top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun at the Plenary of the High-Level Meeting on Sendai Framework





Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Plenary of the High-Level Meeting on the Midterm Review of the Sendai Framework for Disaster Risk Reduction 2015-2030, held on 6 June 2023


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂ သဘာဝဘေးအန္တရာယ်ကျရောက်မှုလျော့ချနိုင်ရေးဆိုင်ရာ Sendai Framework ပြန်လည်သုံးသပ်ရေး အဆင့်မြင့်အရာရှိကြီးများ မျက်နှာစုံညီအစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်း က မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှု အကူအညီပေးနိုင်ရေးအတွက် သက်ဆိုင်သူများအားလုံးက ကြိုးပမ်းဆောင်ရွက်နေချိန်တွင် တရားမဝင်စစ်တပ်အနေဖြင့် “ဖြတ် (၄) ဖြတ်” မူဝါဒကိုအသုံးပြု၍ လူသားချင်းစာနာမှုအကူအညီပေးရေးပစ္စည်းများ လိုအပ်သူများထံ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားနေသည့်နေရာများတွင် နေထိုင်သူများထံ မရောက်ရှိရေးကို ကြိုးစားဆောင်ရွက်နေဟု ထောက်ပြခဲ့


(နယူးယောက်မြို့၊ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်)


၁။ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်တွင် သဘာဝဘေးအန္တရာယ်ကျရောက်မှုလျော့ချနိုင်ရေး Sendai Framework ပြန်လည်သုံးသပ်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ မျက်နှာစုံညီ အစည်းအဝေးတစ်ရပ်ကို ၂၀၂၃ ခုနှစ်၊ မေလ (၁၈) နှင့် (၁၉) ရက်နေ့တို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ မျက်နှာစုံညီအစည်းအဝေးတွင် မိန့်ခွန်းပြောကြားသည့် ကိုယ်စားလှယ်အဖွဲ့အများအပြားရှိခဲ့သောကြောင့် အဆိုပါမျက်နှာစုံညီအစည်းအဝေးများကို ၃၁-၅-၂၀၂၃ ရက်နေ့နှင့် ၆-၆-၂၀၂၃ ရက်နေ့တို့တွင် ဆက်လက်ကျင်းပခဲ့ပါသည်။ ၆-၆-၂၀၂၃ ရက်နေ့တွင် ကျင်းပသည့် မျက်နှာစုံညီအစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါသည်။


၂။ မြန်မာအမြဲတမ်းကိုယ်စားလှယ်မှ ပြောကြားသည့် မိန့်ခွန်းတွင် အောက်ဖော်ပြပါ အဓိကအချက်များ ပါဝင်ပါသည်-


(က) သဘာဝဘေးအန္တရာယ်ကျရောက်မှု လျော့ချနိုင်ရေး Sendai Framework ပြန်လည် သုံးသပ်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ မျက်နှာစုံညီအစည်းအဝေးမှ ကြေညာချက်ထုတ်ပြန်နိုင်ခဲ့ခြင်း အပေါ် မြန်မာနိုင်ငံအနေဖြင့် ကြိုဆိုကြောင်း၊


(ခ) ကမ္ဘာ့နေရာအနှံ့အပြားတွင် ငလျင်လှုပ်ခတ်မှု၊ မိုးကြီးရေလျှံမှု၊ မိုးခေါင်ရေရှားမှု၊ ဟာရီကိန်းနှင့် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခိုက်ခံရမှုများအပြင် အခြားသော သဘာဝဘေးအန္တရာယ်များ မကြာခဏ ကျရောက်ခြင်းကြောင့် လူသားများရှင်သန်နေထိုင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအပေါ် ဆိုးရွားစွာ ထိခိုက်လျက်ရှိသည်ကို အားလုံးသိရှိပြီးဖြစ်ကြောင်း၊ ထိုအရာများတားဆီးနိုင်ရန် ၂၀၃၀ ခုနှစ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် Sendai Framework အား အရှိန်မြှင့်တင်အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း၊ Sendai Framework အကောင်အထည်ဖော်မှု သတ်မှတ်ကာလအလယ်ကို ရောက်နေခိုက်တွင် လုပ်ငန်းများအား ပြန်လည်သုံးသပ်ကြည့်မည်ဆိုပါက သဘာဝဘေးအန္တရာယ်လျော့ချရေး၊ အခြေခံအဆောက်အအုံနှင့် ခံနိုင်ရည်ရှိမှုကဏ္ဍများတွင် ရင်းနှီးမြှပ်နှံမှုများ ပိုမိုတိုးချဲ့ရန် လိုအပ်နေသည်ကို ထင်ရှားစွာတွေ့ရကြောင်း၊ ဘဏ္ဍာငွေတိုးမြှင့်ရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးတို့သည် ကြိုတင်အသိပေးစနစ် တိုးမြှင့်ဆောင်ရွက်ရေးအတွက် အလွန်အရေးကြီးပြီး ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲကျွန်းနိုင်ငံငယ်များတွင် တွင်ကျယ်စွာကျင့်သုံးနိုင်ရန် အလွန်အရေးကြီးကြောင်း၊


(ဂ) သဘာဝဘေးအန္တရာယ်သည် နေရာတိုင်းတွင်ကျရောက်နိုင်ပြီး မြန်မာနိုင်ငံသည် သဘာဝဘေး အန္တရာယ် အလွယ်တကူကျရောက်သည့်ဒေသတွင် ရှိနေကြောင်း၊ ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က မြန်မာနိုင်ငံသည် ဆိုင်ကလုန်းမိုခါတိုက်ခိုက်မှုကို ခံခဲ့ရကြောင်း၊ ရခိုင်ကမ်းရိုးတန်းမှ ကုန်းတွင်းပိုင်း ချင်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်များသို့ပါ ရိုက်ခတ်ခဲ့ကြောင်း၊ စစ်တပ်မှ တရားမဝင်အာဏာသိမ်းမှု၊ အကြမ်းဖက်ကျူးလွန်မှုများကို ခံစားနေရသည့် မြန်မာပြည်သူများမှာ မုန်တိုင်း၏နောက်ဆက်တွဲ အကျိုးဆက်များကိုပါ ထပ်ဆင့်ခံစားနေရကြောင်း၊


(ဃ) မုန်တိုင်းဒဏ်ကြောင့် ရိုဟင်ဂျာများအပါအဝင် လူပေါင်း (၄၅၀) ကျော် အသက်ဆုံးရှုံးခဲ့ပြီး နေအိမ်၊ စာသင်ကျောင်း၊ လမ်း၊ တံတားများအပါအဝင် စိုက်ပျိုးရေးလုပ်ငန်းများ များစွာပျက်စီးဆုံးရှုံးခြင်းအပြင် အစားအစာ၊ ဆေးဝါးနှင့် ယာယီခိုလှုံရန် ယာယီတဲများမရှိခြင်းနှင့် ဆက်သွယ်ရေးနှင့် ကူးသန်းသွားလာမှု ပြတ်တောက်ခြင်းတို့ကြောင့် အလွန်ဆိုးရွားသော ဒုက္ခများနှင့် ရင်ဆိုင်နေရကြောင်း၊ လူသားချင်း စာနာထောက်ထားမှု အကူအညီလိုအပ်နေသူ (၆) သန်း ခန့် ရှိလာကြောင်း၊


(င) အမျိုးသားညီညွတ်ရေးအစိုးရမှ မိုခါဆိုင်ကလုန်းမုန်တိုင်း အရေးပေါ်တုံ့ပြန်ရေးအတွက် အရေးပေါ် အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းပြီး အရေးပေါ်ကယ်ဆယ်ရေးအတွက် အမေရိကန်ဒေါ်လာ (၁) သန်းကို ကယ်ဆယ်ရေး ရန်ပုံငွေအဖြစ် လျာထားအသုံးပြုခဲ့ကြောင်း၊ အဆိုပါကော်မတီသည် မုန်တိုင်းတိုက်ခိုက်ခံဒေသမှ ပြည်သူများ၏ လိုအပ်မှုများကို ဒေသခံကူညီ ဆောင်ရွက်ပေးရေးလူမှုအဖွဲ့များ၊ လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့များနှင့် ချိတ်ဆက်၍ ကူညီဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများကို လူသားချင်းစာနာမှု အကူအညီများပေးအပ်ရေးအတွက် အားသန်မှု၊ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ အတွက် ကျေးဇူးတင်ရှိသည်ကို ဖော်ပြလိုကြောင်း၊


(စ) မေလ ၂၃ ရက်နေ့က UN Office for the Coordination of Humanitarian Affairs မှ မိုခါဆိုင်ကလုန်းနှင့်ပတ်သက်၍ ပြန်လည်ထူထောင်ရေးနှင့် ရေရှည်နေထိုင်မှု အစီအစဉ်များ ဆောင်ရွက်ရေးအတွက် အမေရိကန်ဒေါ်လာ (၃၃၃) သန်း လိုအပ်ကြောင်းနှင့် လိုအပ်သည့်သူများထံ အကူအညီများရောက်ရှိရန် လိုအပ်ကြောင်း ထုတ်ပြန်ကြေညာမှုအပေါ် ကြိုဆိုကြောင်း၊ နိုင်ငံတကာ အလှူရှင်များအား များစွာကျေးဇူးတင်ကြောင်း၊


(ဆ) အာဆီယံလူသားချင်းစာနာမှုအကူအညီပေးရေးဌာနကိုလည်း ၎င်းတို့ ကြိုးပမ်းမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ သို့ရာတွင် အမှန်တကယ်လိုအပ်သည့်များထံ အကူအညီများ ရောက်ရှိရန် အထူးအရေးကြီးသည်ကို အလေးထားပြောကြားလိုကြောင်း၊


(ဇ) ယင်းသို့ သက်ဆိုင်သူများအားလုံးက ကြိုးပမ်းဆောင်ရွက်နေချိန်တွင် တရားမဝင်စစ်တပ်အနေဖြင့်မူ “ဖြတ် (၄) ဖြတ်” မူဝါဒကိုအသုံးပြု၍ လူသားချင်းစာနာမှု အကူအညီပေးရေးပစ္စည်းများ လိုအပ်သူများထံ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားနေသည့်နေရာများတွင် နေထိုင်သူများထံ မရောက်ရှိရေးကို ကြိုးစားဆောင်ရွက် နေကြောင်း၊


(ဈ) သို့ဖြစ်ရာ အောက်ပါအချက် (၄) ချက်ကို တောင်းဆိုလိုကြောင်း -


  • ထိခိုက်ခံဒေသများနှင့် လိုအပ်သူများအားလုံးဆီသို့ လိုအပ်သော အစားအသောက်၊ ဆေးဝါး၊ အခြားအရေးအပေါ်ပစ္စည်းများ၊ အရေးပေါ်ယာယီတဲများ စသည်တို့အပါအဝင် အရေးပေါ် ကယ်ဆယ်ကူညီ ထောက်ပံ့ပေးရေးဆိုင်ရာ အကူအညီများ ဆောင်ရွက်ပေးပါရန် ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအားလုံးသို့ တောင်းဆိုကြောင်း၊

  • ယင်းသို့ အကူအညီများပေးအပ်ရာတွင် တစ်နိုင်ငံလုံးရှိ ဒုက္ခသည်စခန်းများအပါအဝင် နေရပ်စွန့်ခွာနေရသူများ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် တော်လှန်ရေးမဟာမိတ်အဖွဲ့များ၏ ထိန်းချုပ်ရာဒေသများရှိ အကူအညီလိုအပ်နေသူများအားလုံးထံ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ဘဲ အကူအညီများ သာတူညီမျှပေးအပ်ရန် ကုလသမဂ္ဂအေဂျင်စီများနှင့် ကူညီထောက်ပံ့ရေး အဖွဲ့အစည်းများအားလုံးကို တောင်းဆိုကြောင်း၊

  • အကူအညီလိုအပ်သူများနှင့် ချိတ်ဆက်ကူညီပေးပို့ဆောင်ရွက်ပေးနေသည့် အမျိုးသားညီညွတ်ရေး အစိုးရ၏ ကယ်ဆယ်ရေးအရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီနှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းကြောင်း၊

  • အမှန်တကယ်လိုအပ်သူများအားလုံး တစ်ဦးမကျန် လက်ခံရရှိစေရေးအတွက် ဖြစ်နိုင်သည့် နည်းလမ်းအားလုံးကို ရှာဖွေဆောင်ရွက်ပေးရန် နိုင်ငံတကာအသိုင်းအဝိုင်းထံသို့ မေတ္တာရပ်ခံတောင်းဆိုကြောင်း။


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ်ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲဖော်ပြအပ်ပါသည်။



၂၀၂၃ ခုနှစ်၊ ဇွန် ၆ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့




Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations

at the Plenary of the High-Level Meeting on the Midterm Review of the Sendai Framework for Disaster Risk Reduction 2015-2030


(New York, 6 June 2023)


Mr. President,


At the outset, I wish to thank you for organizing this High-Level meeting. Myanmar welcomes the adoption of the political declaration of the high-level meeting on the midterm review of the Sendai Framework for Disaster Risk Reduction 2015–2030. We thank the co-facilitators, the Permanent Representatives ofIndonesia and Australia for their able leadership and hard work.


Mr. President,


As we speak we are witnessing increasingly frequent and intense disasters all over the world from earthquakes, torrential rain, floods, extreme drought, hurricanes, and tropical cyclones, and their devastating impacts on the lives and development of people.


Against this backdrop, we reiterate the need to integrate the implementation of the Sendai Framework as part of implementing the 2030 Agenda for Sustainable Development. We share the view that without the Sendai Framework, the implementation of the 2030 Agenda for Sustainable Development cannot be complete. As we reflect on our progress, fragility, and strategies of DRR at the mid-point of the Sendai framework, it is imperative that we scale up our efforts and investment in disaster risk reduction, infrastructure, and resilience building. It is also crucial to address the financing gap and strengthen the international cooperation system to increase the access to multi-hazard early warning systems. These strategies must also be tailored to countries in special situations, particularly LDCs and SIDS.


Mr. President,


Disasters know no boundary. Myanmar is one of the most disaster prone area.With its unprecedented intensity and devastating consequences, super Cyclone Mocha hit Myanmar and Bangladesh recently and made landfall over the Rakhine coast on 14 May 2023. The Cyclone barreled toward inland Myanmar passing through Chin State, Magway Region, Mandalay Region, Sagaing Region and Kachin State as an inland storm for several hours.


Cyclone Mocha left extensive and catastrophic destruction along its path. Its impact has further exacerbated the existing multiple challenges the people are encountering due to the illegal military coup and its atrocities.


It have caused the deaths of over 450 people including many Rohingya and need of humanitarian assistance of over 6 million people. Destruction of homes, public infrastructures, roads, bridges, crops, paddy fields is compounding the extreme suffering of the people of Myanmar.


The people affected by Cyclone Mocha have faced various severe difficulties ranging from lack of shelter, food and medicine to interruption of communication networks and transportation.


In response to the pressing humanitarian needs in the affected areas, the National Unity Government (NUG) activated the Emergency Operation Coordination Committee (EOCC) and approved the Contingency Fund (USD 1 Million) for the emergency relief operations. The EOCC has responded any requests received for the rescue and essential needs of the affected community through different stakeholders including local humanitarian actors and community based organizations.


Taking this opportunity, I wish to thank UN entities in Myanmar for their committed response and for their cooperation with the EOCC and relevant ministries of NUG. We welcome the OCHA’s press release of Cyclone Mocha Flash Appeal on 23 May, its call for access to people in need and for an urgent injection of $333 million in humanitarian funds to facilitate a full-scale response to the cyclone and to sustain under-funded life-saving programmes. I wish to thank all international donors for their support in this regard.


I also thank ASEAN Humanitarian Assistance Center (AHA Center) for its efforts. But it is imperative that humanitarian assistance must reach to all people, I stress, all people in need.


Despite efforts from all corners, the illegal military junta, with its “four cuts” strategy, will attempt to hinder delivery of humanitarian assistance to all people in need especially those in conflict affected areas.


Therefore, I wish to make the following requests:


1. We call for more immediate help and assistance from the international community including the United Nations, ASEAN and international actors to contribute to an urgent injection of funds for the response plan and the Flash Appeal, to deliver the urgent provision of food, medicine, emergency shelter and NFIs, and to strategize delivery channels to ensure the aid effectively reaches to all those in need especially in conflict affected area.

2. We call for UN agencies and aid organizations to provide relief assistances fairly and equally to the most vulnerable community including IDPs all over the country, particularly for those who live in the areas controlled by revolution alliances and ethnic resistance organizations (EROs).

3. We call for the international actors to collaborate with EOCC for providing relief assistances to the vulnerable community in Myanmar.

4. We call for the international community to explore all possible ways to make sure that no one left behind in delivery of humanitarian aid and all people in need must receive much needed assistance in Myanmar.


I thank you.




*****











bottom of page