top of page
  • Facebook Social Icon

Statement by Ambassador Kyaw Moe Tun, at the 81st UNGA, in the Sixth Committee, General Debate on United Nations Conference of Plenipotentiaries on Protection of Persons in the Event of Disasters

Writer: Myanmar Mission To UN
Myanmar Mission To UN
1 day ago
7 min read

Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Eighty-first Session of the UN General Assembly, in the Sixth Committee, General Debate on United Nations Conference of Plenipotentiaries on Protection of Persons

in the Event of Disasters, held on 14 October 2026


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂ ဥပဒေရေးရာကော်မတီ (ဆဋ္ဌမကော်မတီ) ၌ “ဘေးအန္တရာယ်ကျရောက်ချိန်တွင်

လူပုဂ္ဂိုလ်များအား ကာကွယ်စောင့်ရှောက်ပေးရေးအတွက် အစိုးရနိုင်ငံများမှ အာဏာကုန်လွှဲအပ်ထားသည့် ကိုယ်စားလှယ်များ၏ ကုလသမဂ္ဂညီလာခံ” ခေါင်းစဉ်ဖြင့်  အထွေထွေမိန့်ခွန်းပြောကြားမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ဘေးအန္တရာယ်ကျရောက်ချိန်၌ လူပုဂ္ဂိုလ်များအား ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ထားသည့် အခြေခံမူများအား လွဲမှားစွာ အသုံးချပါက အပြစ်မဲ့ပြည်သူများအား အဆိုးရွားဆုံးဒုက္ခဆင်းရဲတွင်းသို့ ကျရောက်စေရန် တွန်းပို့နိုင်သည်ဟူသောအချက်ကို မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပွားနေသည့်အခြေအနေက ကြေကွဲဖွယ် ဖြစ်ရပ်မှန်တစ်ခုအဖြစ် ပြသနေ၊

လွန်ခဲ့သောနှစ်တွင် အင်အား ၇.၇ ပြင်းအားရှိသော အဖျက်စွမ်းအားကြီးမားသည့် ငလျင်လှုပ်ခတ်မှု ဖြစ်ပေါ်ခဲ့ပြီးနောက် စစ်အုပ်စုအနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ရက်စက်ကြမ်းကြုတ်စွာ လက်နက်သဖွယ် အသုံးချခဲ့၊

ထို့အပြင် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသော မုတ်သုံရာသီ ရေကြီးရေလျှံမှုများနှင့် ပြင်းထန်သော ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားနေချိန်၌ စစ်အုပ်စုသည် ၎င်း၏ ရက်စက်ကြမ်းကြုတ်သော “ဖြတ်လေးဖြတ်” မဟာဗျူဟာကို စိတ်အားထက်သန်စွာဖြင့် ဆက်လက် ကျင့်သုံးလျက်ရှိ၊

စားနပ်ရိက္ခာ၊ ဆေးဝါးအထောက်အပံ့များနှင့် နိုင်ငံတကာအကူအညီအတွက် ရန်ပုံငွေများ ပေးပို့နိုင်သည့် လမ်းကြောင်းများကို ပိတ်ဆို့ခြင်းအားဖြင့် စစ်အုပ်စုသည် ငတ်မွတ်ခေါင်းပါးမှုနှင့် ဘေးအန္တရာယ်ကြောင့် အကူအညီမရရှိစေရေးတို့အား စစ်ရေးနည်းဗျူဟာတစ်ရပ်အဖြစ် မိမိတို့ ပြည်သူများအပေါ် အစီအစဉ်ချ၍ လုပ်ဆောင်နေ၊

ကုလသမဂ္ဂအေဂျင်စီများကိုယ်တိုင်ပင် စစ်အုပ်စု၏ ပြင်းထန်သော ဗျူရိုကရေစီဆိုင်ရာ အလွဲသုံးစားပြုမှုများနှင့် ရင်ဆိုင်နေရကြောင်းကို မိမိတို့ ကောင်းစွာ သိရှိ၊

စာချုပ်မူကြမ်းပါ အပိုဒ်များကို ယင်းကဲ့သို့ ရှုပ်ထွေးသည့် အရေးပေါ်အခြေအနေများအတွင်းရှိ အရပ်သားပြည်သူများအား အကာအကွယ်ပေးစေနိုင်မည့်စာပိုဒ်များအဖြစ်သို့ ချမှတ်ရမည်ဖြစ်၊ အထူးသဖြင့် အကူအညီပေးသည့်နိုင်ငံများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်း ဆောင်ရွက်သူများအနေဖြင့် အကူအညီလိုအပ်နေသည့် လူမှုအသိုက်အဝန်းများထံ အမှန်တကယ် ရောက်ရှိနိုင်ရေးအတွက် ဥပဒေအရ ကာကွယ်ပေးထားသည့် လမ်းကြောင်းများ ရရှိစေရမည် ဖြစ်၊

လာမည့်ညီလာခံတွင် နိုင်ငံတစ်နိုင်ငံ၏ အာဏာပိုင်များ၊ ၎င်းတို့အနေဖြင့် အမည်ခံ အုပ်စိုးနေခြင်းဖြစ်စေကာမူ ၎င်းတို့က ပြည်သူများအား အဓိကညှဉ်းပန်းနှိပ်စက်သူများနှင့် အကူအညီများပေးအပ်ရေးကို ပိတ်ဆို့တားဆီးသူများအဖြစ် လုပ်ဆောင်နေသည့်ပကတိအခြေအနေကို  အလေးထား ထည့်သွင်းဆွေးနွေး အဖြေရှာရမည်ဖြစ်၊

မြန်မာပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်များကို စစ်ရေးအခွင့်အလမ်းများအဖြစ် သဘောထား အသုံးချနေသည့် အာဏာရှင်စနစ်ကို အရှုံးပေးအညံ့ခံမည် မဟုတ်၊

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင် နိဂုံးချုပ်ရေးနှင့် ပြည်သူများ၏ မျှော်မှန်းချက်များဖြင့် ကိုက်ညီသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေးတို့အား ဖော်ဆောင်နိုင်ပြီး

တာဝန်ခံမှုနှင့် တရားမျှတမှုတို့အား အသက်ဝင်မှသာလျှင် ဘေးအန္တရာယ်များမှ စစ်မှန်သော

ဘေးကင်းလုံခြုံမှု၊ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် လူသားဂုဏ်သိက္ခာတို့ကို

ပြန်လည်ရရှိနိုင်မည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်)


၁။        ကုလသမဂ္ဂဥပဒေရေးရာကော်မတီ(ဆဋ္ဌမကော်မတီ) ၌ “ဘေးအန္တရာယ်ကျရောက်နေချိန်တွင် လူပုဂ္ဂိုလ်များအား ကာကွယ်စောင့်ရှောက်ပေးရေးအတွက် နိုင်ငံအစိုးရများမှ အာဏာကုန်လွှဲအပ်ထားသည့် ကိုယ်စားလှယ်များ၏ ကုလသမဂ္ဂညီလာခံ” (United Nations Conference of Plenipotentiaries on Protection of Persons in the Event of Disasters) ခေါင်းစဉ်ဖြင့် အထွေထွေမိန့်ခွန်းပြောကြားမှုအစီအစဉ်ကို ၁၃-၁၀-၂၀၂၆ ရက်နှင့် ၁၄-၁၀-၂၀၂၆ ရက်နေ့တို့တွင် ကျင်းပခဲ့ရာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ (၈၀) ခန့် ပါဝင်၍ မိန့်ခွန်းများ ပြောကြားခဲ့ကြပါသည်။

၂။         ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအနေဖြင့် ၁၄-၁၀-၂၀၂၆ ရက် (ဗုဒ္ဓဟူးနေ့)၊ နံနက်၌ ကျင်းပသည့် အစည်းအဝေးတွင် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့်မိန့်ခွန်းတွင် အောက်ပါအချက်များ အဓိက ပါဝင်ပါသည်-

(က)     ၂၀၂၆ ခုနှစ်၊ ဧပြီလတွင် ပြန်လည်ခေါ်ယူကျင်းပခဲ့သည့် ဆဋ္ဌမကော်မတီအစည်းအဝေးနှင့် ၂၀၂၆ခုနှစ်၊ စက်တင်ဘာလတွင် နောက်ဆက်တွဲကျင်းပခဲ့သည့် ပြင်ဆင်ရေးကော်မတီအစည်းအဝေး တို့ ကျင်းပအပြီးတွင် သိသာထင်ရှားသော တိုးတက်မှုများ ရရှိခဲ့သည့်အပေါ် ကြိုဆိုကြောင်း၊

(ခ)       အဆိုပါတိုးတက်မှုများကြောင့် အပြည်ပြည်ဆိုင်ရာဥပဒေကော်မရှင်၏ စာချုပ်မူကြမ်းပါ အပိုဒ်များနှင့် အဖွဲ့ဝင်နိုင်ငံများ၏အဆိုပြုချက်များကို စုစည်းပေါင်းစပ်ပေးနိုင်ခဲ့ပြီး လာမည့် ကုလသမဂ္ဂအာဏာကုန်လွှဲအပ်ထားသော ကိုယ်စားလှယ်များညီလာခံအတွက် ခိုင်မာသော အခြေခံအုတ်မြစ်တစ်ရပ်လည်း ချမှတ်ပေးရာရောက်ကြောင်း၊

(ဂ)       မြန်မာနိုင်ငံအနေဖြင့် ဘေးအန္တရာယ်ကျရောက်နေချိန်တွင် လူပုဂ္ဂိုလ်များအား ကာကွယ်စောင့်ရှောက်ပေးရေးအတွက် အစိုးရနိုင်ငံများမှ အာဏာကုန်လွှဲအပ်ထားသည့် ကိုယ်စားလှယ်များ၏  ကုလသမဂ္ဂညီလာခံကျင်းပရေးကို ထောက်ခံကြောင်း၊

(ဃ)     နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေး၊ တုံ့ပြန်ဆောင်ရွက်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့တွင်ရှိနေသည့် အရေးကြီးသောဟာကွက်များအား ဖြေရှင်းနိုင်ရန် ဥပဒေအရ စည်းနှောင်မှုရှိသော မူဘောင်တစ်ရပ်ကို အရေးတကြီး လိုအပ်လျက်ရှိသည်ဟုလည်း မိမိတို့ ယုံကြည်ပါကြောင်း၊

(င)       ထိခိုက်လွယ်သည့်အုပ်စုများ၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ပဋိပက္ခဒဏ်သင့်နိုင်ငံများရှိ လူထုများအတွက် ယင်းကဲ့သို့သော စာချုပ်တစ်ရပ်သည် လူသားဂုဏ်သိက္ခာကို ထိန်းသိမ်း ကာကွယ်ရန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို နိုင်ငံရေးအရ ဘက်လိုက်မှုကင်းစွာနှင့် အချိန်မီ ပေးအပ်နိုင်စေရန် မရှိမဖြစ်လိုအပ်သောအရာ ဖြစ်ကြောင်း၊

(စ)       စုပေါင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်ချက်များ၏ အခြေခံ စံတန်ဖိုးများသည် လူသားဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးနှင့် နိုင်ငံတကာအဆင့် ပူးပေါင်းဆောင်ရွက်ရန် တာဝန် တို့အပေါ် အခြေတည်ကြောင်း၊

(ဆ)     နိုင်ငံတကာဥပဒေအရ ဘေးအန္တရာယ်သင့်နိုင်ငံတစ်နိုင်ငံ၏ပြည်သူများကို ကာကွယ်စောင့်ရှောက်ရန် သက်ဆိုင်ရာနိုင်ငံ၌ အဓိကတာဝန်ရှိသည်ဟု သတ်မှတ်ထားပါကြောင်း၊ သို့ရာတွင် အဆိုပါ ဘေးအန္တရာယ်သင့်နိုင်ငံအနေဖြင့် ပြည်တွင်းစွမ်းဆောင်ရည် မလုံလောက်တော့သည့်အခါ ပြင်ပအကူအညီများကို ဦးဆောင်ရှာဖွေရန်နှင့် ယင်းအကူအညီများ ပေးအပ်နိုင်ရေးကို လွယ်ကူ ချောမွေ့စေရန် နိုင်ငံများတွင်လည်း တူညီသည့် တာဝန်ဝတ္တရားရှိကြောင်း၊ အဆိုပါတာဝန်များကို လျစ်လျူရှုရုံမျှမက အာဏာပိုင်ဆိုသည့်သူတို့က ရည်ရွယ်ချက်ရှိရှိ လက်နက်သဖွယ် အသုံးချလာ သည့်အခါ လူသားထု၏ ဆုံးရှုံးနစ်နာမှုသည် ကပ်ဘေးဆိုးသကဲ့သို့ ဖြစ်ပေါ် လာကြောင်း၊

(ဇ)       ဤတွင် ဘေးအန္တရာယ်ကျရောက်ချိန်၌ လူပုဂ္ဂိုလ်များအား ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ထားသည့် အခြေခံမူများအား လွဲမှားစွာ အသုံးချပါက အပြစ်မဲ့ပြည်သူများအား အဆိုးရွားဆုံး ဒုက္ခဆင်းရဲတွင်းသို့ ကျရောက်စေရန် တွန်းပို့နိုင်သည်ဟူသော အချက်ကို မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပွားနေသည့်အခြေအနေက ကြေကွဲဖွယ် ဖြစ်ရပ်မှန်တစ်ခုအဖြစ် ပြသနေကြောင်း၊

(ဈ)      ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ တရားမဝင်စစ်အုပ်စု၏လက်ဖြင့် ကိုယ်တိုင်ဖန်တီးခဲ့သည့်အရေးပေါ်အခြေအနေသည် မြန်မာနိုင်ငံကို ယခင်က မကြုံစဖူးသော လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ချောက်နက်ကြီးအတွင်းသို့ တွန်းပို့ခဲ့ကြောင်း၊

(ည)     ယနေ့အထိ ကောက်ယူထားသည့် အချက်အလက်များအရ ကလေးသူငယ် (၅) သန်းကျော် အပါအဝင် လူဦးရေ ၁၆.၂ သန်းကျော်သည် အသက်ကယ်ဆယ်ရေးဆိုင်ရာအကူအညီများနှင့် ကာကွယ်စောင့်ရှောက်မှုများ လိုအပ်လျက်ရှိကြောင်း၊ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်ရမှုမှာလည်း အလွန်အမင်း မြင့်တက်လာခဲ့ပြီး နိုင်ငံတစ်ဝန်းတွင် လူဦးရေ (၄) သန်း ကျော်သည် ၎င်းတို့၏ နေအိမ်များမှ အတင်းအကျပ် စွန့်ခွာခဲ့ရကြောင်း၊

(ဋ)       မိမိအနေဖြင့် အဆိုပါ နေရပ်စွန့်ခွာသူများ ထွက်ပြေးတိမ်းရှောင်ရသည့် အကြောင်းအရင်းများစွာကို ဤကော်မတီ၌ပင်ပြောကြားခဲ့ကြောင်း၊ စင်စစ်အားဖြင့် မြန်မာနိုင်ငံတွင် စစ်အုပ်စုက သဘာဝဘေးအန္တရာယ်များကို ရည်ရွယ်ချက်ရှိစွာ အမြတ်ထုတ် အသုံးချနေခြင်းကြောင့် ပြည်တွင်း အကျပ်အတည်းများမှာ  ပိုမိုဆိုးရွားလာခြင်း ဖြစ်ကြောင်း၊

(ဌ)       လွန်ခဲ့သောနှစ်တွင် အင်အား ၇.၇ ပြင်းအားရှိသော အဖျက်စွမ်းအားကြီးမားသည့် ငလျင်လှုပ်ခတ်မှုဖြစ်ပေါ်ခဲ့ပြီးနောက် စစ်အုပ်စုအနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ရက်စက်ကြမ်း ကြုတ်စွာ လက်နက်သဖွယ်အသုံးချခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် စစ်မက်ဒဏ်ခံနေရသည့် စစ်ကိုင်း၊ မန္တလေးနှင့် အခြားဒေသများသို့ မရှိမဖြစ်လိုအပ်သော အကူအညီများ ရောက်ရှိရေးကို ပိတ်ဆို့တားဆီးခဲ့ကြောင်း၊ ပြည်သူများက ပျက်စီးဆုံးရှုံးမှုဒဏ်မှ ပြန်လည် နာလန်ထူရန် ကြိုးပမ်းနေချိန်တွင်ပင် စစ်အုပ်စုသည် အရပ်သားများနေထိုင်ရာ ဒေသများအပေါ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို မရပ်မနား ဆက်လက်ပြုလုပ်ခဲ့ကြောင်း၊

(ဍ)       အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ ပုံမှန်ကောက်ယူထားသည့် အချက် အလက်များအရ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုအရေအတွက်သည် ဆက်လက်မြင့်တက် လျက်ရှိကြောင်း၊ စစ်အုပ်စု၏ လုပ်ရပ်များသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေနှင့် လူ့အသက်များအပေါ် လုံးဝလျစ်လျူရှုထားမှုကို မိမိတို့လက်မခံနိုင်သည်အထိ ထင်ရှားစွာ ဖော်ပြ နေကြောင်း၊

(ဎ)       ထို့အပြင် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသော မုတ်သုံရာသီ ရေကြီးရေလျှံမှုများနှင့် ပြင်းထန်သော ဝမ်းပျက်ဝမ်းလျှောရောဂါ များ ဖြစ်ပွားနေချိန်၌ စစ်အုပ်စုသည် ၎င်း၏ ရက်စက်ကြမ်းကြုတ်သော “ဖြတ်လေးဖြတ်” မဟာဗျူဟာကို စိတ်အားထက်သန်စွာဖြင့် ဆက်လက် ကျင့်သုံးလျက်ရှိကြောင်း၊

(ဏ)     စားနပ်ရိက္ခာ၊ ဆေးဝါးအထောက်အပံ့များနှင့် နိုင်ငံတကာအကူအညီအတွက် ရန်ပုံငွေများ ပေးပို့နိုင်သည့်လမ်းကြောင်းများကို ပိတ်ဆို့ခြင်းအားဖြင့် စစ်အုပ်စုသည် ငတ်မွတ်ခေါင်းပါးမှုနှင့် ဘေးအန္တရာယ်ကြောင့် အကူအညီမရရှိစေရေးတို့အား စစ်ရေးနည်းဗျူဟာတစ်ရပ်အဖြစ် မိမိတို့ ပြည်သူများအပေါ် အစီအစဉ်ချ၍ လုပ်ဆောင်နေကြောင်း၊

(တ)     လွန်ခဲ့သည့် ရက်အနည်းငယ်က ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၏ အစီရင်ခံစာတွင် မြန်မာနိုင်ငံရှိ အိမ်ထောင်စု(၅)ခုလျှင် (၁) ခုခန့်သည် ရေကြီးမှု၊ ဆိုင်ကလုန်းမုန်တိုင်း၊ မိုးခေါင်ရေရှားမှုနှင့် မြေပြိုမှုတို့ကဲ့သို့သော ရာသီဥတုဆိုင်ရာ အန္တရာယ်များနှင့် ရင်ဆိုင်နေရကြောင်း၊ လာမည့်အယ်လ်နီညိုရာသီဥတုပုံစံကြောင့် ယင်းအန္တရာယ်များ ပိုမိုပြင်းထန်လာမည်ဟုလည်း မျှော်မှန်းထားကြောင်း နိုင်ငံတကာအသိုက်အဝန်းကို သတိပေးထားကြောင်း၊

(ထ)     သို့ရာတွင် စစ်အုပ်စုနှင့် ၎င်း၏ စေခိုင်းခံလက်ပါးစေများအနေဖြင့် မိမိတို့ပြည်သူများ နေ့စဉ် ကြုံတွေ့နေရသည့်အခက်အခဲများကို အစဉ်တစိုက်ပျက်ရယ်ပြုကာ ကြီးလေးစွာ တာဝန်မဲ့လျက်ရှိကြောင်း၊

(ဒ)       တရားမဝင် စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့သည့် ကာလတစ်လျှောက်လုံးတွင်လည်း စစ်အုပ်စုက ၎င်း၏ထိန်းချုပ်မှုအောက်တွင် မရှိသောဒေသများသို့ ကုလသမဂ္ဂ၏ ပုံမှန်အကူအညီပေးရေး လမ်းကြောင်းများ ဝင်ရောက်နိုင်ခြင်းကို စနစ်တကျပိတ်ဆို့ထားသည့်အတွက် ဒေသခံလူမှုအဖွဲ့ အစည်းများနှင့် လူထုအခြေပြုကွန်ရက်များသည် မြေပြင်တွင် ပြည်သူများ ရှင်သန်ရပ်တည်နိုင်ရေးအတွက် အဓိကကျသော အားထားရာများ ဖြစ်လာခဲ့ကြောင်း၊

(ဓ)       သို့သော် ကုလသမဂ္ဂအေဂျင်စီများကိုယ်တိုင်ပင် စစ်အုပ်စု၏ ပြင်းထန်သော ဗျူရိုကရေစီဆိုင်ရာ အလွဲသုံးစားပြုမှုများနှင့် ရင်ဆိုင်နေရကြောင်းကို မိမိတို့ ကောင်းစွာ သိရှိထားကြောင်း၊

(န)       ယခုအချိန်တွင် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက မကြာသေးမီက မှတ်တမ်းတင်ဖော်ပြခဲ့သည့် နိုင်ငံခြားအကူအညီရန်ပုံငွေ သိသိသာသာ ကျဆင်းလာမှုမှာ အလွန်စိုးရိမ်ဖွယ်ရာ ဖြစ်ကြောင်း၊

(ပ)       သို့နှင့်တိုင် စစ်အုပ်စုက ဒေသခံ ဆေးခန်းများ၊ ဆေးရုံများနှင့် ကျန်းမာရေးဝန်ထမ်းများအပေါ် ဆက်လက်တိုက်ခိုက်လျက်ရှိသောကြောင့် ရှိရင်းစွဲဘဏ္ဍာရေးအခက်အခဲများမှာ ထပ်ဆင့် ဆိုးရွားလျက်ရှိကြောင်း၊ ထို့ပြင် စစ်အုပ်စု၏ တိုက်ခိုက်မှုများကြောင့် ရောဂါကူးစက်ပျံ့နှံ့မှုများ နှင့် ရာသီဥတုဘေးဒဏ်များကို တုံ့ပြန်ကိုင်တွယ်နိုင်ရန် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု အခြေခံအဆောက်အအုံများမှာ အကြီးအကျယ် ပျက်စီးခဲ့ကြောင်း၊

(ဖ)       ထို့ထက်ပို၍ ဆိုးရွားသည်မှာ ပြည်သူသန်းပေါင်းများစွာအနေဖြင့် မည်သည့်အကူအညီမျှ မရရှိဘဲ ၎င်းတို့ကိုယ်ပိုင်အင်အားဖြင့် ရုန်းကန် ရှင်သန်ရပ်တည်ရသည့် အခြေအနေသို့ ကျရောက်နေ ကြောင်း၊

(ဗ)       သို့ဖြစ်ရာ လာမည့်ညီလာခံတွင် နိုင်ငံတစ်နိုင်ငံ၏ အာဏာပိုင်များ၊ ၎င်းတို့အနေဖြင့် အမည်ခံ အုပ်စိုးနေခြင်းဖြစ်စေကာမူ ၎င်းတို့က ပြည်သူများအား အဓိကညှဉ်းပန်းနှိပ်စက်သူများနှင့် အကူအညီများပေးအပ်ရေးကို ပိတ်ဆို့တားဆီးသူများအဖြစ် လုပ်ဆောင်နေသည့် ပကတိအခြေအနေကို  အလေးထား ထည့်သွင်းဆွေးနွေး အဖြေရှာရမည်ဖြစ်ကြောင်း၊

(ဘ)     စာချုပ်မူကြမ်းပါ အပိုဒ်များကို ယင်းကဲ့သို့ ရှုပ်ထွေးသည့် အရေးပေါ်အခြေအနေများအတွင်းရှိ အရပ်သားပြည်သူများအား အကာအကွယ်ပေးစေနိုင်မည့် စာပိုဒ်များအဖြစ်သို့ ချမှတ်ရမည် ဖြစ်ကြောင်း၊ အထူးသဖြင့် အကူအညီပေးသည့်နိုင်ငံများနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာလုပ်ငန်း ဆောင်ရွက်သူများအနေဖြင့် အကူအညီလိုအပ်နေသည့် လူမှုအသိုက်အဝန်းများထံ အမှန်တကယ် ရောက်ရှိနိုင်ရေးအတွက် ဥပဒေအရ ကာကွယ်ပေးထားသည့် လမ်းကြောင်းများ ရရှိစေရမည် ဖြစ်ကြောင်း၊

(မ)       တစ်ဖက်တွင်လည်း စာချုပ်မူကြမ်းပါ အပိုဒ်များနှင့်စပ်လျဉ်း၍ ပြင်းထန်စွာ ဆွေးနွေးငြင်းခုံ နေကြသည့် ဥပဒေရေးရာကိစ္စရပ်များ၊ အထူးသဖြင့် နိုင်ငံတော်၏ သဘောတူညီချက်ရရှိရန် လိုအပ်သည့်မူနှင့် ပြင်ပအကူအညီများပေးအပ်ရေးကို လွယ်ကူချောမွေ့စေရန် အဓိက တာဝန် ရှိမှုတို့အကြား နယ်နိမိတ်သတ်မှတ်ချက်များသည် ဥပဒေများကို စုစည်းပြုစုရေးဆွဲသည့် သီအိုရီဆန်သော လုပ်ငန်းစဉ်များမျှသာ မဟုတ်ပါကြောင်း၊

(ယ)     မြန်မာပြည်သူများအတွက် ယင်းဥပဒေရေးရာ မေးခွန်းများကို မည်သို့ဖြေရှင်းမည်ဆိုသည်မှာ အသက်ရှင်ရပ်တည်ရေးနှင့် တိုက်ရိုက်သက်ဆိုင်ပါကြောင်း၊

(ရ)       မြန်မာပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်များကို စစ်ရေးအခွင့်အလမ်းများအဖြစ် သဘောထားအသုံးချနေသည့် အာဏာရှင်စနစ်ကို အရှုံးပေးအညံ့ခံမည် မဟုတ်ကြောင်း၊

(လ)     ထို့ကြောင့် လာမည့်သံတမန်ရေးရာညီလာခံတွင် လူသားဗဟိုပြု၍ ခိုင်မာအားကောင်းသော စာချုပ်တစ်ရပ်ကို အပြီးသတ်ရေးဆွဲနိုင်ရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးအား တိုက်တွန်း တောင်းဆိုပါကြောင်း၊

(ဝ)       အလားတူပင် စစ်အုပ်စုထံသို့ လက်နက်များ၊ တိုက်လေယာဉ်ဆီ၊ အရပ်ဘက်၊  စစ်ဘက် နှစ်မျိုး သုံးပစ္စည်းများနှင့် ဘဏ္ဍာရေးထောက်ပံ့မှုများကို အလုံးစုံ ဖြတ်တောက်ကာ မိမိတို့ ပြည်သူများ ဘက်မှ ခိုင်မာစွာရပ်တည်ပေးကြရန် မိမိအနေဖြင့် နိုင်ငံတကာအသိုက်အဝန်းအား တိုက်တွန်း လိုကြောင်း၊

(သ)     မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်နိဂုံးချုပ်ရေးနှင့် ပြည်သူများ၏ မျှော်မှန်းချက် များဖြင့်ကိုက်ညီသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးတို့အား ဖော်ဆောင် နိုင်ပြီး တာဝန်ခံမှုနှင့် တရားမျှတမှုတို့အား အသက်ဝင်မှသာလျှင် ဘေးအန္တရာယ်များမှ စစ်မှန် သော ဘေးကင်းလုံခြုံမှု၊ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် လူသားဂုဏ်သိက္ခာတို့ကို ပြန်လည်ရရှိနိုင်မည်ဖြစ်ကြောင်း။


၃။        မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။

 

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against the delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Eighty-first Session of the UN General Assembly, in the Sixth Committee, General Debate on United Nations Conference of Plenipotentiaries on Protection of Persons

in the Event of Disasters


(New York, 14 October 2026)

Madam Chair,

Let me begin by expressing my delegation’s appreciation for the progressive development of international law on this vital topic.

We welcome the significant progress made following the resumed session of the Sixth Committee in April 2026 and the subsequent session of the Preparatory Committee in September 2026.

These milestones have successfully consolidated the ILC’s Draft Articles along with member states' proposals, laying a firm foundation for the upcoming United Nations Conference of Plenipotentiaries.

Myanmar aligns itself with the statement of ASEAN.

Madam Chair,

Myanmar supports the convening of the United Nations Conference of Plenipotentiaries on the Protection of Persons in the Event of Disasters.

We firmly believe that the international community urgently requires a legally binding framework to address critical gaps in disaster preparedness, response, and recovery.

For vulnerable populations, particularly in developing and conflict-affected nations, such a treaty represents an indispensable tool to uphold human dignity and ensure that humanitarian assistance remains non-politicized, timely, and impartial.

Madam Chair,

The core normative foundation of collective humanitarian action rests upon the principles of human dignity, human rights, and the international duty to cooperate.

Crucially, while international law establishes the primary role of an affected State in protecting its citizens, states are equally obligated to actively seek and facilitate external assistance when their internal capacity is overwhelmed. When these sacred responsibilities are not merely neglected but deliberately weaponized by a so-called authority, the resulting human cost is catastrophic.

Today, the state of Myanmar stands as a tragic, living example of how the principles intended for the Protection of Persons in the Event of Disasters can be entirely perverted to inflict maximum suffering on an innocent population.

Since February 2021, the man-made emergency engineered by the illegal military junta has pushed Myanmar into an unprecedented humanitarian abyss.

To this day, over 16.2 million people, including about 5 million children, require life-saving assistance and protection. Internal displacement has escalated violently, with over 4 million people currently forced from their homes across the country.

I elaborated on many of the underlying reasons for their flight in my statement delivered in this committee just the day before yesterday.

In fact, the compounding crisis in Myanmar is being systematically exacerbated by the military’s deliberate exploitation of natural hazards.

Over the past year, the military has callously weaponized recovery efforts following the devastating 7.7 magnitude earthquake. Vital assistance was blocked from reaching the conflict affected areas such as in Sagaing, Mandalay, and beyond. Even as communities struggled to heal from the destruction, the junta continued to launch relentless aerial bombardments against civilian areas. According to the data regularly collected by the Ministry of Defense of the National Unity Government, the number of airstrikes conducted by the junta only rises. The junta’s actions therefore clearly demonstrate an unconscionable disregard for international humanitarian law and human life.

Furthermore, as widespread monsoon flooding and severe outbreaks of acute watery diarrhea ravage Northwest Myanmar and Rakhine State, the junta has actively enforced its brutal “four cuts” strategy.

By blocking pathways for food, medical supplies, and international aid funding, the military is intentionally using starvation and disaster deprivation as tactical weapons of war against its own people.

The UNDP’s report issued days ago alarmed the international community that roughly one in five households in Myanmar faces climate-related risks such as floods, cyclones, droughts and landslides and those shocks are expected to intensify with the coming El Niño weather pattern. 

Yet, the junta and its affiliates have consistently dismissed the daily struggles of our population with gross irresponsibility.

Throughout the illegal coup, local, community-based civil society networks have become the absolute backbone of survival on the ground due to the military’s systematic blockade of formal UN aid channels from entering areas outside its control.

But We understand with deep regret that even UN agencies have been facing severe bureaucratic abuses under the junta.

At this juncture, the drastic decline in foreign funding recently documented by OCHA remains deeply worrisome. This financial strain is worsened by the junta's ongoing attacks on local clinics, hospitals, and medical workers, which have decimated the healthcare infrastructure required to respond to concurrent disease outbreaks and climate shocks. Millions of citizens are being left to survive entirely unassisted.

For these reasons, Madam Chair, the upcoming convention must directly address among others modern realities where a state's authorities act as the primary persecutor and blocker of aid.

The Draft Articles must evolve to protect civilians under such complex emergencies, ensuring that assisting states and humanitarian actors have protected legal pathways to ensure reach the communities in need.

The intense legal debates surrounding the Draft Articles, particularly the dividing lines between the principle of state consent and the core duty to facilitate external aid, are not merely abstract exercises in codification. For the people of Myanmar, the resolution of these legal questions is a matter of immediate survival.

The people of Myanmar refuse to surrender to a tyranny that treats natural disasters as military opportunities.

We, therefore, call upon all Member States to finalize a robust, human-centric treaty in the upcoming Diplomatic Conference.

Concurrently, we urge the international community to stand firmly with our population by completely cutting off the junta's access to arms, jet fuel, dual-use items, and financial support.

True safety from disasters, lasting peace, and human dignity can only be restored to Myanmar through accountability, justice, and by ending the military dictatorship and establishing a federal democratic union in line with the people’s aspirations.


I thank you.


*****



Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

This is the only official website of the Permanent Mission of  the Republic of the Union of Myanmar to the United Nations in New York.

The Mission is not affiliated with any other websites using similar names or domains.

bottom of page