top of page
  • Facebook Social Icon

Statement by Ambassador Kyaw Moe Tun, at the Informal Meeting of the General Assembly to hear a briefing from the Special Envoy of the Secretary-General on Myanmar

  • Writer: Myanmar Mission To UN
    Myanmar Mission To UN
  • Jun 20
  • 9 min read

Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to United Nations, at the Informal Meeting of the General Assembly to hear a briefing from the Special Envoy of the Secretary-General on Myanmar, held on 19 June 2026


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်မှ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအား မြန်မာနိုင်ငံအခြေအနေနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည့် အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်  သံအမတ်ကြီး ဦးကျော်မိုးထွန်း က မြန်မာနိုင်ငံ အခြေအနေသည် အဖက်ဖက်က ဆိုးရွား ဆုတ်ယုတ်လာခဲ့၊ စစ်အုပ်စုက ၂၀၂၆ ခုနှစ်အတွင်း၌ လေကြောင်း တိုက်ခိုက်မှုများကို တိုးချဲ့လုပ်ဆောင်လာနေ၊


ယနေ့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အသက် (၈၁) နှစ်

ပြည့်မြောက်ခဲ့ပြီဖြစ်၊ ကမ္ဘာတစ်ဝှမ်းတွင် “၈၁ အတွက် ၈၁” စိန်ခေါ်မှု အပါအဝင်

သက်ရှိထင်ရှား ရှိနေကြောင်း ပြသရေးလှုပ်ရှားမှုတို့ကို လုပ်ဆောင်နေပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိ၍ ကျန်းမာကြောင်းကို ပြသရန် စစ်အုပ်စုအား တောင်းဆိုလျက်ရှိ၊ ထို့ပြင် သူမနှင့် အခြားသော နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ပြန်လည်လွှတ်ပေးရေးအတွက် နှင်းဆီလှုပ်ရှားမှုကိုလည်း လုပ်ဆောင်လျက်ရှိ၊


စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲနှင့် လုပ်ကြံဖန်တီးထားသည့် ရလဒ်များကို

ပြင်းထန်စွာ ကန့်ကွက်ရမည်ဖြစ်၊ စစ်အုပ်စုမှ စစ်ဝတ်စုံအား အရပ်ဝတ်အဖြစ် ဝတ်ရုံ ပြောင်းလဲရုံသာသာဖြစ်ပြီး ၎င်းတို့အနေဖြင့် ဓာတ်ပြားဟောင်း ပြန်လည် ဖွင့်လှစ်နေခြင်းဖြစ်၊

မြေပြင်တွင် လက်တွေ့ တိုးတက်မှုတစ်စုံတစ်ရာ မရှိ၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကိုလည်း ဆက်လက် ကျူးလွန် နေဆဲပင်ဖြစ်၊


စစ်အုပ်စုနှင့်ပြုလုပ်သော မလိုလားအပ်သည့် မည်သို့သော ထိတွေ့ ဆက်ဆံမှုမဆို စစ်အုပ်စုမှ အရပ်သားပြည်သူ လူထုအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ထပ်မံ ကျူးလွန်ရန် အားပေးတွန်းပို့မည်သာဖြစ်၊ ယင်းမှာ စစ်အုပ်စုက အချိန်ကာလ ကြာမြင့်စွာ ကျင့်သုံးလာခဲ့သည့် လုပ်ရပ် ဖြစ်၊

တစ်ချိန်တည်းမှာပင် စစ်အုပ်စုက ပြည်တွင်းတရားဥပဒေစိုးမိုးရေးအား လုံးဝ ပျက်သုဉ်းစေခဲ့သည့်အတွက် အွန်လိုင်းလိမ်လည်မှုများ အပါအဝင် နယ်စပ်ဖြတ်ကျော် မှုခင်းများ မြင့်တက်လာစေသည့်အချက်ကို မိမိတို့ မေ့လျော့ထား၍ မရ၊


စစ်အုပ်စုနှင့်ဆန့်ကျင်လျက် မြန်မာပြည်သူများအနေဖြင့် စည်းလုံးညီညွတ်သော

လမ်းကြောင်းတစ်ခုအား ဖောက်လုပ်လျက်ရှိ၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီက မိမိတို့၏ နိုင်ငံရေးနှင့် လုပ်ငန်းလည်ပတ်ရေး မူဘောင်များကို

ကျစ်လစ်ခိုင်မာအောင် တည်ဆောက်ပေးမည်ဖြစ်၊


ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၊ အထွေထွေညီလာခံနှင့် အာဆီယံ အပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေ ဖြင့် အပ်နှင်းခံထားရသော လုပ်ပိုင်ခွင့်အာဏာများကို တည်ကြည်ပြတ်သားသော ဆုံးဖြတ်ချက်နှင့် ပူးပေါင်းဆောင်ရွက်တို့ဖြင့် အကျိုးရှိရှိ ကျင့်သုံးကာ ဆုံးဖြတ်ချက်များ ကို ထိရောက်စွာနှင့် ပြည့်ဝစွာ မဖြစ်မနေ အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်၊


စစ်အာဏာရှင်၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်အား ချုပ်ငြိမ်းခြင်း၊ တရားဥပဒေစိုးမိုးမှု ပြန်လည် အသက်သွင်းခြင်းနှင့် မြန်မာနိုင်ငံတွင် ပြည်သူများ အခွင့်အရေးခံစားခွင့်အား အာမခံပေးသည့် အားလုံးပါဝင်သော ဒီမိုကရေစီ တည်ထောင်ခြင်းတို့ကသာလျှင် ရေရှည်တည်တံ့မည့် ဖြေရှင်းနည်းများဖြစ်ကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်)


၁။        နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Julie Bishop မှ အဖွဲ့ဝင်နိုင်ငံများအား မြန်မာနိုင်ငံအခြေအနေနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည့်အစည်းအဝေး (Informal Meeting of the General Assembly to hear a briefing from the Special Envoy of the Secretary-General on Myanmar) ကို ၁၉-၆-၂၀၂၆ ရက် (သောကြာနေ့)၊ မွန်းလွဲ (၁၅၀၀) နာရီအချိန်တွင် ကျင်းပခဲ့ပါသည်။


၂။         အစည်းအဝေးအစတွင် ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိက မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ် လျက်ရှိသော ဆိုးရွားသည့် အခြေအနေများ၊ ကလေးသူငယ်များ ရင်ဆိုင်နေရသည့် ထိခိုက်နစ်နာမှု၊ ရာဇဝတ်မှုများနှင့် ဒုက္ခသည်များ အခြေအနေ၊ စစ်တပ်ကျင်းပခဲ့သော “ရွေးကောက်ပွဲ” အပေါ် ကုလသမဂ္ဂမှ အသိအမှတ် မပြုထားသည့်အချက်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အကျဉ်းချုပ် ပြောကြားခဲ့ပြီး တရားလက်လွတ် ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားများအား ပြန်လည်လွှတ်ပေးရေးနှင့် အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေးတို့ကို အလေးပေး တိုက်တွန်းပြောကြားခဲ့ပါသည်။


၃။        ထို့နောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Julie Bishop ကလည်း မြန်မာနိုင်ငံတွင် ပိုမိုဆိုးရွားလာသော အကျပ်အတည်း၊ ရာဇဝတ်မှုနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာများ၊ နိုင်ငံရေးနှင့် စစ်အုပ်စုမှ ကျင်းပခဲ့သော “ရွေးကောက်ပွဲ” နှင့် နောက်ဆက်တွဲအခြေအနေများ၊ လူငယ်များနှင့် အမျိုးသမီးများ ရင်ဆိုင်နေရ သည့် စိန်ခေါ်မှုများ၊ နိုင်ငံရေးအကျဉ်းသားများ၊ အထူးသဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရသူများအား ချွင်းချက်မရှိ ပြန်လည်လွှတ်ပေးရေးကိစ္စ၊ ဒီအမှန်တရားတွေကိုမကြည့်ဘဲ မိမိ ကိုယ်ကျိုးအတွက် စစ်အုပ်စုနဲ့ ထိတွေ့မှုဟာ အခွင့်အရေးများ ဆုံးရှုံးစေသည့်ကိစ္စ၊ ရိုဟင်ရေးအရေးကိစ္စ၊ အကြမ်းဖက်မှုများ ရပ်တန့်ဖို့တောင်းဆို့မှုတွေကို လိုက်နာခြင်းမရှိဘဲ၊ လျစ်လျူပင် ရှုထားသည့်ကိစ္စတို့ကို ပြောကြား၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိစ္စနှင့် ၎င်း၏မွေးနေ့မှာ ယနေ့ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ၎င်းနှင့်အတူ ဝိုင်းဝန်းတောင်းဆိုရန် တိုက်တွန်းပါကြောင်း ထည့်သွင်းပြောကြားကာ ၎င်း၏ရှေ့လုပ်ငန်းစဉ်များအတွက် တိုက်တွန်းတောင်းဆိုမှုများ ပြုလုပ်ခဲ့ပါသည်။


၄။        အပြန်အလှန် ဆွေးနွေးမှုအားဖြင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ (၂၀) ခန့်မှ ပါဝင်၍ ဆွေးနွေးခဲ့ကြပါသည်။


၅။        ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှလည်း ၎င်း၏ မိန့်ခွန်းတွင် အောက်ပါအဓိကအချက်များကို ဆွေးနွေးခဲ့ပါသည်-


(က) ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Julie Bishop မှ ၎င်းအား ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်အာဏာအရ မြန်မာ့အရေးအတွက် လှုပ်ရှားလုပ်ဆောင် ပေးနေသည့်အပေါ် နှင့် ယခုပြောကြားချက်များအပေါ် ကျေးဇူးအထူးတင်ရှိကြောင်း၊


(ခ)   Ms. Julie Bishop မှ ၂၀၂၅ ခုနှစ်တွင် မြန်မာ့အရေးအား ဆွေးနွေးတင်ပြခဲ့ပြီးနောက် ယခု တစ်နှစ်အကြာတွင် မြန်မာနိုင်ငံ အခြေအနေသည် အဖက်ဖက်က ဆိုးရွားဆုတ်ယုတ်လာခဲ့ ကြောင်း၊ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူသားစာနာအရေးကိစ္စနှင့် လူ့အခွင့်အရေး အခြေအနေတို့သည် လုံးဝပျက်စီးပြိုလဲနေပြီး စစ်အုပ်စုဖန်တီးသည့် မတည်ငြိမ်မှုများကြောင့် တိုင်းပြည်၏ သာယာဝပြော ရေးမှာ လှိုက်စားနေပြီဖြစ်ကြောင်း၊


(ဂ)    ပြည်တွင်းနေရပ်စွန့်ခွာ နေထိုင်နေရသူ ၃.၇ သန်းကျော်ရှိလာပြီး လူသားချင်းစာနာ ထောက်ထားမှု အကူအညီ​လိုအပ်နေသူ ၂၂ သန်းခန့် ရှိနေပြီဖြစ်ကြောင်း၊ အဆိုပါဒုက္ခသည်များအနက် ၁၆.၂ သန်းမှာ ပဋိပက္ခများနှင့် ငလျင်ဒဏ်သင့်မှုတို့ကြောင့် လူသားစာနာအကူအညီများကို အရေးပေါ်လိုအပ်လျက်ရှိကြောင်း၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (United Nations Development Programme – UNDP) ၏ အစီရင်ခံစာတွင်လည်း မြန်မာ့လူဦးရေ၏ ထက်ဝက်ခန့်မှာ ဆင်းရဲနွမ်းပါးမှု သတ်မှတ်ချက်အောက်သို့ ရောက်ရှိနေကာ လူလတ်တန်းစားအုပ်စု ပျောက်ဆုံးနေပြီး မြို့ပြဆင်းရဲနွမ်းပါးမှုနှုန်းမှာလည်း သိသိသာသာ မြင့်လာခဲ့သည်ဟု ဖော်ပြထားကြောင်း၊


(ဃ)     ပြည်တွင်း၌ ပြည်သူများအနေဖြင့် တရားလက်လွတ် ဖမ်းဆီးချုပ်နှောင်ခြင်းမှသည် အဓမ္မ တပ်သားစုဆောင်းမှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ အတင်းအကျပ် ပျောက်ကွယ်စေခြင်း နှင့် ဥပဒေမဲ့ ကွပ်မျက်စီရင်ခြင်းစသည်ဖြင့် စစ်အုပ်စု၏ အလွန်အမင်း ဆိုးရွားလာသော ရက်စက် ကြမ်းကြုတ်မှုများကြောင့် နေ့စဉ် အကြောက်တရားအောက် နေထိုင်နေရကြောင်း၊


(င) စစ်အုပ်စုအနေဖြင့် အရပ်သားပြည်သူ (၈,၀၀၀) ကျော်အထိ သတ်ဖြတ်ခဲ့ပြီး လူနေအိမ်၊ ဘာသာရေးအဆောက်အအုံ၊ စာသင်ကျောင်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှု အဆောက်အဦ အလုံးပေါင်း (၁၁၂,၀၀၀) ကျော်အထိ ပြင်းပြင်းထန်ထန် ဖျက်ဆီးခံခဲ့ရကြောင်း၊


(စ)  မိမိတို့၏ ကလေးသူငယ်များ၊ လူငယ်လူရွယ်များ၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အနေဖြင့် အဆိုပါ ရက်စက်ကြမ်းကြုတ်မှုများ၏ ဒဏ်ကို အများဆုံး ခါးစည်းခံနေရကြောင်း၊ လူငယ်လူရွယ်များအနေဖြင့် စစ်အုပ်စု၏ အဓမ္မ တပ်သားစုဆောင်းမှုကို ဆိုးရွားစွာ ကြုံတွေ့ နေရသကဲ့သို့ တစ်ဖက်တွင်လည်း စစ်အုပ်စုက ၂၀၂၆ ခုနှစ်အတွင်း၌ လေကြောင်း တိုက်ခိုက်မှု များကို တိုးချဲ့လုပ်ဆောင်လာနေကြောင်း၊


(ဆ)    စစ်အုပ်စုအနေဖြင့် မြေပြင်၌ ခုခံတော်လှန်မှုများကို ရင်ဆိုင်နေရသည်နှင့်အမျှ တိုက်လေယာဉ် များ၊ လက်နက်တပ်ဆင်ထားသော ဒရုန်းများ၊ ဂျိုင်ရိုကော်ပတာများနှင့် စီးပွားရေးသုံး ပါရာမော်တာများကိုပင် မှီခိုအားထားကာ အရပ်သားပြည်သူများအပေါ် ပဲ့ထိန်းမဲ့ ဗုံးကြဲခြင်းများကို ကျူးလွန်လျက်ရှိကြောင်း၊ ယင်းပေါ့ပါးပြီး အနိမ့်ပျံသန်းနိုင်သောယာဉ်များကို လက်နက်များအဖြစ် အသွင်ပြောင်းအသုံးချကာ လူနေအသိုက်အဝန်းများနှင့် စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ငြိမ်းချမ်းသော လူသူစုဝေးရာ နေရာများအပေါ်သို့ မဆင်မခြင် ဗုံးကြဲတိုက်ခိုက်လျက် ရှိကြောင်း၊


(ဇ)       ၂၀၂၆ ခုနှစ် အစောပိုင်းတွင်ပင် ပါရာမော်တာနှင့် ဂျိုင်ရိုကော်ပတာ တိုက်ခိုက်မှုဖြစ်စဉ် ရာနှင့်ချီ၍​ ရှိလာခဲ့ကြောင်း၊


(ဈ)      တစ်ဖက်တွင်လည်း စစ်အုပ်စုက ထိုသို့ လေကြောင်းမှတိုက်ခိုက်ခြင်း၊ အဓမ္မ တပ်သား စုဆောင်း ခြင်း၊ လူငယ်များကို လူသားဒိုင်းများအဖြစ် အသုံးချခြင်းနှင့် အရပ်သား အဆောက်အအုံများကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်းတို့ကြောင့် ရိုဟင်ဂျာဒုက္ခသည်များအနေဖြင့် စစ်အုပ်စု၏ လက်အောက်တွင် နေရပ်သို့ ဘေးကင်းလုံခြုံစွာ၊ ဆန္ဒအလျောက်နှင့် သိက္ခာရှိစွာ ပြန်လည် သွားရောက်နိုင်မည့် အခွင့်အလမ်း မရှိကြောင်း၊ ဂမ်ဘီယာနှင့် မြန်မာအမှုအတွက် စောင့်ဆိုင်းနေ ရသည့် နိုင်ငံတကာတရားရုံးဆုံးဖြတ်ချက်က ရေရှည်တည်တံ့သော နည်းလမ်းတစ်ခုရရှိရေး အတွက် လမ်းပြပေးနိုင်မည်ဟု ယုံကြည်ကြောင်း၊


(ည)     အခြားတစ်ဖက်တွင်လည်း မြန်မာနိုင်ငံတွင် နိုင်ငံရေးခေါင်းဆောင်များ၊ အနုပညာရှင်များနှင့် တက်ကြွလှုပ်ရှားသူများအပါအဝင် စစ်အုပ်စု၏ တရားလက်လွတ် ဖမ်းဆီး ထိန်းသိမ်းချုပ်နှောင် ခြင်းကို ခံထားရသူ (၃၁,၀၀၀) ကျော်အထိ ရှိလာခဲ့ပြီဖြစ်ကြောင်း၊


(ဋ)       ယနေ့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အသက် (၈၁) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ သို့သော်လည်း မွေးနေ့အား ပြင်ပလောကနှင့် အဆက်အသွယ် ပြတ်တောက်၍ ဖြတ်သန်းရသော နောက်ထပ်မွေးနေ့တစ်ခုသာဖြစ်ကြောင်း၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စစ်အုပ်စု၏ ကြမ်းတမ်းရက်စက်မှုနှင့် မိမိတို့၏ အခြေခံ လူ့အခွင့်အရေးအပေါ် ကြီးလေးစွာ ချိုးဖောက်နေမှုတို့ကို အထင်အရှားပြသပေးသည့် ပြယုဂ်တစ်ခုပင်ဖြစ်နေသေးကြောင်း၊ စစ်အုပ်စုအနေဖြင့် သူမအား သူမ၏ မိသားစုနှင့် ရှေ့နေအဖွဲ့တို့နှင့်ပင် အဆက်အသွယ်ဖြတ်တောက်ထားပြီး သူမ၏ကျန်းမာရေးနှင့် အခြေအနေအတွက် ယုံကြည်စိတ်ချရသော လွတ်လပ်သည့် စစ်ဆေးအတည်ပြုခွင့်ကိုပင် ငြင်းပယ်ထား ကြောင်း၊


(ဌ)       သို့ဖြစ်ရာ ကမ္ဘာတစ်ဝှမ်းတွင် “၈၁ အတွက် ၈၁” စိန်ခေါ်မှု အပါအဝင် သက်ရှိထင်ရှား ရှိနေ ကြောင်း ပြသရေးလှုပ်ရှားမှုတို့ကို လုပ်ဆောင်နေပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိ၍ ကျန်းမာကြောင်းကို ပြသရန် စစ်အုပ်စုအား တောင်းဆိုလျက်ရှိကြောင်း၊ ထို့ပြင် သူမနှင့် အခြားသော နိုင်ငံရေးအကျဉ်းသားများအားလုံးကို ပြန်လည်လွှတ်ပေးရေးအတွက် နှင်းဆီလှုပ်ရှားမှုကိုလည်း လုပ်ဆောင်လျက် ရှိကြောင်း၊


(ဍ)       နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်အန္တရာယ်ကင်းရှင်းစေရေးနှင့် ကျန်းမာရေးကောင်းမွန်စေရေးတို့ကို တောင်းဆုပြုပေးကြပါရန်နှင့် အမြန်ဆုံး ပြန်လည် လွတ်မြောက်စေရေးအတွက် တောင်းဆိုပေးကြပါရန် မေတ္တာရပ်ခံလိုပါကြောင်း၊


(ဎ)    တစ်ဖက်တွင်လည်း စစ်အုပ်စုမှ မကြာသေးမီက လုပ်ဆောင်ခဲ့သော အတုအယောင် ရွေးကောက်ပွဲနှင့် လုပ်ကြံဖန်တီးထားသည့်ရလဒ်များကို ပြင်းထန်စွာ ကန့်ကွက်ရမည်ဖြစ်ကြောင်း၊ အဆိုပါ လုပ်ဆောင်ချက်သည် စစ်အုပ်စုမှ စစ်ဝတ်စုံအား အရပ်ဝတ်အဖြစ် ဝတ်ရုံ ပြောင်းလဲရုံသာသာ ဖြစ်ပြီး ၎င်းတို့အနေဖြင့် ဓာတ်ပြားဟောင်း ပြန်လည် ဖွင့်လှစ်နေခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ အန္တိမရည်မှန်းချက်မှာ ပြည်သူလူထုအား မဲပေးခွင့် ပိတ်ပင်ထားရှိစဉ် နိုင်ငံတကာ၌ တရားဝင်မှု ရရှိရန်အတွက် လိမ်လည် ဖြားယောင်းနေခြင်းဖြစ်ကြောင်း၊ စစ်အုပ်စုမှ အရပ်သားအစိုးရ အသွင်သို့ မဟုတ်မမှန် လုပ်ကြံဖန်တီးပုံဖော်ထားရှိမှုသည် ၎င်းတို့၏ လုပ်ရပ်များကြောင့်ပင် ပျက်စီးနေကြောင်း၊


(ဏ)     အချို့သောနိုင်ငံများအနေဖြင့် မြန်မာအရေးကိစ္စသည် အလွန်တရာ ရှုပ်ထွေးနက်နဲ၍ ညတွင်းချင်း ဖြေရှင်း၍မရသောအကျပ်အတည်းဟု ကမ္ဗည်းတပ်နိုင်ကြောင်း၊ သို့သော်လည်း မြန်မာပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲနှင့် ဆင်းရဲဒုက္ခမှာ တစ်နှစ်သာမက ဆယ်စုနှစ်များစွာ၊ မျိုးဆက်ပေါင်းများစွာအထိ ကြာမြင့်နေပြီဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ထိုမျှ လေးလံသည့် နာကျင်မှုကို နောင်မျိုးဆက်များအထိ လက်ဆင့်ကမ်း သယ်ဆောင် မသွားလိုကြောင်း၊


(တ)     စစ်အုပ်စုအနေဖြင့် သံတမန်ရေးရာအားဖြင့် အသိအမှတ်ပြုမှု ရရှိနိုင်ရန် ကုန်းရုံးကြိုးစားနေ သည့်တိုင် ပြည်သူလူထုအား အကြောက်တရားသွင်းရန်နှင့် ၎င်းတို့၏ အတုအယောင် မဲရလဒ် များအား ဆန့်ကျင်သူများအား ပြစ်ဒဏ်ပေးရန် လေကြောင်းတိုက်ခိုက်မှုများနှင့် ပါရာမော်တာ အသုံးပြု၍ ဗုံးကြဲခြင်းများကို အတုအယောင် ရွေးကောက်ပွဲ ကျင်းပနေသည့်ကာလအတွင်း ၌ပင် ကျူးလွန်ခဲ့ကြောင်း၊


(ထ)     ထို့ပြင် မြေပြင်တွင် လက်တွေ့မြင်သာသည့် တိုးတက်မှုတစ်စုံတစ်ရာ မရှိကြောင်း ပြသနိုင်သော ခိုင်လုံသည့် သက်သေများ ရှိကြောင်း၊ တရားခံ စစ်အုပ်စုအနေဖြင့် အပြည်ပြည်ဆိုင်ရာဥပဒေ၊ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေတို့အား ပြောင်ပြောင်တင်းတင်း ချိုးဖောက်လျက်ရှိကြောင်း၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကိုလည်း ဆက်လက် ကျူးလွန် နေဆဲပင်ဖြစ်ကြောင်း၊


(ဒ)       သို့ဖြစ်ရာ တာဝန်ခံမှု မပါဝင်သော ထိတွေ့ဆက်ဆံမှုများသည် ကျရှုံးနေသည့် မူဝါဒပင် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အချို့သော အိမ်နီးချင်းနိုင်ငံများအနေဖြင့် စစ်အုပ်စုနှင့် ပုံမှန် အတိုင်း ပြန်လည်ထိတွေ့ဆက်ဆံရန် ကြိုးစားနေသည့်အပေါ် မိမိတို့ အလွန်အမင်း စိုးရိမ် ပူပန်ရကြောင်း၊ စစ်အုပ်စုနှင့်ပြုလုပ်သော မလိုလားအပ်သည့် မည်သို့သော ထိတွေ့ဆက်ဆံမှုမဆို စစ်အုပ်စုမှ အရပ်သားပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ထပ်မံကျူးလွန်ရန် အားပေးတွန်းပို့မည်သာဖြစ်ကြောင်း၊ ယင်းမှာ စစ်အုပ်စုက အချိန်ကာလကြာမြင့်စွာ ကျင့်သုံးလာခဲ့သည့်လုပ်ရပ် ဖြစ်ကြောင်း၊


(ဓ)       တစ်ချိန်တည်းမှာပင် စစ်အုပ်စုက ပြည်တွင်းတရားဥပဒေစိုးမိုးရေးအား လုံးဝ ပျက်သုဉ်းစေခဲ့ သည့်အတွက် အွန်လိုင်းလိမ်လည်မှုများအပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ ဘိန်းထုတ်လုပ် မှုများနှင့် လူကုန်ကူးမှုများ မြင့်တက်လာစေသည့်အချက်ကို မိမိတို့ မေ့လျော့ထား၍ မရကြောင်း၊


(န)       မြန်မာနိုင်ငံသည် ဒေသတွင်းနှင့် ဒေသတွင်းကိုကျော်လွန်၍ ဆိုးရွားသော လုံခြုံရေးဆိုင်ရာ သက်ရောက်မှုများကို ဖြစ်ပေါ်စေသည့် ဆိုက်ဘာရာဇဝတ်ဂိုဏ်းများအတွက် ဘေးကင်းလုံခြုံသည့် ရပ်ဝန်းအဖြစ် ပြောင်းလဲဖြစ်ပေါ်လာခဲ့ပြီဖြစ်ကြောင်း၊ စစ်အုပ်စုအနေဖြင့် ကမောက်ကမ ဖြစ်မှုကို ဖြန့်ဝေနေပြီး ၎င်းနှင့်ထိတွေ့ဆက်ဆံရန် ကြိုးစားသည့် အိမ်နီးချင်းများ၏ စီးပွားရေးများ နှင့် အမျိုးသားလုံခြုံရေးကဏ္ဍတို့ကို မတည်မငြိမ်ဖြစ် စေရန် လုပ်ဆောင်လျက်ရှိကြောင်း၊


(ပ) စစ်အုပ်စုနှင့် ဆန့်ကျင်လျက် မြန်မာပြည်သူများအနေဖြင့် စည်းလုံးညီညွတ်သော လမ်းကြောင်း တစ်ခုအား ဖောက်လုပ်လျက်ရှိကြောင်း၊ မိမိတို့၏ ဒီမိုကရေစီအင်အားစုများအကြား ဆွေးနွေးရာတွင် ပြုပြင်ပြောင်းလဲရေးနှင့် အမျိုးသားပြန်လည်စည်းလုံးညီညွတ်မှုရှိစေရန် ရင်ကြားစေ့ ရေးတို့အတွက် အောင်မြင်မှုများ ရရှိထားပြီးဖြစ်ကြောင်း၊ မကြာသေးမီက ဖွဲ့စည်းခဲ့သော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီက မိမိတို့၏ နိုင်ငံရေးနှင့် လုပ်ငန်းလည်ပတ်ရေး မူဘောင်များကို ကျစ်လစ်ခိုင်မာအောင် တည်ဆောက်ပေးမည် ဖြစ်ကြောင်း၊


(ဖ)       စကားလုံးများဖြင့် ဗုံးများကို ရပ်တန့်နိုင်မည် မဟုတ်ကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၊ အထွေထွေညီလာခံနှင့် အာဆီယံအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေ ဖြင့် အပ်နှင်းခံ ထားရသော လုပ်ပိုင်ခွင့်အာဏာများကို တည်ကြည်ပြတ်သားသော ဆုံးဖြတ်ချက်နှင့် ပူးပေါင်း ဆောင်ရွက်မှုတို့ဖြင့် အကျိုးရှိရှိ ကျင့်သုံးကာ ဆုံးဖြတ်ချက်များကို ထိရောက်စွာနှင့် ပြည့်ဝစွာ မဖြစ်မနေ အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊


(ဗ)       မိမိတို့အနေဖြင့် -

(၁)       အပြိုင်လူသားချင်းစာနာထောက်ထားမှု ယန္တရားတည်ဆောက်ရေး - စစ်အုပ်စု အနေဖြင့် လူသားစာနာအကူအညီများ အတားအဆီးမရှိစေရေးမူကို ချိုးဖောက်လျက်ရှိသော ကြောင့် အမှန်ကတယ် အကူအညီ လိုအပ်နေသူများထံသို့ အကူအညီများ ရောက်ရှိ စေရန် အပြိုင်လူသားချင်းစာနာထောက်ထားမှုယန္တရားတစ်ခု တည်ဆောက်၍ စီမံခန့်ခွဲရ  လွယ်ကူသော ငွေကြေးအကူအညီများ ပေးအပ်ရေး၊

(၂)        လက်နက်တင်သွင်းမှုအား ပိတ်ဆို့အရေးယူရေး - အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်အုပ်စုထံသို့ လက်နက်၊ ခဲယမ်းများ၊ စီးပွားရေးသုံး ပါရာမော်တာ အစိတ်အပိုင်းများ အပါအဝင် စစ်ဘက် အရပ်ဘက် နှစ်မျိုးသုံး ပစ္စည်းများ၊ ငွေကြေးထောက်ပံ့မှုနှင့် လေယာဉ်ဆီ ရောင်းချမှုတို့အား ချက်ချင်းရပ်တန့်ရေး၊

(၃)       စစ်အုပ်စုအပေါ် လုံလောက်သောဖိအားပေးရေး - တရားခံများအနေဖြင့် လုံခြုံရေး ကောင်စီဆုံးဖြတ်ချက် ၂၆၆၉ နှင့် အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်တို့အား လုံးဝ ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ဥပေက္ခာပြုဘေးချိတ်ထားလျက်ရှိကြောင်း၊ သို့ဖြစ်ရာ အဆိုပါ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၆၆၉ နှင့် အာဆီယံဘုံသဘောတူညီချက် (၅) ရပ်တို့အား အကောင်အထည်ဖော်ရန်နှင့် တာဝန်ခံမှုရှိစေရန် ပြန်လည်သုံးသပ်သော၊ နောက်ဆက်တွဲ စောင့်ကြည့်ကြပ်မတ်သော ယန္တရားတို့အား တည်ဆောက်ရေး၊

(၄)       ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီနှင့် တိုးချဲ့ ထိတွေ့ ဆက်ဆံရေး - မြန်မာပိုင်၊ မြန်မာဦးဆောင်သော အသွင်ကူးပြောင်းရေးအစိုးရတစ်ရပ်အား အထောက်အပံ့ဖြစ်စေရန် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီအား မြန်မာပြည်သူများ၏ တရားဝင်ကိုယ်စားလှယ်အဖြစ် အသိ အမှတ်ပြုကာ တိုက်ရိုက် တရားဝင် ထိတွေ့ဆက်ဆံရေးတို့ကို လုပ်ဆောင်ပေးကြပါရန် တောင်းဆိုလိုကြောင်း၊


(ဘ)     ထို့ထက်ပိုသည်မှာ စစ်အာဏာရှင်၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်အား ချုပ်ငြိမ်းခြင်း၊ တရား ဥပဒေ စိုးမိုးမှု ပြန်လည်အသက်သွင်းခြင်းနှင့် မြန်မာနိုင်ငံတွင် ပြည်သူများ အခွင့်အရေး ခံစားခွင့်အား အာမခံပေးသည့် အားလုံးပါဝင်သော ဒီမိုကရေစီတည်ထောင်ခြင်းတို့ကသာလျှင် ရေရှည်တည်တံ့မည့် ဖြေရှင်းနည်းများဖြစ်ကြောင်း၊


(မ)       မြန်မာပြည်သူများအနေဖြင့် ငြိမ်းချမ်းသော၊ တရားမျှတမှုရှိသော ဒီမိုကရေစီနိုင်ငံအား ရရှိရန် အစွမ်းကုန် ကြိုးပမ်းလျက်ရှိကြောင်း၊ သို့ဖြစ်ပါ၍ ကုလသမဂ္ဂ အထွေထွေညီလာခံနှင့် လုံခြုံရေး ကောင်စီတို့အနေဖြင့် ချက်ချင်းဖြစ်သော၊ အရေးယူလုပ်ဆောင်နိုင်သော ဆောင်ရွက်ချက်များ ဖြင့် အမီလိုက်ပါ လုပ်ဆောင်ပေးပါရန် တောင်းဆိုလိုပါကြောင်း။


(မှတ်ချက်။ ပြောကြားချိန် (၃) မိနစ်သာရရှိသည့်အတွက် ပြောကြားရာတွင် ခြုံ၍ပြောကြားခဲ့ရပါကြောင်း ဖော်ပြအပ်ပါသည်။)


၆။        မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။


၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to United Nations, at the Informal Meeting of the General Assembly to hear a briefing from the Special Envoy of the Secretary-General on Myanmar

(New York, 19 June 2026)

 

Madam President,

From the outset, I would like to thank you for convening this important informal meeting on the issue of Myanmar. At a time when Myanmar’s crisis requires greater attention from the international community, this informal meeting could not be timelier.


Madam Special Envoy,

I wish to express our profound gratitude to you for your unwavering commitment in discharging your role as the UN Secretary-General’s Special Envoy on Myanmar. I thank you for your dedicated engagement with the crisis in my country, Myanmar and for your comprehensive statement.


Madam President, Madam Special Envoy, Excellencies, Distinguished colleagues,

Compared to the circumstances which took place during last year’s informal briefing, the situation now in Myanmar has drastically deteriorated further in every aspect.

The political, security, economic, humanitarian, and human rights conditions have spiraled into a total collapse, where the military junta’s engineered instability has hollowed out our nation's prosperity.

The numbers speak for themselves. Over 3.7 million people are internally displaced. Almost 22 million are in need of humanitarian assistance, where 16.2 million people are desperate need of immediate humanitarian support and a direct result of the humanitarian shocks of the conflict and earthquake.

The UNDP has also reported that nearly half of Myanmar's population is now living below the national poverty line with a disappearing middle class, and the scale of urban poverty has surged dramatically.

Inside the country, our people live in terror, on a daily basis, due to the junta’s egregious atrocities, which range from arbitrary arrests and forced conscription to sexual violence, enforced disappearances, and extrajudicial executions.

Over 8,000 civilians have been killed by the junta, and over 112,000 houses, religious buildings, schools, and healthcare facilities have been heavily destroyed.

Meanwhile, our children, youths, women, and girls bear the heaviest burden. While youth are hunted down or violently conscripted, the junta has escalated its aerial terror campaign to horrifying new extremes in 2026.

Facing resistance on the ground, the military is increasingly relying on fighter jets, armed drones, gyrocopters, and commercial paramotors to drop unguided explosives directly onto civilians. These ultralight, low-altitude aircraft are being weaponized to silently glide over communities and indiscriminately bomb schools, hospitals, and peaceful civilian gatherings.

In early 2026 alone, we have witnessed hundreds of these paramotor and gyrocopter attacks, including a targeted gyrocopter attack on a hospital in Sagaing Region run by the Civil Disobedience Movement, another lethal paramotor strikes in Arakan and Sagaing regions that killed dozens, including women and children.

On one aspect, the safe, voluntary and dignified return of Rohingya refugees remains unattainable under the military junta, which continues to perpetrate severe atrocities such as aerial bombings, forced conscription of youth for human shields, and the deliberate destruction of civilian infrastructure. I believe that the awaited decision of ICJ on the case between the Gambia vs Myanmar will help find ways for a sustainable solution.

On another aspect, more than 31,000 people, including political leaders, artists, and activists, have been arbitrarily detained.

Today, State Counsellor Daw Aung San Suu Kyi turns 81 years old, marking yet another birthday in absolute isolation. She remains a stark symbol of the junta's war on our fundamental human rights and its cruelty. The junta has completely cut her off from her family and legal team, refusing to allow credible, independent verification of her well-being.

In response, a global "Proof of Life" campaign, including the "81 for 81" challenge, has been launched to demand that the military junta prove she is still alive in good health. Rose Movement was also organized for her release and release of all political prisoners.

Kindly pray her for her life and good health, and call for her release.

Madam President,

The military junta’s recent staged multi-phase sham elections and its manufactured results must be categorically rejected.

This fraudulent exercise is a desperate "change of uniform". They are basically opening their old playbook. Their sole intention is merely to lure international legitimacy while disenfranchising the populace. The junta’s facade of civilianization is completely shattered by its actions.

Some may say that the crisis in Myanmar is complicated and cannot be solved overnight. The suffering people of Myanmar have been fighting for not even a year, but for decades and generation over generation. We all do not want to carry this heavy pain to our next generations.

While courting diplomatic recognition, the junta actually intensified its airstrikes and paramotor bombings during its so-called election period to intimidate the population and collectively punish anyone who opposed their sham polls. There are strong proofs that nothing has practically change on the ground. The perpetrators have continued to blatantly violate international law, international human rights law and international humanitarian law. They continue to commit war crimes and crimes against humanity.


Therefore, Madam President and distinguish member states, engagement without accountability is a failed doctrine. We observe with deep concern the attempts by some neighboring countries to normalize relations with this illegal military junta. Any unwarranted engagement would encourage the military junta to conduct more atrocities against the civilian population, a pattern they have applied for far too long.

At the same time, we must also not forget that due to the complete dismantle of the rule of law by the junta, transnational organized crimes, including online scams, drug production, and human trafficking, are rising unchecked. Myanmar has been transformed into a safe haven for cyber-syndicates generating severe security implications for the region and beyond. The junta is exporting chaos, actively destabilizing the economies and national security of the very neighbors who attempt to engage it.

In stark contrast to the junta's destruction, the people of Myanmar are forging a unified path forward. Internal talks among our democratic forces have successfully gained a transformational, reconciliatory path toward national unity. The recently established Steering Council for the Emergence of a Federal Democratic Union (SCEF) consolidates our political and operational frameworks.


Madam President,

I wish to stress that words alone will not stop the bombs. The United Nations Security Council, the General Assembly, and the international community including ASEAN must discharge their mandates in a decisive, coordinated manner, and implement the respective decisions effectively and comprehensively.

We urgently demand the following actions:

  • Establish a Parallel Humanitarian Mechanism: While the junta impedes unhindered access to aid, we need a parallel delivery mechanism and flexible funding to reach all people in need.

  • Enforce a Comprehensive Arms Embargo: Member states must immediately stop supplying weapons, dual-use items, including commercial paramotor components, financial assistance, and jet fuel to the military junta.

  • Exert concrete pressure on the military junta: The perpetrators have shown complete disregard for UNSC resolution 2669 and the ASEAN Five-Point Consensus. Review and follow-up mechanism must be in place to enforce these and ensure accountability.

  • Strengthen Engagement with the SCEF: Direct and formal engagement with the SCEF as the legitimate representative of the Myanmar people is essential to support a Myanmar-owned and Myanmar-led transitional government.

Putting an end to the military impunity, restoring the rule of law and establishing an inclusive democracy that guarantees the rights of all people in Myanmar will serve as a lasting solution.

The people of Myanmar are making the ultimate efforts for a peaceful, just, democratic nation. We ask this Assembly and the Security Council to match their courage with immediate, enforceable action.

I thank you.

*****




Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

This is the only official website of the Permanent Mission of  the Republic of the Union of Myanmar to the United Nations in New York.

The Mission is not affiliated with any other websites using similar names or domains.

bottom of page