ်နေသူများအနက် ကလေးသူငယ် ၆.၃ သန်း ပါဝင်ကြောင်း၊
(ဈ) ယခုနှစ် မတ်လတွင် ဖျက်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက်၌ပင် စစ်အုပ်စုက ၂၈-၃-၂၀၂၅ ရက်နေ့မှ ၁၆-၆-၂၀၂၅ ရက်နေ့အတွင်း ငလျင်ဒဏ်သင့် ဒေသများအပါအဝင် နိုင်ငံ တစ်နံ တစ်လျားသို့ လေကြောင်းတိုက်ခိုက်မှုနှင့် ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်း (၉၈၂) ကြိမ် ကျူးလွန် ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုများကြောင့် အမျိုးသမီးများနှင့် ကလေး သူငယ်များ အပါအဝင် အရပ်သားသေဆုံးမှု (၆၀၈) ဦးအထိရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ (၁,၃၀၈) ဦးရှိကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးအပ်သည့် အဆောက်အဦများနှင့် စာသင်ကျောင်းများလည်း ဖျက်ဆီးခံခဲ့ရကြောင်း၊
(ည) ယင်းဖြစ်စဉ်များအနက် ၁၂-၅-၂၀၂၅ ရက်နေ့တွင် ဒီပဲယင်းမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး၌ ကျူးလွန်ခဲ့သည့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုက အနည်းဆုံးကလေးသူငယ် (၂၂) ဦးနှင့် ကျောင်းဆရာ/ဆရာမ (၂) ဦးတို့ကို အသက် ဆုံးရှုံးစေခဲ့ကြောင်း၊
(ဋ) တစ်ဖက်တွင်လည်း စစ်တပ်က ဗျူရိုကရေစီ အတားအဆီးများကို မကြာခဏ အသာစီး ယူကာ ထိခိုက်မှုများသည့် ဒေသများသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပို့ဆောင်မှုကို တားဆီး၊ ပိတ်ဆို့မြဲဖြစ်ကြောင်း၊
(ဌ) ဤနေရာတွင် မြန်မာနိုင်ငံရှိ ကလေးသူငယ်များအနေဖြင့် အခြေခံကျသည့် ပညာသင်ယူ ခွင့်နှင့် ကျန်းမာရေးဆိုင်ရာ အခွင့်အရေးများကို ဆုံးရှုံးနေသည့်အပြင် စစ်တပ်မှ ကျူးလွန် လျက်ရှိသော ရက်စက်ကြမ်းကြုတ်မှုများ၏ ဒဏ်ကိုလည်း အချိုးမညီမျှစွာပင် ခါးစည်း ခံနေရသည်က ရှင်းလင်းမြင်သာပါကြောင်း၊ စားနပ်ရိက္ခာ မလုံလောက်မှု၊ အစာအာဟာရ မပြည့်ဝမှု၊ ပုံမှန် ကာကွယ်ဆေး မထိုးနိုင်ခြင်း၊ ဆင်းရဲနွမ်းပါးမှု သတ်မှတ်ချက်အောက် ကျရောက်နေခြင်းတိုသည့် မြန်မာနိုင်ငံရှိ ကလေးသူငယ်များ၏ ဘဝများနှင့် ကောင်းမွန် စွာ ရှင်သန်နေထိုင်ခွင့်တို့ကို အဓိက အန္တရာယ်ပေး နေသည့် အချို့သော အချက်များဖြစ် ကြောင်း၊
(ဍ) အမျိုးသားညီညွတ်ရေးအစိုးရကမူ ဤအကြောင်းအရာကို ဦးစားပေးကိစ္စရပ်တစ်ခု အဖြစ် ကိုင်တွယ်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် ပဋိပက္ခအတွင်း ကလေးသူငယ်များ အား အကာ အကွယ် ပေးနိုင်ရန် နိုင်ငံတကာစံနှုန်းများနှင့် စည်းမျဉ်းများကို အပြည့်အဝ လေးစားလိုက်နာရန် ကတိကဝတ်ပြုထားကြောင်း၊
(ဎ) အမျိုးသားညီညွတ်ရေးအစိုးရနှင့် မိတ်ဖက်များအနေဖြင့် ကလေးသူငယ်များ၊ အထူး သဖြင့် အထိခိုက်လွယ်ဆုံးဖြစ်သည့် အခြေအနေများအတွင်း ကျရောက်နေသည့် ကလေး သူငယ်များအား အကာအကွယ်ပေးရေးအတွက် ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း၊ ပဋိပက္ခဖြစ်ပွားနေချိန်၌ပင် စစ်ရေးကျင့်ဝတ်များအား လေးစား လိုက်နာရန်နှင့် လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကျူးလွန်သည့် ကြီးလေးသော ချိုးဖောက်မှု (၆) ခုအား မချိုးဖောက်ရန် အမျိုးသား ညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေး ဝန်ကြီးဌာနက ၎င်း၏တပ်ဖွဲ့ဝင်များကို ကွပ်ကဲ၊ ညွှန်ကြား ထားကြောင်း၊
(ဏ) ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တရားမျှတမှုနှင့် တာဝန်ခံမှုရှိစေရေး အတွက် တိုင်ကြားမှု၊ စောင့်ကြည့်ရေး၊ သုံးသပ်ရေးနှင့် စုံစမ်းစစ်ဆေးမှု ယန္တရားများကို လည်း ချမှတ်ထားကြောင်း၊
(တ) ထို့နည်းတူစွာပင် အမျိုးသားညီညွတ်ရေးအစိုးရက ကလေးသူငယ်များအပေါ် ကျူးလွန် သည့် ကြီးလေးသော ချိုးဖောက်မှုများအား ရပ်တန့်ရန်နှင့် ကလေးသူငယ် အခွင့်အရေးများအား မြှင့်တင် ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် ပိုမိုပူးပေါင်းဆောင်ရွက်ရန် သက်ဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီများနှင့် နိုင်ငံတကာမှ မိတ်ဖက်များအား အစဉ်တစိုက် ဖိတ်ခေါ်ခဲ့ကြောင်း၊
(ထ) သို့ဖြစ်ရာ အတွင်းရေးမှူးချုပ်မှ အစီရင်ခံစာတွင် အကြံပြုထားသည့် အချက်များကို ထပ်လောင်း ထောက်ခံလျက် မြန်မာနိုင်ငံတွင် ကလေးသူငယ်များအပေါ် ကျူးလွန်သည့် ကြီးလေးသော ချိုးဖောက်မှုများအား ကြိုတင်ကာကွယ်ရေးနှင့် ရပ်တန့်နိုင်မည့် မဟာဗျူဟာများ ချမှတ်ရေး အတွက် အားဖြည့်နိုင်ရန် အောက်ပါအချက်များကို အလေးထား ပြောကြားလိုပါကြောင်း-
(၁) လုံခြုံစိတ်ချရသော၊ အချိန်မီဖြစ်သော၊ အတားအဆီးမရှိသော လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးအပ်ရန် - နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စု က လူသားစာနာအကူအညီများကို နိုင်ငံရေးအရအသုံးချ၍ စစ်လက်နက် သဖွယ် အသုံးချနေခြင်းကို သတိချပ်ကာ အားထားယုံကြည်စိတ်ချရသည့် ဒေသခံ မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ရေးက အလွန်အရေးကြီးကြောင်း၊
(၂) အမှန်တကယ် လိုအပ်နေသူများအတွက် ဝန်ဆောင်မှုများ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရန်နှင့် ၎င်းတို့လက်ဝယ်သို့ အကူအညီများ ထိရောက်စွာ ပို့ဆောင် နိုင်ရန် သက်ဆိုင်ရာ တာဝန်ခံများနှင့် အဖွဲ့အစည်းများထံ ဘဏ္ဍာငွေ ထောက်ပံ့မှု၊ အထူးသဖြင့် စီမံခန့်ခွဲရ လွယ်ကူသော ရန်ပုံငွေများ တိုးမြှင့် ချမှတ် ပေးရန်၊
(၃) ကလေးသူငယ်များအပေါ် ကြီးလေးသော ချိုးဖောက်မှုများ ကျူးလွန်နေသည့် စစ်တပ်အား တာဝန်ခံမှုရှိစေရန်၊ ကုလသမဂ္ဂ အထွေထွေညီလာခံနှင့် လုံခြုံရေး ကောင်စီတို့တွင် ရှိနှင့်ပြီးဖြစ်သော အထောက်အပံ့ဖြစ်စေသည့် ဆုံးဖြတ်ချက်များ နှင့် နိုင်ငံတကာတွင် တည်ဆဲ တာဝန်ခံစေရေး ယန္တရားများကို အသုံးချ၍ စစ်တပ် ၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်အား အပြီးတိုင် ချုပ်ငြိမ်းရန်၊
(၄) ပစ်မှတ်ထားသည့် အရေးယူ ပိတ်ဆို့မှုများ အပါအဝင် စစ်တပ်အပေါ်၌ ဖိအား ဖြစ်စေနိုင်မည့် နည်းလမ်းအားလုံး ချမှတ်ရန်နှင့် စစ်တပ်ထံသို့ လက်နက်၊ ခဲယမ်းနှင့် ငွေကြေးထောက်ပံ့မှုများ စီးဆင်းနေခြင်းအား ဖြတ်တောက်ရပ်တန့်ရန်၊
(၅) မြန်မာနိုင်ငံရှိ ကလေးသူငယ်များအား အကာအကွယ်ပေးရေးအတွက် သာမက စစ်မှန် သည့် နိုင်ငံရေးဆန္ဒရှိပြီး နိုင်ငံတကာ တာဝန်ဝတ္တရားများကို ပြည့်ဝစွာ ထမ်းရွက်ရန်နှင့် မြန်မာပြည်သူများ၏ အကျိုးစီးပွားကို အမှန်တကယ် ဆောင်ကြဉ်း ပေးနိုင်မည့် ပိုမို ကောင်းမွန်သော မြန်မာနိုင်ငံဖြစ်စေရန် ဖက်ဒရယ် ဒီမိုကရေစီတည်ထောင်ရေးအတွက် ကြိုးပမ်းနေသည့် အမျိုးသားညီညွတ်ရေး အစိုးရနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ရန်၊
(ဒ) ဤနေရာတွင် ကုလသမဂ္ဂ၏ ပင်မ အဖွဲ့အစည်းတစ်ခုဖြစ်သော နိုင်ငံတကာ ငြိမ်းချမ်းရေး နှင့် လုံခြုံရေးအတွက် အဓိက တာဝန်ရှိသည့် လုံခြုံရေးကောင်စီအနေဖြင့် အရေးပါသည့် အခန်း ကဏ္ဍမှပါဝင်သင့်ကြောင်း၊ ကလေးသူငယ်များ အသက်ဆုံးရှုံးနေခြင်းနှင့် အနာဂတ်များ ပျောက် ဆုံး နေခြင်းအား ကာကွယ်ပေးရန် ကောင်စီအနေဖြင့် မဆိုင်းမတွ လုပ်ဆောင်သင့်ကြောင်း၊
(ဓ) မိမိတို့ မြန်မာနိုင်ငံရှိ ကလေးသူငယ်များ ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်း အပေါ်၌ ယုံကြည်မှုနှင့် မျှော်လင့်ချက် ပြန်လည်ရရှိရေး ဆောင်ရွက်ပေးရန်၊
(န) ကလေးသူငယ်များအား လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားမှု ကဲ့သို့ ဆိုးရွားသည့် အခြေအနေ တွင် ကြီးလေးသော ချိုးဖောက်မှုများ ကျူးလွန်ခံရသည့် အန္တရာယ်မှ အကာအကွယ် ပေးနိုင်ရန် မိမိတို့အားလုံးအနေဖြင့် စုစည်းညီညွတ်စွာဖြင့် ကလေးသူငယ်များ၏ အခွင့်အရေး အား ကာကွယ်စောင့်ရှောက်ရေး ကဲ့သို့သော အရေးပါ မွန်မြတ်သည့် ကမ္ဘာလုံးဆိုင်ရာ ကတိကဝတ် အား ဆက်လက် အမှူးထား ဆုပ်ကိုင်ကြရန်၊
(ပ) မြန်မာနိုင်ငံရှိ ကလေးသူငယ်များ၊ ကမ္ဘာဝစ်ဝှမ်းရှိ ကလေးသူငယ်များ၏ အနာဂတ်သည် ၎င်းတို့၏ ဘေးကင်းလုံခြုံမှု၊ သာယာဝပြောရေးနှင့် ၎င်းတို့၏ အခွင့်အရေးများအား ခုခံ ကာကွယ်ပေးခြင်း၊ လေးစားလိုက်နာခြင်း၊ အနာဂတ်များ သာယာဝပြောစေခြင်းတို့ အတွက် မိမိတို့အားလုံး ပေါင်းစပ်လုပ်ဆောင်ပေးစွမ်းနိုင်မှုအပေါ်၌ မှီတည်နေကြောင်း၊
(ဖ) လုံခြုံရေးကောင်စီ နှင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူများ၊ အထူးသဖြင့် မိမိတို့၏ ကလေးသူငယ် များအပေါ်၌ နောက်တစ်ကြိမ် မပျက်ကွက်ရန် အလေးထား တောင်းဆို ကြောင်း၊
(ဗ) ယခုပင် ပြတ်သားစွာ လုပ်ဆောင်ပေးစေလိုကြောင်း။
၅။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against the delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations at the
Security Council Open Debate on Children and Armed Conflict: Effective strategies to end and prevent grave violations against children
(New York, 26 June 2025)
Madam President,
I wish to begin by thanking you and the Presidency of Guyana for convening this meeting.
I also wish to extend my sincere appreciation to SRSG Virginia Gamba and her team for making their tireless efforts for the annual report on CAAC and her insightful presentation.
As we have just heard from the representatives of UNICEF and the Civil Society, we cannot agree more that the agenda before us has become critical than ever.
Madam President,
Every year, the Secretary-General’s report on CAAC presents alarming figures of grave violations against children in armed conflict. This year is no exception, as violence against children in armed conflict have reached to an unprecedented level, with a staggering 25 percent surge in grave violations compared to 2023.
Particularly, section III of the Secretary-General’s report reminds us that situations in several countries, including my own, have seen little progress and have rather worsened.
In Myanmar, the number of grave violations against children has heightened significantly since the unlawful military coup in February 2021.
The figures and patterns of these violations are extensively documented in the SG’s report and include, but are not limited to recruitment and use of children, arbitrary detention, abduction, killing and maiming and rape and other forms of sexual violence and abuse attacks on, and use of schools and denial of humanitarian access.
The primary perpetrator affecting children in Myanmar is unequivocally the military junta. They have been exploiting children as human shields, especially during conflicts. Many children and youths have been arbitrarily abducted under its forced conscription which began in early 2024.
Moreover, children in Myanmar have been heavily impacted by the junta’s widespread atrocities, such as escalated indiscriminate aerial attacks across the country, systemic and targeted aerial attacks and shelling of educational establishments and healthcare facilities.
To date, over 3.5 million people have been internally displaced, and over 20 million people, among which 6.3 million children, are in urgent need of humanitarian assistance.
Following the devastating earthquake struck Myanmar in March this year, from 28 March to 16 June, the military junta conducted over 982 aerial and artillery attacks across the country, including earthquake-affected regions. These attacks resulted in the deaths of over 608 civilians including women and children and injuring 1,308 people as well as destroying many healthcare facilities and schools.
One of many recent attacks was the aerial attack by the military junta on 12 May on a village school in Debayin, Sagaing Region, killing at least 22 school children along with their two teachers.
Madam President,
The military junta has consistently denied and obstructed the delivery of humanitarian assistance to affected populations, often leveraging bureaucratic obstacles.
Clearly, children in Myanmar are disproportionately bearing the brunt of the military junta’s atrocities, in addition to suffering the deprivation of their right to education and health. Food insecurity, malnutrition, lack of regular vaccination, living under the national poverty line are some of the key factors endangering the life and well-being of our children in Myanmar.
Against this horrific backdrop, the National Unity Government of Myanmar treats this issue as one of its top priorities. We are fully committed to upholding the international norms and standards for the protection of children in armed conflicts.
The NUG and its partners are cooperating with relevant UN entities to ensure protection for all children, especially those in the most vulnerable settings. Even in times of conflict, armed forces under the Ministry of Defence are bound by a strict military Code of Conduct and are rigorously enforced to refrain from committing any of the six grave violations against children in armed conflicts.
The NUG has established necessary complaint, monitoring, review and investigative mechanisms to ensure justice and accountability.
At the same time, the NUG, together with EROs, CSOs and the local community groups have spared no effort in providing required and life-saving assistance to the children and all people in need.
Therefore, the NUG has consistently invited relevant UN agencies and international partners to strengthen the cooperation for sake of ending grave violation against children and protecting and promoting all children.
In this regard, I wish to echo the recommendations made by the Secretary-General and stress the following key points to contribute to the effective strategies to end and prevent grave violations against children in Myanmar: -
(1) Ensure safe, timely and unimpeded access for humanitarian assistance: bearing in mind of politicization and weaponization of humanitarian aid by the military junta, it is imperative that the UN entities work with local reliable partners;
(2) Scale up financial support, particularly flexible funding, to relevant actors and organizations to ensure effective delivery of assistance to and implementation of services for those in need;
(3) Hold the military junta accountable for its grave violations against children and end its culture of impunity through actively utilizing the existing international accountability mechanisms and all tools disposal at the UNSC and the UNGA;
(4) Apply all measure to put pressure on the military junta, including targeted sanctions and ceasing all flow of weapons, jet fuel and financial assistance to the military junta
(5) Work closely with the National Unity Government not only in its effort to protect children in Myanmar, but also to establish a federal democratic union that possesses the genuine political will to fulfill the international obligations and to pursue a better Myanmar that truly serves the interests of its people
The UN Security Council, as the main UN body responsible for maintaining international peace and security, has the responsibility and a key role to play in this regard. The Council must thus act without any further delay in order to prevent more children from losing their lives and future.
Let our children in Myanmar rebuild trust and hope on the United Nations and the international community. Let us, collectively, continue upholding and honoring this important global and noble commitment to protecting the rights of children and preventing them from any grave violations, especially in the dreadful situations of armed conflict.
The future of Myanmar's children, and indeed all children around the world, depends on our collective resolve to ensure their safety, well-being, and access to a peaceful environment where their rights are respected and defended and their future prospered
My appeal to the members of the UN Security Council and the international community is that please do not fail again the people of Myanmar especially our children.
Please act decisively now.
I thank you.
*****









