Statement by Ambassador Kyaw Moe Tun at the Second Regular Session 2025 of the UNICEF Executive Board
- Myanmar Mission To UN
- 1 day ago
- 4 min read





Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Second Regular Session 2025 of the UNICEF Executive Board, held on 2 September 2025
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
ကုလသမဂ္ဂ ကလေးငယ်များ ရန်ပုံငွေ (United Nations Children’s Fund – UNICEF) အမှုဆောင်ဘုတ်အဖွဲ့ ၏ ၂၀၂၅ ခုနှစ်ဆိုင်ရာ ဒုတိယအကြိမ် ပုံမှန် အစည်းအဝေး၊ အထွေထွေ မိန့်ခွန်းပြောကြားမှုကဏ္ဍတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က စစ်တပ်မှ ကလေးငယ်များ အပါအဝင် မြန်မာပြည်သူတစ်ရပ်လုံးအပေါ် စစ်မက်ကျူးလွန်နေ ခြင်းက မြင့်တက်နေပြီး ဆက်လက်ဖြစ်ပွား ဆဲဖြစ်၊ အကျပ်အတည်း၏ ဒဏ်ကို ကလေးငယ်များက ခါးစည်းခံနေရ၊ ၎င်းတို့၏ အခြေအနေမှာ ဆိုးရွားလျက်ရှိ၊
မြန်မာနိုင်ငံ၏ အကျပ်အတည်းအတွက် အလေးထား အာရုံစိုက်မှု၊ မဆုတ်မနစ် အတူတကွရပ်တည်ပေးမှု၊ အဓိကအားဖြင့် ထိရောက်ခိုင်မာသော လုပ်ဆောင်ချက်များ အချိန်မှီ ချမှတ်ပေးခြင်းတို့ လုပ်ဆောင်ပေးရန် အထူးလိုအပ်၊
မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်အား အမြတ်ပြတ် ချုပ်ငြိမ်းစေ၍ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်မှသာလျှင် ကလေးငယ်များ ဘေးကင်းလုံခြုံစွာနေထိုင်နိုင်ရေး၊ အရည်အသွေးပြည့်ဝသော ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အခွင့်အလမ်းများ ပြန်လည် ရရှိနိုင်မည်ဖြစ်ပြီး ၎င်းတို့အား အဓမ္မ စစ်သားစုဆောင်းခြင်း၊ ကလေးလုပ်သားပြုခြင်းနှင့် အမြတ်ထုတ်ခြင်းတို့မှ ကာကွယ်ပေးနိုင်မည်ဖြစ်၊
ယခုအရေးကိစ္စသည် လူသားဆန်မှုနှင့် သက်ဆိုင်၊ မိမိတို့အနေဖြင့် မြန်မာနိုင်ငံရှိ ကလေး ငယ်များအပေါ် မပျက်ကွက်သင့်ကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်)
၁။ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင်ကုလသမဂ္ဂ ကလေးငယ်များ ရန်ပုံငွေ (United Nations Children’s Fund – UNICEF) အမှုဆောင်ဘုတ်အဖွဲ့၏ ၂၀၂၅ ခုနှစ်ဆိုင်ရာ ဒုတိယအကြိမ် ပုံမှန် အစည်းအဝေး (2025 Second Regular Session of the UNICEFExecutive Board) အား ၂-၉-၂၀၂၅ ရက်မှ ၅-၉-၂၀၂၅ ရက်နေ့အထိ ကျင်းပလျက်ရှိပါသည်။
၂။ ၂-၉-၂၀၂၅ ရက် (အင်္ဂါနေ့) တွင် ကျင်းပသည့် အစည်းအဝေး၌ ဖွင့်ပွဲ၊ UNICEF အမှုဆောင် ညွှန်ကြားရေးမှူး Ms. Catherine Russell ၏ မိန့်ခွန်းပြောကြားမှု အစီအစဉ်နှင့် အထွေထွေ မိန့်ခွန်းများ ပြောကြားမှု အစီအစဉ် (General Statement) တို့ ပါဝင်သဖြင့် အထွေထွေ မိန့်ခွန်းများ ပြောကြားမှု အစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း လည်း တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါသည်။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့်မိန့်ခွန်းတွင် အောက်ဖော်ပြပါအချက်များ အဓိက ပါဝင်ပါသည်-
(က) မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာတစ်ဝန်းရှိ ကလေးငယ်များ၊ အထူးသဖြင့် မြန်မာနိုင်ငံရှိ ကလေးငယ် များ အပါအဝင် ထိရှအလွယ်ဆုံး အခြေအနေများတွင် ရောက်ရှိနေသည့် ကလေးငယ်များ၏ ဘဝ သာယာဝပြောရေးအတွက် UNICEF မှ အစဉ်တစိုက် အားထုတ်ကြိုးပမ်းပေးလျက်ရှိသည့်အပေါ် ကျေးဇူး တင်ရှိကြောင်း၊
(ခ) မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အကျပ်အတည်းမှာ (၅) နှစ်ထဲသို့ ချီးနှင်းဝင်ရောက်လာပြီဖြစ်၍ အခြေအနေမှာလည်း ကြေကွဲဖွယ်ဖြစ်လျက်ရှိကြောင်း၊
(ဂ) စစ်တပ်မှ ကလေးငယ်များ အပါအဝင် မြန်မာပြည်သူတစ်ရပ်လုံးအပေါ် စစ်မက်ကျူးလွန်နေ ခြင်းက မြင့်တက်နေပြီး ဆက်လက်ဖြစ်ပွားဆဲဖြစ်ကြောင်း၊
(ဃ) အကျပ်အတည်း၏ ဒဏ်ကို ကလေးငယ်များက ခါးစည်းခံနေရပြီး ၎င်းတို့၏ အခြေအနေမှာ ဆိုးရွားလျက်ရှိကြောင်း၊
(င) ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ အစီရင်ခံစာအရ ၂၀၂၄ ခုနှစ် တစ်နှစ် တည်း၌ပင် စစ်တပ်က ကလေးငယ် (၂၄၈) ဦးကို သတ်ဖြတ်ခဲ့ပြီး ယင်းမှာ အရပ်သား ပြည်သူ သေဆုံးမှုစာရင်း၏ တစိတ်တပိုင်းဖြစ်ကြောင်း၊
(စ) မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားကလည်း အသက် (၂) နှစ်အထိ ငယ်ရွယ် သည့် ကလေးငယ်များ အပါအဝင် ကလေးငယ်များကို ပစ်မှတ်ထားခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် တရားလက်လွတ် ဖမ်းဆီးချုပ်နှောင်ခြင်းများပြုမှုကို သက်သေများဖြင့် မှတ်တမ်းထားရှိကြောင်း၊
(ဆ) မြန်မာစစ်တပ်သည် ပဋိပက္ခအတွင်း ကလေးငယ်များအပေါ် ကျူးလွန်သည့် ကြီးလေးသော ရာဇဝတ်မှုများ ချိုးဖောက်မှုကြောင့် ကုလသမဂ္ဂ၏ “list of shame” တွင် ထည့်သွင်းခံထားရကြောင်း၊
(ဇ) ကလေးငယ် (၂,၀၉၃) ဦးအပေါ် ကြီးလေးသော ရာဇဝတ်မှု (၂,၇၉၉) မှု ချိုးဖောက်ထားပြီး (၁,၁၇၁) ဦးအား တပ်သားအဖြစ် စုဆောင်းခြင်းနှင့် အသုံးချခြင်းတို့ကိုလည်း ကုလသမဂ္ဂက အတည်ပြု ထားကြောင်း၊ ဖြစ်စဉ်အရေအတွက် အတိအကျမှာ ထို့ထက် မြင့်မားနိုင်ကြောင်း၊
(ဈ) ထို့ပြင် ကလေးငယ်များသည် မြေမြှုပ်မိုင်းအသုံးပြုမှုနှင့် ပေါက်ကွဲလွယ်သော ပစ္စည်းများကြောင့် အဓိက ထိခိုက်နစ်နာသူများဖြစ်ကြောင်း၊
(ည) တစ်ဖက်တွင်လည်း ကလေးငယ်များသည် စားနပ်ရိက္ခာနှင့် သန့်ရှင်းသောရေ မလုံလောက်မှု၊ နေရပ်စွန့်ခွာစဉ် ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်မှုတို့ကြောင့် ဒုက္ခခံစားနေရကြောင်း၊
(ဋ) ကလေးငယ်း (၁) သန်းကျော်မှာ ၎င်းတို့အတွက် အရေးကြီးသည့် ကာကွယ်ဆေးထိုးခြင်းများ လုံးဝရယူနိုင်ခြင်းမရှိသဖြင့် ကာကွယ်၍ရသော၊ သေစေနိုင်သည့် ရောဂါများကြောင့် အန္တရာယ်ရှိ နေကြောင်း၊
(ဌ) သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ အကျပ်အတည်းအတွက် အလေးထား အာရုံစိုက်မှု၊ မဆုတ်မနစ် အတူတကွရပ်တည်ပေးမှု၊ အဓိကအားဖြင့် ထိရောက်ခိုင်မာသော လုပ်ဆောင်ချက်များ အချိန်မှီ ချမှတ်ပေးခြင်းတို့ လုပ်ဆောင်ပေးရန် အထူးလိုအပ်ကြောင်း၊
(ဍ) UNICEF အနေဖြင့် ၎င်း ၏ ထိရောက်သော အခန်းကဏ္ဍ ကို အသုံးပြုကာ လေကြောင်း တိုက်ခိုက်မှုများ၊ အရပ်သားပြည်သူများအပေါ် ဗုံးကြဲတိုက်ခိုက်မှုများ အပါအဝင် ကလေးငယ်များ အပေါ် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေးကို တောင်းဆိုပေးရန် နှင့် ဤ အကြမ်းဖက်မှုများ ရပ်တန့် ရေး အတွက် ပံ့ပိုးပေးရေးအတွက် နိုင်ငံတကာအသိုက်အဝန်း ကို လည်း တောင်းဆို ပေးရန် တိုက်တွန်းလိုကြောင်း၊
(ဎ) လုံခြုံရေးကောင်စီမှလည်း မြန်မာအရေးကိစ္စကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းပေးရန် တိုက်တွန်းလိုကြောင်း၊
(ဏ) စစ်တပ်၏ လေကြောင်းအသုံးပြု တိုက်ခိုက်နိုင်သည့် စွမ်းရည်အား ဖျက်သိမ်းနိုင်ရန် လေယာဉ်ဆီ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှု ပိတ်ဆို့ရေးအား ပြုလုပ်ရန် တိုက်တွန်း လိုကြောင်း၊
(တ) မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်အား အမြတ်ပြတ် ချုပ်ငြိမ်းစေ၍ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်မှသာလျှင် ကလေးငယ်များ ဘေးကင်းလုံခြုံစွာနေထိုင်နိုင်ရေး၊ အရည်အသွေးပြည့်ဝသော ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အခွင့်အလမ်းများ ပြန်လည် ရရှိနိုင်မည်ဖြစ်ပြီး ၎င်းတို့အား အဓမ္မ စစ်သားစုဆောင်းခြင်း၊ ကလေးလုပ်သားပြုခြင်းနှင့် အမြတ်ထုတ်ခြင်းတို့မှ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း၊
(ထ) မြန်မာနိုင်ငံတွင်ရှိသော ကလေးငယ်များသည်လည်း အကြောက်တရားနှင့် အကြမ်းဖက်မှုတို့ ကင်းစင်သည့် ကလေးဘဝကို အပြည့်အဝ ခံစားခွင့်ရှိကြောင်း၊ ၎င်းတို့တွင်လည်း အသက်ရှင် နေထိုင်ခွင့်၊ သင်ကြားခွင့်နှင့် ၎င်းတို့၏ တောက်ပသော အနာဂတ် အတွက် အိပ်မက်မက်ခွင့်တို့ ရှိကြောင်း၊
(ဒ) ယခုအရေးကိစ္စသည် လူသားဆန်မှုနှင့် သက်ဆိုင်ကြောင်း၊ မိမိတို့အနေဖြင့် မြန်မာနိုင်ငံရှိ ကလေး ငယ်များအပေါ် မပျက်ကွက်သင့်ကြောင်း။
၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့်မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to United Nations, at the Second Regular Session 2025 of the UNICEF Executive Board
(New York, 2 September 2025)
Mr. President,
I thank the Executive Director for her statement.
Myanmar continues to pay tribute to the work of the UNICEF for its persistent effort in ensuring the well-being of children all over the world, particularly those in the most vulnerable settings, including the children in my country.
The crisis in Myanmar has entered into 5 years, and the state of affairs is heartbreaking.
The military junta’s campaign of terror against the people of Myanmar including children is unabated and continues persistently.
Children bear the brunt of the crisis, and their situation is dire.
The UN OHCHR has reported that in 2024 alone, at least 248 children were killed by the military, part of an unprecedented civilian death toll.
The Independent Investigative Mechanism for Myanmar (IIMM) has documented that children as young as two years old are being targeted, tortured, and arbitrarily detained.
The UN's "list of shame" included Myanmar military for committing the five grave violations against children in armed conflict. Over 2,799 grave violations against 2,093 children and the recruitment and use of 1,171 children have been verified by the UN, with the true number likely far higher.
Children are also the primary victims of the pervasive use of landmines and explosive ordnance.
Children are also suffering from shortages of food, clean water, and healthcare amid displacement. Over 1 million children are classified as "zero-dose," having missed vital immunizations, leaving them vulnerable to deadly, preventable diseases.
Therefore, Mr. President, Madam Executive Director, Myanmar’s crisis demands our immediate attention, our unwavering solidarity, and above all, our resolute action timely.
We call upon the UNICEF to use its powerful platform to demand the immediate cessation of all acts of violence against children, including aerial attacks and shelling on civilian areas, and urge the international community to support in this regard.
We appeal to the Security Council to refer the situation in Myanmar to the International Criminal Court.
We call for a global arms embargo, including aviation fuel, to dismantle the junta’s capacity for inflicting terror from the air.
Restoration of children’s access to safe, quality education and healthcare, protecting them from conscription, child labor, and exploitation can only be assured by ending the military dictatorship and building a federal democratic union in Myanmar.
The children of Myanmar have a right to a childhood free from fear and violence. They have a right to live, to learn, and to dream of their bright future.
This is a matter of humanity. We must not fail them.
I thank you.
*****





