Statement by Ambassador Kyaw Moe Tun, at the General Discussion of the 2026 ECOSOC Humanitarian Affairs Segment
- Myanmar Mission To UN

- 2 minutes ago
- 5 min read



Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the General Discussion of the 2026 ECOSOC Humanitarian Affairs Segment held on 17 June 2026
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
၂၀၂၆ ခုနှစ် စီးပွားရေးနှင့်လူမှုရေးကောင်စီ လူသားချင်းစာနာမှုရေးရာကဏ္ဍ (ECOSOC Humanitarian Affairs Segment) အစည်းအဝေးတွင်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က
၂၀၂၁ ခုနှစ် တရားမဝင် အာဏာသိမ်းချိန်မှစ၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို မြန်မာနိုင်ငံ၏ လက်ရှိသမိုင်းတွင် အဆိုးရွားဆုံး ကြုံတွေ့နေရ၊
ဤအကျပ်အတည်းသည် အကြမ်းဖက် စစ်အာဏာရှင်အုပ်စု၏ စနစ်တကျ ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ အရပ်သားများအပေါ် ခွဲခြားမှုမရှိဘဲ ဆောင်ရွက်သည့် လေကြောင်းတိုက်ခိုက်မှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို လက်နက်တစ်ခု အဖြစ် အလွဲသုံးစားပြုမှုတို့၏ အကျိုးဆက်များကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်၊
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းအခြေအနေသည် ဆက်လက် ဆိုးရွားလာနေ၊
အကြမ်းဖက်စစ်တပ်သည် ပဋိပက္ခဒဏ်ခံနေရသည့် ဒေသများတွင် အကူအညီဝင်ရောက်မှုကို
အနှောက်အယှက်ပေးခြင်း၊ ပေးပို့မှုကို ပိတ်ပင်ခြင်းနှင့် အုပ်ချုပ်ရေးဆိုင်ရာ အတားအဆီးများချမှတ်ခြင်းတို့ဖြင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို
လက်နက်ကိရိယာတစ်ခုကဲ့သို့ အစဉ်အလာမပြတ် အသုံးချ၊
ကောင်းမွန်သောရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သံရေးတမန်ရေး နှင့် ထိတွေ့ဆက်ဆံမှုများကိုလည်း အကြမ်းဖက် စစ်အာဏာရှင်အုပ်စုသည် ၎င်းတို့၏ တရားဝင်မှုကို ဖန်တီးရယူရန်၊ ကျူးလွန်ထားသည့် ရာဇဝတ်မှုများကို ဖုံးကွယ်ရန်နှင့် ရက်စက်ကြမ်းကြုတ်မှုများ ထပ်မံကျူးလွန်ရန် အလွယ်တကူ အခွင့်ကောင်းယူ အသုံးချနေ၊
စိန်ခေါ်မှုများစွာနှင့် ကြုံတွေ့နေရသော်လည်း အမျိုးသားညီညွတ်ရေးအစိုးရ နှင့်
မဟာမိတ် ဒီမိုကရေစီ အင်အားစုများသည် မကြာမီက ဖွဲ့စည်းခဲ့သည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) မှတစ်ဆင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်သူများနှင့် တက်တက်ကြွကြွ ပူးပေါင်းညှိနှိုင်းကာ အရပ်သားများကို ကာကွယ်ခြင်းနှင့် မြေပြင်တွင် အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခြင်း တို့ကို ဆောင်ရွက်နေ၊
လူ့ပေါင်းများစွာ၏ အသက်အိုးအိမ်များကို ရက်ရက်စက်စက် ဖျက်ဆီးနေပြီး လူသားဂုဏ်သိက္ခာကို လေးစားမှုမရှိသည့် အကြမ်းဖက် စစ်အာဏာရှင်အုပ်စုသည် ထိရောက်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရာတွင် မည်သည့်အခါမျှ ယုံကြည်အားထားနိုင်သည့် မိတ်ဖက်တစ်ရပ် မဖြစ်နိုင်ကြောင်း ထင်ရှားစွာ သက်သေပြနေပြီး ဖြစ်၊
မြန်မာနိုင်ငံပဋိပက္ခ၏ အရင်းခံအကြောင်းရင်းများကို ဖြေရှင်းရာ၌ ပြတ်သား ထိရောက်သောဆောင်ရွက်မှုများ ပြုလုပ်ရန်၊ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားရန်နှင့်
ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် မြန်မာပြည်သူများ၏ ရဲဝံ့သော ကြိုးပမ်း ဆောင်ရွက်မှုများကို အပြည့်အဝပံ့ပိုးကူညီပေးရန် ကမ္ဘာ့အသိုက်အဝန်းအား အလေးအနက်ထားတောင်းဆိုအပ်ပါကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇ ရက်)
၁။ ၂၀၂၆ ခုနှစ် စီးပွားရေးနှင့်လူမှုရေးကောင်စီ လူသားချင်းစာနာမှုရေးရာကဏ္ဍ (ECOSOC Humanitarian Affairs Segment) အစည်းအဝေး ကို နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၌ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိရာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အသီးသီးတို့က မိန့်ခွန်း များ ပြောကြားခဲ့ကြပါသည်။
၂။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအနေဖြင့် အဆိုပါ အစည်းအဝေးသို့ ပါဝင်တက်ရောက်ကာ ၁၇-၆-၂၀၂၆ ရက်နေ့တွင် ပြုလုပ်သည့်အစည်းအဝေး၌ မိန့်ခွန်း ပြောကြားခဲ့ပါသည်။ မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ မိန့်ခွန်းတွင် အောက်ပါအချက်များ အဓိက ပါဝင် ပါသည်-
(က) နောက်ဆုံးထွက်ရှိခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခြုံငုံ သုံးသပ် ချက် (Global Humanitarian Overview) အရ ၂၀၂၆ ခုနှစ်တွင် လူဦးရေ ၂၃၉ သန်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်မည်ဟု ခန့်မှန်းထားရှိပါကြောင်း၊
(ခ) ဤကဲ့သို့ အကူအညီလိုအပ်ချက် လွန်စွာမြင့်တက်လာခြင်းမှာ ရန်ပုံငွေ မလုံလောက်မှု၊ လုပ်ဆောင်နိုင်စွမ်းကို ကျော်လွန်သည့် တောင်းဆိုမှုများနှင့် တိုက်ရိုက်တိုက်ခိုက်မှုများအစရှိသည့် အကြောင်းအရာများကြောင့် ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုစနစ်တစ်ခုလုံး ယိုယွင်း ပြိုကွဲလာနေသည့် အခြေအနေဖြစ်ပါကြောင်း၊
(ဂ) ၂၀၂၁ ခုနှစ် တရားမဝင် အာဏာသိမ်းချိန်မှစ၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို မြန်မာနိုင်ငံ၏လက်ရှိသမိုင်းတွင် အဆိုးရွားဆုံး ကြုံတွေ့နေရပါကြောင်း၊ ဤအကျပ်အတည်းသည် အကြမ်းဖက်စစ်အာဏာရှင်အုပ်စု၏ စနစ်တကျ ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ အရပ်သားများအပေါ် ခွဲခြားမှုမရှိဘဲ ဆောင်ရွက်သည့် လေကြောင်း တိုက်ခိုက်မှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို လက်နက်တစ်ခုအဖြစ် အလွဲသုံးစားပြုမှုတို့၏ အကျိုးဆက်များကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်ပါကြောင်း၊
(ဃ) ယနေ့အချိန်တွင် လူဦးရေ (၃.၆) သန်းကျော်သည် နေရပ်စွန့်ခွာ နေကြရပြီး၊ (၂၂) သန်းနီးပါးသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်လျက်ရှိပါကြောင်း၊ OCHA ၏ အစီအရင်ခံစာပါအချက်အလက်များအရ (၁၆.၂) သန်းသည် လက်နက်ကိုင်ပဋိပက္ခနှင့် ငလျင် ဘေးအန္တရာယ်တို့ကြောင့်ဖြစ်ကြောင်း၊ ထို့အပြင် WFP ၏ ခန့်မှန်းချက်အရ ၂၀၂၆ ခုနှစ်တွင် နိုင်ငံ လူဦးရေ၏ လေးပုံတစ်ပုံနီးပါးသည် ဆိုးရွားသော အစာရေစာရှားပါးမှုနှင့် ရင်ဆိုင်ရမည်ဖြစ် ကြောင်း၊
(င) မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းအခြေအနေသည် ဆက်လက် ဆိုးရွားလာနေသည့်အလျောက် နိုင်ငံတကာအသိုက်အဝန်းအား အောက်ပါ နည်းလမ်းများကို အကြံပြုတင်ပြလိုပါကြောင်း၊
- ပထမအချက်မှာ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကိုလက်နက်သဖွယ် အသုံးချမှုကို ထိန်းချုပ်တားဆီးရမည်ဖြစ်ပါကြောင်း၊ အကြမ်းဖက်စစ်တပ်သည် ပဋိပက္ခ ဒဏ်ခံနေရသည့်ဒေသများတွင် အကူအညီဝင်ရောက်မှုကို အနှောက်အယှက်ပေးခြင်း၊ ပေးပို့မှုကို ပိတ်ပင်ခြင်းနှင့် အုပ်ချုပ်ရေးဆိုင်ရာ အတားအဆီးများ ချမှတ်ခြင်းတို့ဖြင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို လက်နက်ကိရိယာတစ်ခုကဲ့သို့ အစဉ်အလာမပြတ် အသုံးချလာခဲ့ပါကြောင်း၊
- ကောင်းမွန်သောရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေသည့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ သံရေးတမန်ရေးနှင့် ထိတွေ့ဆက်ဆံမှုများကိုလည်း အကြမ်းဖက် စစ်အာဏာရှင် အုပ်စု သည် ၎င်းတို့၏ တရားဝင်မှုကို ဖန်တီးရယူရန်၊ ကျူးလွန်ထားသည့် ရာဇဝတ်မှုများကို ဖုံးကွယ်ရန်နှင့် ရက်စက်ကြမ်းကြုတ်မှုများ ထပ်မံကျူးလွန်ရန် အလွယ်တကူ အခွင့်ကောင်း ယူ အသုံးချနေပါကြောင်း၊ ထို့ကြောင့် မူဝါဒနှင့်အညီ ထိရောက်သော လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးမှုများကို သင့်လျော်သည့် သက်ဆိုင်သူအဖွဲ့အစည်း များပါဝင်ပြီး၊ ပူးပေါင်းညှိနှိုင်းဆောင်ရွက်သည့်နည်းလမ်းဖြင့်သာ ဆောင်ရွက်သင့်ပါကြောင်း၊
- ဒုတိယအချက်မှာ၊ နယ်စပ်ဖြတ်ကျော် အကူအညီပေးမှုနှင့် ဒေသဆိုင်ရာ အကူအညီပေးမှု များ အားဖြည့်ခိုင်မာအားကောင်းစေရန် ဖြစ်ပါကြောင်း၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများသည် ဒေသခံပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံနိုင်သည့် လမ်းကြောင်းများ၊ ဒေသန္တရ ဗဟုသုတနှင့် သက်ဆိုင်ရာ ဒေသခံပြည်သူများ၏ ယုံကြည်ကိုးစားမှုတို့ကို ပိုင်ဆိုင်ထားသည့် အားလျှော်စွာ အချိန်နှင့်တပြေးညီ ထိရောက်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန် ဆောင်ရွက်မှုများ ပေးအပ်ရာတွင် မရှိမဖြစ် အရေးပါသောအခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက် နေပါကြောင်း၊
- ထိုသို့သော အခြေအနေတွင် နယ်စပ်ဖြတ်ကျော်လမ်းကြောင်းများမှတစ်ဆင့် မြန်မာနိုင်ငံ၏ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် တိုင်းရင်းသားမိတ်ဖက်အဖွဲ့အစည်းများကို ပံ့ပိုးကူညီပေးလျက်ရှိသည့် အဖွဲ့ဝင်နိုင်ငံများနှင့် ကုလသမဂ္ဂ အေဂျင်စီများကို အထူးကျေးဇူးတင်ရှိပါ ကြောင်း၊ သို့ရာတွင် ဒေသဆိုင်ရာဦးဆောင်မှုကို ခိုင်မာအားကောင်းစေရေး ကြိုးပမ်း ဆောင်ရွက်မှုများသည် အပေါ်ယံတွင်သာမဟုတ်ဘဲ ရှိပြီးသားဖြစ်သည့်ဒေသဆိုင်ရာ ကွန်ရက်များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ဒေသဆိုင်ရာအဖွဲ့အစည်းများကို အဓိက ဦးဆောင်ရာနေရာတွင် ထားရှိခြင်းနှင့် ဆုံးဖြတ်ချက်ချမှတ်ရေး အဆင့်တွင် ၎င်းတို့၏ အသံများကို တန်းတူပါဝင်ခွင့်ပေးခြင်းတို့ဖြင့် ပိုမိုနက်ရှိုင်းသော နည်းလမ်းဖြင့် ပူးပေါင်း ဆောင်ရွက်သင့်သည်ဟု ရှုမြင်ပါကြောင်း၊
- တတိယအချက်မှာ၊ တိုက်ရိုက်၊ လိုက်လျောညီထွေဖြစ်ကာ ကြိုတင်ခန့်မှန်းနိုင်သော ရန်ပုံငွေများ ထောက်ပံ့ပေးရန်ဖြစ်ပါကြောင်း၊ ရန်ပုံငွေဆိုင်ရာ သတ်မှတ်ချက်များနှင့် ဖွဲ့စည်းပုံ များကို ဒေသဆိုင်ရာအခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲချိန်ညှိပေး မှသာ ဒေသဆိုင်ရာ လက်တွေ့လိုအပ်ချက်များနှင့် အမှန်တကယ်ကိုက်ညီမှုရှိသည့်အကူအညီ များ ထိရောက်စွာ ရောက်ရှိနိုင်မည်ဖြစ်ပါကြောင်း၊ တိုက်ရိုက်နှင့် စဉ်ဆက်မပြတ် ထောက်ပံ့ မည့် ရန်ပုံငွေများသည် မြေပြင်အဆင့်တွင် လူထု၏ ခံနိုင်ရည်အား ရေရှည် တည်တံ့ခိုင်မာ စေမည်ဖြစ်ပြီး အနာဂတ်တွင် ကြုံတွေ့ရမည့် ထိခိုက်မှုများကိုပါ ကျော်လွှားနိုင်သော အင်အားတစ်ရပ်ကို တည်ဆောက်ပေးနိုင်မည်ဖြစ်ကာ ထောက်ပံ့မှု၏ သက်ရောက်မှု ကိုလည်း မဟာဗျူဟာကျကျ အမြင့်ဆုံး ဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း၊
(စ) စိန်ခေါ်မှုများစွာနှင့် ကြုံတွေ့နေရသော်လည်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် မဟာမိတ် ဒီမိုကရေစီအင်အားစုများသည် မကြာမီက ဖွဲ့စည်းခဲ့သည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) မှတစ်ဆင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်သူများနှင့် တက်တက်ကြွကြွ ပူးပေါင်းညှိနှိုင်းကာ အရပ်သားများကို ကာကွယ်ခြင်းနှင့် မြေပြင်တွင် အရေး ပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးအပ်ခြင်းတို့ကို ဆောင်ရွက်နေ ပါကြောင်း၊ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ကျန်ရစ်ခဲ့မည်မဟုတ်ဟူသော ခိုင်မာသော စိတ်ဆန္ဒဖြင့် အကူအညီများကို ပိုမိုချဲ့ထွင်ဆောင်ရွက်ရန် အမျိုးသား ညီညွတ်ရေးအစိုးရသည် နိုင်ငံတကာအသိုက်အဝန်းနှင့် လက်တွဲပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိပါကြောင်း၊
(ဆ) မြန်မာနိုင်ငံကဲ့သို့သော ပဋိပက္ခဒဏ်ကို ပြင်းထန်စွာခံစားနေရသည့် နိုင်ငံတစ်နိုင်ငံတွင် အကူအညီ ပေးအပ်မှုဆိုင်ရာ နည်းလမ်းများကို ဂရုတစိုက် ဆွေးနွေးသုံးသပ်ခြင်းသည် အရင်းအမြစ်များ စုဆောင်းရှာဖွေခြင်းနှင့် တန်းတူ အရေးကြီးလှပါကြောင်း၊ လူ့ပေါင်းများစွာ၏ အသက်အိုးအိမ် များကို ရက်ရက်စက်စက် ဖျက်ဆီးနေပြီး လူသားဂုဏ်သိက္ခာကို လေးစားမှုမရှိသည့် အကြမ်းဖက် စစ်အာဏာရှင်အုပ်စုသည် ထိရောက်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရာတွင် မည်သည့်အခါမျှ ယုံကြည်အားထားနိုင်သည့် မိတ်ဖက်တစ်ရပ် မဖြစ်နိုင်ကြောင်း ထင်ရှားစွာ သက်သေပြနေပြီး ဖြစ်ပါကြောင်း၊
(ဇ) ထို့ကြောင့် မြန်မာနိုင်ငံပဋိပက္ခ၏ အရင်းခံအကြောင်းရင်းများကို ဖြေရှင်းရာ၌ ပြတ်သား ထိရောက်သော ဆောင်ရွက်မှုများ ပြုလုပ်ရန်၊ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် မြန်မာပြည်သူများ၏ ရဲဝံ့သော ကြိုးပမ်း ဆောင်ရွက်မှုများကို အပြည့်အဝပံ့ပိုးကူညီပေးရန် ကမ္ဘာ့အသိုက်အဝန်းအား အလေးအနက်ထား တောင်းဆိုအပ်ပါကြောင်း။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative
of the Republic of the Union of Myanmar to the United Nations,
at the General Discussion of
the 2026 ECOSOC Humanitarian Affairs Segment
(New York, 17 June 2026)
Mr. Vice President,
I wish to begin by thanking you for convening this meeting. I also thank the Secretary-General and the Under-Secretary-General Fletcher for their statements.
Myanmar aligns itself with the statement delivered by the G77 and China.
Mr. Vice President,
The latest Global Humanitarian Overview reported that 239 million people are projected to need assistance in 2026.
This staggering rise in need is taking place within a global humanitarian system that is concurrently underfunded, overstretched, and under attack. Against this backdrop, Myanmar underscores the need to strengthen humanitarian assistance by upholding humanitarian principles and international humanitarian law, and reinforcing its coordination, funding, delivery and impact.
Mr. Vice President,
Since the illegal coup in 2021, Myanmar is facing the worst humanitarian crisis in our recent history as a direct result of the military junta’s systematic campaign of violence, indiscriminate airstrikes against civilians, and weaponization of humanitarian aid.
3.6 million people are internally displaced. Almost 22 million people are in need of humanitarian assistance. According to the OCHA, 16.2 million people aer resulted from the humanitarian shocks of the conflict and the earthquake.
Nearly one-quarter of the population face acute hunger in 2026, with 1 million at emergency levels according to WFP.
As the humanitarian situation in Myanmar continues to deteriorate, I wish to recommend the following course of actions to the international community.
First, mitigate the weaponization of humanitarian assistance: the military junta has traditionally weaponized aid by hindering access, blocking its delivery and imposing administrative barriers, particularly in conflict-affected areas.
Well-intentioned humanitarian diplomacy and engagement are readily exploited by the military junta to manufacture legitimacy, whitewash their crimes and commit further atrocities.
Principled and effective humanitarian response should, therefore, be channeled through coordination with appropriate actors and relevant stakeholders, which brings me to my next point.
Second, reinforce cross-border and local assistance: local actors have access, knowledge, trust and acceptance from communities, which are integral to delivering timely and effective humanitarian responses.
In this regard, we thank those Member States and UN agencies for extending their support to our local and ethnic partners through cross-border channels.
We are of the view that localization efforts should go beyond surface level by complementing existing local networks, centering local agencies, and incorporating their voices at a decision-making level.
Third, provide direct, flexible, and predictable funding: tailoring funding eligibilities and structures to local contexts will ensure accessible responses that match local realities.
Direct and sustained funding will also foster long-term developments in community resilience at a grassroot level that can withstand future shocks, strategically optimizing its impact.
Despite facing many challenges, through the Steering Council for Emergence of a Federal Democratic Union, the National Unity Government (NUG) and allied democratic forces are coordinating with local actors and communities to safeguard civilians and deliver lifesaving humanitarian assistance on the ground. The NUG stands ready to collaborate with the international community to leave no one behind and scale up their assistance.
In conclusion, Mr. Vice President, deliberating aid modalities is as critical as mobilizing resources in a conflict like Myanmar.
It is crystal clear that the military junta that destroys human lives and disregards humanity cannot be a trusted partner to deliver effective humanitarian assistance.
Taking this opportunity, I urge the international community to take proactive measures to address the root cause of the conflict and support the people of Myanmar in their efforts to eradicate the military dictatorship and build a federal democratic union.
I thank you.
*****











